သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုံၿခံဳေရးအတြက္ သတိထားဖုိ႔ ရန္ကုန္အေမရိကန္သံ႐ုံး တုိက္တြန္း


ရန္ကုန္ၿမိဳ႕က လမ္းမတခုမွာ ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံေရာက္ အေမရိကန္ႏိုင္ငံသားေတြ လုံၿခံဳေရးအတြက္ သတိထားႏုိင္ဖုိ႔ ရန္ကုန္မွာရွိတဲ့ အေမရိကန္သံ႐ုံးက သတင္းအခ်က္အလက္ေတြ ထုတ္ျပန္လုိက္ပါတယ္။

ရန္ကုန္မွာျဖစ္ပြားတဲ့ ေပါက္ကြဲမႈေတြဟာ စစ္ေကာင္စီနဲ႔ ဆက္ႏႊယ္တဲ့ ေနရာေတြကို အဓိက ပစ္မွတ္ထားတာ ေတြ႔ရၿပီး အခုဆိုရင္ တျခားေနရာေတြကိုပါ ပစ္မွတ္ထားလာေနတာ ေတြ႔ရေၾကာင္း ေသာၾကာေန႔က သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိမွာ သံ႐ုံးတခ်ိဳ႕ေရွ႕မွာ အတားအဆီးေတြ တိုးခ်ထားၿပီး ရဲနဲ႔စစ္တပ္ရွိရာ ေနရာအမ်ားအျပားမွာလည္း သဲအိတ္ေတြခ်ထားတာ ေတြ႔ရေၾကာင္းနဲ႔ ေဖာက္ခြဲသူေတြက ရဲနဲ႔ စစ္တပ္ရွိရာ ေနရာနားမွာျဖစ္ေစ ကားနဲ႔ ျဖတ္သြားရင္းျဖစ္ေစ ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ပစ္ပီး တိုက္ခိုက္ေနသလို ရဲနဲ႔စစ္တပ္ကလည္း ဒီယာဥ္ေတြကို ပစ္္ခတ္ေနတာ ေတြ႔ရတဲ့အတြက္ အေမရိကန္ႏိုင္ငံသားေတြ ရန္ကုန္မွာ သြားလာတဲ့အခါ အၿမဲတေစ သတိထားဖို႔ အေမရိကန္သံ႐ုံးက သတိေပးလိုက္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့လေတြအတြင္း ရန္ကုန္အေျခအေန အေသးစိတ္ သုံးသပ္ခ်က္အရ အႏၱရာယ္ရွိႏိုင္တဲ့ အဆင့္ ၃ ဆင့္ခြဲ သတ္မွတ္လိုက္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ပါရမီလမ္း၊ ျပည္လမ္း၊ ကမာၻေအးဘုရားလမ္္း၊ ဟယ္လ္ပင္လမ္း၊ ကန္ရိပ္သာလမ္းနဲ႔ နတ္ေမာက္လမ္း အပါအဝင္ လမ္းေၾကာင္းတခ်ိဳ႕ဟာ အႏၱရာယ္ရွိေပမယ့္ သိပ္မမ်ားတဲ့အဆင့္ရွိေနၿပီး စမ္းေခ်ာင္း၊ အလံုနဲ႔ လမ္းမေတာ္ အပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕မွာ တိုက္ခိုက္မႈေတြ ပိုေတြ႔ရတဲ့အတြက္ အႏၱရာယ္ အလယ္အလတ္ရွိတဲ့ အဆင့္ သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။

အႏၱရာယ္အႀကီးဆံုး ေနရာေတြကေတာ့ မာရွယ္ေလာထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြနဲ႔ မၾကာခဏ တိုက္ခိုက္မႈႀကံဳေနရတဲ့ ေနရာေတြျဖစ္တဲ့ လႈိင္သာယာ၊ ေျမာက္ဒဂံု၊ ေတာင္ဒဂံု၊ ေရႊျပည္သာ၊ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ ေျမာက္ဥကၠလာပတို႔ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာနက ျမန္မာႏိုင္ငံကို ခရီးသြားလာမႈဆိုင္ရာ အျမင့္ဆံုး သတိေပးခ်က္ အဆင့္ ၄ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

လုံခြုံရေးအတွက် သတိထားဖို့ ရန်ကုန်အမေရိကန်သံရုံး တိုက်တွန်း

မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေ လုံခြုံရေးအတွက် သတိထားနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက သတင်းအချက်အလက်တွေ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေဟာ စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားတာ တွေ့ရပြီး အခုဆိုရင် တခြားနေရာတွေကိုပါ ပစ်မှတ်ထားလာနေတာ တွေ့ရကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ သံရုံးတချို့ရှေ့မှာ အတားအဆီးတွေ တိုးချထားပြီး ရဲနဲ့စစ်တပ်ရှိရာ နေရာအများအပြားမှာလည်း သဲအိတ်တွေချထားတာ တွေ့ရကြောင်းနဲ့ ဖောက်ခွဲသူတွေက ရဲနဲ့ စစ်တပ်ရှိရာ နေရာနားမှာဖြစ်စေ ကားနဲ့ ဖြတ်သွားရင်းဖြစ်စေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပစ်ပီး တိုက်ခိုက်နေသလို ရဲနဲ့စစ်တပ်ကလည်း ဒီယာဉ်တွေကို ပစ်ခတ်နေတာ တွေ့ရတဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ရန်ကုန်မှာ သွားလာတဲ့အခါ အမြဲတစေ သတိထားဖို့ အမေရိကန်သံရုံးက သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လတွေအတွင်း ရန်ကုန်အခြေအနေ အသေးစိတ် သုံးသပ်ချက်အရ အန္တရာယ်ရှိနိုင်တဲ့ အဆင့် ၃ ဆင့်ခွဲ သတ်မှတ်လိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

ပါရမီလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဟယ်လ်ပင်လမ်း၊ ကန်ရိပ်သာလမ်းနဲ့ နတ်မောက်လမ်း အပါအဝင် လမ်းကြောင်းတချို့ဟာ အန္တရာယ်ရှိပေမယ့် သိပ်မများတဲ့အဆင့်ရှိနေပြီး စမ်းချောင်း၊ အလုံနဲ့ လမ်းမတော် အပါအဝင် မြို့နယ်တချို့မှာ တိုက်ခိုက်မှုတွေ ပိုတွေ့ရတဲ့အတွက် အန္တရာယ် အလယ်အလတ်ရှိတဲ့ အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အန္တရာယ်အကြီးဆုံး နေရာတွေကတော့ မာရှယ်လောထုတ်ထားတဲ့ မြို့နယ်တွေနဲ့ မကြာခဏ တိုက်ခိုက်မှုကြုံနေရတဲ့ နေရာတွေဖြစ်တဲ့ လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပတို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံကို ခရီးသွားလာမှုဆိုင်ရာ အမြင့်ဆုံး သတိပေးချက် အဆင့် ၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG