သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နမ့္ဖတ္ကာ စစ္ေကာင္စီတပ္စခန္းအခ်ိဳ႕ကို ရွမ္းေျမာက္ညီေနာင္မဟာမိတ္အဖဲြ႔ တိုက္ခိုက္


တိုက္ပဲြအတြင္း သိမ္းဆည္း ရရွိခဲ့တဲ့ လက္နက္မ်ား။ (ဓာတ္ပံု -MNDAA ေခၚ ကုိးကန္႔အဖဲြ႔ရဲ့ သတင္းစာမ်က္ႏွာ- ေမ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ ႔နယ္၊ နမ့္ဖတ္ကာ႐ြာက စစ္ေကာင္စီတပ္စခန္းအခ်ိဳ ႔ကို ညီေနာင္မဟာမိတ္ေခၚ ရွမ္းေျမာက္အေျခစိုက္ တိုင္းရင္းတပ္ဖြ႔ဲ ၃ ဖဲြ႔က ပူးေပါင္းတုိက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ အရပ္သားတေယာက္ေသဆံုးခဲ့သလို စစ္ေကာင္စီတပ္ဘက္က ၁၀ ေယာက္ထက္မနည္း ေသဆံုးခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက တုိက္ပဲြသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

တိုက္ပဲြအတြင္း သိမ္းဆည္း ရရွိခဲ့တဲ့ လက္နက္မ်ား။ (ဓာတ္ပံု -Kokang123.com- ေမ ၃၁၊ ၂၀၂၁)
တိုက္ပဲြအတြင္း သိမ္းဆည္း ရရွိခဲ့တဲ့ လက္နက္မ်ား။ (ဓာတ္ပံု -Kokang123.com- ေမ ၃၁၊ ၂၀၂၁)

TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခိုင္တပ္ဖဲြ႔ေတြ ပူးေပါင္းထားတဲ့ ညီေနာင္မဟာမိတ္တပ္ဖဲြ႔က ဒီကေန႔ ေမလ ၃၁ ရက္ေန႔ကူးၿပီး မၾကာခင္ မနက္ ၁ နာရီေလာက္မွာ ကြတ္ခိုင္ၿမိဳ ႔နယ္၊ နမ့္ဖတ္ကာ႐ြာမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီရဲ့ ခလရ ၁၂၃ တပ္စခန္း အပါအ၀င္ေနရာ ၃ ေနရာကို တၿပိဳင္တည္း စီးနင္းတုိက္ခိုက္ခဲ့တာပါ။

ဒီတုိက္ပဲြဟာ ေနရာ ၃ ေနရာေလာက္ကို ၀င္ေရာက္တုိက္ခုိက္ခဲ့တာျဖစ္ၿပီး အရပ္သားတစ္ဦး အပါအ၀င္ ၁၁ ေယာက္ ေသဆံုးခဲ့ေၾကာင္း နမ့္ဖတ္ကာ ေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“မနက္ ၁ နာရီေလာက္ ျဖစ္တာဗ်။ ၁ နာရီေလာက္ေန ၄ နာရီေလာက္ထိ။ ႏွစ္ဘက္လံုးက အသားကုန္ခ်တာဗ်။ ၁၂၃ တပ္ထဲနဲ႔ ဒီနားေလးက ၄၅ ကုန္းေပါ့။ ေနာက္ ၿမိဳ႕အထြက္က EPC ရံုးမွာ ထုိင္တဲ့ စခန္းကို သိမ္းသြားတာ။ သူတို႔ တပ္ဘက္က ၁၀ ေယာက္ေလာက္ က်ၿပီးေတာ့မွ EPC ရံုးေစာင့္တဲ့ အဖိုးၾကီးေလ။ အရပ္သားေပါ့။ အဲဒီတစ္ေယာက္နဲ႔ ၁၁ ေယာက္ေပါ့။”

လူေနအိမ္ေတြဘက္ကို လက္နက္ၾကီးက်ည္က်ေရာက္တာရိွေၾကာင္းနဲ႔ EPC ရံုးအနီးက ရပ္ကြက္ ၆ မွာ လက္နက္ၾကီးက်ည္ထိမွန္တာေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ ထိခုိက္ေပမဲ့ ဒဏ္ရာ မျပင္းထန္ေၾကာင္းလည္း ေျပာပါတယ္။

“ရိွေတာ့ ရိွတယ္ဗ်။ ၂ အိမ္ဗ်။ တစ္အိမ္ကေတာ့ မကဲြဘူး။ တစ္အိမ္ကေတာ့ ေဘးမွာ က်ၿပီးကဲြတယ္။ လူတစ္ေယာက္ထိတာေတာ့ ရိွတယ္။ လြယ္ကုန္ကတဲ့။ လြယ္ကုန္က ဘြားေတာ္တစ္ေယာက္ကေတာ့ ေျခေထာက္ကို နည္းနည္းေလး ထိတာပါ။ အစထိေတာ့ သူဟာသူ ဆဲြထုတ္ၿပီး ေဆးခန္းသြားျပတာ။ ၿပီးသြားၿပီတဲ့။ ”

အျခားေဒသခံေတြကေတာ့ စစ္တပ္ဘက္က အရာရိွ တစ္ဦးအပါအ၀င္ ၁၁ က်ဆံုးေၾကာင္း ေျပာေပမဲ့ သီးျခား အတည္ျပဳခ်က္ေတာ့ မရပါဘူး။ ေဒသတြင္း သတင္းမီဒီယာတစ္ခုျဖစ္တဲ့ ေရႊဖီေျမသတင္းဌာနကေတာ့ ဒုတပ္ရင္းမွဴးအပါအ၀င္ ၁၁ ဦးက်ဆံုးတယ္လို႔ ေဖာ္ျပပါတယ္။

စစ္ေကာင္စီရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက နမ့္ဖတ္ကာသတင္းနဲ႔ ပတ္သက္ၿပီး မသိရေသးေၾကာင္း ေျပာပါတယ္။

“ဒီေန႔ျဖစ္တာဆုိရင္ေတာ့ က်ေနာ္တုိ႔ မသိေသးဘူးဗ်။ ”

TNLA တအန္း(ပေလာင္)က ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးတာ့အိုက္ေက်ာ္ကို ေမးျမန္းရာမွာလည္း ေအာက္ေျခက သတင္းတက္လာတာ မရိွေသးေၾကာင္း ေျပာပါတယ္။

“မနက္က က်ေနာ္တုိ႔လည္း သတင္းေပၚမွာပဲ ေတြ႔ရေသးတယ္။ ေလာေလာဆယ္ က်ေနာ္တုိ႔ လူေတြဆီမွာ ေတာက္ေလွ်ာက္ ဖုန္းဆက္သြယ္လုိ႔လည္း ဖုန္းလိုင္းက ဆက္သြယ္လုိ႔လည္း မရေသးဘူးျဖစ္ေနတယ္။”

MNDAA ေခၚ ကုိးကန္႔အဖဲြ႔ရဲ့ Kokang123.com သတင္းစာမ်က္ႏွာမွာေတာ့ ညီေနာင္မဟာမိတ္ ၃ ဖဲြ႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့ရာမွာ တပ္မေတာ္က က်ဆံုးသူ ၁၂ ရိွခဲ့ေၾကာင္းနဲ႔ ေနာက္ပိုင္းမွာ ဒုတပ္ရင္းမွဴး တစ္ေယာက္ပါ၀င္တယ္လို႔ သိရေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီတိုက္ပဲြအတြင္းမွာ စက္ေသနတ္ ၁ လက္၊ ပစၥတို ၁လက္၊ ရိုင္ဖယ္ ၃လက္၊ ရိုင္ဖယ္ က်ည္အိမ္ ၁၃ ခုနဲ႔ ဗံုးသီးေတြအပါအ၀င္ ခဲယမ္းေတြ သိမ္းဆည္းရခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ သူတို႔ဘက္က အက်အဆံုး ဘယ္ေလာက္႐ွိလဲဆိုတာလည္း ေျပာမထားပါဘူး။

တနဂၤေႏြေန႔ ညေန ၈ နာရီေက်ာ္ေလာက္ကလည္း ကြတ္ခုိင္နဲ႔ သိႏီၷအၾကား ရင္ကဲြေတာင္မွာ တပ္မေတာ္နဲ႔ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔ ပူးေပါင္းတပ္ေတြအၾကား တုိက္ပဲြျဖစ္ခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးကေတာ့ တပ္မေတာ္ရဲ့စစ္ေရးဆိုင္ရာ လႈပ္ရွားမႈေတြကို ဇြန္လ ၁ ရက္ေန႔ကေန ၃၀ ရက္အထိ ရက္တိုး ရပ္ဆိုင္းထားေၾကာင္း ထုတ္ျပန္ပါတယ္။

ဒီလို ရပ္ဆုိင္းတာဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္ေရးနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြ ေအးခ်မ္းစြာ စာသင္ၾကားႏိုင္ေရးအတြက္ ရည္ရြယ္ၿပီး စစ္ေရးလႈပ္႐ွားမႈေတြ ရပ္ထားမယ္လို႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ဒါေပမဲ့ ဒီအပစ္အခတ္ရပ္စဲမႈဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံေတာ္အစိုးရရဲ့ ကာကြယ္ေရး၊ လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရး ကိစၥရပ္ေတြကို ထိပါးလာရင္ေတာ့ အႀကံဳးမဝင္ဘူးလို႔ ဆိုထားပါတယ္။

လက္ရိွအေျခအေနမွာေတာ့ စစ္ေကာင္စီတပ္ေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖဲြ႔ေတြနဲ႔သာမက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဖဲြ႔စည္းလုိက္တဲ့ ျပည္သူ႔ ကာကြယ္ေရးတပ္ေတြနဲ႔ပါ ေဒသအေတာ္မ်ားမ်ားမွာ တိုက္ပဲြျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းအချို့ကို ရှမ်းမြောက်ညီနောင်မဟာမိတ်အဖွဲ့ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာက စစ်ကောင်စီတပ်စခန်းအချို့ကို ညီနောင်မဟာမိတ်ခေါ် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းတပ်ဖွ့ဲ ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတယောက်သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ဒီကနေ့ မေလ ၃၁ ရက်နေ့ကူးပြီး မကြာခင် မနက် ၁ နာရီလောက်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်စခန်း အပါအဝင်နေရာ ၃ နေရာကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲဟာ နေရာ ၃ နေရာလောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦး အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက် ၁ နာရီလောက် ဖြစ်တာဗျ။ ၁ နာရီလောက်နေ ၄ နာရီလောက်ထိ။ နှစ်ဘက်လုံးက အသားကုန်ချတာဗျ။ ၁၂၃ တပ်ထဲနဲ့ ဒီနားလေးက ၄၅ ကုန်းပေါ့။ နောက် မြို့အထွက်က EPC ရုံးမှာ ထိုင်တဲ့ စခန်းကို သိမ်းသွားတာ။ သူတို့ တပ်ဘက်က ၁၀ ယောက်လောက် ကျပြီးတော့မှ EPC ရုံးစောင့်တဲ့ အဖိုးကြီးလေ။ အရပ်သားပေါ့။ အဲဒီတစ်ယောက်နဲ့ ၁၁ ယောက်ပေါ့။”

လူနေအိမ်တွေဘက်ကို လက်နက်ကြီးကျည်ကျရောက်တာရှိကြောင်းနဲ့ EPC ရုံးအနီးက ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ပေမဲ့ ဒဏ်ရာ မပြင်းထန်ကြောင်းလည်း ပြောပါတယ်။

“ရှိတော့ ရှိတယ်ဗျ။ ၂ အိမ်ဗျ။ တစ်အိမ်ကတော့ မကွဲဘူး။ တစ်အိမ်ကတော့ ဘေးမှာ ကျပြီးကွဲတယ်။ လူတစ်ယောက်ထိတာတော့ ရှိတယ်။ လွယ်ကုန်ကတဲ့။ လွယ်ကုန်က ဘွားတော်တစ်ယောက်ကတော့ ခြေထောက်ကို နည်းနည်းလေး ထိတာပါ။ အစထိတော့ သူဟာသူ ဆွဲထုတ်ပြီး ဆေးခန်းသွားပြတာ။ ပြီးသွားပြီတဲ့။ ”

အခြားဒေသခံတွေကတော့ စစ်တပ်ဘက်က အရာရှိ တစ်ဦးအပါအဝင် ၁၁ ကျဆုံးကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးကျဆုံးတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နမ့်ဖတ်ကာသတင်းနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ပြောပါတယ်။

“ဒီနေ့ဖြစ်တာဆိုရင်တော့ ကျနော်တို့ မသိသေးဘူးဗျ။ ”

TNLA တအန်း(ပလောင်)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကို မေးမြန်းရာမှာလည်း အောက်ခြေက သတင်းတက်လာတာ မရှိသေးကြောင်း ပြောပါတယ်။

“မနက်က ကျနော်တို့လည်း သတင်းပေါ်မှာပဲ တွေ့ရသေးတယ်။ လောလောဆယ် ကျနော်တို့ လူတွေဆီမှာ တောက်လျှောက် ဖုန်းဆက်သွယ်လို့လည်း ဖုန်းလိုင်းက ဆက်သွယ်လို့လည်း မရသေးဘူးဖြစ်နေတယ်။”

MNDAA ခေါ် ကိုးကန့်အဖွဲ့ရဲ့ Kokang123.com သတင်းစာမျက်နှာမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်က ကျဆုံးသူ ၁၂ ရှိခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ ဒုတပ်ရင်းမှူး တစ်ယောက်ပါဝင်တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စက်သေနတ် ၁ လက်၊ ပစ္စတို ၁လက်၊ ရိုင်ဖယ် ၃လက်၊ ရိုင်ဖယ် ကျည်အိမ် ၁၃ ခုနဲ့ ဗုံးသီးတွေအပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။ သူတို့ဘက်က အကျအဆုံး ဘယ်လောက်ရှိလဲဆိုတာလည်း ပြောမထားပါဘူး။

တနင်္ဂနွေနေ့ ညနေ ၈ နာရီကျော်လောက်ကလည်း ကွတ်ခိုင်နဲ့ သိန္နီအကြား ရင်ကွဲတောင်မှာ တပ်မတော်နဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ တပ်မတော်ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်အထိ ရက်တိုး ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ပါတယ်။

ဒီလို ရပ်ဆိုင်းတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အေးချမ်းစွာ စာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲမှုဟာ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်တွေကို ထိပါးလာရင်တော့ အကြုံးမဝင်ဘူးလို့ ဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့သာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ပါ ဒေသအတော်များများမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG