သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ကို လက္နက္ခဲယမ္းေရာင္းခ်မႈ ပိတ္ပင္ေရးေတာင္းဆိုခ်က္ မထည့္ဖို႔ အာဆီယံ ၉ ႏုိင္ငံ တိုက္တြန္းတဲ့သတင္းထြက္လာ


ေနျပည္ေတာ္က ဆန္႔က်င္ကန္႔ကြက္ပြဲကို ေသနတ္ကိုင္ေဆာင္အသင့္အေနအထားနဲ႔ ေစာင့္ဆုိင္းေနစဥ္။ (ေဖေဖၚဝါရီ ၂၆၊ ၂၀၂၁)

Zawgyi

ျမန္မာစစ္တပ္ကို လက္နက္ခဲယမ္းေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္ေရး ေတာင္းဆိုတာမ်ဳိးမလုပ္ဖုိ႔ အေရွ႕ေတာင္အာရွႏုိင္ငံ ၉ ႏုိင္ငံက ကုလသမဂၢကို တုိက္တြန္းထားတယ္လို႔ Benar သတင္းဌာနရဲ႕ သတင္းတပုဒ္မွာ ေရးထားပါတယ္။

Liechtenstein ႏုိင္ငံရဲ႕ သံတမန္တဦးကိုကိုးကားၿပီး ဝါရွင္တန္အေျခစိုက္ RFA သတင္းဌာနရဲ႕ မိတ္ဘက္သတင္းဌာနတခုျဖစ္တဲ့ Benar သတင္းဌာနက အဲဒီလိုေရးထားတာပါ။ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢဆံုးျဖတ္ခ်က္မူၾကမ္းတခုကို ျပင္ဆင္ေရးဆြဲေနတဲ့ ႏုိင္ငံေတြဆီ အာဆီယံ ၉ ႏုိင္ငံက ေပးပို႔တဲ့စာထဲမွာ အဲဒီလိုတိုက္တြန္းထားတဲ့အေၾကာင္း Liechtenstein သံတမန္ကေျပာပါတယ္။

ဆံုးျဖတ္ခ်က္မူၾကမ္းထဲမွာထည့္မယ့္ ျမန္မာႏိုင္ငံကို "လက္နက္ခဲယမ္းမ်ဳိးစံု တိုက္႐ုိက္ ဒါမွမဟုတ္ သြယ္ဝိုက္ၿပီးေတာ့ ေထာက္ပံ့တာ၊ ေရာင္းခ်တာ ဒါမွမဟုတ္ လႊဲေျပာင္းေပးတာကို ခ်က္ျခင္းရပ္ဆိုင္းေရး" ဆိုတဲ့ စာေၾကာင္းကို ဖယ္ရွားေပးဖို႔ အာဆီယံ ၉ ႏုိင္ငံကေပးပို႔တဲ့စာထဲမွာ ေဖာ္ျပထားတယ္လုိ႔ Benar သတင္းဌာနရဲ႕ သတင္းမွာ ေဖာ္ျပထားပါတယ္။

Liechtenstein ႏုိင္ငံရဲ႕ ကုလသမဂၢဆိုင္ရာ ဒုတိယ အျမဲတမ္းကိုယ္စားလွယ္ Georg Sparber ကို ကိုးကားၿပီး Benar သတင္းဌာနက ေရးထားတာျဖစ္ၿပီး "စာထဲမွာ အေၾကာင္းျပခ်က္ ေပးမထားဘူး" လို႔ မစၥတာ Sparber ကေျပာပါတယ္။

ဒါနဲ႔႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ Liechtenstein ႏုိင္ငံရဲ႕ ကုလသမဂၢဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႔ကို ႐ိုက္တာသတင္းဌာနက အီးေမးပို႔ေမးျမန္းခဲ့ေပမယ့္ တုံ႔ျပန္ခ်က္မရခဲ့့ပါဘူး။

အင္ဒိုနီးရွားႏုိင္ငံျခားေရးဌာန ေျပာခြင့္ရတဦးက ဒီစာနဲ႔ပတ္သက္ၿပီး သူမသိတဲ့အေၾကာင္းနဲ႔ အာဆီယံကိုေမးဖို႔ ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။ အာဆီယံေျပာခြင့္ရတဦးကို ေမးျမန္းခဲ့ေပမယ့္ တံု႔ျပန္ခ်က္မရပါဘူး။

ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏုိင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္မူၾကမ္းတခုကုိ ၿပီးခဲ့ဲတဲ့ သီတင္းပတ္က မဲခြဲဆံုးျဖတ္ဖို႔ စီစဥ္ခဲ့ၿပီးမွ ျပန္ေရႊ႕ဆိုင္းထားတာျဖစ္ၿပီး ေထာက္ခံမႈပိုရဖို႔ အခုလို ေရႊ႕ဆိုင္းထားတာလို႔ သံတမန္တခ်ဳိ႕ကေျပာပါတယ္။


Unicode/

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ရေးတောင်းဆိုချက် မထည့်ဖို့ အာဆီယံ ၉ နိုင်ငံ တိုက်တွန်းတဲ့သတင်းထွက်လာ

မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး တောင်းဆိုတာမျိုးမလုပ်ဖို့ အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံက ကုလသမဂ္ဂကို တိုက်တွန်းထားတယ်လို့ Benar သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

Liechtenstein နိုင်ငံရဲ့ သံတမန်တဦးကိုကိုးကားပြီး ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနရဲ့ မိတ်ဘက်သတင်းဌာနတခုဖြစ်တဲ့ Benar သတင်းဌာနက အဲဒီလိုရေးထားတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းတခုကို ပြင်ဆင်ရေးဆွဲနေတဲ့ နိုင်ငံတွေဆီ အာဆီယံ ၉ နိုင်ငံက ပေးပို့တဲ့စာထဲမှာ အဲဒီလိုတိုက်တွန်းထားတဲ့အကြောင်း Liechtenstein သံတမန်ကပြောပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းထဲမှာထည့်မယ့် မြန်မာနိုင်ငံကို "လက်နက်ခဲယမ်းမျိုးစုံ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ထောက်ပံ့တာ၊ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းပေးတာကို ချက်ခြင်းရပ်ဆိုင်းရေး" ဆိုတဲ့ စာကြောင်းကို ဖယ်ရှားပေးဖို့ အာဆီယံ ၉ နိုင်ငံကပေးပို့တဲ့စာထဲမှာ ဖော်ပြထားတယ်လို့ Benar သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Liechtenstein နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Georg Sparber ကို ကိုးကားပြီး Benar သတင်းဌာနက ရေးထားတာဖြစ်ပြီး "စာထဲမှာ အကြောင်းပြချက် ပေးမထားဘူး" လို့ မစ္စတာ Sparber ကပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Liechtenstein နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ရိုက်တာသတင်းဌာနက အီးမေးပို့မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက်မရခဲ့ပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက ဒီစာနဲ့ပတ်သက်ပြီး သူမသိတဲ့အကြောင်းနဲ့ အာဆီယံကိုမေးဖို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အာဆီယံပြောခွင့်ရတဦးကို မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက်မရပါဘူး။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတခုကို ပြီးခဲ့ဲတဲ့ သီတင်းပတ်က မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပြီးမှ ပြန်ရွှေ့ဆိုင်းထားတာဖြစ်ပြီး ထောက်ခံမှုပိုရဖို့ အခုလို ရွှေ့ဆိုင်းထားတာလို့ သံတမန်တချို့ကပြောပါတယ်။

#ASEAN #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG