သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ကဆုန္ေညာင္ေရသြန္းသပိတ္ပဲြ


ကဆုန္ေညာင္ေရသြန္းသပိတ္ (ဓါတ္ပုံ CJ)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ဒီေန႔ဟာ ကဆုန္ေညာင္ေရသြန္းပြဲေတာ္ က်င္းပတဲ့ ကဆုန္လျပည့္ေန႔ျဖစ္ပါတယ္။ ဗုဒၶဘာသာ ဓေလ့ထံုးစံအရ ေညာင္ေရသြန္းပြဲေတာ္ က်င္းပတဲ့ေန႔မွာ ဆႏၵျပသူေတြက ေညာင္ေရသြန္းၿပီး စစ္အာဏာသိမ္းမႈဆန္႔က်င္ ဆႏၵျပပြဲေတြလုပ္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ဆႏၵျပသူ ၃ ေယာက္ထက္မနည္း ဖမ္းဆီးခံရပါတယ္။ ခုလိုအဖမ္းအဆီးသတင္းနဲ႔ ျမန္မာႏိုင္ငံတဝန္း ထူးထူးျခားျခားလုပ္ၾကတဲ့ ေညာင္ေရအိုးသပိတ္အေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။

ဗုဒၶဘာသာ ဓေလ့ထံုးစံအရ ဘုရားေက်ာင္းကန္ေတြမွာ ေညာင္ေရသြန္းပြဲေတာ္ေတြ က်င္းပၾကေလ့႐ွိတဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားခ်ိန္ျဖစ္တာမို႔ ဘုရားေတြေပၚမွာ ေညာင္ေရသြန္း ဆုေတာင္းသူေတြ အရင္ႏွစ္ေတြကလို သိပ္မေတ႔ြရပါဘူး။ လမ္းေတြေပၚမွာေတာ့ စစ္အာဏာသိမ္းမႈဆန္႔က်င္ ကန္႔ကြက္တဲ့ ေညာင္ေရသြန္းသပိတ္ေတြကို ဆင္ႏဲြခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ရန္ကုန္က ၿမိဳ႕နယ္ေပါင္းစုံ ဆႏၵျပစစ္ေၾကာင္းနဲ႔ ရန္ကုန္ သပိတ္စစ္ေၾကာင္းႀကီးတစ္ခ်ိဳ႕ ပူးေပါင္းၿပီး အင္အား ၁၀၀ ေက်ာ္ေလာက္နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ေတြ ၿဖိဳခြဲခဲ့တဲ့အတြက္ ဆႏၵျပသူ ၃ ေယာက္ထက္မနည္း ဖမ္းဆီးခံရပါတယ္။

“သပိတ္ေတြကေတာ့ ဒီေန႔က ေညာင္ေရအိုးသပိတ္ေပါ့။ ေညာင္ေရအိုးသပိတ္ ေအာင္နမိတ္ဆိုၿပီးေတာ့ ရပ္ကြက္ေတြမွာ ေညာင္ေရအိုးထဲကို သေျပပန္းစိုက္ၿပီးေတာ့ သပိတ္ထြက္ၾကတာရွိပါတယ္။ ေနာက္တစ္ခုက သပိတ္ႀကီးက ေျမာက္ဥကၠလာဖက္မွာ ခါတိုင္းလိုပဲ သပိတ္ႀကီးလုပ္တယ္။ ဒါေပမယ့္ သပိတ္ႀကီးက ၿဖိဳခြဲခံလိုက္ရတယ္။ သပိတ္ကတည္ၿပီး သိပ္မၾကာဘူး ၿဖိဳခြဲခံလိုက္ရတယ္။ ၿဖိဳခြဲခံရၿပီးေတာ့ ဖမ္းခံရတာ ၃၊ ၄ ေယာက္ေလာက္ပါသြားတယ္။ သပိတ္ႀကီးက မနက္အေစာႀကီး ေစာေစာစီးစီးၿဖိဳခြဲခံလိုက္ရတာဆိုေတာ့ အာ႐ုံတက္ခ်ိန္ေလာက္တည္းကဆိုေတာ့ သိပ္ၿပီးေတာ့ေတာ အခ်ိန္မရလိုက္ဘူးေပါ့။ ရပ္ကြက္ေတြကေတာ့ ေညာင္ေရအိုးသပိတ္လုပ္ၾကတယ္။ ရန္ကုန္ကေတာ့ လုပ္လို႔ရတဲ့ ေနရာေတြမွာ ရေအာင္လုပ္ေနၾကတုန္းေပါ့ သပိတ္နဲ႔ ပတ္သပ္ၿပီးေတာ့”

စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာနဲ႔ ေျမာက္ဒဂုံၿမိဳ႕နယ္ေတြမွာလည္း ေပ်ာက္ၾကားသပိတ္၊ ေဆးနီသပိတ္ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မႏၲေလးတိုင္း စဥ့္ကိုင္ၿမိဳ႕နယ္ထဲက ပလိပ္ၿမိဳ႕မွာလည္း လူအင္အား ၁၀၀ ေလာက္က ေညာင္ေရသြန္းပြဲေတာ္ျပဳလုပ္ရင္း ခ်ီတက္လွည့္လည္ ဆႏၵျပခဲ့ၾကပါတယ္။ ေရွးေခတ္နန္းတြင္းဝတ္စုံ အဆင္တန္ဆာဝတ္ ထားတဲ့ ဝန္မင္းက ဦးေဆာင္ၿပီး ‘အဝီစိမွာ က်ေနတဲ့ ေခြးနက္ႀကီးတစ္ေကာင္ ငရဲျပည္ကေန ထြက္ေျပးလြက္ေျမာက္လို႔ တိုင္းသူျပည္သားမ်ား သတိထားၾကပါ’ ဆိုလို႔ ဝန္မင္းက ေရွ႕ကေန ႐ြတ္ဆိုၿပီးအေနာက္က ေမာင္းထုၿပီး ဆႏၵျပၾကတာပါ။ ေနာက္ကလိုက္ ခ်ီတက္သူေတြကလည္း ေညာင္ေရအိုးကို ေခါင္းေပၚ႐ြက္၊ လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္တဲ့သူတစ္ဦးက ေျပာပါတယ္။

“ဝန္ႀကီးနဲ႔ေပါ့ ေမာင္းနဲ႔က က်ေနာ္ေရွ႕ဆုံးကထြက္တယ္ေပါ့၊ ေရွ႕ဆုံးကထြက္ၿပီး အဲ့ေနာက္မွာ က်ေနာ္တို႔ေညာင္ေရသြန္းမယ့္ ပန္းအိုးေတြကိုင္ၾကတယ္၊ လွည့္တယ္ အဲ့မွာ က်ေနာ္တို႔က လက္သုံးေခ်ာင္းေထာင္တယ္ တျခားေႂကြးေၾကာ္သံေတာ့ မပါဘူး၊ အဲ့ဒီေရွ႕က ဝန္ႀကီးကေနၿပီးေတာ့မွ ေစာေစာက ႐ြတ္ျပသြားတဲ့ စာကိုပဲ အဲ့ဒါေလးကိုပဲ ႐ြတ္တယ္ ေမာင္ထုတယ္၊ လက္သုံးေခ်ာင္းေထာင္တယ္၊ အဲ့ပုံစံနဲ႔ပဲ က်ေနာ္တို႔က လွည့္သြားတယ္ေပါ့။ ေနာက္ဆုံး က်ေနာ္တို႔ ေဗာဓိေညာင္ပင္ေရာက္တဲ့ အခ်ိန္မွာ ေညာင္ေရသြန္းၿပီးေတာ့ ေဗာဓိေညာင္ပင္မွာ လူစုၿပီးေတာ့မွ အေရးေတာ္ပုံ ေအာင္ကို ေအာင္ရမည္ ဆိုၿပီးေတာ့ ေႂကြးေၾကာ္သံသုံးခါတိုင္ၿပီးေတာ့မွ က်ေနာ္တို႔က သိမ္းလိုက္တယ္။”

မႏၱေလးတို္င္းထဲကပဲ ျမင္းၿခံၿမိဳ႕မွာေတာ့ လုံၿခဳံေရးတင္းၾကပ္ထားတဲ့အတြက္ ဒီကေန႔မွာ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး ခ်ီတက္ ဆႏၵျပတာေတြ မလုပ္ႏိုင္ခဲ့ေပမယ့္ ကဆုန္လျပည့္ေန႔မွာ ေညာင္ေရသြန္းသပိတ္ေတြကို ရပ္ကြက္အလိုက္ လမ္းအလိုက္ လ ွ်ပ္တျပက္ လုပ္ခဲ့ၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ျမင္းၿခံကေလ လူစုဖို႔က နည္းနည္း ခက္ခဲတယ္လို႔ ေျပာရမယ့္ အေျခအေနရွိတယ္။ ရပ္ကြက္အလိုက္ ေနရာအလိုက္ အဖြဲ႕အလိုက္ သူ႔ဟာနဲ႔သူ သပ္သပ္စီ အဲ့လိုမ်ိဳးေလးလုပ္ၾကတယ္။ ခ်ီတက္ သပိတ္မလုပ္ဘူး။ ဗကပ ေက်ာင္းသားေဟာင္းေတြက လက္ဖက္ရည္ဆိုင္ သပိတ္ပုံစံမ်ိဳးေတြ အဲ့လိုသပိတ္လုပ္တယ္။ ေညာင္ေရသြန္းသပိတ္၊ အိမ္တြင္းသပိတ္ေတြ လုပ္ၾကတယ္။ သပိတ္ေတြကေတာ့ ေန႔တဓူဝေတာ့ ရွိၾကတယ္။ ဒီေန႔ကေတာ့ ေညာင္ေရသြန္းသပိတ္ကေတာ့ အမ်ားဆုံးလုပ္ၾကတယ္။ ေႂကြးေၾကာ္သံေတြေတာ့ မပါဘူး၊ ေညာင္ေရအိုးမွာပဲ စစ္အာဏာရွင္စနစ္ က်ရႈံးပါေစဆိုတဲ့ စာတန္းရယ္ အဲ့လိုမ်ိဳးေလး ေရးၿပီးေတာ့ပဲ လုပ္ၾကတာ။ ေအာ္လို႔လည္း အဆင္မေျပဘူး။ လမ္းတိုင္းလမ္းတိုင္းမွာ သူတို႔ေတြရွိေနတာ့(စစ္သားနဲ႔ ကင္းပုန္း)၊ ေႂကြးေၾကာ္သံေတာ့ ေအာ္လို႔မရဘူးေပါ့ေႏွာ္။”

မုံ႐ြာ၊နဲ႔ ဘုတလင္ၿမိဳ႕ေတြမွာလည္း ေညာင္ေရသြန္းသပိတ္ေတြျပဳလုပ္ၾကသလို ေန႔စဥ္ဆႏၵျပၾကတဲ့ ဖားကန္႔၊ ထားဝယ္၊ေလာင္းလုံ၊ မႏၲေလးၿမိဳ႕ေတြမွာ လုံၿခဳံေရးေတြတင္းက်ပ္ေနတဲ့ ၾကားကပဲ အစဥ္အလာမျပတ္ သပိတ္စစ္ေၾကာင္းေတြဆက္ရွိေနပါတယ္။ ကေလး၊ မုံ႐ြာ၊ ၿမိဳင္၊ ေက်ာက္မဲ၊ ေညာင္ဦး၊ တန္႔ဆည္နဲ႔ နမ့္ခမ္းၿမိဳ႕ေတြမွာလည္း ဆိုင္ကယ္သပိတ္၊ ေပ်ာက္ၾကားသပိတ္ ေတြဆက္ရွိေနပါတယ္။

ရွမ္းျပည္ ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕မွာလည္း ဒီကေန႔မွာ မိုးသည္းထန္ေနတဲ့ၾကားကပဲ ၿမိဳ႕လုံးကြၽတ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။ ရွမ္း၊ ကခ်င္၊ ပေလာင္ စတဲ့ တိုင္းရင္းသားေပါင္းစုံ ညီၫႊတ္မႈကိုျပသတဲ့ အေနနဲ႔ တိုင္းရင္းသားအလံေတြကို ကိုင္ၿပီး အင္အား ၃၀၀ ေက်ာ္ေလာက္ လွည့္လည္ခ်ီတက္ဆႏၵျပ ခဲ့ၾကတာပါ။

စာသင္ေက်ာင္းေတြျပန္ဖြင့္ဖိုႀကိဳးစားေနခ်ိန္မွာပဲ ေက်ာင္းတခ်ိဳ႕မီးေလာင္တာ၊ စာသင္ေက်ာင္းအနီး ဗုံးကြဲတာေတြအျပင္ စာသင္ေက်ာင္းနံရံမွာ စစ္ကြၽန္ပညာေရးအလို မရွိေၾကာင္း ေရးသားဆႏၵျပၾကတဲ့ ေဆးနီးသပိတ္ေတြလည္း ေတြ႕လာရပါတယ္။

......................................................

ကဆုန္ေညာင္ေရသြန္းသပိတ္ (ဓါတ္ပုံ CJ)
please wait

No media source currently available

0:00 0:04:03 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ ဒီနေ့ဟာ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပတဲ့ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ညောင်ရေသွန်းပွဲတော် ကျင်းပတဲ့နေ့မှာ ဆန္ဒပြသူတွေက ညောင်ရေသွန်းပြီး စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဆန္ဒပြသူ ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရပါတယ်။ ခုလိုအဖမ်းအဆီးသတင်းနဲ့ မြန်မာနိုင်ငံတဝန်း ထူးထူးခြားခြားလုပ်ကြတဲ့ ညောင်ရေအိုးသပိတ်အကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ဘုရားကျောင်းကန်တွေမှာ ညောင်ရေသွန်းပွဲတော်တွေ ကျင်းပကြလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားချိန်ဖြစ်တာမို့ ဘုရားတွေပေါ်မှာ ညောင်ရေသွန်း ဆုတောင်းသူတွေ အရင်နှစ်တွေကလို သိပ်မတေ့ွရပါဘူး။ လမ်းတွေပေါ်မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင် ကန့်ကွက်တဲ့ ညောင်ရေသွန်းသပိတ်တွေကို ဆင်နွဲခဲ့ကြပါတယ်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ရန်ကုန်က မြို့နယ်ပေါင်းစုံ ဆန္ဒပြစစ်ကြောင်းနဲ့ ရန်ကုန် သပိတ်စစ်ကြောင်းကြီးတစ်ချို့ ပူးပေါင်းပြီး အင်အား ၁၀၀ ကျော်လောက်နဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေ ဖြိုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူ ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရပါတယ်။

“သပိတ်တွေကတော့ ဒီနေ့က ညောင်ရေအိုးသပိတ်ပေါ့။ ညောင်ရေအိုးသပိတ် အောင်နမိတ်ဆိုပြီးတော့ ရပ်ကွက်တွေမှာ ညောင်ရေအိုးထဲကို သပြေပန်းစိုက်ပြီးတော့ သပိတ်ထွက်ကြတာရှိပါတယ်။ နောက်တစ်ခုက သပိတ်ကြီးက မြောက်ဥက္ကလာဖက်မှာ ခါတိုင်းလိုပဲ သပိတ်ကြီးလုပ်တယ်။ ဒါပေမယ့် သပိတ်ကြီးက ဖြိုခွဲခံလိုက်ရတယ်။ သပိတ်ကတည်ပြီး သိပ်မကြာဘူး ဖြိုခွဲခံလိုက်ရတယ်။ ဖြိုခွဲခံရပြီးတော့ ဖမ်းခံရတာ ၃၊ ၄ ယောက်လောက်ပါသွားတယ်။ သပိတ်ကြီးက မနက်အစောကြီး စောစောစီးစီးဖြိုခွဲခံလိုက်ရတာဆိုတော့ အာရုံတက်ချိန်လောက်တည်းကဆိုတော့ သိပ်ပြီးတော့တော အချိန်မရလိုက်ဘူးပေါ့။ ရပ်ကွက်တွေကတော့ ညောင်ရေအိုးသပိတ်လုပ်ကြတယ်။ ရန်ကုန်ကတော့ လုပ်လို့ရတဲ့ နေရာတွေမှာ ရအောင်လုပ်နေကြတုန်းပေါ့ သပိတ်နဲ့ ပတ်သပ်ပြီးတော့”

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာလည်း ပျောက်ကြားသပိတ်၊ ဆေးနီသပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ထဲက ပလိပ်မြို့မှာလည်း လူအင်အား ၁၀၀ လောက်က ညောင်ရေသွန်းပွဲတော်ပြုလုပ်ရင်း ချီတက်လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ရှေးခေတ်နန်းတွင်းဝတ်စုံ အဆင်တန်ဆာဝတ် ထားတဲ့ ဝန်မင်းက ဦးဆောင်ပြီး ‘အဝီစိမှာ ကျနေတဲ့ ခွေးနက်ကြီးတစ်ကောင် ငရဲပြည်ကနေ ထွက်ပြေးလွက်မြောက်လို့ တိုင်းသူပြည်သားများ သတိထားကြပါ’ ဆိုလို့ ဝန်မင်းက ရှေ့ကနေ ရွတ်ဆိုပြီးအနောက်က မောင်းထုပြီး ဆန္ဒပြကြတာပါ။ နောက်ကလိုက် ချီတက်သူတွေကလည်း ညောင်ရေအိုးကို ခေါင်းပေါ်ရွက်၊ လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတစ်ဦးက ပြောပါတယ်။

“ဝန်ကြီးနဲ့ပေါ့ မောင်းနဲ့က ကျနော်ရှေ့ဆုံးကထွက်တယ်ပေါ့၊ ရှေ့ဆုံးကထွက်ပြီး အဲ့နောက်မှာ ကျနော်တို့ညောင်ရေသွန်းမယ့် ပန်းအိုးတွေကိုင်ကြတယ်၊ လှည့်တယ် အဲ့မှာ ကျနော်တို့က လက်သုံးချောင်းထောင်တယ် တခြားကြွေးကြော်သံတော့ မပါဘူး၊ အဲ့ဒီရှေ့က ဝန်ကြီးကနေပြီးတော့မှ စောစောက ရွတ်ပြသွားတဲ့ စာကိုပဲ အဲ့ဒါလေးကိုပဲ ရွတ်တယ် မောင်ထုတယ်၊ လက်သုံးချောင်းထောင်တယ်၊ အဲ့ပုံစံနဲ့ပဲ ကျနော်တို့က လှည့်သွားတယ်ပေါ့။ နောက်ဆုံး ကျနော်တို့ ဗောဓိညောင်ပင်ရောက်တဲ့ အချိန်မှာ ညောင်ရေသွန်းပြီးတော့ ဗောဓိညောင်ပင်မှာ လူစုပြီးတော့မှ အရေးတော်ပုံ အောင်ကို အောင်ရမည် ဆိုပြီးတော့ ကြွေးကြော်သံသုံးခါတိုင်ပြီးတော့မှ ကျနော်တို့က သိမ်းလိုက်တယ်။”

မန္တလေးတိုင်းထဲကပဲ မြင်းခြံမြို့မှာတော့ လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် ဒီကနေ့မှာ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချီတက် ဆန္ဒပြတာတွေ မလုပ်နိုင်ခဲ့ပေမယ့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းသပိတ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် လ ျှပ်တပြက် လုပ်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြင်းခြံကလေ လူစုဖို့က နည်းနည်း ခက်ခဲတယ်လို့ ပြောရမယ့် အခြေအနေရှိတယ်။ ရပ်ကွက်အလိုက် နေရာအလိုက် အဖွဲ့အလိုက် သူ့ဟာနဲ့သူ သပ်သပ်စီ အဲ့လိုမျိုးလေးလုပ်ကြတယ်။ ချီတက် သပိတ်မလုပ်ဘူး။ ဗကပ ကျောင်းသားဟောင်းတွေက လက်ဖက်ရည်ဆိုင် သပိတ်ပုံစံမျိုးတွေ အဲ့လိုသပိတ်လုပ်တယ်။ ညောင်ရေသွန်းသပိတ်၊ အိမ်တွင်းသပိတ်တွေ လုပ်ကြတယ်။ သပိတ်တွေကတော့ နေ့တဓူဝတော့ ရှိကြတယ်။ ဒီနေ့ကတော့ ညောင်ရေသွန်းသပိတ်ကတော့ အများဆုံးလုပ်ကြတယ်။ ကြွေးကြော်သံတွေတော့ မပါဘူး၊ ညောင်ရေအိုးမှာပဲ စစ်အာဏာရှင်စနစ် ကျရှုံးပါစေဆိုတဲ့ စာတန်းရယ် အဲ့လိုမျိုးလေး ရေးပြီးတော့ပဲ လုပ်ကြတာ။ အော်လို့လည်း အဆင်မပြေဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ သူတို့တွေရှိနေတာ့(စစ်သားနဲ့ ကင်းပုန်း)၊ ကြွေးကြော်သံတော့ အော်လို့မရဘူးပေါ့နှော်။”

မုံရွာ၊နဲ့ ဘုတလင်မြို့တွေမှာလည်း ညောင်ရေသွန်းသပိတ်တွေပြုလုပ်ကြသလို နေ့စဉ်ဆန္ဒပြကြတဲ့ ဖားကန့်၊ ထားဝယ်၊လောင်းလုံ၊ မန္တလေးမြို့တွေမှာ လုံခြုံရေးတွေတင်းကျပ်နေတဲ့ ကြားကပဲ အစဉ်အလာမပြတ် သပိတ်စစ်ကြောင်းတွေဆက်ရှိနေပါတယ်။ ကလေး၊ မုံရွာ၊ မြိုင်၊ ကျောက်မဲ၊ ညောင်ဦး၊ တန့်ဆည်နဲ့ နမ့်ခမ်းမြို့တွေမှာလည်း ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ် တွေဆက်ရှိနေပါတယ်။

ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့မှာလည်း ဒီကနေ့မှာ မိုးသည်းထန်နေတဲ့ကြားကပဲ မြို့လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ရှမ်း၊ ကချင်၊ ပလောင် စတဲ့ တိုင်းရင်းသားပေါင်းစုံ ညီညွှတ်မှုကိုပြသတဲ့ အနေနဲ့ တိုင်းရင်းသားအလံတွေကို ကိုင်ပြီး အင်အား ၃၀၀ ကျော်လောက် လှည့်လည်ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။

စာသင်ကျောင်းတွေပြန်ဖွင့်ဖိုကြိုးစားနေချိန်မှာပဲ ကျောင်းတချို့မီးလောင်တာ၊ စာသင်ကျောင်းအနီး ဗုံးကွဲတာတွေအပြင် စာသင်ကျောင်းနံရံမှာ စစ်ကျွန်ပညာရေးအလို မရှိကြောင်း ရေးသားဆန္ဒပြကြတဲ့ ဆေးနီးသပိတ်တွေလည်း တွေ့လာရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG