သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းေလာကကို ၿခိမ္းေျခာက္လာတဲ႔ ဖမ္းဆီးေထာင္ခ်မႈမ်ား 


မွတ္တမ္းဓါတ္ပံု- Voice of Myanmar သတင္းဌာနတည္ေထာင္သူလည္းျဖစ္၊ အယ္ဒီတာခ်ဳပ္လည္းျဖစ္တဲ့ ကိုေနလင္းကို ၂၀၂၀ မတ္လ ၃၁ ရက္ေန႔က တရားရံုးထုတ္စဥ္

(Zawgyi/Unicode)

ျပည္ၿမိဳ႕က DVB သတင္းေထာက္ ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္လိုက္သလို ၂ပတ္ေက်ာ္ေလာက္ ေခၚယူစစ္ေဆးခံရေနရတဲ့ Voice Of Myanmar တည္ေထာင္သူကိုလည္း ပုဒ္မ ၅၀၅ (က) နဲ႔ အမႈတပ္ကာ ရမန္ရယူလိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကုိ ကိုရဲမြန္ က တင္ျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေထာက္ေတြ ဖမ္းဆီး အေရးယူ စစ္ေဆးတာေတြလည္း အမ်ားအျပား ရွိလာေနတာပါ။ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕မွာေနထိုင္တဲ့ DVB (ဒီမိုကရက္တစ္ျမန္မာ့အသံ) သတင္းဌာနက သတင္းေထာက္ ကိုမင္းညိဳကို ပုဒ္မ ၅၀၅ (က) နဲ႔ ျပည္ေထာင္အတြင္း အထူးတရားစီရင္ေရးမွာဘဲ ေမ ၁၂ရက္ေန႔ ညေနပိုင္းက ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့တယ္လို႔ သူနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကို ခုလိုအတည္ျပဳပါတယ္။

“ ဟုတ္တယ္ ဒီဗီဘီ သတင္းေထာက္ဆိုေတာ့လည္းသိတဲ့အတိုင္းေပါ့။ မတ္လ ၈ရက္မတိုင္ခင္ဖမ္းခံရတယ္။ ဒီေန႔မွာေတာ့ က်ေနာ္အမွတ္မမွားရင္ ၇ႀကီမ္ေျမာက္႐ုံးခ်ိန္းမွာ ျပည္ေထာင္တြင္းတရား႐ုံးကေန အမိန႔္ခ်လိုက္တာပါ။ ေထာင္ ၃ႏွစ္ခ်ပါတယ္။ ၅၀၅-ကနဲ႔။ က်ေနာ္တို႔ တစိုက္မတ္မတ္သိတာက ဒီမိုကေရစီႏိုင္ငံကိုသြားမယ္ဆို မီဒီယာကို ဒီလိုတင္းက်ပ္လို႔မရပါဘူး မီဒီယာကို လြတ္လပ္ခြင့္ေပးရမယ္ ဒါကိုဘယ္လိုအုပ္ခ်ဳပ္သူဘဲျဖစ္ျဖစ္ သိဖို႔လိုတယ္။ ဒီလိုဆက္ၿပီးသတင္းေထာက္ေတြ လြတ္လပ္ခြင့္မရွိဘူးဆိုရင္ ဒီမိုကေရစီကိုသြားတယ္ဆိုတာက ျပဒါးတလမ္း၊ သံတလမ္းလို႔ေျပာခ်င္ပါတယ္။”

သတင္းေထာက္ ကိုမင္းညိဳကို စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက DVB သတင္းဌာနအပါအဝင္ သတင္းဌာန ၅ ခု ပိတ္သိမ္းမခံရခင္ မတ္လ ၃ ရက္ေန႔က ျပည္ၿမိဳ႕ ေ႐ႊဆံေတာ္ဘုရား၊ ေျမာက္ဘက္ေဆာင္းတန္းမွာ ျပဳလုပ္တဲ့ ေက်ာင္းသားသပိတ္စစ္ေၾကာင္းမွာ သြားေရာက္သတင္းယူစဥ္ အၾကမ္းဖက္ ႐ိုက္ႏွက္ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးခံရစဥ္က ဦးေခါင္းနဲ႔ ခႏၶာကိုယ္အႏွံ ႐ိုက္ႏွက္ခံခဲ့ရၿပီး၊ ျပည္ၿမိဳ႕ ေဒသကြက္ကဲမႈ စစ္ဌာနခ်ဳပ္မွာ ၃ ရက္ခန႔္ ဖမ္းဆီးထိမ္းသိမ္းထားၿပီး ေထာင္တြင္း တရားစီရင္ေရးအေနနဲ႔၇ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအၿပီးမွာဘဲ အခုလို ေထာင္ဒဏ္ ၃ ႏွစ္ က်ခံေစဖို႔ အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ သတင္းေထာက္တခ်ိဳ႕ကို အေၾကာင္းျပခ်က္မရွိ ဖမ္းဆီး စစ္ေဆးတာ၊ အဲဒီ ဖမ္းဆီးထားသူေတြကို မိသားစုနဲ႔ ေတြ႕ခြင့္မေပးဘဲ အမႈတပ္တာေတြလည္း ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ သတင္းေတြကို အြန္လိုင္းေပၚမွာ တင္ျပေနတဲ့ Voice of Myanmar သတင္းဌာနတည္ေထာင္သူလည္းျဖစ္၊ အယ္ဒီတာခ်ဳပ္လည္းျဖစ္တဲ့ ကိုေနလင္းလို႔ သိၾကတဲ့ ဦးေနမ်ိဳးလင္းနဲ႔သတင္းေထာက္ ဦးရႈိင္းေအာင္တို႔ကို ၿပီးခဲ့တဲ့ ဧၿပီလ ၂၇ရက္ မနက္ပိုင္းက ေမးျမန္းစရာရွိတယ္ဆိုၿပီး ေခၚေဆာင္သြားခဲ့ပါတယ္။ညေနပိုင္းမွာ ျပန္ပို႔ေပးမယ္ဆိုၿပီး အာဏာပိုင္ေတြက ေျပာဆိုသြားေပမယ့္ ၁၆ရက္ေက်ာ္အၾကာေမ ၁၂ရက္မွာေတာ့ သူတို႔ ၂ဦးကို ၅၀၅ (က) နဲ႔ ႐ုံးထုတ္ ရမန္ယူပါတယ္။ လာမယ့္ ေမ ၂၄ ရက္ေန႔ကို ျပန္လည္ ႐ုံးထုတ္ဖို႔ သတ္မွတ္လိုက္တယ္လို႔ ဦး ေနမ်ိဳးလင္းရဲ႕ ဇနီးက ဗြီအိုေအ ကိုေျပာလိုက္တယ္။

သူတို႔ႏွစ္ဦးကိုေခၚယူခံရခ်ိန္ကေန ခုခ်ိန္ထိ မိသားစုဝင္ေတြနဲ႔ ေတြ႕ခြင့္ရတာ မရွိသလို ဘယ္လိုေၾကာင့္ ခုလို အမႈ တပ္အေရးယူခံရတယ္ ဆိုတာ အပါအဝင္ ဘာေတြ စစ္ေမးခံရတယ္၊ အခုလက္ရွိ ဘယ္မွာ ဖမ္းဆီးထားတယ္၊ သူတို႔အမႈကို ဘယ္မွာ စစ္ေဆးသြားမွာလဲ ဆိုတာေတြကို မိသားစုက သိခြင့္မရသလို ေမ ၁၂ရက္ ႐ုံးထုတ္ရမန္ရယူတာကို လည္းမိသားစုအေနနဲ႔ ႀကိဳတင္ မသိရွိရဘူးလို႔ ဇနီးျဖစ္သူက ဗြီအိုေအကို ေျပာပါတယ္။

“ ရမန္ယူတယ ေျပာရမလား႐ုံးစတယ္ေျပာရမလားေပါ့။ ဘယ္လိုမွန္းကို ေသေသခ်ာခ်ာကို စုံစမ္းလို႔ကိုမရဘူး။ ၂၄ရက္ေန႔႐ုံးခ်ိန္း ဆိုတာဘဲသိတယ္။ လိုက္ေမးေတာ့လည္း ရမန္ယူတာလိုလို ဘာမွန္းကိုမသိဘူး။ တရား႐ုံး ေမးေတာ့လည္းသိသိခ်င္းတရား႐ုံးသြားတယ္ မမွီလိုက္ဘူး။ သူတို႔ကခ်က္ခ်င္းဘဲ လုပ္ၿပီးတန္းၿပီးျပန္ေခၚတာ အဲလိုေျပာတယ္။ ဒီၾကားထဲ အဆက္အသြယ္မရဘူး။ မေတြ႕ရဘူး။ အကုန္လုံးကိုယ့္တေယာက္တည္းမဟုတ္ဘူး အကုန္ျဖစ္ေနၾကတာေလေတာ္ေတာ္မ်ားမ်ားဒီလိုဘဲ မိသားစုကဘာမွမသိရဘူး။ ေခၚၿပီးရင္ အဆက္အသြယ္မရၾကဘူး။ စိတ္ပူရတယ္။ သူတို႔အေျခအေနဘယ္လိုမွန္းမသိရဘူး။ လူလဲမေတြ႕ရအဲဒါမ်ိဳးေတြေပါ့။ ႐ုံးထုတ္တယ္ဆိုလဲ ႐ုံးထုတ္လားမထုတ္ရမသိရ အဲလိုေတြ သူမ်ားေတြဆီကေနသိရေတာ့လဲမိသားစုက ႐ုံးထုတ္ကိုမမွီအဲလိုက ကိုယ္တေယာက္ထဲမဟုတ္ဘူး။ အကုန္ျဖစ္ေနၾကတယ္။ ဒါကေတာ့ အေျခခံလူ႔အခြင့္အေရးေပါ့ ေျပာရမယ္ဆို လူတေယာက္ရသင့္ရထိုက္တဲ့ အခြင့္အေရးက ဘယ္လိုမွမရွိေတာ့တာ။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေထာက္ေတြကို ဖမ္းဆီးတာေတြ၊ သတင္းဌာနေတြကို ဝင္ေရာက္စီးနင္း ရွာေဖြတာေတြ ပိုက္စိပ္တိုက္ လုပ္ေဆာင္ေနတာပါ။ ၿပီးခဲ့တဲ့ ဧၿပီလ ၂၅ရက္ေန႔ကလည္း သန္လ်င္ပို႔စ္ဂ်ာနယ္ အယ္ဒီတာခ်ဳပ္ေဟာင္း မတူးတူးသာနဲ႔ သူသား အပါအဝင္ ၄ဦးကို ညဘက္ ဧည့္စာရင္းစစ္ဖို႔အတြက္ ဝင္ေရာက္ရွာေဖြ တယ္ဆိုၿပီး ေနအိမ္ကိုရွာေဖြကာ ဖမ္းဆီးေခၚ ေဆာင္ခဲ့ပါတယ္။

ဖမ္းခံရခ်ိန္မွာ ဧည့္စာရင္းမတိုင္တဲ့ အတြက္ဆိုၿပီး ဖမ္းဆီးခံရတာ ျဖစ္ေပမယ့္ ၂ရက္ေက်ာ္ၾကာ စစ္ေဆးခံရၿပီးေနာက္ အင္းစိန္ေထာင္ကိုပို႔လိုက္ၿပီး တပ္မေတာ္ကို အၾကည္ညိဳပ်က္ေအာင္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲခံလိုက္ရပါတယ္။ သူတို႔အမႈကို ေမ ၁၃ရက္ ၾကာသပေတးေန႔မွာ ႐ုံးခ်ိန္းအေနနဲ႔ ခ်ိန္းဆိုထားတယ္လို႔ နီးစပ္သူတဦးက ေျပာပါတယ္။

“မနက္ျဖန္၁၃ရက္ေန႔ ႐ုံးခ်ိန္းရွိတယ္။ ေရွ႕ေနကေနတဆင့္ေတာ့ ေတာက္ေလွ်ာက္ေမးေနတာ. ဘာမွမသိရေသးဘူး။ ဒီၾကားထဲကေနရဲစခန္းကေန သိရတာကေတာ့ ၅၀၅-ကႀကီးနဲ႔ဆြဲတယ္။ ခုထိေတာ့ အဲေလာက္ဘဲသိရတယ္။ သန္လွ်င္စခန္းကိုေမးေတာ့ သူတို႔ ၄ေယာက္စလုံးကို ၅၀၅-ကနဲ႔ ဆြဲတယ္ေျပာတယ္။ အဲလိုျဖစ္ေတာ့ စိတ္ေတာ့မေကာင္းဘူးေပါ့ဒါေပမယ့္က်မတို႔ကေတာ့ ဘာမွအျပစ္ရွိလို႔ခံရတာမဟုတ္ဘူး မတရားခံရတာလို႔ဘဲေျပာခ်င္တယ္။”

သူလည္းခုခ်ိန္ထိမိသားစုနဲ႔ လူခ်င္းေတြ႕ခြင့္မရေသးပါဘူး။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြမွာ သတင္းယူေနစဥ္ သတင္းေထာက္ေတြ ဖမ္းဆီးခံရတာ၊ သူတို႔ေနအိမ္ေတြထဲ ဝင္ေရာက္ဖမ္းဆီးတာေတြ လုပ္ေနတာမွာ ေဖေဖာ္ဝါရီ ၁ ရက္ကစလို႔ ဒီေန႔အထိ တႏိုင္ငံလုံးမွာ ဖမ္းဆီးျခင္းခံရတဲ့ သတင္းေထာက္ ၈၀ ထက္ မနည္းရွိပါတယ္။

ဒီထဲက အေယာက္ ၃၀ ျပန္လည္လြတ္ေျမာက္လာေပမဲ့ အေယာက္ ၄၀ ေက်ာ္ကေတာ့ တပ္မေတာ္အၾကည္ညိဳပ်က္ေစေအာင္ ေျပာဆိုေရးသားမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္ကာ အက်ဥ္းေထာင္ေတြနဲ႔ စစ္ေၾကာေရး စခန္းေတြမွာ စစ္ေမး ဖမ္းဆီး ခံထားရပါတယ္။ ေနာက္ထပ္ အေယာက္ ၂၀ နီးပါးကေတာ့ ဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

သတင်းလောကကို ခြိမ်းခြောက်လာတဲ့ ဖမ်းဆီးထောင်ချမှုများ

(Unicode)

ပြည်မြို့က DVB သတင်းထောက် ကိုစစ်အုပ်ချုပ်ရေးကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သလို ၂ပတ်ကျော်လောက် ခေါ်ယူစစ်ဆေးခံရနေရတဲ့ Voice Of Myanmar တည်ထောင်သူကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ အမှုတပ်ကာ ရမန်ရယူလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ဖမ်းဆီး အရေးယူ စစ်ဆေးတာတွေလည်း အများအပြား ရှိလာနေတာပါ။ ပဲခူးတိုင်း၊ ပြည်မြို့မှာနေထိုင်တဲ့ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) သတင်းဌာနက သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ (က) နဲ့ ပြည်ထောင်အတွင်း အထူးတရားစီရင်ရေးမှာဘဲ မေ ၁၂ရက်နေ့ ညနေပိုင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ခုလိုအတည်ပြုပါတယ်။

“ ဟုတ်တယ် ဒီဗီဘီ သတင်းထောက်ဆိုတော့လည်းသိတဲ့အတိုင်းပေါ့။ မတ်လ ၈ရက်မတိုင်ခင်ဖမ်းခံရတယ်။ ဒီနေ့မှာတော့ ကျနော်အမှတ်မမှားရင် ၇ကြီမ်မြောက်ရုံးချိန်းမှာ ပြည်ထောင်တွင်းတရားရုံးကနေ အမိန့်ချလိုက်တာပါ။ ထောင် ၃နှစ်ချပါတယ်။ ၅၀၅-ကနဲ့။ ကျနော်တို့ တစိုက်မတ်မတ်သိတာက ဒီမိုကရေစီနိုင်ငံကိုသွားမယ်ဆို မီဒီယာကို ဒီလိုတင်းကျပ်လို့မရပါဘူး မီဒီယာကို လွတ်လပ်ခွင့်ပေးရမယ် ဒါကိုဘယ်လိုအုပ်ချုပ်သူဘဲဖြစ်ဖြစ် သိဖို့လိုတယ်။ ဒီလိုဆက်ပြီးသတင်းထောက်တွေ လွတ်လပ်ခွင့်မရှိဘူးဆိုရင် ဒီမိုကရေစီကိုသွားတယ်ဆိုတာက ပြဒါးတလမ်း၊ သံတလမ်းလို့ပြောချင်ပါတယ်။”

သတင်းထောက် ကိုမင်းညိုကို စစ်အုပ်ချုပ်ရေး ကောင်စီက DVB သတင်းဌာနအပါအဝင် သတင်းဌာန ၅ ခု ပိတ်သိမ်းမခံရခင် မတ်လ ၃ ရက်နေ့က ပြည်မြို့ ရွှေဆံတော်ဘုရား၊ မြောက်ဘက်ဆောင်းတန်းမှာ ပြုလုပ်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ သွားရောက်သတင်းယူစဉ် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ်က ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ ရိုက်နှက်ခံခဲ့ရပြီး၊ ပြည်မြို့ ဒေသကွက်ကဲမှု စစ်ဌာနချုပ်မှာ ၃ ရက်ခန့် ဖမ်းဆီးထိမ်းသိမ်းထားပြီး ထောင်တွင်း တရားစီရင်ရေးအနေနဲ့၇ ကြိမ်မြောက် ရုံးချိန်းအပြီးမှာဘဲ အခုလို ထောင်ဒဏ် ၃ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတင်းထောက်တချို့ကို အကြောင်းပြချက်မရှိ ဖမ်းဆီး စစ်ဆေးတာ၊ အဲဒီ ဖမ်းဆီးထားသူတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ အမှုတပ်တာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို အွန်လိုင်းပေါ်မှာ တင်ပြနေတဲ့ Voice of Myanmar သတင်းဌာနတည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ကိုနေလင်းလို့ သိကြတဲ့ ဦးနေမျိုးလင်းနဲ့သတင်းထောက် ဦးရှိုင်းအောင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက် မနက်ပိုင်းက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ညနေပိုင်းမှာ ပြန်ပို့ပေးမယ်ဆိုပြီး အာဏာပိုင်တွေက ပြောဆိုသွားပေမယ့် ၁၆ရက်ကျော်အကြာမေ ၁၂ရက်မှာတော့ သူတို့ ၂ဦးကို ၅၀၅ (က) နဲ့ ရုံးထုတ် ရမန်ယူပါတယ်။ လာမယ့် မေ ၂၄ ရက်နေ့ကို ပြန်လည် ရုံးထုတ်ဖို့ သတ်မှတ်လိုက်တယ်လို့ ဦး နေမျိုးလင်းရဲ့ ဇနီးက ဗွီအိုအေ ကိုပြောလိုက်တယ်။

သူတို့နှစ်ဦးကိုခေါ်ယူခံရချိန်ကနေ ခုချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတာ မရှိသလို ဘယ်လိုကြောင့် ခုလို အမှု တပ်အရေးယူခံရတယ် ဆိုတာ အပါအဝင် ဘာတွေ စစ်မေးခံရတယ်၊ အခုလက်ရှိ ဘယ်မှာ ဖမ်းဆီးထားတယ်၊ သူတို့အမှုကို ဘယ်မှာ စစ်ဆေးသွားမှာလဲ ဆိုတာတွေကို မိသားစုက သိခွင့်မရသလို မေ ၁၂ရက် ရုံးထုတ်ရမန်ရယူတာကို လည်းမိသားစုအနေနဲ့ ကြိုတင် မသိရှိရဘူးလို့ ဇနီးဖြစ်သူက ဗွီအိုအေကို ပြောပါတယ်။

“ ရမန်ယူတယ ပြောရမလားရုံးစတယ်ပြောရမလားပေါ့။ ဘယ်လိုမှန်းကို သေသေချာချာကို စုံစမ်းလို့ကိုမရဘူး။ ၂၄ရက်နေ့ရုံးချိန်း ဆိုတာဘဲသိတယ်။ လိုက်မေးတော့လည်း ရမန်ယူတာလိုလို ဘာမှန်းကိုမသိဘူး။ တရားရုံး မေးတော့လည်းသိသိချင်းတရားရုံးသွားတယ် မမှီလိုက်ဘူး။ သူတို့ကချက်ချင်းဘဲ လုပ်ပြီးတန်းပြီးပြန်ခေါ်တာ အဲလိုပြောတယ်။ ဒီကြားထဲ အဆက်အသွယ်မရဘူး။ မတွေ့ရဘူး။ အကုန်လုံးကိုယ့်တယောက်တည်းမဟုတ်ဘူး အကုန်ဖြစ်နေကြတာလေတော်တော်များများဒီလိုဘဲ မိသားစုကဘာမှမသိရဘူး။ ခေါ်ပြီးရင် အဆက်အသွယ်မရကြဘူး။ စိတ်ပူရတယ်။ သူတို့အခြေအနေဘယ်လိုမှန်းမသိရဘူး။ လူလဲမတွေ့ရအဲဒါမျိုးတွေပေါ့။ ရုံးထုတ်တယ်ဆိုလဲ ရုံးထုတ်လားမထုတ်ရမသိရ အဲလိုတွေ သူများတွေဆီကနေသိရတော့လဲမိသားစုက ရုံးထုတ်ကိုမမှီအဲလိုက ကိုယ်တယောက်ထဲမဟုတ်ဘူး။ အကုန်ဖြစ်နေကြတယ်။ ဒါကတော့ အခြေခံလူ့အခွင့်အရေးပေါ့ ပြောရမယ်ဆို လူတယောက်ရသင့်ရထိုက်တဲ့ အခွင့်အရေးက ဘယ်လိုမှမရှိတော့တာ။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေကို ဖမ်းဆီးတာတွေ၊ သတင်းဌာနတွေကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေ ပိုက်စိပ်တိုက် လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့ကလည်း သန်လျင်ပို့စ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်း မတူးတူးသာနဲ့ သူသား အပါအဝင် ၄ဦးကို ညဘက် ဧည့်စာရင်းစစ်ဖို့အတွက် ဝင်ရောက်ရှာဖွေ တယ်ဆိုပြီး နေအိမ်ကိုရှာဖွေကာ ဖမ်းဆီးခေါ် ဆောင်ခဲ့ပါတယ်။

ဖမ်းခံရချိန်မှာ ဧည့်စာရင်းမတိုင်တဲ့ အတွက်ဆိုပြီး ဖမ်းဆီးခံရတာ ဖြစ်ပေမယ့် ၂ရက်ကျော်ကြာ စစ်ဆေးခံရပြီးနောက် အင်းစိန်ထောင်ကိုပို့လိုက်ပြီး တပ်မတော်ကို အကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံလိုက်ရပါတယ်။ သူတို့အမှုကို မေ ၁၃ရက် ကြာသပတေးနေ့မှာ ရုံးချိန်းအနေနဲ့ ချိန်းဆိုထားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“မနက်ဖြန်၁၃ရက်နေ့ ရုံးချိန်းရှိတယ်။ ရှေ့နေကနေတဆင့်တော့ တောက်လျှောက်မေးနေတာ. ဘာမှမသိရသေးဘူး။ ဒီကြားထဲကနေရဲစခန်းကနေ သိရတာကတော့ ၅၀၅-ကကြီးနဲ့ဆွဲတယ်။ ခုထိတော့ အဲလောက်ဘဲသိရတယ်။ သန်လျှင်စခန်းကိုမေးတော့ သူတို့ ၄ယောက်စလုံးကို ၅၀၅-ကနဲ့ ဆွဲတယ်ပြောတယ်။ အဲလိုဖြစ်တော့ စိတ်တော့မကောင်းဘူးပေါ့ဒါပေမယ့်ကျမတို့ကတော့ ဘာမှအပြစ်ရှိလို့ခံရတာမဟုတ်ဘူး မတရားခံရတာလို့ဘဲပြောချင်တယ်။”

သူလည်းခုချိန်ထိမိသားစုနဲ့ လူချင်းတွေ့ခွင့်မရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ် သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သူတို့နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာမှာ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့အထိ တနိုင်ငံလုံးမှာ ဖမ်းဆီးခြင်းခံရတဲ့ သတင်းထောက် ၈၀ ထက် မနည်းရှိပါတယ်။

ဒီထဲက အယောက် ၃၀ ပြန်လည်လွတ်မြောက်လာပေမဲ့ အယောက် ၄၀ ကျော်ကတော့ တပ်မတော်အကြည်ညိုပျက်စေအောင် ပြောဆိုရေးသားမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ကာ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေမှာ စစ်မေး ဖမ်းဆီး ခံထားရပါတယ်။ နောက်ထပ် အယောက် ၂၀ နီးပါးကတော့ ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG