[ Zawgyi / Unicode ]
စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပတဲ့ သတင္းတင္ျပမႈနဲ႔ DVB သတင္းေထာက္ကို ေထာင္ ၃ ႏွစ္ ခ်လိုက္ခ်ိန္မွာပဲ ျမန္မာႏိုင္ငံမွာ အဖမ္းခံေနရတဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကိုေတာ့ ျပန္လႊတ္ေပးမွာ ျဖစ္ေၾကာင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။
DVB သတင္းဌာနရဲ႕ ပဲခူးတိုင္း ျပည္ၿမဳိ႕အေျခစိုက္ သတင္းေထာက္ ကိုမင္းညိဳဟာ မတ္လ ၃ ရက္ေန႔က အဖမ္းခံခဲ့ရတာ ျဖစ္ၿပီး ေမလ ၁၂ ရက္ေန႔မွာေတာ့ စစ္ခံုရံုးကေန ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့တာပါ။ ဒါဟာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကေနဆိုရင္ ပထမဆံုး ေထာင္ဒဏ္ အျပစ္ေပးခံရတဲ့ သတင္းေထာက္ ျဖစ္ပါတယ္။ ကိုမင္းညိဳဟာ ရဲေတြရဲ႕ ႐ိုက္ႏွက္ၫွင္းပမ္းမႈကို ခံရတဲ့အျပင္ သူ႔မိသားစုဝင္ေတြနဲ႔လည္း ေတြ႕ခြင့္မရေၾကာင္းနဲ႔ သူ႔ကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ DVB က ေတာင္းဆို ထားပါတယ္။
ကိုမင္းညိဳလိုပဲ ဖမ္းဆီး တရားစြဲတာခံေနရတဲ့ ဂ်ပန္သတင္းေထာက္ Yuki Kitazumi ကိုေတာ့ ျမန္မာ ဂ်ပန္ ၂ ႏိုင္ငံ ဆက္ဆံေရးကို ေရွ႕ရႈၿပီး ျပန္လႊတ္ေပးမွာ ျဖစ္ေၾကာင္း စစ္တပ္သတင္းဌာန ျမဝတီက ေၾကညာခဲ့ပါတယ္။
မစၥတာ Kitazumi ဟာ CDM လႈပ္ရွားမႈနဲ႔ ဆူပူမႈေတြ ဆက္လုပ္ႏိုင္ဖို႔ ေထာက္ပံ့ေပးခဲ့တဲ့ အတြက္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) အျပင္ ေနထိုင္ခြင့္ဗီဇာ စည္းကမ္း မလိုက္နာမႈေတြနဲ႔ ဧၿပီလ ၁၈ ရက္ေန႔က တရားစြဲဆို ခံေနရတာ ျဖစ္ပါတယ္။ သူဟာလည္း စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ပထမဆံုး တရားစြဲဆိုခံရတဲ့ ႏိုင္ငံျခားသတင္းေထာက္ ျဖစ္ပါတယ္။
မစၥတာ Kitazumi ဟာ ေဖေဖၚဝါရီလတုန္းက တႀကိမ္ အဖမ္းခံခဲ့ရတာျဖစ္ၿပီး အခု ဒုတိယအႀကိမ္ အဖမ္းမခံရခင္ နာရီပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ရဲေတြရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ ေသဆံုးခဲ့ရသူေတြအတြက္ ဂ်ပန္ေရာက္ ျမန္မာေတြ တိုက်ိဳက ဘုရားေက်ာင္းမွာ ဆုေတာင္းပြဲ က်င္းပတဲ့ ဗီဒီိယိုဖိုင္ကို သူ႔ေဖစ္ဘုတ္မွာ တင္ခဲ့တာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကစၿပီး အဖမ္းခံရတဲ့ သတင္းေထာက္ အေယာက္ ၈၀ ေလာက္ရွိၿပီး တဝက္ေလာက္ဟာ အခုထိ ျပန္မလြတ္ ေသးပါဘူး။
[ Unicode ]
ဖမ်းထားတဲ့ ဂျပန်သတင်းထောက်ကို စစ်ကောင်စီ ပြန်လွှတ်ပေးမည်
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြတဲ့ သတင်းတင်ပြမှုနဲ့ DVB သတင်းထောက်ကို ထောင် ၃ နှစ် ချလိုက်ချိန်မှာပဲ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း စစ်အုပ်ချုပ်ရေးကောင်စီက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
DVB သတင်းဌာနရဲ့ ပဲခူးတိုင်း ပြည်မြို့အခြေစိုက် သတင်းထောက် ကိုမင်းညိုဟာ မတ်လ ၃ ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပြီး မေလ ၁၂ ရက်နေ့မှာတော့ စစ်ခုံရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။ ဒါဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေဆိုရင် ပထမဆုံး ထောင်ဒဏ် အပြစ်ပေးခံရတဲ့ သတင်းထောက် ဖြစ်ပါတယ်။ ကိုမင်းညိုဟာ ရဲတွေရဲ့ ရိုက်နှက်ညှင်းပမ်းမှုကို ခံရတဲ့အပြင် သူ့မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရကြောင်းနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ DVB က တောင်းဆို ထားပါတယ်။
ကိုမင်းညိုလိုပဲ ဖမ်းဆီး တရားစွဲတာခံနေရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ကိုတော့ မြန်မာ ဂျပန် ၂ နိုင်ငံ ဆက်ဆံရေးကို ရှေ့ရှုပြီး ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း စစ်တပ်သတင်းဌာန မြဝတီက ကြေညာခဲ့ပါတယ်။
မစ္စတာ Kitazumi ဟာ CDM လှုပ်ရှားမှုနဲ့ ဆူပူမှုတွေ ဆက်လုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပြင် နေထိုင်ခွင့်ဗီဇာ စည်းကမ်း မလိုက်နာမှုတွေနဲ့ ဧပြီလ ၁၈ ရက်နေ့က တရားစွဲဆို ခံနေရတာ ဖြစ်ပါတယ်။ သူဟာလည်း စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ပထမဆုံး တရားစွဲဆိုခံရတဲ့ နိုင်ငံခြားသတင်းထောက် ဖြစ်ပါတယ်။
မစ္စတာ Kitazumi ဟာ ဖေဖေါ်ဝါရီလတုန်းက တကြိမ် အဖမ်းခံခဲ့ရတာဖြစ်ပြီး အခု ဒုတိယအကြိမ် အဖမ်းမခံရခင် နာရီပိုင်းမှာ မြန်မာစစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဂျပန်ရောက် မြန်မာတွေ တိုကျိုက ဘုရားကျောင်းမှာ ဆုတောင်းပွဲ ကျင်းပတဲ့ ဗီဒီယိုဖိုင်ကို သူ့ဖေစ်ဘုတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး အဖမ်းခံရတဲ့ သတင်းထောက် အယောက် ၈၀ လောက်ရှိပြီး တဝက်လောက်ဟာ အခုထိ ပြန်မလွတ် သေးပါဘူး။