သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ျမန္မာေပၚဒဏ္ခတ္အေရးယူမႈ လိုက္နာမယ္" - Total ကုမၸဏီ CEO


ျပင္သစ္ေရနံကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္Patrick Pouyanné

Zawgyi/Unicode

အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပသမဂၢ (EU) တို႔က ျမန္မာႏုိင္ငံေပၚ ခ်မွတ္ထားတဲ့ ေနာက္ထပ္ ဘယ္လို ဒဏ္ခတ္အေရးယူမႈမ်ဳိးကိုမဆို လုိက္နာလုပ္ေဆာင္သြားပါမယ္လို႔ ျပင္သစ္ေရနံကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ Patrick Pouyanne က ဒီကေန႔က်င္းပတဲ့ အစုရွယ္ယာဝင္ အစည္းအေဝးမွာ ေျပာသြားပါတယ္။

ျမန္မာစစ္ေကာင္စီအတြက္ ဝင္ေငြရပ္သြားေအာင္လုပ္ဖို႔ တခုတည္းေသာနည္းလမ္းက ထုတ္လုပ္မႈကို ရပ္ပစ္လိုက္ဖို႔ပဲရွိတယ္လုိ႔ CEO Patrick Pouyanne ေျပာပါတယ္။

ဒါေပမယ့္လည္း လက္ရွိ ဥပေဒမူေဘာင္ရဲ႕ ကန္႔သတ္ခ်က္ေတြအရ ျမန္မာစစ္ေကာင္စီကို အခြန္ေပးေဆာင္တာ ဒါမွမဟုတ္ ထုတ္လုပ္မႈရပ္ဆိုင္းတာေတြကိုေတာ့ ရပ္ပစ္လို႔မရဘူးလို႔ Pouyanne က ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ လူ႔အခြင့္အေရးေပၚ ၿခိမ္းေျခာက္တဲ့ ဘယ္လိုလုပ္ရပ္မ်ဳိးကိုမဆို သူ႔အေနနဲ႔ ျပစ္တင္႐ႈတ္ခ်တယ္လုိ႔လည္း Total ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Patrick Pouyanne ကေျပာပါတယ္။

ျပင္သစ္ပိုင္ Total ေရနံကုမၸဏီနဲ႔ အေမရိကန္ပိုင္ Chevron ေရနံကုမၸဏီတို႔က ဓာတ္ေငြ႔ သယ္ယူပို႔ေဆာင္မႈပိုင္းအတြက္ ျမန္မာစစ္ေကာင္စီကို ေပးရမယ့္ေငြေၾကးကို မေပးေတာ့ဘူးလို႔ ေၾကညာခဲ့ၿပီးတဲ့ေနာက္ Total ကုမၸဏီ CEO ရဲ႕ အခုေျပာဆိုခ်က္ေတြ ထြက္လာတာပါ။

ဒါေပမယ့္လည္း အဲဒီအပိုင္းအတြက္ေပးတဲ့ေငြဟာ စုစုေပါင္း ဓာတ္ေငြ႔ေရာင္းခ်တဲ့ ပမာဏရဲ႕ ၁၀% ေအာက္ပဲရွိတယ္လို႔ ျမန္မာ့ေရနံနဲ႔သဘာဝဓာတ္ေငြ႔လုပ္ငန္းက အရာရွိႀကီးတဦးက ဗီြအိုေအကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

"မြန်မာပေါ်ဒဏ်ခတ်အရေးယူမှု လိုက်နာမယ်" - Total ကုမ္ပဏီ CEO

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့က မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ နောက်ထပ် ဘယ်လို ဒဏ်ခတ်အရေးယူမှုမျိုးကိုမဆို လိုက်နာလုပ်ဆောင်သွားပါမယ်လို့ ပြင်သစ်ရေနံကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Patrick Pouyanne က ဒီကနေ့ကျင်းပတဲ့ အစုရှယ်ယာဝင် အစည်းအဝေးမှာ ပြောသွားပါတယ်။

မြန်မာစစ်ကောင်စီအတွက် ဝင်ငွေရပ်သွားအောင်လုပ်ဖို့ တခုတည်းသောနည်းလမ်းက ထုတ်လုပ်မှုကို ရပ်ပစ်လိုက်ဖို့ပဲရှိတယ်လို့ CEO Patrick Pouyanne ပြောပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ဥပဒေမူဘောင်ရဲ့ ကန့်သတ်ချက်တွေအရ မြန်မာစစ်ကောင်စီကို အခွန်ပေးဆောင်တာ ဒါမှမဟုတ် ထုတ်လုပ်မှုရပ်ဆိုင်းတာတွေကိုတော့ ရပ်ပစ်လို့မရဘူးလို့ Pouyanne က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးပေါ် ခြိမ်းခြောက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို သူ့အနေနဲ့ ပြစ်တင်ရှုတ်ချတယ်လို့လည်း Total ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Patrick Pouyanne ကပြောပါတယ်။

ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီနဲ့ အမေရိကန်ပိုင် Chevron ရေနံကုမ္ပဏီတို့က ဓာတ်ငွေ့ သယ်ယူပို့ဆောင်မှုပိုင်းအတွက် မြန်မာစစ်ကောင်စီကို ပေးရမယ့်ငွေကြေးကို မပေးတော့ဘူးလို့ ကြေညာခဲ့ပြီးတဲ့နောက် Total ကုမ္ပဏီ CEO ရဲ့ အခုပြောဆိုချက်တွေ ထွက်လာတာပါ။

ဒါပေမယ့်လည်း အဲဒီအပိုင်းအတွက်ပေးတဲ့ငွေဟာ စုစုပေါင်း ဓာတ်ငွေ့ရောင်းချတဲ့ ပမာဏရဲ့ ၁၀% အောက်ပဲရှိတယ်လို့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက အရာရှိကြီးတဦးက ဗွီအိုအေကိုပြောပါတယ်။

#MyanmarOilAndGas ##Total #Chevron #MyanmarOilRevenue #MyanmarSanctions #voaburmese #မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ #ရေနံနဲ့သဘာဝဓာတ်ငွေ့ဝင်ငွေ #ဒဏ်ခတ်အရေးယူမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG