[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ ေက်ာင္းသြားတက္မယ့္ ျမန္မာေက်ာင္းသားေတြရဲ႕ ေက်ာင္းသားဗီဇာ (F-1 Student Visa) ေလွ်ာက္လႊာေတြအတြက္ လူေတြ႔အင္တာဗ်ဴး အစီအစဥ္ကို ဒီလေႏွာင္းပိုင္းမွာ ျပန္စေတာ့မယ္လို႔ ရန္ကုန္ အေမရိကန္သံ႐ံုးက ဒီကေန႔ ေၾကညာပါတယ္။
ယဥ္ေက်းမႈနဲ႔ ပညာေရးဆိုင္ရာ ႏွီးေႏွာဖလွယ္ေရးအစီအစဥ္ေတြ စီစဥ္ပံ့ပိုးမႈအပါအဝင္ ျမန္မာလူထုရဲ႕ ဆႏၵလိုလားမႈျဖစ္တဲ့ ေတာက္ပတဲ့အနာဂတ္တခုအတြက္ အားေပးပံ့ပိုးသြားဖို႔ ရည္သန္ ကတိျပဳထားပါတယ္လုိ႔လည္း သံ႐ံုးထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
ျမန္မာႏုိင္ငံက ေက်ာင္းသူ၊ ေက်ာင္းသားေတြအေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ပညာ ဆက္ၿပီး ဆည္းပူးသင္ယူႏုိင္တဲ့ အခြင့္အလန္း ရသင့္ပါတယ္လုိ႔လည္း သံ႐ံုးေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။
ေက်ာင္းသားဗီဇာေလ ွ်ာက္ဖို႔ စိတ္ဝင္စားတဲ့ ေက်ာင္းသားေတြအေနနဲ႔ လိုအပ္ခ်က္ေတြကို သံ႐ံုးရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ဝင္ၾကည့္ႏုိင္ပါတယ္။
COVID-19 ကပ္ေရာဂါေၾကာင့္ အေမရိကန္ႏုိင္ငံျခားေရးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လကတည္းက ေက်ာင္းသားဗီဇာ ေလ ွ်ာက္လႊာအတြက္ လူေတြ႔ေမးျမန္းတာကို အေမရိကန္သံ႐ံုးက ဆိုင္းငံ့ထားခဲ့တာပါ။
အခုေတာ့ ႏုိင္ငံျခားေရးဌာနရဲ႕ ၫႊန္ၾကားခ်က္အသစ္အရ COVID-19 ဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ေက်ာင္းသားဗီဇာအတြက္ ေတြ႔ဆံုေမးျမန္းတာကို ျပန္လုပ္ေတာ့မွာျဖစ္ပါတယ္။
[Unicode Version]
ကျောင်းသားဗီဇာလျှောက်လွှာအင်တာဗျူးတွေ ပြန်စမယ်လို့ ရန်ကုန်မြို့ ကန်သံရုံးကြေညာ
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းသွားတက်မယ့် မြန်မာကျောင်းသားတွေရဲ့ ကျောင်းသားဗီဇာ (F-1 Student Visa) လျှောက်လွှာတွေအတွက် လူတွေ့အင်တာဗျူး အစီအစဉ်ကို ဒီလနှောင်းပိုင်းမှာ ပြန်စတော့မယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာပါတယ်။
ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ရေးအစီအစဉ်တွေ စီစဉ်ပံ့ပိုးမှုအပါအဝင် မြန်မာလူထုရဲ့ ဆန္ဒလိုလားမှုဖြစ်တဲ့ တောက်ပတဲ့အနာဂတ်တခုအတွက် အားပေးပံ့ပိုးသွားဖို့ ရည်သန် ကတိပြုထားပါတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာ ဆက်ပြီး ဆည်းပူးသင်ယူနိုင်တဲ့ အခွင့်အလန်း ရသင့်ပါတယ်လို့လည်း သံရုံးဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ကျောင်းသားဗီဇာလေ ျှာက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ လိုအပ်ချက်တွေကို သံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဝင်ကြည့်နိုင်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက ကျောင်းသားဗီဇာ လေ ျှာက်လွှာအတွက် လူတွေ့မေးမြန်းတာကို အမေရိကန်သံရုံးက ဆိုင်းငံ့ထားခဲ့တာပါ။
အခုတော့ နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားချက်အသစ်အရ COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျောင်းသားဗီဇာအတွက် တွေ့ဆုံမေးမြန်းတာကို ပြန်လုပ်တော့မှာဖြစ်ပါတယ်။