သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာမှာ ရုံးခန်းငှားရမ်းမှု နိုင်ငံတကာကုမ္ပဏီတွေ ပြန်လည်ရုပ်သိမ်း


(ဓါတ်ပုံ- Sule Square Mall & Office)
(ဓါတ်ပုံ- Sule Square Mall & Office)

(Zawgyi/Unicode)

ရန်ကုန်မြို့က စစ်တပ်ပိုင် မြေပေါ်မှာ တည်ဆောက်ထားတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ Sule Square မှာ ရုံးနေရာ ငှားရမ်းထားတဲ့ နိုင်ငံတကာ လုပ်ငန်းကြီး တချို့ ရွှေ့ပြောင်းနေကြသလို တချို့ကတော့ ငှားရမ်းမှုကို ပြန်လည် သုံးသပ်နေကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

ဒီထဲမှာ McKinsey ၊ Coca-Cola နဲ့ ရိုက်တာ ရုံးတို့လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့လယ်က Sule Square ရုံးခန်းနဲ့ ဆိုင်ခန်းတွေမှာ ငှားရမ်းထားသူတွေဟာဆိုရင် ဟာဆိုရင် စစ်တပ်ကို တနည်းတဖုံ ထောက်ပံ့နေတာ ဖြစ်ကြောင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Justic for Myanmar က ပြီးခဲ့တဲ့ လ အတွင်း ပြောဆိုထားတာပါ။

Sule Square မှာ ရုံးခန်းငှားထားတဲ့ ထင်ရှားတဲ့ လုပ်ငန်းကြီး ၁၈ ခုရဲ့ အမည်စာရင်းနဲ့ တကွ ဖော်ပြထားတဲ့ Justic for Myanmar ရဲ့ အစီရင်ခံစာမှာ ရုံးခန်းနေရာ ဆက်လက် ငှားရမ်းထားသူတွေဟာ စစ်တပ်ကို တဖက်လှည့်နဲ့ ထောက်ပံ့နေတာလို့ ပြောဆိုထားပါတယ်။ အစီရင်ခံစာပါ ရုံးခန်းငှားရမ်းထားသူ ကုမ္ပဏီ အားလုံးကို Reuters က ဆက်သွယ်စုံစမ်းခဲ့တာမှာ ဒီထဲက ၆ ခုကတော့ ရုံး အစီအစဉ်ကို ပြန်လည် သုံးသပ်နေကြောင်း ဒါမှမဟုတ်လည်း ရွှေ့ပြောင်းပြီးကြောင်း ပြောပါတယ်။

ဒီလို ပြောတာမှာလည်း စစ်တပ်နဲ့ ပတ်သက်တယ်လို့ သုံးနှုန်း ပြောတဲ့ လုပ်ငန်းကြီး တခုသာ ရှိပြီး ကျန်တဲ့ လုပ်ငန်းတွေကတော့ စီးပွားရေး အလားအလာ အပါအဝင် တခြားကိစ္စတွေကို အကြောင်းပြပါတယ်။ အထင်ကရ ဆူးလေ ဘုရားအနီးမှာ ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ Sule Square ကို ဟောင်ကောင် စတော့ဈေးကွက် စာရင်းဝင် Shangri-La Asia က တည်ဆောက်ခဲ့တာ ဖြစ်ပြီး အနီးက ဟိုတယ်နဲ့ အတူဘဲ Sule Square ကို စီမံခန့်ခွဲနေတာပါ။

မြေနေရာကိုတော့ စစ်တပ်ထံက ငှားရမ်းထားတာ ဖြစ်ကြောင်း မီဒီယာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားတာပါ။ Sule Square မြေငှားရမ်းမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သီးခြား အတည်ပြုနိုင်ရေး စစ်ကောင်စီ ပြောခွင့်ရကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

McKinsey & Company က ၂၀၂၁ ခုနှစ် အစောပိုင်းမှာဘဲ Sule Square က ရုံးခန်းနေရာ ငှားရမ်းမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Coca-Cola ရုံးခန်း ငှားရမ်းမှုကတော့ လာမယ့် ဇွန်လ လယ်ပိုင်းမှာ စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပြီး ထပ်ပြီး မငှားတော့ဘူးလို့ အီးမေလ်းကနေ ပေးပို့တဲ့ ကြေညာချက်မှာ ပြောပါတယ်။

ရိုက်တာ သတင်းအေဂျင်စီရုံးကတော့ လက်ရှိ ငှားထားတဲ့ Sule Square ရုံးခန်းကို အသုံးပြုခြင်း မရှိကြောင်းနဲ့ ငှားရမ်းမှုကို ပြန်လည်သုံးသပ်နေကြောင်း Reuters ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီ အဆောက်အအုံနဲ့ စစ်တပ် ပတ်သက် ဆက်နွယ်နိုင်ခြေကိုတော့ Reuters ပြောခွင့်ရက မပြောပါဘူး။

တိုက်ရိုက် လင့်ခ်


.............


(Unicode)








XS
SM
MD
LG