သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ေပါက္ကြဲမႈေတြျဖစ္တဲ့ၾကား ဆႏၵျပပြဲေလးေတြဆက္ရွိ


ကေလးၿမိဳ႕က စစ္အာဏာသိမ္းဆန္႔က်င္ေရး (ဆႏၵျပပြဲ ဓါတ္ပုံမွတ္တမ္း CJ) ေမ ၂၇၊ ၂၀၂၁

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြ ႏိုင္ငံတဝန္းမွာ ဆက္ရွိေနပါတယ္။ ဒီကေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ ေနရာအမ်ားအျပားမွာ ဗုံးေပါက္ကြဲတာေတြ ရွိတဲ့အတြက္ ဆႏၵျပသပိတ္စစ္ေၾကာင္းႀကီးေတြ မထြက္ႏိုင္ေပမယ့္ ရပ္ကြက္အလိုက္ ၿမိဳ႕နယ္အလိုက္လုပ္ၾကတဲ့ စစ္အာဏာရွင္ ဆန္႔က်င္ေရး သပိတ္ေတြကေတာ့ ဆက္ရွိေနပါတယ္။ ရန္ကုန္ၿမိဳ႕အျပင္ တျခားၿမိဳ႕နယ္ေတြက ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

သာေကတ၊ ေျမာက္ဒဂုံ၊ သဃၤန္းကြၽန္း၊ အင္းစိန္၊ ေတာင္ဥကၠလာပ စတဲ့ၿမိဳ႕နယ္ေတြမွာ ဗံုးေပါက္ကြဲတာေတြရွိခဲ့တဲ့ ရန္ကုန္ၿမိဳ႕မွာ လံုျခံဳေရးအေျခအေနေၾကာင့္ အဓိက ဆႏၵျပစစ္ေၾကာင္းႀကီးေတြ လမ္းေပၚ ထြက္ ဆႏၵမျပႏိုင္ၾကေပမဲ့ ၿမိဳ႕နယ္အလိုက္ ရပ္ကြက္အလိုက္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲေလးေတြေတာ့ ရွိခဲ့ပါတယ္။

စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕နယ္မွာ မၾကာခင္ျပန္ဖြင့္မယ့္ အေျခခံပညာေက်ာင္းေတြ ျပန္မတက္ေရး လူငယ္အင္အား အနည္းငယ္နဲ႔ ဆႏၵျပ ေတာင္းဆိုခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ လႈိင္သာယာလူငယ္တစ္ဦးက ေျပာပါတယ္။

“အင္အားကေတာ့ အမ်ားႀကီးထြက္လို႔မရဘူးဗ်၊ ဒီမွာကေလ စစ္အုပ္ခ်ဳပ္ေရးက မပယ္ဖ်က္ေသး ေတာ့ အရမ္းႀကီး လူအမ်ားႀကီး ထြက္လို႔မရဘူး။ ၄၊ ၅၊ ၁၀ ေယာက္ေလာက္ပါပဲ။ ၿပီးရင္ ကြၽန္ေတာ္တို႔က လူမသိေအာင္လုပ္ရတာဆိုေတာ့ေလ လူသိေလ ပိုဆိုးေလ၊ သိသြားတာနဲ႔ ခ်က္ခ်င္း ေရာက္လာၾကတာဗ်။ အဲ့ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ခဏတစ္ျဖဳတ္ေလာက္ပဲ ထြက္ၾကပါတယ္။ အခု ကြၽန္ေတာ္တို႔ ဒီေန႔ လုပ္ျဖစ္တာက်ေတာ့ ေက်ာင္းေတြ ျပန္မတက္ဖို႔ေပါ့၊ ခုေက်ာင္းေတြ ျပန္ဖြင့္ေနေတာ့ ကေလးေတြကို ေက်ာင္းေတြ ျပန္မအပ္ေအာင္ေပါ့၊ အဲ့လိုေလးေတြ ေရးၿပီးေတာ့ ဆႏၵျပၾကတာပါ။ လႈိင္သာယာထဲမွာက ကြၽန္ေတာ္တို႔မွာ အဖြဲ႕အစည္းရယ္လို႔ေတာ့ မရွိေတာဘူး။ လႈိင္သာယာထဲက Gz လူငယ္ေတြေပါ့ေႏွာ္၊ Gz ေတြကပဲ အဖြဲ႕လိုက္ ခြဲခြဲၿပီး ထြက္ေနၾကတာေပါ့ ပါ့ေႏွာ္”

ရန္ကုန္ၿမိဳ႕မွာ ဗံုးကဲြမႈေတြ အခုရက္ပိုင္း ဆက္တိုက္ဆိုသလိုျဖစ္လာေနၿပီး လူေသဆံုး၊ ထိခိုက္တဲ့အထိျဖစ္တဲ့အတြက္ ျပည္သူေတြဘက္က အသြားအလာကို ပိုၿပီးသတိထားေနၾကပါတယ္။ လံုၿခံဳေရးအင္အား သိသိသာသာ တုိးလာတာမ်ဳိး မေတြ႔ရေပမဲ့ တပ္ဖဲြ႔ဝင္ေတြ ကင္းလွည့္ သြားလာတာမ်ဳိးေတြေတာ့ ပိုလုပ္လာပါတယ္။

စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ ေန႔စဥ္မပ်က္ ခ်ီတက္ဆႏၵျပၾကတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ သပိတ္စစ္ေၾကာင္းကို စစ္တပ္နဲ႔ရဲက ဖမ္းဆီးဖုိ႔ ႀကိဳးစားေနတဲ့ၾကားက ဆႏၵျပပြဲ လုပ္ႏိုင္ခဲ့တယ္လို႔ ဆႏၵျပသူတေယာက္က ေျပာပါတယ္။

“ဒီေန႔က ဘယ္လိုျဖစ္လဲဆိုေတာ့ သပိတ္ေၾကာင္းထြက္ၿပီး မၾကာခင္မွာပဲ သူတို႔(စစ္ေကာင္စီတပ္) ေရာက္လာတယ္ေပါ့ေႏွာ္။ သူတို႔ ေရာက္လာတဲ့အခ်ိန္မွာ သပိတ္ေၾကာင္းကိုေတာ့ အျမန္လူစုခြဲလိုက္ႏိုင္တယ္ေပါ့ေႏွာ္။ က်ေနာ္တို႔ ထြက္ေနတုန္းမွာပဲ သူတို႔လာရွာတာပါ။ စစ္ေကာင္စီဘက္ကေန က်ေနာ္တို႔ကို လိုက္ရွာတာက ပုံမွန္နီးပါးရွိတယ္ဗ်။ ေပ်ာက္ၾကားသပိတ္ပဲ လုပ္ၾကတာေပါ့။ အေျခအေနေကာင္းရင္ ေကာင္းသလိုေတာ့ လမ္းမႀကီးေတြေပၚကို သပိတ္ေတြ ျပန္ထြက္ၾကတယ္။ စစ္ေကာင္စီဖက္က အရပ္ဝတ္ေတြနဲ႔ ကင္းထားတယ္ဗ်။ ၿပီးရင္ က်ေနာ္တို႔ သပိတ္ေၾကာင္းေတြထဲမွာလဲ တခါတလမွာ သူတို႔လူေတြ ထည့္ထားတာမ်ိဳးရွိတတ္တယ္ဗ်။ ၿပီးရင္ေတာ့ က်ေနာ္တို႔ကို ကားေတြနဲ႔လိုက္ရွာတာေပါ့။”

အ႐ုဏ္ဦးသပိတ္၊ ေန႔လည္ဆိုင္ကယ္သပိတ္၊ ညေနဆည္းဆာသပိတ္ဆိုၿပီး တေန႔ကိုသုံးႀကိမ္ ဆႏၵျပ လႈပ္ရွားမႈေတြရွိေနတဲ့ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕မွာလည္း အဖမ္းမခံရေအာင္ သတိထားေ႐ွာင္ဖုိ႔ ႀကိဳတင္ျပင္ဆင္ထားရတယ္လို႔ ဆႏၵျပပြဲမွာ အၿမဲပါဝင္ေနသူတစ္ဦးက ေျပာပါတယ္။

“မနက္ကို အ႐ုဏ္ဦးသပိတ္၊ ေန႔လည္ကို ဆိုင္ကယ္သပိတ္၊ ညေနကိုလည္း က်မတို႔ ဆည္းဆာသပိတ္ဆိုၿပီးေတာ့ သုံးႀကိမ္ျပဖို႔ကို တိုင္ပင္ထားၾကတယ္ရွင့္၊ အဲ့ဒီလိုခ်ီတက္တဲ့အခါက်ေတာ့ က်မတို႔က အနည္းဆုံးေတာ့ လူ ၁၀၀ ေလာက္ေတာ့ ရေအာင္စုတယ္ ၁၀၀ ေလာက္ေတာ့ ဒါ ကိုယ့္ကိုယ္ကိုယ္ ခ်ိတ္ဆက္ထားၾကတာေပါ့ရွင္။ သပိတ္ စထြက္ေတာ့မယ္ဆိုရင္ က်မတို႔က အားလုံးကို သတိရွိေစဖို႔ လည္း ေျပာတယ္ ၿပီးလို႔ရွိရင္ လိုက္ဖမ္းမယ္လို႔ အရိပ္အေယာင္ေတြ႕လို႔ရွိရင္ ကိုယ္ကိုယ္တိုင္း တစ္ဦးခ်င္းဆီ လြတ္ေအာင္ေျပးၾက၊ ဒီသပိတ္စစ္ေၾကာင္း လမ္းတစ္ေလွ်ာက္မွာ ကိုယ္ဘယ္ေနရာမွာ ေျပးရင္လြတ္မလဲဆိုတာကို ေတြးထား၊ ေနရာရွာထားဆိုတာေတာ့ က်မတို႔ သတိေပးျဖစ္တယ္ရွင္။”

မိုးေကာင္းၿမိဳ႕က ဒီကေန႔ အ႐ုဏ္ဦးသပိတ္မွာ ညီၫႊတ္မႈကို ျပသတဲ့အေနနဲ႔ အဝါေရာင္တူညီအက်ႌကို ဝတ္ဆင္ၿပီး အင္အားအမ်ားအျပားနဲ႔ လမ္းေပၚထြက္ဆႏၵျပခဲ့ၾကတာပါ။

မႏၲေလး၊ မုံ႐ြာ၊ ဖားကန္႔၊ ထားဝယ္ ၊ ေလာင္းလုံနဲ႔ တန္႔ဆည္တို႔မွာ ေန႔စဥ္ျပဳလုပ္ၾကတဲ့ သပိတ္ေမွာက္စစ္ေၾကာင္းေတြ ဆက္ရွိေနသလို ဆားလင္းႀကီးနဲ႔ ယင္းမာပင္ၿမိဳ႕အနီးက ေက်း႐ြာေတြစုၿပီး လူေထာင္ခ်ီပါဝင္တဲ့ ႐ြာေပါင္းသပိတ္ကို လုပ္ခဲ့ၾကပါတယ္။

မိတၳီလာ၊ ေမာ္လၿမိဳင္၊ ေက်ာက္မဲနဲ႔ ပုဂံ၊ေညာင္ဦးေဒသေတြမွာလည္း ဆိုင္ကယ္သပိတ္၊ ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္ေတြနဲ႔ စစ္အာဏာရွင္ကိုဆန္႔က်င္ေၾကာင္း ပုံစံမ်ိဳးစံုနဲ႔ ျပသေနၾကပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်ရှိနေပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန်မြို့ နေရာအများအပြားမှာ ဗုံးပေါက်ကွဲတာတွေ ရှိတဲ့အတွက် ဆန္ဒပြသပိတ်စစ်ကြောင်းကြီးတွေ မထွက်နိုင်ပေမယ့် ရပ်ကွက်အလိုက် မြို့နယ်အလိုက်လုပ်ကြတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေကတော့ ဆက်ရှိနေပါတယ်။ ရန်ကုန်မြို့အပြင် တခြားမြို့နယ်တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ တောင်ဥက္ကလာပ စတဲ့မြို့နယ်တွေမှာ ဗုံးပေါက်ကွဲတာတွေရှိခဲ့တဲ့ ရန်ကုန်မြို့မှာ လုံခြုံရေးအခြေအနေကြောင့် အဓိက ဆန္ဒပြစစ်ကြောင်းကြီးတွေ လမ်းပေါ် ထွက် ဆန္ဒမပြနိုင်ကြပေမဲ့ မြို့နယ်အလိုက် ရပ်ကွက်အလိုက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲလေးတွေတော့ ရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမြို့နယ်မှာ မကြာခင်ပြန်ဖွင့်မယ့် အခြေခံပညာကျောင်းတွေ ပြန်မတက်ရေး လူငယ်အင်အား အနည်းငယ်နဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ လှိုင်သာယာလူငယ်တစ်ဦးက ပြောပါတယ်။

“အင်အားကတော့ အများကြီးထွက်လို့မရဘူးဗျ၊ ဒီမှာကလေ စစ်အုပ်ချုပ်ရေးက မပယ်ဖျက်သေး တော့ အရမ်းကြီး လူအများကြီး ထွက်လို့မရဘူး။ ၄၊ ၅၊ ၁၀ ယောက်လောက်ပါပဲ။ ပြီးရင် ကျွန်တော်တို့က လူမသိအောင်လုပ်ရတာဆိုတော့လေ လူသိလေ ပိုဆိုးလေ၊ သိသွားတာနဲ့ ချက်ချင်း ရောက်လာကြတာဗျ။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့က ခဏတစ်ဖြုတ်လောက်ပဲ ထွက်ကြပါတယ်။ အခု ကျွန်တော်တို့ ဒီနေ့ လုပ်ဖြစ်တာကျတော့ ကျောင်းတွေ ပြန်မတက်ဖို့ပေါ့၊ ခုကျောင်းတွေ ပြန်ဖွင့်နေတော့ ကလေးတွေကို ကျောင်းတွေ ပြန်မအပ်အောင်ပေါ့၊ အဲ့လိုလေးတွေ ရေးပြီးတော့ ဆန္ဒပြကြတာပါ။ လှိုင်သာယာထဲမှာက ကျွန်တော်တို့မှာ အဖွဲ့အစည်းရယ်လို့တော့ မရှိတောဘူး။ လှိုင်သာယာထဲက Gz လူငယ်တွေပေါ့နှော်၊ Gz တွေကပဲ အဖွဲ့လိုက် ခွဲခွဲပြီး ထွက်နေကြတာပေါ့ ပါ့နှော်”

ရန်ကုန်မြို့မှာ ဗုံးကွဲမှုတွေ အခုရက်ပိုင်း ဆက်တိုက်ဆိုသလိုဖြစ်လာနေပြီး လူသေဆုံး၊ ထိခိုက်တဲ့အထိဖြစ်တဲ့အတွက် ပြည်သူတွေဘက်က အသွားအလာကို ပိုပြီးသတိထားနေကြပါတယ်။ လုံခြုံရေးအင်အား သိသိသာသာ တိုးလာတာမျိုး မတွေ့ရပေမဲ့ တပ်ဖွဲ့ဝင်တွေ ကင်းလှည့် သွားလာတာမျိုးတွေတော့ ပိုလုပ်လာပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နေ့စဉ်မပျက် ချီတက်ဆန္ဒပြကြတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ဖမ်းဆီးဖို့ ကြိုးစားနေတဲ့ကြားက ဆန္ဒပြပွဲ လုပ်နိုင်ခဲ့တယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“ဒီနေ့က ဘယ်လိုဖြစ်လဲဆိုတော့ သပိတ်ကြောင်းထွက်ပြီး မကြာခင်မှာပဲ သူတို့(စစ်ကောင်စီတပ်) ရောက်လာတယ်ပေါ့နှော်။ သူတို့ ရောက်လာတဲ့အချိန်မှာ သပိတ်ကြောင်းကိုတော့ အမြန်လူစုခွဲလိုက်နိုင်တယ်ပေါ့နှော်။ ကျနော်တို့ ထွက်နေတုန်းမှာပဲ သူတို့လာရှာတာပါ။ စစ်ကောင်စီဘက်ကနေ ကျနော်တို့ကို လိုက်ရှာတာက ပုံမှန်နီးပါးရှိတယ်ဗျ။ ပျောက်ကြားသပိတ်ပဲ လုပ်ကြတာပေါ့။ အခြေအနေကောင်းရင် ကောင်းသလိုတော့ လမ်းမကြီးတွေပေါ်ကို သပိတ်တွေ ပြန်ထွက်ကြတယ်။ စစ်ကောင်စီဖက်က အရပ်ဝတ်တွေနဲ့ ကင်းထားတယ်ဗျ။ ပြီးရင် ကျနော်တို့ သပိတ်ကြောင်းတွေထဲမှာလဲ တခါတလမှာ သူတို့လူတွေ ထည့်ထားတာမျိုးရှိတတ်တယ်ဗျ။ ပြီးရင်တော့ ကျနော်တို့ကို ကားတွေနဲ့လိုက်ရှာတာပေါ့။”

အရုဏ်ဦးသပိတ်၊ နေ့လည်ဆိုင်ကယ်သပိတ်၊ ညနေဆည်းဆာသပိတ်ဆိုပြီး တနေ့ကိုသုံးကြိမ် ဆန္ဒပြ လှုပ်ရှားမှုတွေရှိနေတဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့မှာလည်း အဖမ်းမခံရအောင် သတိထားရှောင်ဖို့ ကြိုတင်ပြင်ဆင်ထားရတယ်လို့ ဆန္ဒပြပွဲမှာ အမြဲပါဝင်နေသူတစ်ဦးက ပြောပါတယ်။

“မနက်ကို အရုဏ်ဦးသပိတ်၊ နေ့လည်ကို ဆိုင်ကယ်သပိတ်၊ ညနေကိုလည်း ကျမတို့ ဆည်းဆာသပိတ်ဆိုပြီးတော့ သုံးကြိမ်ပြဖို့ကို တိုင်ပင်ထားကြတယ်ရှင့်၊ အဲ့ဒီလိုချီတက်တဲ့အခါကျတော့ ကျမတို့က အနည်းဆုံးတော့ လူ ၁၀၀ လောက်တော့ ရအောင်စုတယ် ၁၀၀ လောက်တော့ ဒါ ကိုယ့်ကိုယ်ကိုယ် ချိတ်ဆက်ထားကြတာပေါ့ရှင်။ သပိတ် စထွက်တော့မယ်ဆိုရင် ကျမတို့က အားလုံးကို သတိရှိစေဖို့ လည်း ပြောတယ် ပြီးလို့ရှိရင် လိုက်ဖမ်းမယ်လို့ အရိပ်အယောင်တွေ့လို့ရှိရင် ကိုယ်ကိုယ်တိုင်း တစ်ဦးချင်းဆီ လွတ်အောင်ပြေးကြ၊ ဒီသပိတ်စစ်ကြောင်း လမ်းတစ်လျှောက်မှာ ကိုယ်ဘယ်နေရာမှာ ပြေးရင်လွတ်မလဲဆိုတာကို တွေးထား၊ နေရာရှာထားဆိုတာတော့ ကျမတို့ သတိပေးဖြစ်တယ်ရှင်။”

မိုးကောင်းမြို့က ဒီကနေ့ အရုဏ်ဦးသပိတ်မှာ ညီညွှတ်မှုကို ပြသတဲ့အနေနဲ့ အဝါရောင်တူညီအင်္ကျီကို ဝတ်ဆင်ပြီး အင်အားအများအပြားနဲ့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါ။

မန္တလေး၊ မုံရွာ၊ ဖားကန့်၊ ထားဝယ် ၊ လောင်းလုံနဲ့ တန့်ဆည်တို့မှာ နေ့စဉ်ပြုလုပ်ကြတဲ့ သပိတ်မှောက်စစ်ကြောင်းတွေ ဆက်ရှိနေသလို ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့အနီးက ကျေးရွာတွေစုပြီး လူထောင်ချီပါဝင်တဲ့ ရွာပေါင်းသပိတ်ကို လုပ်ခဲ့ကြပါတယ်။

မိတ္ထီလာ၊ မော်လမြိုင်၊ ကျောက်မဲနဲ့ ပုဂံ၊ညောင်ဦးဒေသတွေမှာလည်း ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ပုံစံမျိုးစုံနဲ့ ပြသနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG