သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ၾကား တိုက္ပြဲျဖစ္ေနဆဲ


ဒီးေမာ့ဆို ၿမိုဳ႕ (ဓာတ္ပံု-ဒီးေမာ့ဆိုတရား႐ံုးဖဘ)

{{Zawgyi/Unicode}}

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ စစ္ေကာင္စီစစ္တပ္နဲ႔ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (KPDF) တို႔အၾကား ဒီေန႔ ေမလ ၂၈ ရက္ေန႔မွာလည္း ပစ္ခတ္တိုက္ခိုက္ၾကပါတယ္။ ႏွစ္ဖက္ပစ္ခတ္မႈအတြင္းအရပ္သားေတြ ထိခိုက္ဒဏ္ရာရခဲ့သလို တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနသူေတြမွာလည္း အခက္အခဲေတြ ျဖစ္ေနၾကပါတယ္။ ကယားဖက္ကအေျခအေနကို ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ေမလ ၂၁ ရက္ေန႔ထဲက စစ္ေကာင္စီစစ္တပ္နဲ႔ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ KPDF တို႔အၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြ႐ွိေနတဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ ဒီေန႔ ေမလ ၂၈ ရက္ေန႔မွာလည္း မနက္ပိုင္းကတည္းက ပစ္ခတ္တာေတြရွိခဲ့တယ္လို႔ ၿမိဳ႕ခံတေယာက္က ေျပာပါတယ္။

"ဒီးေမာ့့ဆိုကေတာ့မနက္အေစာႀကီးပစ္ၾကတယ္။ ပစ္လိုက္နားလိုက္ ပစ္လိုက္နားလိုက္နဲ႕ ၁၁ နာရီေလာက္ၾကာသြား တယ္။ တပ္အင္အားေတာ့တိုးခ်ဲ႕ထားတယ္ လြိဳင္ေကာ္မွာေရာ ဒီးေမာ့့ဆိုမွာေရာ။ အျပန္လွန္ပစ္ခတ္မွဳေတာ့ရွိတယ္။ အက်ဆုံးေတာ့မသိရေသးဘူး။"

မနက္ပိုင္းထဲကစလို႔ ေန႔လည္ ၁ နာရီေလာက္အထိျဖစ္တဲ့ တိုက္ပြဲေတြအတြင္း ထိခိုက္ေသဆံုးမႈ ႐ွိမ႐ွိ ေလာေလာဆယ္ေတာ့ မသိရေသးပါဘူး။

ၾကာသပေတးညကလဲ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ၾကား အျပန္အလွန္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲဒီတိုက္ပြဲေတြအတြင္း အမ်ိဳးသားတစ္ဦး လက္နက္ႀကီး ထိမွန္ေသဆုံးသြားတယ္လို႔ ၿမိဳ႕ခံတဦးကေျပာပါတယ္။

"စစ္တပ္က လက္နက္ႀကီးနဲ႔ ရမ္းသန္းပစ္ခတ္ၿပီး ေအာင္မဂၤလာရပ္ကြက္မွာ တေယာက္ထိမွန္ၿပီးက်ဆုံးသြားတယ္။ ျပည္သူ လူထုတေယာက္။ ထိမွန္ၿပီးေသသြားတယ္။"

ဒီးေမာ့ဆိုၿမိဳ႕ အေနာက္ဖက္က ၿမိဳ႕အဝင္ ေဒါတဝီဂိတ္ကို ကရင္နီ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ KPDF အဖဲြ႔ဝင္ေတြ ေမလ ၂၁ ရက္ေန႔မွာ တိုက္ခိုက္ သိမ္းပိုက္ခဲ့ၿပီးကတည္းက ဒီးေမာ့ဆိုမွာ သူတုိ႔အဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား တိုက္ပဲြေတြျဖစ္ေနတာပါ။ အခုလက္႐ွိ ၿမိဳ႕ထဲမွာ စစ္တပ္က အင္အားျဖည့္ တပ္စဲြထားေပမဲ့ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြကလည္း တိုက္ခိုက္ေနပါတယ္။ ဒီေန႕ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနကိုသိရွိဖို႕ စစ္ေကာင္စီေျပာခြင့္ရကိုဆက္သြယ္ေပမဲ့ မရခဲ့ပါဘူး။

ဒီးေမာ့ဆိုၿမိဳ႕အျပင္ လြိဳင္ေကာ္ၿမိဳ႕မွာလည္း စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ေနၾကတဲ့အတြက္ အိုးအိမ္စြန္႔ ထြက္ေျပးေနၾကရတဲ့ ျပည္တြင္းဒုကၡသည္ အခုဆို ၇၀,၀၀၀ ေလာက္ ႐ွိေနပါတယ္။ ဒီစစ္ေရွာင္ေတြအတြက္လိုအပ္ခ်က္ကိုေတာ့ စစ္ေရွာင္အေရးအကူညီေပးေဆာင္ေနသူတဦးက အခုလိုေျပာပါတယ္။

"ဒီရက္ဘက္တိုးလာတယ္။ ၇၀,၀၀၀၊ ၈၀,၀၀၀ ေလာက္တက္ေနတယ္။ မိုးေတြက်လာလို႕ေလ မိုးကာေတြလိုအပ္တယ္။ အစာေျခာက္ေတြကေတာ့ ကုလားပဲတို႕ၾကာဇံတို႕ ေခါက္ဆြဲတို႕လိုအပ္ေနတယ္။ ေဆးပစၥည္းလဲလိုအပ္ေနတယ္။ ပစၥည္းမလုံေလာက္လို႕ဘဲ ကေလးတေယာက္ဆုံးသြားတယ္။ လပိုင္းဘဲရွိတယ္။"

လက္ရွိ ကယားျပည္နယ္ထဲမွာ စစ္တပ္ဘက္က အင္အားအမ်ားအျပားခ်ၿပီး လမ္းေၾကာင္းပိတ္ဆို႕ စိစစ္မွဳေတြ မ်ားေနတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြအတြက္ အကူညီေပးေဆာင္ဖို႕ အခက္ခဲေတြရွိေနတယ္လို႕ အကူညီေပးအဖြဲ႕၀င္ ခူးရယ္ကေျပာပါတယ္။

"လုံျခံဳမွဳသိပ္မရွိဘူး။ နည္းနည္းအႏၱရာယ္မ်ားတယ္။ သြားမွသြားရင္လည္း ေတာ္ေတာ္ေလး အသက္ရင္းၿပီးမွသြားေနရတယ္။ အခက္ခဲကေတာ့ ေတာ္ေတာ္ေလးသတိထားရတယ္။ စစ္ေဘးေရွာင္လာတဲ့သူေတြလည္း ေတြ႕တဲ့ေနရာမွာ ဥပေဒမဲ့ လက္နက္နဲ႕ပစ္တာပဲ။ ဘုရားေက်ာင္းလည္း ပစ္ေနတာပဲ သူတို႕ဘက္က။"

ကယားျပည္နယ္ထဲက အိုးအိမ္ပစ္ ထြက္ေျပးေနၾကရသူေတြအတြက္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းကေန အေရးေပၚ ကယ္ဆယ္ေရးပစၥည္းေတြ ေပးပို႔တယ္လို႔ ထုတ္ျပန္ထားေပမဲ့ ဒုကၡသည္ေတြက မရေသးဘူးလို႔ ေျပာပါတယ္။ လက္ရွိကယားျပည္နယ္ထဲမွာ စစ္တပ္ဘက္က လုံျခဳံေရးတင္းၾကပ္ထားတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ အကူအညီရနိုင္ဖို႔ ခက္ခဲေနတယ္လို႕ စစ္ေရွာင္ေကာ္မတီ၀င္ေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

{{Unicode}}

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီစစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့အကြား ဒီနေ့ မေလ ၂၈ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်ကြပါတယ်။ နှစ်ဖက်ပစ်ခတ်မှုအတွင်းအရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေမှာလည်း အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကယားဖက်ကအခြေအနေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မေလ ၂၁ ရက်နေ့ထဲက စစ်ကောင်စီစစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ မေလ ၂၈ ရက်နေ့မှာလည်း မနက်ပိုင်းကတည်းက ပစ်ခတ်တာတွေရှိခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

"ဒီးမော့ဆိုကတော့မနက်အစောကြီးပစ်ကြတယ်။ ပစ်လိုက်နားလိုက် ပစ်လိုက်နားလိုက်နဲ့ ၁၁ နာရီလောက်ကြာသွား တယ်။ တပ်အင်အားတော့တိုးချဲ့ထားတယ် လွိုင်ကော်မှာရော ဒီးမော့ဆိုမှာရော။ အပြန်လှန်ပစ်ခတ်မှုတော့ရှိတယ်။ အကျဆုံးတော့မသိရသေးဘူး။"

မနက်ပိုင်းထဲကစလို့ နေ့လည် ၁ နာရီလောက်အထိဖြစ်တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ လောလောဆယ်တော့ မသိရသေးပါဘူး။

ကြာသပတေးညကလဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားတယ်လို့ မြို့ခံတဦးကပြောပါတယ်။

"စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ပြီး အောင်မင်္ဂလာရပ်ကွက်မှာ တယောက်ထိမှန်ပြီးကျဆုံးသွားတယ်။ ပြည်သူ လူထုတယောက်။ ထိမှန်ပြီးသေသွားတယ်။"

ဒီးမော့ဆိုမြို့ အနောက်ဖက်က မြို့အဝင် ဒေါတဝီဂိတ်ကို ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF အဖွဲ့ဝင်တွေ မေလ ၂၁ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးကတည်းက ဒီးမော့ဆိုမှာ သူတို့အဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေတာပါ။ အခုလက်ရှိ မြို့ထဲမှာ စစ်တပ်က အင်အားဖြည့် တပ်စွဲထားပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း တိုက်ခိုက်နေပါတယ်။ ဒီနေ့ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

ဒီးမော့ဆိုမြို့အပြင် လွိုင်ကော်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတဲ့အတွက် အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည် အခုဆို ၇၀,၀၀၀ လောက် ရှိနေပါတယ်။ ဒီစစ်ရှောင်တွေအတွက်လိုအပ်ချက်ကိုတော့ စစ်ရှောင်အရေးအကူညီပေးဆောင်နေသူတဦးက အခုလိုပြောပါတယ်။

"ဒီရက်ဘက်တိုးလာတယ်။ ၇၀,၀၀၀၊ ၈၀,၀၀၀ လောက်တက်နေတယ်။ မိုးတွေကျလာလို့လေ မိုးကာတွေလိုအပ်တယ်။ အစာခြောက်တွေကတော့ ကုလားပဲတို့ကြာဇံတို့ ခေါက်ဆွဲတို့လိုအပ်နေတယ်။ ဆေးပစ္စည်းလဲလိုအပ်နေတယ်။ ပစ္စည်းမလုံလောက်လို့ဘဲ ကလေးတယောက်ဆုံးသွားတယ်။ လပိုင်းဘဲရှိတယ်။"

လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်တပ်ဘက်က အင်အားအများအပြားချပြီး လမ်းကြောင်းပိတ်ဆို့ စိစစ်မှုတွေ များနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေအတွက် အကူညီပေးဆောင်ဖို့ အခက်ခဲတွေရှိနေတယ်လို့ အကူညီပေးအဖွဲ့ဝင် ခူးရယ်ကပြောပါတယ်။

"လုံခြုံမှုသိပ်မရှိဘူး။ နည်းနည်းအန္တရာယ်များတယ်။ သွားမှသွားရင်လည်း တော်တော်လေး အသက်ရင်းပြီးမှသွားနေရတယ်။ အခက်ခဲကတော့ တော်တော်လေးသတိထားရတယ်။ စစ်ဘေးရှောင်လာတဲ့သူတွေလည်း တွေ့တဲ့နေရာမှာ ဥပဒေမဲ့ လက်နက်နဲ့ပစ်တာပဲ။ ဘုရားကျောင်းလည်း ပစ်နေတာပဲ သူတို့ဘက်က။"

ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒုက္ခသည်တွေက မရသေးဘူးလို့ ပြောပါတယ်။ လက်ရှိကယားပြည်နယ်ထဲမှာ စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အကူအညီရနိုင်ဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီဝင်တွေကပြောပါတယ်။

#Kayah #Demoso #KPDF #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #စစ္ဘက္အုပ္ခ်ဳပ္ေရး #စစ္အာဏာသိမ္းမႈ #တပ္မေတာ္ #ဆႏၵျပပြဲ #ဗီြအိုေအျမန္မာပိုင္း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG