သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူလူထုရဲ႕ ဆႏၵကို ေလးစားဖို႔ ျမန္မာစစ္တပ္ကို ကုလအႀကီးအကဲ တိုက္တြန္း 


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)
စစ္အာဏာသိမ္းၿပီးေနာက္ ရက္ေပါင္း ၁၀၀ ရွိလာခ်ိန္မွာ လူေပါင္း ရာခ်ီ ေသဆံုး၊ တရားဥပေဒမဲ႔ ဖမ္းဆီးခံရမႈေတြနဲ႔ ဆိုးရြားလွတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေပၚလာတဲ႔ အေျခအေနမွာ စစ္တပ္ဘက္က ျမန္မာ လူထုရဲ႕ ဆႏၵကုိ ေလးစားလိုက္နာၿပီး ႏုိင္ငံ ေကာင္းက်ိဳးအတြက္ ေဆာင္ရြက္ဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က အဂၤါေန႔မွာ တိုက္တြန္းပါတယ္။ ျမန္မာ ျပည္သူေတြနဲ႔ အတူ ဆက္လက္ ရပ္တည္မယ့္ အေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆိုထားပါတယ္။

"ျမန္မာ ျပည္သူေတြရဲ႕ ဆႏၵကို စစ္တပ္က ေလးစားဖိ႔ု၊ ေနာက္ ႏုိင္ငံ ၿငိမ္းခ်မ္းတည္ၿငိမ္ေရးအတြက္ ေဆာင္ရြက္ေရးနဲ႔ ဖမ္းထားသူ အားလံုး ျပန္လႊတ္ေပးေရးကိုလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေတာင္းဆိုေၾကာင္း" ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ရက္ေပါင္း ၁၀၀ ရွိလာခဲ႔ေပမယ့္လည္း ျမန္မာ စစ္တပ္ဘက္က အတိုက္အခံေတြ အေပၚ ရက္ရက္စက္စက္ ၿဖိဳခြင္းေနတာေတြကို ေလွ်ာ့မယ့္ပံု မေတြ႔ရေသးေၾကာင္းလည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးရံုးက ေမလ ၁၁ ရက္ေန႔ အဂၤါေန႔က ဆြစ္ဇာလန္ ႏုိင္ငံ ဂ်ီနီဗာက ကုလသမဂၢ သတင္းစာရွင္းလင္းပြဲမွာ သတိေပးထားပါတယ္။

"စစ္အာဏာသိမ္းၿပီးေနာက္ ရက္ေပါင္း ၁၀၀ ေက်ာ္လာတဲ႔ အထိ စစ္တပ္ဘက္ကလည္း အာဏာထိန္းခ်ဳပ္ႏုိင္ေရး အတြက္ အတိုက္အခံေတြ အေပၚ ရက္ရက္စက္စက္ ၿဖိဳခြင္းမႈကို ေလွ်ာ့မယ့္ အရိပ္အေယာင္ မျပပါဘူးလို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးရံုး ေျပာခြင့္ရ Rupert Colville က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ႔ပါတယ္။

ဆႏၵျပသူေတြ၊ စစ္အာဏာသိမ္း ဆန္႔က်င္မႈေတြမွာ ပံုစံမ်ိဳးစံနဲ႔ ပါ၀င္သူေတြကို အာဏာသိမ္း အဖြဲ႔ဘက္က မလိုအပ္ဘဲ အင္အား အလြန္အကြ်ံသံုးတာေၾကာင့္ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ ေနာက္ပိုင္း ေသဆံုးသူ အနည္းဆံုး ၇၈၂ ေယာက္ ရွိေၾကာင္း ခိုင္မာတဲ႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေျပာခြင့္ရ Colville က ဂ်ီနီဗာ ကုလသမဂၢရံုး သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

လက္ရွိ ဖမ္းဆီးထိန္းသိမ္းထားသူ ၃၇၄၀ ဦးရွိၿပီး ဒီထဲက ရာနဲ႔ခ်ီတဲ႔ သူေတြကေတာ့ ဘယ္မွာ ထိန္းသိမ္းထားသလဲ ဆိုတာ မသိရပါဘူး။ ၿမိဳ႕နယ္ တခ်ိဳ႕မွာ စစ္တပ္က စစ္အုပ္ခ်ဳပ္ေရး ေၾကညာ စစ္ခံုရံုး ဖြဲ႔ထားၿပီး လူေပါင္း အနည္းဆံုး ၂၅ ဦးကို ေသဒဏ္ခ်ထားတယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးရံုး ေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ မြန်မာစစ်တပ်ကို ကုလအကြီးအကဲ တိုက်တွန်း
(Unicode)
စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာ လူပေါင်း ရာချီ သေဆုံး၊ တရားဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေနဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်လာတဲ့ အခြေအနေမှာ စစ်တပ်ဘက်က မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံ ကောင်းကျိုးအတွက် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။ မြန်မာ ပြည်သူတွေနဲ့ အတူ ဆက်လက် ရပ်တည်မယ့် အကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။

"မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကို စစ်တပ်က လေးစားဖိ့ု၊ နောက် နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ရေးနဲ့ ဖမ်းထားသူ အားလုံး ပြန်လွှတ်ပေးရေးကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း" ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ရှိလာခဲ့ပေမယ့်လည်း မြန်မာ စစ်တပ်ဘက်က အတိုက်အခံတွေ အပေါ် ရက်ရက်စက်စက် ဖြိုခွင်းနေတာတွေကို လျှော့မယ့်ပုံ မတွေ့ရသေးကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက မေလ ၁၁ ရက်နေ့ အင်္ဂါနေ့က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာက ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ သတိပေးထားပါတယ်။

"စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်လာတဲ့ အထိ စစ်တပ်ဘက်ကလည်း အာဏာထိန်းချုပ်နိုင်ရေး အတွက် အတိုက်အခံတွေ အပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုကို လျှော့မယ့် အရိပ်အယောင် မပြပါဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေ၊ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေမှာ ပုံစံမျိုးစံနဲ့ ပါဝင်သူတွေကို အာဏာသိမ်း အဖွဲ့ဘက်က မလိုအပ်ဘဲ အင်အား အလွန်အကျွံသုံးတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း သေဆုံးသူ အနည်းဆုံး ၇၈၂ ယောက် ရှိကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြောခွင့်ရ Colville က ဂျီနီဗာ ကုလသမဂ္ဂရုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသူ ၃၇၄၀ ဦးရှိပြီး ဒီထဲက ရာနဲ့ချီတဲ့ သူတွေကတော့ ဘယ်မှာ ထိန်းသိမ်းထားသလဲ ဆိုတာ မသိရပါဘူး။ မြို့နယ် တချို့မှာ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာ စစ်ခုံရုံး ဖွဲ့ထားပြီး လူပေါင်း အနည်းဆုံး ၂၅ ဦးကို သေဒဏ်ချထားတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG