သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိန္းသိမ္းခံသတင္းသမားေတြ ျပန္လႊတ္ေပးဖို႔ ကန္ေတာင္းဆို


Frontier Myanmar အုပ္ခ်ဳပ္မႈ အယ္ဒီတာ Dennay Fenster (ဓါတ္ပုံ၊.Frontier Myanmar /CPJ )

Zawgyi/Unicode

စစ္ေကာင္စီဖမ္းဆီးထားတဲ့ အေမရိကန္ႏိုင္ငံသား သတင္းေထာက္ ၂ ဦးအတြက္ အထူးစိုးရိမ္ေၾကာင္းနဲ႔ သူတို႔ကို အျမန္ဆံုးျပန္လႊတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေတာင္းဆိုလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနက ဒီေန႔ေၾကညာခ်က္ထုတ္ၿပီး အခုလိုေျပာလိုက္ရာမွာ၊ အေမရိကန္ႏိုင္ငံသားေတြျဖစ္တဲ့ Daniel Fenster နဲ႔၊ကိုေနသန္ေမာင္တို႔ကို ခ်က္ခ်င္းလႊတ္ေပးဖို႔၊ စစ္အုပ္စုကို ဖိအားေပးထားတယ္လို႔ ဆိုလိုက္ပါတယ္။

ဒီအေမရိကန္ႏိုင္ငံျခားေရးဌာနေၾကညာခ်က္ထဲမွာပဲ၊ Frontier Myanmar သတင္းဌာန အယ္ဒီတာ Daniel Fenster နဲ႔ ကမာရြတ္မီဒီယာထူေထာင္သူနဲ႔အမူေဆာင္အရာရွိခ်ဳပ္ ကိုေနသန္ေမာင္ (ေခၚ) ကိုေမာင္ေမာင္ေထြးတို႔ သူတို႔မိသားစုအိမ္ေတြျပန္ႏိုင္တဲ့အထိ ဆက္ဖိအားေပးသြားမယ္လို႔လည္း ကတိျပဳထားပါတယ္။

ရန္ကုန္ အေမရိကန္သံရံုး ေကာင္စစ္အရာရွိေတြအေနနဲ႔ ကိုေနသန္ေမာင္ကို ဒီအပတ္ တနလၤာ၊ ေမလ ၂၄ ရက္ေန႔တံုးက၊ အင္တာနက္ Online န ေတြ႔ဆံုခြင့္ရခဲ့တယ္လို႔လည္း သံရံုးေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Daniel Fenster ကိုလည္း ေတြ႔ဖြင့္ရဖို႔ ေတာင္းဆိုထားေပမဲ့၊ ေတြ႔ဆံုခြင့္ မရေသးဘူးလို႔ ေၾကညာခ်က္မွာ ဆက္ရွင္းျပထားပါတယ္။

မတ္လ ၉ ရက္ေန႔မွာ အဖမ္းခံခဲ့ရတဲ့ ကိုေနသန္ေမာင္နဲ႔ အခု တနလၤာ ေမလ ၂၄ ရက္ေန႔မွာပဲ ရုန္ကုန္ေလဆိပ္မွာ အဖမ္းခံလိုက္ရတဲ့ Daniel Fenster တို႔အျပင္ အျခားသတင္းေထာက္ေတြကို ဖမ္းဆီး၊ အၾကမ္းဖက္ေနတာေတြက လြတ္လပ္စြာထုတ္ေဖာ္ခြင့္ေတြကို တိုက္ခိုက္ဖ်က္ဆီးေနတာမို႔ လက္မခံႏိုင္ဘူးလို႔ ကန္ေၾကညာခ်က္က ဆိုထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

Unicode

ထိန်းသိမ်းခံသတင်းသမားတွေ ပြန်လွှတ်ပေးဖို့ ကန်တောင်းဆို

စစ်ကောင်စီဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦးအတွက် အထူးစိုးရိမ်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ဒီနေ့ကြေညာချက်ထုတ်ပြီး အခုလိုပြောလိုက်ရာမှာ၊ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Daniel Fenster နဲ့၊ကိုနေသန်မောင်တို့ကို ချက်ချင်းလွှတ်ပေးဖို့၊ စစ်အုပ်စုကို ဖိအားပေးထားတယ်လို့ ဆိုလိုက်ပါတယ်။

ဒီအမေရိကန်နိုင်ငံခြားရေးဌာနကြေညာချက်ထဲမှာပဲ၊ Frontier Myanmar သတင်းဌာန အယ်ဒီတာ Daniel Fenster နဲ့ ကမာရွတ်မီဒီယာထူထောင်သူနဲ့အမူဆောင်အရာရှိချုပ် ကိုနေသန်မောင် (ခေါ်) ကိုမောင်မောင်ထွေးတို့ သူတို့မိသားစုအိမ်တွေပြန်နိုင်တဲ့အထိ ဆက်ဖိအားပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။

ရန်ကုန် အမေရိကန်သံရုံး ကောင်စစ်အရာရှိတွေအနေနဲ့ ကိုနေသန်မောင်ကို ဒီအပတ် တနင်္လာ၊ မေလ ၂၄ ရက်နေ့တုံးက၊ အင်တာနက် Online န တွေ့ဆုံခွင့်ရခဲ့တယ်လို့လည်း သံရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။

Daniel Fenster ကိုလည်း တွေ့ဖွင့်ရဖို့ တောင်းဆိုထားပေမဲ့၊ တွေ့ဆုံခွင့် မရသေးဘူးလို့ ကြေညာချက်မှာ ဆက်ရှင်းပြထားပါတယ်။

မတ်လ ၉ ရက်နေ့မှာ အဖမ်းခံခဲ့ရတဲ့ ကိုနေသန်မောင်နဲ့ အခု တနင်္လာ မေလ ၂၄ ရက်နေ့မှာပဲ ရုန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ Daniel Fenster တို့အပြင် အခြားသတင်းထောက်တွေကို ဖမ်းဆီး၊ အကြမ်းဖက်နေတာတွေက လွတ်လပ်စွာထုတ်ဖော်ခွင့်တွေကို တိုက်ခိုက်ဖျက်ဆီးနေတာမို့ လက်မခံနိုင်ဘူးလို့ ကန်ကြေညာချက်က ဆိုထားပါတယ် ခင်ဗျာ။

#WhatIsHappeningInMyanmar#Daniel#Fenster#Frontier#Myanmar#VOA#Burmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG