(Zawgyi / Unicode)
ျမန္မာစစ္ေကာင္စီအစိုးရက ေမလ ၂၄ ရက္၊ တနလၤာေန႔က အေမရိကန္သတင္းေထာက္ Daniel Fenster ကို ဖမ္းဆီးလိုက္ပါတယ္။ Daniel Fenster ရဲ႕ မိသားစုဝင္ေတြက သူျပန္လြတ္ေျမာက္ေရး လႈပ္ရွားမႈအေၾကာင္း ဗီြအိုေအသတင္းေထာက္ Esha Sarai ရဲ႕ သတင္းေပးပုိ႔ခ်က္ကို အေျခခံၿပီး မခြါညိဳ စုစည္းတင္ျပေပးထားပါတယ္။
မီခ်ီဂန္ျပည္နယ္၊ ဒက္ထ႐ြိဳက္ၿမိဳ႕သားျဖစ္တဲ့ Fenster ဟာ Frontier Myanmar ျပည္တြင္းသတင္းဌာနမွာ အလုပ္လုပ္ေနခဲ့တာ ၂ ႏွစ္ရွိပါၿပီ။ ၿပီးခဲ့တဲ့ တနလၤာေန႔ မနက္ကမွ သူအဖမ္းခံရတယ္ဆိုတာ သိရတယ္လို႔ အစ္ကိုျဖစ္သူက ေျပာပါတယ္။
“တနလၤာေန႔ မနက္အေစာႀကီး က်ေနာ္ႏိုးေတာ့ သူ႔မိန္းမ ဂ်ဴလီယာနာဆီက စာေတြအမ်ားႀကီး ပို႔ထားတာ ေတြ႔ရတယ္။ က်ေနာ္က ျပန္ဆက္သြယ္ေပမယ့္လည္း သူကလည္း ျဖစ္ေနတဲ့အျဖစ္အပ်က္ေတြကို လုိက္ၿပီးစံုစမ္းေနရေတာ့ အဆက္အသြယ္က မရဘူး။ ဒါနဲ႔ က်ေနာ့္ကို အေၾကာင္းစံု ေသခ်ာေျပာျပႏိုင္မယ့္ Frontier Myanmar က သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဘက္တေယာက္ကို လွမ္းစကားေျပာခဲ့တယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ က်ေနာ္တို႔ အခုထိ တုန္လႈပ္ေခ်ာက္ခ်ားေနတုန္းပဲဆိုတာ ခင္ဗ်ားတို႔ ေတြးၾကည့္ႏုိင္မွာပါ။”
စစ္တပ္က ဆန္႔က်င္ကန္႔ကြက္ေနသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းေနခ်ိန္မွာ Fenster က အေမရိကန္မွာရွိတဲ့ မိသားစုနဲ႔ အဆက္အသြယ္ မျပတ္ခဲ့ပါဘူး။ သူကတဆင့္ ျမန္မာျပည္အေျခအေနေတြကို သိခြင့္ရခဲ့တယ္လို႔ အစ္ကိုျဖစ္သူ Bryan Fenster က ဗြီအုိေအကို ေျပာပါတယ္။
“စစ္တပ္က လူေတြကို ရွာေဖြဖမ္းဆီးမယ္၊ အိမ္ေတြထဲအထိ ဝင္ၿပီး အဓမၼေခၚသြားမယ္ ဆုိတာကေတာ့ လွ်ဳိ႕ဝွက္ခ်က္မဟုတ္ပါဘူး။ ဒါေၾကာင့္ သတင္းေထာက္ေတြ အမ်ားအျပားဟာ လံုၿခံဳတဲ့ေနရာေတြမွာ ေရွာင္တိမ္းေနၾကရတယ္။ သူတို႔မိသားစုေတြကလည္း သူတို႔အိမ္မွာေနရင္း မလံုၿခံဳၾကဘူး။ သူ ဆက္ၿပီး အလုပ္လုပ္ေနတဲ့အတြက္ က်ေနာ္တုိ႔က ဝမ္းသာေနၾကတာ။ အဲဒီက ျမန္မာျပည္သူအားလံုးကို က်ေနာ္တို႔ ကိုယ္ခ်င္းစာေနၾကတာပါ။”
Fenster ဟာ စစ္အစိုးရက အဖမ္းခံထားရတဲ့ သတင္းေထာက္ ၈၀ ေက်ာ္ထဲက တေယာက္ျဖစ္ေၾကာင္း ကုလသမဂၢအဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာပါတယ္။
“သတင္းေထာက္ေတြကို ဖမ္းဆီးေနတာ၊ သတင္းပို႔ဖို႔ သတင္းမွတ္တမ္းယူဖို႔ ႀကိဳးစားၾကတဲ့ ဘယ္သူ႔ကိုမဆို စစ္တပ္က အၾကမ္းဖက္မႈေတြ လုပ္ခဲ့တာေတြဟာ ျမန္မာႏုိင္ငံအတြင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္အေပၚ သာမန္ထက္လြန္ကဲတဲ့ တုိက္ခုိက္မႈေတြ ျဖစ္ပါတယ္။”
Daniel Fenster ဖမ္းဆီးခံရတဲ့အေပၚမွာ အလြန္တရာ စိတ္ပူပင္ရၿပီး သူ႔ကိုလႊတ္ေပးၿပီး ေဘးကင္းလံုၿခံဳစြာ ေနအိမ္ျပန္ခြင့္ေပးဖို႔ကို အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရသူက ေတာင္းဆိုတဲ့အေၾကာင္း စီအန္အန္သတင္းမွာလည္း ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ ၂ ႀကိမ္ အဖမ္းခံခဲ့ရၿပီးမွ ျပန္ပို႔ခံခဲ့ရတဲ့ ဂ်ပန္သတင္းေထာက္ကလည္း ဂ်ပန္အစိုးရ အေနနဲ႔ေရာ ႏုိင္ငံတကာ အသုိင္းအဝုိင္းကပါ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြအေပၚ ထိထိေရာက္ေရာက္ အေရးယူ တံု႔ျပန္ၾကဖို႔ ေတာင္းဆိုထားပါတယ္။
“ျမန္မာျပည္မွာျဖစ္ေနတဲ့ အေၾကာင္းအရာမ်ဳိးစံုကို ကမၻာႀကီးသိေအာင္ ေျပာေပးပါလို႔ က်ေနာ့္ကို ေျပာလာၾကတဲ့ ျမန္မာလူမ်ဳိးေတြ အမ်ားႀကီးရွိပါတယ္။ ေရွ႕ဆက္ၿပီးေတာ့ ဂ်ပန္ႏုိင္ငံသားေတြကိုေရာ ကမၻာကပါသိေအာင္ ျမန္မာျပည္အေၾကာင္း သတင္းေတြ ပို႔ေပးခ်င္ပါတယ္။”
သတင္းေထာက္ေတြနဲ႔ ကမၻာတလႊားက သူတို႔ကို ခ်စ္ခင္ၾကသူဟာ ျမန္မာႏိုင္ငံအတြင္း သတင္းလြတ္လပ္ခြင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံေနရတဲ့အေပၚ မီးေမာင္းထိုးျပခဲ့ၾကတာပါ။ Fenster ရဲ႕ အစ္ကိုျဖစ္သူကေတာ့ ညီျဖစ္သူဟာ သတင္းလြတ္လပ္ခြင့္ကို အေလးထားလို႔ အခုလို ျမန္မာျပည္ထဲ ဆက္ရွိေနတာလို႔ ေျပာပါတယ္။
“သူက လူေတြကို အမွန္တရားကို၊ ေနာက္ၿပီး သတင္းလြတ္လပ္ခြင့္ကို သိပ္ၿပီး အေလးအနက္ ထားပါတယ္။ ဒီလိုသေဘာထားေၾကာင့္လည္း ျမန္မာႏုိင္ငံထဲမွာ သူ ဒီအလုပ္ကို လုပ္ျဖစ္ေနတာဆိုတာ သိပ္ကိုရွင္းပါတယ္။”
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက လူေပါင္း ၄,၀၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး ၈၀၀ ေက်ာ္ သတ္ျဖတ္ခံခဲ့ရၿပီးျဖစ္ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔ေတြက ေျပာပါတယ္။ သတင္းမီဒီယာေတြလည္းပဲ တုိက္ခုိက္မႈ ခံေနရသလုိ သတင္းေထာက္ေတြကို ဖမ္းဆီးေနတာေတြေၾကာင့္လည္း ျမန္မာျပည္တြင္းမွာ ဘာေတြျဖစ္ေနၾကၿပီလဲ ဆိုတာကို သိရဖို႔ ပိုပိုၿပီး ခက္ခဲလာပါတယ္။
ညီျဖစ္သူကို ျပန္လႊတ္ေပးဖို႔နဲ႔ သတင္းသမားေတြဟာ ရာဇဝတ္မႈ က်ဴးလြန္သူေတြ မဟုတ္ဘူးလို႔ Bryan Fenster က ဗြီအိုေအကို ေျပာပါတယ္။
“ပထမဦးဆံုး ေျပာခ်င္တာကေတာ့ က်ေနာ့္ညီကို ခ်က္ခ်င္း ေဘးမသီရန္မခ အိမ္ျပန္ပို႔ေပးဖုိ႔ပါ။ ဒါေပမယ့္ သူလြတ္ဖို႔ထက္ ဒီထက္ပိုၿပီး ႀကီးက်ယ္တဲ့ကိစၥ ျဖစ္ေနတာပါ။ သူက အဲဒီအျဖစ္ႀကီးထဲမွာ တစိတ္တေဒသအျဖစ္ပဲ ရွိေနတာပါ။ သတင္းမီဒီယာလုပ္ငန္းဟာ ရာဇဝတ္မႈ မဟုတ္ပါဘူး။ သူတို႔ဟာ ကမၻာႀကီးအတြက္ က်ေနာ္တို႔လို ျပည္သူေတြရဲ႕ နားေတြ၊ မ်က္လံုးေတြပါ။ ဒီလိုလုပ္တာဟာ ေနရာအႏွံ႔က ဒီမိုကေရစီကို ၿခိမ္းေျခာက္မႈတရပ္လည္း ျဖစ္တယ္ဆိုတာ ေသခ်ာပါတယ္။”
သတင္းေထာက္ Fenster ရဲ႕ ဇာတိ မီခ်ီဂန္ျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Andy Levin ဟာလည္း သူ႔မိသားစုနဲ႔ေရာ အေမရိကန္ ႏိုင္ငံျခားေရးဌာနနဲ႔ပါ ဆက္သြယ္ၿပီး သူျပန္လြတ္လာဖို႔အတြက္ ေစာင့္ၾကည့္ေနပါတယ္။
“မတရားဖမ္းခံေနရတဲ့ အေမရိကန္ႏိ္ုင္ငံသားတဦး လြတ္ေျမာက္လာဖို႔ ကိစၥပါ။ က်ေနာ္တို႔အားလံုး ဦးတည္ခ်က္တခုတည္းကို သြားေနတာပါ။”
AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ စာရင္းအရ စစ္တပ္အာဏာသိမ္းၿပီးကတည္းက သတင္းသမား ၈၈ ဦး ထိန္းသိမ္းခံခဲ့ရၿပီး ဒီအထဲ တဝက္ေက်ာ္ဟာ ဖမ္းဆီးထိန္းသိမ္းခံေနရဆဲလို႔ သိရပါတယ္။ ဒီအထဲမွာ အေမရိကန္ႏိုင္ငံသားေတြျဖစ္တဲ့ Daniel Fenster နဲ႔ ကမာရြတ္မီဒီယာ အယ္ဒီတာခ်ဳပ္ ကိုေနသန္ေမာင္တို႔လည္း ပါဝင္ၾကပါတယ္။
---------------------------
(Unicode)
မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံ ကန်သတင်းထောက်အတွက် မိသားစုဝင်တွေ စိုးရိမ်
မြန်မာစစ်ကောင်စီအစိုးရက မေလ ၂၄ ရက်၊ တနင်္လာနေ့က အမေရိကန်သတင်းထောက် Daniel Fenster ကို ဖမ်းဆီးလိုက်ပါတယ်။ Daniel Fenster ရဲ့ မိသားစုဝင်တွေက သူပြန်လွတ်မြောက်ရေး လှုပ်ရှားမှုအကြောင်း ဗွီအိုအေသတင်းထောက် Esha Sarai ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး မခွါညို စုစည်းတင်ပြပေးထားပါတယ်။
မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့သားဖြစ်တဲ့ Fenster ဟာ Frontier Myanmar ပြည်တွင်းသတင်းဌာနမှာ အလုပ်လုပ်နေခဲ့တာ ၂ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ကမှ သူအဖမ်းခံရတယ်ဆိုတာ သိရတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။
“တနင်္လာနေ့ မနက်အစောကြီး ကျနော်နိုးတော့ သူ့မိန်းမ ဂျူလီယာနာဆီက စာတွေအများကြီး ပို့ထားတာ တွေ့ရတယ်။ ကျနော်က ပြန်ဆက်သွယ်ပေမယ့်လည်း သူကလည်း ဖြစ်နေတဲ့အဖြစ်အပျက်တွေကို လိုက်ပြီးစုံစမ်းနေရတော့ အဆက်အသွယ်က မရဘူး။ ဒါနဲ့ ကျနော့်ကို အကြောင်းစုံ သေချာပြောပြနိုင်မယ့် Frontier Myanmar က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်ကို လှမ်းစကားပြောခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ အခုထိ တုန်လှုပ်ချောက်ချားနေတုန်းပဲဆိုတာ ခင်ဗျားတို့ တွေးကြည့်နိုင်မှာပါ။”
စစ်တပ်က ဆန့်ကျင်ကန့်ကွက်နေသူတွေကို အကြမ်းဖက် နှိမ်နင်းနေချိန်မှာ Fenster က အမေရိကန်မှာရှိတဲ့ မိသားစုနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ သူကတဆင့် မြန်မာပြည်အခြေအနေတွေကို သိခွင့်ရခဲ့တယ်လို့ အစ်ကိုဖြစ်သူ Bryan Fenster က ဗွီအိုအေကို ပြောပါတယ်။
“စစ်တပ်က လူတွေကို ရှာဖွေဖမ်းဆီးမယ်၊ အိမ်တွေထဲအထိ ဝင်ပြီး အဓမ္မခေါ်သွားမယ် ဆိုတာကတော့ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ဒါကြောင့် သတင်းထောက်တွေ အများအပြားဟာ လုံခြုံတဲ့နေရာတွေမှာ ရှောင်တိမ်းနေကြရတယ်။ သူတို့မိသားစုတွေကလည်း သူတို့အိမ်မှာနေရင်း မလုံခြုံကြဘူး။ သူ ဆက်ပြီး အလုပ်လုပ်နေတဲ့အတွက် ကျနော်တို့က ဝမ်းသာနေကြတာ။ အဲဒီက မြန်မာပြည်သူအားလုံးကို ကျနော်တို့ ကိုယ်ချင်းစာနေကြတာပါ။”
Fenster ဟာ စစ်အစိုးရက အဖမ်းခံထားရတဲ့ သတင်းထောက် ၈၀ ကျော်ထဲက တယောက်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။
“သတင်းထောက်တွေကို ဖမ်းဆီးနေတာ၊ သတင်းပို့ဖို့ သတင်းမှတ်တမ်းယူဖို့ ကြိုးစားကြတဲ့ ဘယ်သူ့ကိုမဆို စစ်တပ်က အကြမ်းဖက်မှုတွေ လုပ်ခဲ့တာတွေဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် သာမန်ထက်လွန်ကဲတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။”
Daniel Fenster ဖမ်းဆီးခံရတဲ့အပေါ်မှာ အလွန်တရာ စိတ်ပူပင်ရပြီး သူ့ကိုလွှတ်ပေးပြီး ဘေးကင်းလုံခြုံစွာ နေအိမ်ပြန်ခွင့်ပေးဖို့ကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တောင်းဆိုတဲ့အကြောင်း စီအန်အန်သတင်းမှာလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂ ကြိမ် အဖမ်းခံခဲ့ရပြီးမှ ပြန်ပို့ခံခဲ့ရတဲ့ ဂျပန်သတင်းထောက်ကလည်း ဂျပန်အစိုးရ အနေနဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ထိထိရောက်ရောက် အရေးယူ တုံ့ပြန်ကြဖို့ တောင်းဆိုထားပါတယ်။
“မြန်မာပြည်မှာဖြစ်နေတဲ့ အကြောင်းအရာမျိုးစုံကို ကမ္ဘာကြီးသိအောင် ပြောပေးပါလို့ ကျနော့်ကို ပြောလာကြတဲ့ မြန်မာလူမျိုးတွေ အများကြီးရှိပါတယ်။ ရှေ့ဆက်ပြီးတော့ ဂျပန်နိုင်ငံသားတွေကိုရော ကမ္ဘာကပါသိအောင် မြန်မာပြည်အကြောင်း သတင်းတွေ ပို့ပေးချင်ပါတယ်။”
သတင်းထောက်တွေနဲ့ ကမ္ဘာတလွှားက သူတို့ကို ချစ်ခင်ကြသူဟာ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့အပေါ် မီးမောင်းထိုးပြခဲ့ကြတာပါ။ Fenster ရဲ့ အစ်ကိုဖြစ်သူကတော့ ညီဖြစ်သူဟာ သတင်းလွတ်လပ်ခွင့်ကို အလေးထားလို့ အခုလို မြန်မာပြည်ထဲ ဆက်ရှိနေတာလို့ ပြောပါတယ်။
“သူက လူတွေကို အမှန်တရားကို၊ နောက်ပြီး သတင်းလွတ်လပ်ခွင့်ကို သိပ်ပြီး အလေးအနက် ထားပါတယ်။ ဒီလိုသဘောထားကြောင့်လည်း မြန်မာနိုင်ငံထဲမှာ သူ ဒီအလုပ်ကို လုပ်ဖြစ်နေတာဆိုတာ သိပ်ကိုရှင်းပါတယ်။”
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူပေါင်း ၄,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ သတင်းမီဒီယာတွေလည်းပဲ တိုက်ခိုက်မှု ခံနေရသလို သတင်းထောက်တွေကို ဖမ်းဆီးနေတာတွေကြောင့်လည်း မြန်မာပြည်တွင်းမှာ ဘာတွေဖြစ်နေကြပြီလဲ ဆိုတာကို သိရဖို့ ပိုပိုပြီး ခက်ခဲလာပါတယ်။
ညီဖြစ်သူကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေဟာ ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်ဘူးလို့ Bryan Fenster က ဗွီအိုအေကို ပြောပါတယ်။
“ပထမဦးဆုံး ပြောချင်တာကတော့ ကျနော့်ညီကို ချက်ချင်း ဘေးမသီရန်မခ အိမ်ပြန်ပို့ပေးဖို့ပါ။ ဒါပေမယ့် သူလွတ်ဖို့ထက် ဒီထက်ပိုပြီး ကြီးကျယ်တဲ့ကိစ္စ ဖြစ်နေတာပါ။ သူက အဲဒီအဖြစ်ကြီးထဲမှာ တစိတ်တဒေသအဖြစ်ပဲ ရှိနေတာပါ။ သတင်းမီဒီယာလုပ်ငန်းဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ သူတို့ဟာ ကမ္ဘာကြီးအတွက် ကျနော်တို့လို ပြည်သူတွေရဲ့ နားတွေ၊ မျက်လုံးတွေပါ။ ဒီလိုလုပ်တာဟာ နေရာအနှံ့က ဒီမိုကရေစီကို ခြိမ်းခြောက်မှုတရပ်လည်း ဖြစ်တယ်ဆိုတာ သေချာပါတယ်။”
သတင်းထောက် Fenster ရဲ့ ဇာတိ မီချီဂန်ပြည်နယ် အောက်လွှတ်တော်အမတ် Andy Levin ဟာလည်း သူ့မိသားစုနဲ့ရော အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ပါ ဆက်သွယ်ပြီး သူပြန်လွတ်လာဖို့အတွက် စောင့်ကြည့်နေပါတယ်။
“မတရားဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသားတဦး လွတ်မြောက်လာဖို့ ကိစ္စပါ။ ကျနော်တို့အားလုံး ဦးတည်ချက်တခုတည်းကို သွားနေတာပါ။”
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းသမား ၈၈ ဦး ထိန်းသိမ်းခံခဲ့ရပြီး ဒီအထဲ တဝက်ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲလို့ သိရပါတယ်။ ဒီအထဲမှာ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Daniel Fenster နဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်တို့လည်း ပါဝင်ကြပါတယ်။