သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသဆံုးမႈ ေပါက္ကဲြမႈေတြၾကား ဆႏၵျပမႈတခ်ိဳ႕ ရွိေနဆဲ


စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ PDF အလံကိုင္ၿပီး ခ်ီတက္ဆႏၵျပသူမ်ား။ (ေမ ၂၉၊ ၂၀၂၁။ ဓာတ္ပံု-CJ)

(Zawgyi / Unicode)

ရန္ကုန္၊ အင္းစိန္အရပ္က ေပါက္ေတာဝမွာ ေသာၾကာေန႔ညပိုင္းက ဆိုင္ကယ္စီးလာတဲ့ လူငယ္တဦးကို စစ္တပ္ကရပ္ခုိင္းတာ ရပ္မေပးလို႔ဆိုၿပီး စစ္ကားနဲ႔ လိုက္တိုက္တဲ့အတြက္ ေသဆံုးသြားတယ္လုိ႔ မ်က္ျမင္ေတြ႔သူေတြကို ကိုးကားၿပီး ျပည္တြင္းသတင္းေတြမွာ ေရးထားပါတယ္။

အဲဒီလူငယ္ဟာ ဆုရ ေမာ္ဒယ္သ႐ုပ္ေဆာင္တဦးျဖစ္သူ ကိုထက္ေအာင္ ျဖစ္တယ္လုိ႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

မႏၲေလးၿမိဳ႕၊ ၁၀၇ လမ္း၊ ၅၈ x ၅၉ လမ္းသြယ္ထဲက ေနအိမ္တခုမွာ ဒီကေန႔မနက္ပိုင္းကလုပ္တဲ့ မဂၤလာေဆာင္မွာ လက္ဖြဲ႔ထဲမွာ ပါလာတဲ့ဗံုး ေပါက္ကြဲၿပီး အမ်ဳိးသားတဦး လက္မွာ ဒဏ္ရာရခဲ့တယ္လုိ႔ ေဒသခံကေျပာတာကို ကိုးကားၿပီးေတာ့လည္း ျပည္တြင္းသတင္းေတြမွာ ေရးထားပါတယ္။

အခုလို ေသဆံုးမႈေတြ၊ ေပါက္ကြဲမႈေတြ ရွိေနတဲ့ၾကားကပဲ ႏုိင္ငံတဝန္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆက္ရွိေနပါတယ္။

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕မွာ ေဒသခံ ေက်ာင္းသားျပည္သူ လူငယ္ေတြ ဒီကေန႔မနက္ပိုင္းက သပိတ္စစ္ေၾကာင္းနဲ႔ စုေဝးၿပီး ေႂကြးေၾကာ္ ဆႏၵျပခဲ့ၾကပါတယ္။ ကေလးၿမိဳ႕မွာလည္း ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) အလံေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပၾကပါတယ္။ မံုရြာမွာ ေႏြဦးေတာ္လွန္ေရးအတြင္း က်ဆံုးခဲ့သူေတြနဲ႔ မတရား ဖမ္းဆီးခံရသူေတြအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ႏွင္းဆီပန္းတပြင့္စီ ကိုင္ေဆာင္ၿပီး မံုရြာသပိတ္စစ္ေၾကာင္းနဲ႔ ဆႏၵျပၾကပါတယ္။

မႏၲေလးမွာ ေအာင္ေျမသာစံ ေက်ာင္းေပါင္းစုံ ပညာေရးသပိတ္စစ္ေၾကာင္းနဲ႔ ေအာင္ေျမသာစံ ေက်ာင္းသားမ်ားသမဂၢ သပိတ္စစ္ေၾကာင္းေတြ ပူးေပါင္းၿပီး ဆႏၵျပၾကသလို အမရပူရနဲ႔ မိုးကုတ္ၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕ဘက္မွာ ေအးျမသာယာ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု သပိတ္စစ္ေၾကာင္း ထြက္ခဲ့ၾကသလို ေနျပည္ေတာ္၊ ပ်ဥ္းမနားမွာလည္း ပ်ဥ္းမနား ေက်ာင္းသားသမဂၢနဲ႔အတူ ဝန္းရံသူေတြက ဒီကေန႔မနက္ပိုင္းမွာ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ၿပီး ဒီမုိကေရစီေရး ေတာင္းဆိုခ်က္ေတြကို စကၠဴေပၚမွာ ေရးသားကိုင္ေဆာင္ၿပီးေတာ့ ေမာ္လၿမိဳင္မွာ အိမ္တြင္းသပိတ္၊ စစ္ကိုင္းတုိင္း၊ ေကာလင္းၿမိဳ႕မွာ စကၠဴသပိတ္ စသည္ျဖင့္ ဆႏၵျပၾကပါတယ္။ ေရနံေခ်ာင္းမွာ လူငယ္ေတြ စုေဝးဆႏၵျပၾကသလို ထားဝယ္မွာေတာ့ ဆိုင္ကယ္သပိတ္စစ္ေၾကာင္း ထြက္ခဲ့ၾကပါတယ္။

စစ္တပ္အာဏာသိမ္းယူခဲ့ခ်ိန္ကေန မေန႔ကအထိဆိုရင္ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိုခြဲတဲ့အတြက္ ေသဆံုးသူစုစုေပါင္း ၈၃၃ ေယာက္ရွိၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူက ၄,၃၅၀ ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ

ရန်ကုန်၊ အင်းစိန်အရပ်က ပေါက်တောဝမှာ သောကြာနေ့ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်တဦးကို စစ်တပ်ကရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး စစ်ကားနဲ့ လိုက်တိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။

အဲဒီလူငယ်ဟာ ဆုရ မော်ဒယ်သရုပ်ဆောင်တဦးဖြစ်သူ ကိုထက်အောင် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့၊ ၁၀၇ လမ်း၊ ၅၈ x ၅၉ လမ်းသွယ်ထဲက နေအိမ်တခုမှာ ဒီကနေ့မနက်ပိုင်းကလုပ်တဲ့ မင်္ဂလာဆောင်မှာ လက်ဖွဲ့ထဲမှာ ပါလာတဲ့ဗုံး ပေါက်ကွဲပြီး အမျိုးသားတဦး လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကပြောတာကို ကိုးကားပြီးတော့လည်း ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။

အခုလို သေဆုံးမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒေသခံ ကျောင်းသားပြည်သူ လူငယ်တွေ ဒီကနေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းနဲ့ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) အလံတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြပါတယ်။ မုံရွာမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေနဲ့ မတရား ဖမ်းဆီးခံရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင်းဆီပန်းတပွင့်စီ ကိုင်ဆောင်ပြီး မုံရွာသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြကြပါတယ်။

မန္တလေးမှာ အောင်မြေသာစံ ကျောင်းပေါင်းစုံ ပညာရေးသပိတ်စစ်ကြောင်းနဲ့ အောင်မြေသာစံ ကျောင်းသားများသမဂ္ဂ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး ဆန္ဒပြကြသလို အမရပူရနဲ့ မိုးကုတ်မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်မှာ အေးမြသာယာ တိုင်းရင်းသားလူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်း ထွက်ခဲ့ကြသလို နေပြည်တော်၊ ပျဉ်းမနားမှာလည်း ပျဉ်းမနား ကျောင်းသားသမဂ္ဂနဲ့အတူ ဝန်းရံသူတွေက ဒီကနေ့မနက်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို စက္ကူပေါ်မှာ ရေးသားကိုင်ဆောင်ပြီးတော့ မော်လမြိုင်မှာ အိမ်တွင်းသပိတ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စက္ကူသပိတ် စသည်ဖြင့် ဆန္ဒပြကြပါတယ်။ ရေနံချောင်းမှာ လူငယ်တွေ စုဝေးဆန္ဒပြကြသလို ထားဝယ်မှာတော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းယူခဲ့ချိန်ကနေ မနေ့ကအထိဆိုရင် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတဲ့အတွက် သေဆုံးသူစုစုပေါင်း ၈၃၃ ယောက်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူက ၄,၃၅၀ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG