သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕မွာ ေပါက္ကဲြမႈ ႏွစ္ႀကိမ္ျဖစ္


ထုိင္း-ျမန္မာနယ္စပ္အနီး ဘုရားသုံးဆူရွိ စစ္ေဆးေရးဂိတ္တခု။ (ႏုိဝင္ဘာ ၇၊ ၂၀၁၀)

(Zawgyi / Unicode)

ထုိင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕မွာ မေန႔ ေမလ ၂၉ ရက္ေန႔ည ၁၀ နာရီေက်ာ္ေလာက္က ေပါက္ကြဲမႈ ၂ ခု ဆက္တုိက္ဆုိသလုိ ျဖစ္ေပၚခဲ့ၿပီး လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္မႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ စာသင္ေက်ာင္း ၃ ေက်ာင္း ပ်က္စီးသြားတယ္လုိ႔ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး ျပည္တြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

ပထမေပါက္ကြဲမႈဟာ ည ၁၀ နာရီ ၁၀ မိနစ္မွာ ျဖစ္သြားခဲ့ၿပီး ဒုတိယေပါက္ကြဲမႈကေတာ့ ည ၁၀ နာရီ ၃၃ မိနစ္မွာ ျဖစ္သြားခဲ့တာလုိ႔ ထုိင္းႏုိင္ငံထုတ္ Bangkok Post သတင္းစာမွာ ေဖာ္ျပထားၿပီး အဲဒီ ေပါက္ကြဲတဲ့အသံေတြကုိ ထုိင္းႏုိင္ငံ၊ ဆန္ခလဘူရီျပည္နယ္၊ Phra Chedi Sam Ong နယ္စပ္ဂိတ္အထိ က်ယ္က်ယ္ေလာင္ေလာင္ ၾကားခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ အေျခအေန ေစာင့္ၾကည့္ဖုိ႔အတြက္ ႏွစ္ႏုိင္ငံ နယ္စပ္ေဒသကုိ ထုိင္းစစ္သားတခ်ဳိ႕ကုိ ေစလႊတ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ျပည္တြင္း သတင္းမီဒီယာေတြမွာေတာ့ ေပါက္ကြဲမႈေၾကာင့္ ဘုရားသုံးဆူ အထက္တန္းေက်ာင္း႐ုံးခန္း မီးေလာင္ပ်က္စီးသြားၿပီး တျခား အထကမူလြန္ေက်ာင္း ၿခံစည္း႐ုိးလည္း ပ်က္စီးသြားတယ္လုိ႔ ေဖာ္ျပပါတယ္။

အခင္းျဖစ္တဲ့ေနရာကုိ စစ္တပ္နဲ႔ ရဲေတြ ေရာက္လာၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့သလုိ ေဒသခံ ၆ ဦးကုိလည္း မသကၤာမႈနဲ႔ ဖမ္းဆီးသြားတယ္လုိ႔ ဆုိပါတယ္။

ေပါက္ကြဲမႈေတြေၾကာင့္ ထိခုိက္ဒဏ္ရာရသူ စာရင္းေတာ့ မသိရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ မနေ့ မေလ ၂၉ ရက်နေ့ည ၁၀ နာရီကျော်လောက်က ပေါက်ကွဲမှု ၂ ခု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စာသင်ကျောင်း ၃ ကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပထမပေါက်ကွဲမှုဟာ ည ၁၀ နာရီ ၁၀ မိနစ်မှာ ဖြစ်သွားခဲ့ပြီး ဒုတိယပေါက်ကွဲမှုကတော့ ည ၁၀ နာရီ ၃၃ မိနစ်မှာ ဖြစ်သွားခဲ့တာလို့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားပြီး အဲဒီ ပေါက်ကွဲတဲ့အသံတွေကို ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီပြည်နယ်၊ Phra Chedi Sam Ong နယ်စပ်ဂိတ်အထိ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခြေအနေ စောင့်ကြည့်ဖို့အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသကို ထိုင်းစစ်သားတချို့ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်း သတင်းမီဒီယာတွေမှာတော့ ပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူ အထက်တန်းကျောင်းရုံးခန်း မီးလောင်ပျက်စီးသွားပြီး တခြား အထကမူလွန်ကျောင်း ခြံစည်းရိုးလည်း ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

အခင်းဖြစ်တဲ့နေရာကို စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို ဒေသခံ ၆ ဦးကိုလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ စာရင်းတော့ မသိရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG