သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက တိမ္းေရွာင္လာသူေတြကို အတင္းအက်ပ္ ျပန္မပို႔ဖို႔ ထိုင္း၀န္ႀကီးခ်ဳပ္ ကတိျပဳ


ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ျမန္မာႏိုင္ငံဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ ့ ေတြ ့ ဆံုစဥ္ ( ဓာတ္ပံု- AP)

[ Zawgyi / Unicode ]

ေဖေဖၚဝါရီလ ကတည္းက စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ၾကံဳေနရတဲ့ အၾကမ္းဖက္မႈဒဏ္ကေန လြတ္ေျမာက္ေအာင္ ထြက္ေျပးလာသူေတြကို ထိုင္းအစိုးရက အတင္းအၾကပ္ျပန္ပို႔မွာ မဟုတ္ဖူးလို႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha က ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကို ေသာၾကာေန႔မွာ ကတိျပဳလိုက္ပါတယ္။

ထိုင္းအစိုးရ အေနနဲ႔ ျမန္မာႏိုင္ငံတြင္း လက္ရွိျဖစ္ပြါးေနတဲ့ျပႆနာေတြ ေလ်ာ့ပါးေအာင္ ျမန္မာစစ္တပ္နဲ႔ လက္တြဲၿပီး နည္းလမ္းရွာမယ္လို႔ သူေမွ်ာ္လင့္ေၾကာင္း မစၥ Burgener က ထိုင္းဝန္ႀကီးခ်ဳပ္ကို ေျပာၾကားခဲ့တယ္လို႔ ေတြ႕ဆံုပြဲအၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ရံုးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဝန္ႀကီးခ်ဳပ္ Parayuth ကလည္း ထိုင္းအစိုးရအေနနဲ႔ ျမန္မာနယ္စပ္က အေျခေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနတာ ျဖစ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို ခိုလံႈဖို႔နဲ႔ ေဆးကုသေပးဖို႔ ေနရာ အေတာ္မ်ားမ်ားမွာ ျပင္ဆင္ထားေၾကာင္း မစၥ Burgener ကို ေျပာၾကားခဲ့တယ္လို႔လည္း ေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့လတုန္းက ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ကရင္ျပည္နယ္ဘက္ကေန ထြက္ေျပးလာတဲ့ ေဒသခံ ေထာင္နဲ႔ခ်ီရွိခဲ့ၿပီး သူတို႔ကို ရက္အနည္းငယ္ ေနထိုင္ခြင့္ေပးခဲ့တဲ့ ေနာက္ သူတို႔ သေဘာနဲ႔ သူတို႔ ျပန္သြားၾကေၾကာင္း ထိုင္းအရာရွိေတြက ေျပာပါတယ္။ ဒုကၡသည္ေတြကို အကူညီေပးေနတဲ့ အဖြဲ႔ေတြကေတာ့ သူတို႔ဟာ သူတို႔အိမ္ကို ျပန္တာ မဟုတ္ပဲ အနီးဝန္းက်င္က ေတာေတာင္ေတြထဲ ပုန္းေနၾကတာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒီႏွစ္ဆန္းပိုင္းကစၿပီး ကရင္ျပည္နယ္မွာ အိုးအိမ္စြန္႔ခြါ ထြက္ေျပးေနရတဲ့ ဒုကၡသည္ ၅၀ ၀၀၀ ေလာက္ ရွိမယ္လို႔လည္းခန္႔မွန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ တိုးလာၿပီး တရားဥပေဒစိုးးမိုးေအာင္ အာဏာသိမ္းထားတဲ့ စစ္တပ္က မလုပ္ႏိုင္ဘူးဆိုရင္ အစစ က်ရႈံးတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္လာၿပီး အိမ္နီးခ်င္းထိုင္းနဲ႔ ေဒသတြင္းတခုလံုးကိုပါ ႐ိုက္ခတ္မႈ ရွိလာမွာကို စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ကေတာ့ သူ႔အစိုးရဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို နားေထာင္ဖို႔နဲ႔ သေဘာထားေတြ မွ်ေဝဖို႔လည္း အသင့္ရွိေၾကာင္းလည္း ထိုင္းအစိုးရ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဝန္ႀကီးခ်ဳပ္ Parayuth ဟာ အရပ္သားအစိုးရိကို ျဖဳတ္ခ်ၿပီး အာဏာရလာတဲ့ ထိုင္းစစ္တပ္ အႀကီးအကဲေဟာင္း တဦးျဖစ္ၿပီး ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔လည္း ရင္းႏွီးကၽြမ္းဝင္သူ တဦးျဖစ္ပါတယ္။

မစၥ Burgener ဟာ ထိုင္းႏိုင္ငံကို ဧၿပီလ ကတည္းက ေရာက္ေနတာ ျဖစ္ၿပီး အာဆီယံ ဆယ္ႏိုင္ငံၾကား ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ဧၿပီလ ၂၄ ရက္ေန႔က ရရွိထားတဲ့ သေဘာတူညီခ်က္ ၅ ရပ္ အေကာင္ထည္ေဖၚေရးအတြက္ ပ့ံပိုးေပးဖို႔ လာမယ့္ သီတင္းပတ္ေတြ အတြင္း အာဆီယံ ေဒသတြင္းမွာပဲ ဆက္ေနဖို႔ သူစီစဥ္ထားေၾကာင္းလည္း ေျပာပါတယ္။

=================

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မြန်မာနိုင်ငံက တိမ်းရှောင်လာသူတွေကို အတင်းအကျပ် ပြန်မပို့ဖို့ ထိုင်းဝန်ကြီးချုပ် ကတိပြု

ဖေဖေါ်ဝါရီလ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုဒဏ်ကနေ လွတ်မြောက်အောင် ထွက်ပြေးလာသူတွေကို ထိုင်းအစိုးရက အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ဖူးလို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို သောကြာနေ့မှာ ကတိပြုလိုက်ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွါးနေတဲ့ပြဿနာတွေ လျော့ပါးအောင် မြန်မာစစ်တပ်နဲ့ လက်တွဲပြီး နည်းလမ်းရှာမယ်လို့ သူမျှော်လင့်ကြောင်း မစ္စ Burgener က ထိုင်းဝန်ကြီးချုပ်ကို ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲအပြီး ထိုင်းဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီးချုပ် Parayuth ကလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာနယ်စပ်က အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေတာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ခိုလှုံဖို့နဲ့ ဆေးကုသပေးဖို့ နေရာ အတော်များများမှာ ပြင်ဆင်ထားကြောင်း မစ္စ Burgener ကို ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ ဒေသခံ ထောင်နဲ့ချီရှိခဲ့ပြီး သူတို့ကို ရက်အနည်းငယ် နေထိုင်ခွင့်ပေးခဲ့တဲ့ နောက် သူတို့ သဘောနဲ့ သူတို့ ပြန်သွားကြကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အဖွဲ့တွေကတော့ သူတို့ဟာ သူတို့အိမ်ကို ပြန်တာ မဟုတ်ပဲ အနီးဝန်းကျင်က တောတောင်တွေထဲ ပုန်းနေကြတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်းကစပြီး ကရင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၅၀ ၀၀၀ လောက် ရှိမယ်လို့လည်းခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာပြီး တရားဥပဒေစိုးးမိုးအောင် အာဏာသိမ်းထားတဲ့ စစ်တပ်က မလုပ်နိုင်ဘူးဆိုရင် အစစ ကျရှုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာပြီး အိမ်နီးချင်းထိုင်းနဲ့ ဒေသတွင်းတခုလုံးကိုပါ ရိုက်ခတ်မှု ရှိလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ကတော့ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နားထောင်ဖို့နဲ့ သဘောထားတွေ မျှဝေဖို့လည်း အသင့်ရှိကြောင်းလည်း ထိုင်းအစိုးရ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဝန်ကြီးချုပ် Parayuth ဟာ အရပ်သားအစိုးရိကို ဖြုတ်ချပြီး အာဏာရလာတဲ့ ထိုင်းစစ်တပ် အကြီးအကဲဟောင်း တဦးဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း ရင်းနှီးကျွမ်းဝင်သူ တဦးဖြစ်ပါတယ်။

မစ္စ Burgener ဟာ ထိုင်းနိုင်ငံကို ဧပြီလ ကတည်းက ရောက်နေတာ ဖြစ်ပြီး အာဆီယံ ဆယ်နိုင်ငံကြား မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့က ရရှိထားတဲ့ သဘောတူညီချက် ၅ ရပ် အကောင်ထည်ဖေါ်ရေးအတွက် ပံ့ပိုးပေးဖို့ လာမယ့် သီတင်းပတ်တွေ အတွင်း အာဆီယံ ဒေသတွင်းမှာပဲ ဆက်နေဖို့ သူစီစဉ်ထားကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG