သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္ ကန္႔သတ္ခ်က္ေၾကာင့္ ျမန္မာသီးႏွံတင္ပို႔မႈ ထိခိုက္


(Zawgyi/Unicode)

တ႐ုတ္ယူနန္ျပည္နယ္မွာ ကိုဗစ္တေၾကာ့ျပန္ ကူးစက္ခဲ့ၿပီးေနာက္ က်န္းမာေရး ကန႔္သတ္မႈေတြ တ႐ုတ္ဘက္ကလုပ္ခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံက သီးႏွံတင္ပို႔မႈေတြ ထိခိုက္ခဲ့ပါတယ္။ ေစ်းကြက္ မတည္ၿငိမ္မႈေတြျဖစ္တာေၾကာင့္ ျမန္မာကုန္သည္ေတြ နစ္နာမႈ မ်ားတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီအေၾကာင္း အျပည့္အစုံကို ကိုရဲမြန္ က ေျပာျပေပးမွာပါ။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွာ ဇန္နဝါရီလဆန္းက Covid ကူးစက္သူ တေက်ာ့ျပန္ေတြ႕တာေၾကာင့္ တ႐ုတ္အစိုးရက သူ႔ႏိုင္ငံအတြင္း အသြားအလာ ကန႔္သတ္တာေတြ ခ်က္ခ်င္း ျပန္လုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာရာသီေပၚ သီးႏွံေတြျဖစ္တဲ့ ဖရဲသီးနဲ႔ သခြားေမႊး တင္ပို႔တာေတြလည္း ရပ္ဆိုင္း လုနီးပါး ျဖစ္ခဲ့ပါတယ္။ ဖရဲသီးနဲ႔ သခြားေမြးကို တ႐ုတ္ဘက္က က်န္းမာေရး စစ္ေဆးမႈေတြ တိုးလုပ္လာၿပီး အကန႔္အသတ္နဲ႔ ဝယ္ယူပါတယ္။

ဒါတင္မက တ႐ုတ္နယ္စပ္ မွာ ကိုဗစ္ေရာဂါ အစစ္ေဆးခံဖို႔ ရက္အေတာ္ၾကာ ေစာင့္ဆိုင္းရတဲ့အတြက္ သီးႏွံေတြဟာ အမွည့္လြန္ၿပီး ေစ်းေကာင္းမရတာ မ်ားပါတယ္။ အခုသစ္သီးရာသီမွာ မႏွစ္ကေလာက္ အေရာင္းအဝယ္ မေကာင္းေၾကာင္း မူဆယ္ သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ေျပာပါတယ္။

“မႏွစ္က အေနအထားထက္ ၃၀ ရာခိုင္ႏႈန္းေလာက္က်တယ္။ တ႐ုပ္ဘက္ကလည္း ကိုဗစ္ကာကြယ္ေရး အေျခအေနေတြနဲ႔ ဝယ္လက္ေတြက သိပ္မေကာင္းဘူး။ ကိုဗစ္ကာလမွာ က်ေနာ္တို႔ဘက္ကို ျပန္ၿပီး ေျဖေလွ်ာ့မသြားဘူး ပိုပိုၿပီး တင္းက်ပ္လာတယ္။ အဲဒီအေနအထားေတြက သစ္သီးတင္ပို႔မႈကို အမ်ားႀကီး ထိခိုက္တယ္။ ဒီရာသီထဲ ထပ္ၿပီး ထိခိုက္မယ့္သေဘာေတာ့ ရွိတယ္။ သိပ္ၿပီး အေျခအေနေတာ့ မေကာင္းဘူးေပါ့။”

ျမန္မာကုန္ကားတစီးကို သစ္သီး အလုံး ၃၀ နမူနာေပးပို႔ၿပီး ကိုဗစ္စစ္ေဆးဖို႔လည္း တ႐ုတ္ယူနန္ အေကာက္ခြန္ဌာနက ဧၿပီလ ၁၉ ရက္မွာ ထုတ္ျပန္ပါတယ္။ စစ္ေဆးခအေနနဲ႔ တ႐ုတ္ယြမ္ေငြ ၁၈၀၀ ေပးေဆာင္ရမွာပါ။ ကုန္က်စရိတ္ေတြ ပိုလာၿပီး အျမတ္ရဖို႔ ခက္ခဲလာတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

ဖရဲသီးကေတာ့ စၿပီးေပၚေပၚခ်င္းမွာ ေစ်းေကာင္းရခဲ့ေပမဲ့ တ႐ုတ္ဘက္က ထိန္းခ်ဳပ္မႈေတြေၾကာင့္ ေစ်းျပန္က်ခဲ့ပါတယ္။ ေရာင္းမကုန္ဘဲ လႊင့္ပစ္ခဲ့ရတဲ့ အေျခအေနနဲ႔လည္း ျမန္မာကုန္သည္ေတြက ႀကဳံခဲ့ရတာပါ။ အခုသရက္သီးရာသီမွာလည္း တ႐ုတ္ဘက္က သတ္မွတ္တဲ့ အရည္အေသြးကို ေပးရတာ၊ ကိုဗစ္ကာကြယ္ဖို႔ အစားထိုးယာဥ္ေမာင္းကိုပဲ တ႐ုတ္ဘက္က ခြင့္ျပဳတာ၊ ကိုဗစ္စစ္ေဆးမႈေၾကာင့္ အပ်က္အစီးမ်ားတာ ဒါေတြကို ရင္ဆိုင္ေနရေၾကာင္း သရက္သီး စိုက္ပ်ိဳးသူေတြနဲ႔ ကုန္သည္ေတြက ေျပာပါတယ္။ အခုႏွစ္အထိနာခဲ့တဲ့ ဖရဲ၊ သခြားေမြး ေတာင္သူေတြကေတာ့ ေနာက္ႏွစ္ျပန္စိုက္ဖို႔ဆိုတာ မေသခ်ာေၾကာင္း ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳး ထုတ္လုပ္ သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ေျပာပါတယ္။

“ေစ်းေကာင္းရတဲ့ ေတာင္သူေတြကေတာ့ စိုက္ဦးမွာပဲေလ။ တစီးကို သိန္း ၂၀၀ ေလာက္ ရဖူးတဲ့သူေတြက်ေတာ့လည္း ထပ္စိုက္မွာေပါ့။ ကားခေတာင္ စိုက္ရတဲ့ သူေတြက်ေတာ့လည္း တြန႔္သြားမွာေပါ့ ဒါကေတာ့။ ျမတ္တဲ့သူလည္း အမ်ားႀကီး ျမတ္ၾကတာပဲေလ။ ဒီႏွစ္က ေျပာရတာ ေတာ္ေတာ္ခက္တယ္ဗ်။”

ျမန္မာျပည္တြင္း ကိုဗစ္ေရာဂါစေတြ႕တဲ့ ၂၀၂၀ ဧၿပီလဆန္းကစလို႔ ဒီေန႔အခ်ိန္အထိ တ႐ုတ္ဘက္က က်န္းမာေရး စည္းကမ္းခ်က္ေတြ ထုတ္ျပန္ၿပီး နယ္စပ္ဂိတ္ေတြကို ထိန္းခ်ဳပ္ထားတာပါ။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ အဓိက ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ျမန္မာကုန္သြယ္ေရး ဝန္ႀကီးဌာနရဲ႕၂၀၁၉- ၂၀၂၀ အခ်က္အလက္အရဆိုရင္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ပမာဏက အေမရိကန္ေဒၚလာ ၁၂ ဘီလီယံေက်ာ္ ရွိပါတယ္။ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္မႈ ပမာဏကို သီးျခားခြဲၿပီး ေျပာမယ္ဆိုရင္ေတာ့ ၂၀၁၉- ၂၀၂၀ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ သန္းေပါင္း ၄၈၀၀ ရွိခဲ့တာပါ။ အဲဒီအထဲမွာ ဆန္နဲ႔ တျခားစိုက္ပ်ိဳးေရး ထြက္ကုန္ေတြကို ျမန္မာႏိုင္ငံဘက္က အဓိက တင္ပို႔ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

တရုတ်နယ်စပ် ကန့်သတ်ချက်ကြောင့် မြန်မာသီးနှံတင်ပို့မှု ထိခိုက်

(Unicode)

တရုတ်ယူနန်ပြည်နယ်မှာ ကိုဗစ်တကြော့ပြန် ကူးစက်ခဲ့ပြီးနောက် ကျန်းမာရေး ကန့်သတ်မှုတွေ တရုတ်ဘက်ကလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက သီးနှံတင်ပို့မှုတွေ ထိခိုက်ခဲ့ပါတယ်။ ဈေးကွက် မတည်ငြိမ်မှုတွေဖြစ်တာကြောင့် မြန်မာကုန်သည်တွေ နစ်နာမှု များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီအကြောင်း အပြည့်အစုံကို ကိုရဲမွန် က ပြောပြပေးမှာပါ။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဇန်နဝါရီလဆန်းက Covid ကူးစက်သူ တကျော့ပြန်တွေ့တာကြောင့် တရုတ်အစိုးရက သူ့နိုင်ငံအတွင်း အသွားအလာ ကန့်သတ်တာတွေ ချက်ချင်း ပြန်လုပ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာရာသီပေါ် သီးနှံတွေဖြစ်တဲ့ ဖရဲသီးနဲ့ သခွားမွှေး တင်ပို့တာတွေလည်း ရပ်ဆိုင်း လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဖရဲသီးနဲ့ သခွားမွေးကို တရုတ်ဘက်က ကျန်းမာရေး စစ်ဆေးမှုတွေ တိုးလုပ်လာပြီး အကန့်အသတ်နဲ့ ဝယ်ယူပါတယ်။

ဒါတင်မက တရုတ်နယ်စပ် မှာ ကိုဗစ်ရောဂါ အစစ်ဆေးခံဖို့ ရက်အတော်ကြာ စောင့်ဆိုင်းရတဲ့အတွက် သီးနှံတွေဟာ အမှည့်လွန်ပြီး ဈေးကောင်းမရတာ များပါတယ်။ အခုသစ်သီးရာသီမှာ မနှစ်ကလောက် အရောင်းအဝယ် မကောင်းကြောင်း မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

“မနှစ်က အနေအထားထက် ၃၀ ရာခိုင်နှုန်းလောက်ကျတယ်။ တရုပ်ဘက်ကလည်း ကိုဗစ်ကာကွယ်ရေး အခြေအနေတွေနဲ့ ဝယ်လက်တွေက သိပ်မကောင်းဘူး။ ကိုဗစ်ကာလမှာ ကျနော်တို့ဘက်ကို ပြန်ပြီး ဖြေလျှော့မသွားဘူး ပိုပိုပြီး တင်းကျပ်လာတယ်။ အဲဒီအနေအထားတွေက သစ်သီးတင်ပို့မှုကို အများကြီး ထိခိုက်တယ်။ ဒီရာသီထဲ ထပ်ပြီး ထိခိုက်မယ့်သဘောတော့ ရှိတယ်။ သိပ်ပြီး အခြေအနေတော့ မကောင်းဘူးပေါ့။”

မြန်မာကုန်ကားတစီးကို သစ်သီး အလုံး ၃၀ နမူနာပေးပို့ပြီး ကိုဗစ်စစ်ဆေးဖို့လည်း တရုတ်ယူနန် အကောက်ခွန်ဌာနက ဧပြီလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ဆေးခအနေနဲ့ တရုတ်ယွမ်ငွေ ၁၈၀၀ ပေးဆောင်ရမှာပါ။ ကုန်ကျစရိတ်တွေ ပိုလာပြီး အမြတ်ရဖို့ ခက်ခဲလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဖရဲသီးကတော့ စပြီးပေါ်ပေါ်ချင်းမှာ ဈေးကောင်းရခဲ့ပေမဲ့ တရုတ်ဘက်က ထိန်းချုပ်မှုတွေကြောင့် ဈေးပြန်ကျခဲ့ပါတယ်။ ရောင်းမကုန်ဘဲ လွှင့်ပစ်ခဲ့ရတဲ့ အခြေအနေနဲ့လည်း မြန်မာကုန်သည်တွေက ကြုံခဲ့ရတာပါ။ အခုသရက်သီးရာသီမှာလည်း တရုတ်ဘက်က သတ်မှတ်တဲ့ အရည်အသွေးကို ပေးရတာ၊ ကိုဗစ်ကာကွယ်ဖို့ အစားထိုးယာဉ်မောင်းကိုပဲ တရုတ်ဘက်က ခွင့်ပြုတာ၊ ကိုဗစ်စစ်ဆေးမှုကြောင့် အပျက်အစီးများတာ ဒါတွေကို ရင်ဆိုင်နေရကြောင်း သရက်သီး စိုက်ပျိုးသူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ အခုနှစ်အထိနာခဲ့တဲ့ ဖရဲ၊ သခွားမွေး တောင်သူတွေကတော့ နောက်နှစ်ပြန်စိုက်ဖို့ဆိုတာ မသေချာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် သူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

“ဈေးကောင်းရတဲ့ တောင်သူတွေကတော့ စိုက်ဦးမှာပဲလေ။ တစီးကို သိန်း ၂၀၀ လောက် ရဖူးတဲ့သူတွေကျတော့လည်း ထပ်စိုက်မှာပေါ့။ ကားခတောင် စိုက်ရတဲ့ သူတွေကျတော့လည်း တွန့်သွားမှာပေါ့ ဒါကတော့။ မြတ်တဲ့သူလည်း အများကြီး မြတ်ကြတာပဲလေ။ ဒီနှစ်က ပြောရတာ တော်တော်ခက်တယ်ဗျ။”

မြန်မာပြည်တွင်း ကိုဗစ်ရောဂါစတွေ့တဲ့ ၂၀၂၀ ဧပြီလဆန်းကစလို့ ဒီနေ့အချိန်အထိ တရုတ်ဘက်က ကျန်းမာရေး စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ထားတာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့၂၀၁၉- ၂၀၂၀ အချက်အလက်အရဆိုရင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏကို သီးခြားခွဲပြီး ပြောမယ်ဆိုရင်တော့ ၂၀၁၉- ၂၀၂၀ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀၀ ရှိခဲ့တာပါ။ အဲဒီအထဲမှာ ဆန်နဲ့ တခြားစိုက်ပျိုးရေး ထွက်ကုန်တွေကို မြန်မာနိုင်ငံဘက်က အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG