သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုတိုက္ပဲြ ႏွစ္ဘက္က်ဆံုးထိခိုက္မႈ ရွိ


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ ဒီေန႔ ဇြန္လ ၁ ရက္ေန႔ မနက္ပိုင္းက စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား တိုက္ခိုက္မႈေတြ ႐ွိခဲ့ပါတယ္။ မေန႔ညပိုင္းကေတာ့ တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး ႏွစ္ဘက္ပစ္ခတ္မႈေတြၾကား အရပ္သား တစ္ ေယာက္ ေသဆံုးခဲ့ပါတယ္။ တိုက္ပြဲေတြျဖစ္လို႔ ေဘးလြတ္ရာ ထြက္ေျပးေနရတဲ့ ျပည္တြင္းဒုကၡသည္ေတြလည္း ယာယီခိုလႈံေနတဲ့ေနရာေတြကေန ထပ္ၿပီး တိမ္းေ႐ွာင္ေနၾကရပါတယ္။ ဒီအေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။

စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ႐ွိေနတဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ ဒီေန႔မနက္ပိုင္းက အျပန္အလွန္ ပစ္ခတ္မႈ တခ်ဳိ႕႐ွိခဲ့ပါတယ္။

"ဒီမနက္ကေတာ့ ျပန္ပစ္တယ္လို႕ေတာ့ေျပာတယ္။ ဒီမနက္ျပန္ပစ္တယ္။ ဒါေပမဲ့လို႔ အခုအေျခအေနေတြကေတာ့ ျပန္ျငိမ္ေနတယ္။"

မေန႔ တနလၤာေန႔ ညေနပိုင္းကေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ ႏွစ္ဘက္တိုက္ပဲြေတြ ျပင္းထန္ခဲ့ၿပီး စစ္တပ္ဘက္က လက္နက္ႀကီးေတြအျပင္ ေလေၾကာင္းအကူသုံး တိုက္ခိုက္ခဲ့တယ္လို႔ ကရင္နီအမ်ိဳးသား ကာကြယ္ေရး အဖြဲ႕ KNDF ျပန္ၾကားေရးတာ၀န္ရွိသူတဦးက ေျပာပါတယ္။

"တိုက္ပြဲျဖစ္ပြါးတဲ့ေနရာ အတိအက်ကေတာ့ ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ေပါ့။ ေဒါငံခါးရပ္ကြက္နဲ႕ ကုန္းသာေက်းရြာၾကားက ေက်ာက္ဆည္ကန္မွာေပါ့ေနာ္။ တိုက္ပြဲကေန႔လယ္ ၁၂ နာရီကစျဖစ္တာေပါ့ေနာ္။ ည ၈ နာရီေလာက္အထိျဖစ္သြားခဲ့တာေပါ့။ အင္အားက ေတာ္ေတာ္မ်ားတယ္သူတို႔က။ စစ္ကူေတြနဲ႔ဆို ၁၀၀ ေက်ာ္ေက်ာ္ေလာက္ရွိမယ္။ ေနာက္ပိုင္းမွာ ဂ်က္ေလယာဥ္ ႏွစ္စီးရယ္၊ ဟယ္လီေကာ့ပတာႏွစ္စီးရယ္လာၿပီးေတာ့ စစ္ကူခဲ့တယ္ေပါ့ ... သူတို႔ဘက္ကေန။ ေနာက္ဒီ ဒီးေမာ့ဆိုၿမိဳ႕နယ္ကိုေပါ့ လိြဳင္ေကာ္ၿမိဳ႕ကေန ၁၂၀ မမေတြနဲ႔ တိုက္ပြဲစကေနၿပီးေတာ့ တညလုံး ပစ္ခတ္ခဲ့တာေပါ့။"

ကရင္နီအမ်ိဳးသား ကာကြယ္ေရး အဖြဲ႕ KNDF အဖြဲ႕ကို လြိဳင္ေကာ္ၿမိဳ႕နယ္္ ဒီးေမာ့ဆိုၿမိဳ႕ ၊ နန္းမယ္ခုန္ၿမိဳ႕၊ ဖယ္ခုံၿမိဳ႕နဲ႔ မိုးျဗဲၿမိဳ႕က PDFအဖြဲ႔ ၅ ခု ပူးေပါင္းၿပီးဖြဲ႕စည္းထားတာပါ။ တနလၤာေန႔ညက တိုက္ပဲြမွာ ႏွစ္ဘက္လံုး ေသဆံုး ဒဏ္ရာရမႈေတြ႐ွိခဲ့တယ္လို႔ KNDF ျပန္ၾကားေရးတာ၀န္ခံက ေျပာပါတယ္။

"တိုက္ပြဲအတြင္း က်ေနာ္တို႔ ဒီ PDF အဖြဲ႕အေနနဲ႕ကေတာ့ ႏွစ္ဦးက်ဆုံးတယ္ေပါ့။ ၅ ဦးဒဏ္ရာရတယ္။ စစ္ေကာင္စီဘက္ကေတာ့ ေတာ္ေတာ္မ်ားမ်ား က်ဆုံးတယ္လို႔ က်ေနာ္တို႔ သိထားတယ္ေပါ့။ ျမင္ေတြ႕ရသေလာက္ကို က်ေနာ္တို႔ အတည္ျပဳထားတယ္ေပါ့ေနာ္။ ၈၀ ၀န္းက်င္ေလာက္ကို က်ေနာ္တို႔ အတည္ျပဳထားတယ္။"

မေန႔က တိုက္ပြဲမွာ စစ္ေကာင္စီတပ္သား ၈၀ ေက်ာ္က်ဆုံးတယ္လို႕ KPDF ဘက္ကထုတ္ျပန္ထားေပမဲ့ ဗီြအိုေအအေနနဲ႔ သီးျခားအတည္မျပဳနိုင္ေသးသလို စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္တာမေတြ႕ရေသးပါဘူး။ စစ္ေကာင္စီေျပာခြင့္ရကိုလည္း ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

မေန႔က ပစ္ခတ္ တိုက္ခိုက္မႈေတြေၾကာင့္ အရပ္သား ၁ ေယာက္ ေသဆံုးခဲ့တယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕ခံတဦးက ေျပာပါတယ္။

"အရပ္သားထိခိုက္မွဳကေတာ့ ဒီေဒါငံခါးေပါ့။ ေဒါငံခါးကတေယာက္က ဆုံးသြားတယ္။ အဲဒီ တေယာက္ေပါ့ေနာ္။"

စစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္သံေတြကို ဒီေန႔မနက္ပိုင္းအထိ ၾကားေနရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ တိုက္ပြဲအတြင္း လြိဳင္ေကာ္ၿမိဳ႕ကေန ပစ္တဲ့ လက္နက္ႀကီးသံေတြေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္က ပီကင္းေကာခူ ယာယီဒုကၡသည္စခန္းက စစ္ေဘးဒုကၡသည္ ေထာင္ခ်ီဟာ ရွမ္းနီရြာဘက္ ထပ္မံတိမ္းေရွာင္ေနရတယ္လို႔ စစ္ေရွာင္ေကာ္မီတီ၀င္တဦးကေျပာပါတယ္။

"ဒီဘက္ေတာ့ေျပးေနရၿပီး ပီကင္းေကာခူဘက္။ ကြ်န္ေတာ္တို႕ဒီမွာ ရွမ္းနီမွာေသာင္တင္ေနတာ ၂ ရက္ေလာက္ရွိၿပီး။ က်ေနာ္တို႔ရဲ႕ ကယားျပည္နယ္ရွမ္းနီရြာေပါ့။ လူဦးေရက က်ေနာ္တို႔ ပထမတရက္မွာ ၁,၁၀၀ က်ေနာ္တို႔ ပီကင္းေကာခူမွာ စစ္ေဘးေၾကာက္လို႔ဆိုၿပီးမွ ရွမ္းနီဘက္ကို ေရာက္လာတာ။ ရွမ္းနီေရာက္ျပန္ေတာ့လည္း ညအခ်ိန္တို႔ ေန႔အခ်ိန္တို႔ ဗုံးသံေတြေသနတ္သံေတြ ၾကားရၿပီးမွ ဒီဘက္ေရာက္လာဖို႔ ရွိတယ္။ ေၾကာက္လန္႔ၾကရင္းနဲ႕ ေျပးၾကတာေပါ့။"

အဲဒီလို လက္နက္ႀကီးသံေတြေၾကာင့္ စိုးရိမ္ၾကတဲ့ တခ်ဳိ႕ စစ္ေဘးဒုကၡသည္ေတြဟာ မိုးျဗဲနယ္အစပ္က အေနာက္ပေဒါင္ေဒသဘက္မွာ တိမ္းေ႐ွာင္ဖုိ႔ ထပ္ၿပီး ထြက္သြားၾကတယ္လို႔လည္း သူက ေျပာျပပါတယ္။ ကယားျပည္နယ္ထဲမွာ ၁ လေလာက္ၾကာၿပီျဖစ္တဲ့ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္္ ဒီးေမာ့ဆို ၿမိဳ႕နယ္ ဖရူဆိုၿမိဳ႕နယ္နဲ႕ ရွမ္း-ကယားျပည္နယ္အစပ္က မိုးျဗဲၿမိဳ႕က ေဒသခံ ၇၀,၀၀၀ ေလာက္ အိုးအိမ္စြန္႔ခြာၿပီး ေဘးကင္းရာကို စစ္ေဘးတိမ္းေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒီးမော့ဆိုတိုက်ပွဲ နှစ်ဘက်ကျဆုံးထိခိုက်မှု ရှိ

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ မနေ့ညပိုင်းကတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြား အရပ်သား တစ် ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည်တွေလည်း ယာယီခိုလှုံနေတဲ့နေရာတွေကနေ ထပ်ပြီး တိမ်းရှောင်နေကြရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှု တချို့ရှိခဲ့ပါတယ်။

"ဒီမနက်ကတော့ ပြန်ပစ်တယ်လို့တော့ပြောတယ်။ ဒီမနက်ပြန်ပစ်တယ်။ ဒါပေမဲ့လို့ အခုအခြေအနေတွေကတော့ ပြန်ငြိမ်နေတယ်။"

မနေ့ တနင်္လာနေ့ ညနေပိုင်းကတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းအကူသုံး တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်ပွါးတဲ့နေရာ အတိအကျကတော့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ပေါ့။ ဒေါငံခါးရပ်ကွက်နဲ့ ကုန်းသာကျေးရွာကြားက ကျောက်ဆည်ကန်မှာပေါ့နော်။ တိုက်ပွဲကနေ့လယ် ၁၂ နာရီကစဖြစ်တာပေါ့နော်။ ည ၈ နာရီလောက်အထိဖြစ်သွားခဲ့တာပေါ့။ အင်အားက တော်တော်များတယ်သူတို့က။ စစ်ကူတွေနဲ့ဆို ၁၀၀ ကျော်ကျော်လောက်ရှိမယ်။ နောက်ပိုင်းမှာ ဂျက်လေယာဉ် နှစ်စီးရယ်၊ ဟယ်လီကော့ပတာနှစ်စီးရယ်လာပြီးတော့ စစ်ကူခဲ့တယ်ပေါ့ ... သူတို့ဘက်ကနေ။ နောက်ဒီ ဒီးမော့ဆိုမြို့နယ်ကိုပေါ့ လွိုင်ကော်မြို့ကနေ ၁၂၀ မမတွေနဲ့ တိုက်ပွဲစကနေပြီးတော့ တညလုံး ပစ်ခတ်ခဲ့တာပေါ့။"

ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDF အဖွဲ့ကို လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ ၊ နန်းမယ်ခုန်မြို့၊ ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့က PDFအဖွဲ့ ၅ ခု ပူးပေါင်းပြီးဖွဲ့စည်းထားတာပါ။ တနင်္လာနေ့ညက တိုက်ပွဲမှာ နှစ်ဘက်လုံး သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"တိုက်ပွဲအတွင်း ကျနော်တို့ ဒီ PDF အဖွဲ့အနေနဲ့ကတော့ နှစ်ဦးကျဆုံးတယ်ပေါ့။ ၅ ဦးဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကတော့ တော်တော်များများ ကျဆုံးတယ်လို့ ကျနော်တို့ သိထားတယ်ပေါ့။ မြင်တွေ့ရသလောက်ကို ကျနော်တို့ အတည်ပြုထားတယ်ပေါ့နော်။ ၈၀ ဝန်းကျင်လောက်ကို ကျနော်တို့ အတည်ပြုထားတယ်။"

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈၀ ကျော်ကျဆုံးတယ်လို့ KPDF ဘက်ကထုတ်ပြန်ထားပေမဲ့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မနေ့က ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုမြို့ခံတဦးက ပြောပါတယ်။

"အရပ်သားထိခိုက်မှုကတော့ ဒီဒေါငံခါးပေါ့။ ဒေါငံခါးကတယောက်က ဆုံးသွားတယ်။ အဲဒီ တယောက်ပေါ့နော်။"

စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို ဒီနေ့မနက်ပိုင်းအထိ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လွိုင်ကော်မြို့ကနေ ပစ်တဲ့ လက်နက်ကြီးသံတွေကြောင့် လွိုင်ကော်မြို့နယ်က ပီကင်းကောခူ ယာယီဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည် ထောင်ချီဟာ ရှမ်းနီရွာဘက် ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။

"ဒီဘက်တော့ပြေးနေရပြီး ပီကင်းကောခူဘက်။ ကျွန်တော်တို့ဒီမှာ ရှမ်းနီမှာသောင်တင်နေတာ ၂ ရက်လောက်ရှိပြီး။ ကျနော်တို့ရဲ့ ကယားပြည်နယ်ရှမ်းနီရွာပေါ့။ လူဦးရေက ကျနော်တို့ ပထမတရက်မှာ ၁,၁၀၀ ကျနော်တို့ ပီကင်းကောခူမှာ စစ်ဘေးကြောက်လို့ဆိုပြီးမှ ရှမ်းနီဘက်ကို ရောက်လာတာ။ ရှမ်းနီရောက်ပြန်တော့လည်း ညအချိန်တို့ နေ့အချိန်တို့ ဗုံးသံတွေသေနတ်သံတွေ ကြားရပြီးမှ ဒီဘက်ရောက်လာဖို့ ရှိတယ်။ ကြောက်လန့်ကြရင်းနဲ့ ပြေးကြတာပေါ့။"

အဲဒီလို လက်နက်ကြီးသံတွေကြောင့် စိုးရိမ်ကြတဲ့ တချို့ စစ်ဘေးဒုက္ခသည်တွေဟာ မိုးဗြဲနယ်အစပ်က အနောက်ပဒေါင်ဒေသဘက်မှာ တိမ်းရှောင်ဖို့ ထပ်ပြီး ထွက်သွားကြတယ်လို့လည်း သူက ပြောပြပါတယ်။ ကယားပြည်နယ်ထဲမှာ ၁ လလောက်ကြာပြီဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ် ဒီးမော့ဆို မြို့နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ်က မိုးဗြဲမြို့က ဒေသခံ ၇၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG