(Zawgyi/Unicode)
အေမရိကန္ သတင္းသမား အပါအ၀င္ ျမန္မာႏုိင္ငံတြင္း ဖမ္းဆီးခံထားရတဲ႔ ဒါဇင္နဲ႔ခ်ီတဲ႔ သတင္းသမားေတြ အားလံုးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလုိက္ပါတယ္။
“ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ဖမ္းခံထားရတဲ႔ ဒါဇင္နဲ႔ခ်ီတဲ႔ သတင္းသမားေတြ အားလံုးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ထပ္မံ ေတာင္းဆိုထားပါတယ္” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
ၿပီးခဲ႔တဲ႔ တနလာၤေန႔က မေလးရွား ႏုိင္ငံ ကြာလာလမ္ပူကို သြားမယ့္ ေလယာဥ္ေပၚ မတက္ခင္ေလးမွာဘဲ Frontier Myanmar သတင္းလုပ္ငန္းရဲ႕ သတင္းခန္း အုပ္ခ်ဳပ္မႈ အယ္ဒီတာ အေမရိကန္ႏိုင္ငံသား Danny Fenster ကို အာဏာသိမ္း စစ္ေကာင္စီက ဖမ္းဆီးခဲ႔တာ ျဖစ္ၿပီး လက္ရွိ အင္းစိန္ အက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ထားေၾကာင္း Frontier Myanmar သတင္းဌာနက ေျပာဆိုထားပါတယ္။ ဘာေၾကာင့္ ဖမ္းဆီးသလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။
အေမရိကန္ သတင္းသမား Danny Fenster အပါအ၀င္ ျမန္မာႏုိင္ငံမွာ ဖမ္းဆီးခံရတဲ႔ သတင္းသမား အနည္းဆံုး ၈၈ ဦး ရွိၿပီး ဒီထဲက ၅၂ ဦးကို အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားဆဲ ျဖစ္တယ္လု႔ိ ကုလသမဂၢက အဂၤါေန႔မွာ ေျပာပါတယ္။ ေမလ ၁၂ ရက္ေန႔တုန္းကေတာ့ ဒီမိုကရက္တစ္ျမန္မာ့အသံ DVB သတင္းေထာက္ ကိုမင္းညိဳကို အျပစ္ရွိေၾကာင္း ဆံုးျဖတ္ၿပီး ေထာင္သံုးႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ႔ပါတယ္။
စစ္တပ္ရဲ႕ လုပ္ရပ္ေတြကို သတင္းေဖာ္ျပႏုိင္ေရး၊ မွတ္တမ္း ရယူႏုိင္ေရး ေဆာင္ရြက္သူေတြ အေပၚ စစ္တပ္က အၾကမ္းဖက္တာေတြ၊ သတင္းသမားေတြကို ဖမ္းဆီးတာေတြဟာဆိုရင္ ျမန္မာႏုိင္ငံတြင္း လြတ္လပ္စြာ ဖြင့္ဟ ေျပာဆိုခြင့္ကို မႀကံဳစဖူး တိုက္ခိုက္မႈ ျဖစ္တယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ႔ပါတယ္။
................
ဖမ်းဆီးခံ သတင်းသမားတွေ လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကုလတောင်းဆို
(Unicode)
အမေရိကန် သတင်းသမား အပါအဝင် မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ထပ်မံ တောင်းဆိုထားပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ တနလာၤနေ့က မလေးရှား နိုင်ငံ ကွာလာလမ်ပူကို သွားမယ့် လေယာဉ်ပေါ် မတက်ခင်လေးမှာဘဲ Frontier Myanmar သတင်းလုပ်ငန်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး လက်ရှိ အင်းစိန် အကျဉ်းထောင်မှာ ချုပ်နှောင်ထားကြောင်း Frontier Myanmar သတင်းဌာနက ပြောဆိုထားပါတယ်။ ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အမေရိကန် သတင်းသမား Danny Fenster အပါအဝင် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ သတင်းသမား အနည်းဆုံး ၈၈ ဦး ရှိပြီး ဒီထဲက ၅၂ ဦးကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လု့ိ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောပါတယ်။ မေလ ၁၂ ရက်နေ့တုန်းကတော့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုမင်းညိုကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတင်းဖော်ပြနိုင်ရေး၊ မှတ်တမ်း ရယူနိုင်ရေး ဆောင်ရွက်သူတွေ အပေါ် စစ်တပ်က အကြမ်းဖက်တာတွေ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေဟာဆိုရင် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ဖွင့်ဟ ပြောဆိုခွင့်ကို မကြုံစဖူး တိုက်ခိုက်မှု ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။