(Zawgyi/Unicode)
ဂါဇာကမ္းေျမာင္ေဒသမွာ ဟားမာ့စ္စစ္ေသြးႂကြေတြအေပၚ အစၥေရးရဲ႕ ဗုံးႀကဲတိုက္ခိုက္မႈေတြကို သိသိသာသာေလွ်ာ့ခ်ဖို ့အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ေတာင္းဆိုမႈကို အစၥေရး၀န္ႀကီးခ်ဳပ္ Benjamin Netanyahu က ခါးခါးသီးသီး ျငင္းပယ္လိုက္ပါတယ္။
အဲဒီအစား ရည္ရြယ္ခ်က္ေတြၿပီးေျမာက္တဲ့အထိ စစ္ဆင္ေရးကို ဆက္ၿပီးလုပ္ေဆာင္သြားဖို ့ဆံုးျဖတ္ထားတယ္လို ့Netanyahu ရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
အေမရိကန္သမၼတရဲ႕ ေထာက္ခံမႈကို လြန္စြာေက်နပ္အားရေပမယ္ ့ အစၥေရးျပည္သူေတြကို လံုျခံဳတည္ၿငိမ္ေရးဆီကို ျပည္လည္ေဆာင္က်ဥ္းေပးဖို ့ အစၥေရးအေနနဲ႕ တြန္းၿပီးလုပ္ေဆာင္သြားမယ္လို ့လည္း ေျပာဆိုသြားပါတယ္။
သမၼတ ဂ်ိဴးဘိုင္ဒန္ကေတာ့ အစၥေရးေခါင္းေဆာင္ Netanyahu ကို အပစ္အခတ္ရပ္စဲေရးလမ္းေၾကာင္းေပၚကိုသြားဖို ့ သိသာထင္ရွားတဲ့ ပစ္ခတ္မႈေလ်ာ့ခ်တာေတြကို သူေမွ်ာ္လင့္ထားတယ္လို ့ေျပာဆိုထားေၾကာင္း အိမ္ျဖဴေတာ္ကဆိုပါတယ္။
ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အျပင္းအထန္အေ၀ဖန္ခံေနရတဲ့ Netanyahu ကေတာ့ သူ ့ရဲ႕ တပ္ဖြဲ ့ေတြဟာ အရပ္သား အေသအေပ်ာက္နည္းဖို ့အေကာင္းဆံုးလုပ္ေဆာင္ေနၾကတာျဖစ္ေၾကာင္း တုံ႔ျပန္ေျပာဆိုထားပါတယ္။
ပါလက္စတိုင္းသမၼတ Mahmoud Abbas ကေတာ့ ဒါကို ခါးခါးသီးသီး ျငင္းဆိုလိုက္ၿပီး အစၥေရးေတြဟာ ဂါဇာမွာ စစ္ရာဇ၀တ္မႈေတြနဲ ့ အစိုးရ အားေပးအားေႁမွာက္လုပ္တဲ့ အၾကမ္းဖက္မႈေတြကို က်ဴးလြန္ေနၾကတယ္လို ့ ႐ုပ္ျမင္သံၾကားမိန္ ့ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။
ကုလသမဂၢ လူ ့အခြင့္အေရးကၽြမ္းက်င္သူေတြကေတာ့ လူေနထူထပ္တဲ့ ေနရာေတြကို အစၥေရးရဲ႕တိုက္ခိုက္မႈအတြက္ အရပ္ဘက္ စစ္ဘက္ခြဲျခားမႈမရွိပဲ အလြန္အကၽြံအင္အားသံုးစြဲတယ္လို႔ ထုုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
အပစ္အခက္ရပ္စဲေရးထုတ္ျပန္ေၾကညာႏိုင္ေရး ကုလသမဂၢလံုျခံဳေရးေကာင္စီမဲခြဲရာမွာေတာ့ အစၥေရးရဲ႕ မဟာမိတ္ျဖစ္တဲ့ အေမရိကန္က ဗြီတိုအာဏာနဲ ့ ပိတ္ဆို ့ထားၿပီး ဒီလိုထုတ္ျပန္ေၾကညာခ်က္က သံတမန္ေရးအားထုတ္မႈေတြအတြက္ အကူအညီမရရွိေစဘူးလို ့ဆိုပါတယ္။
..............
တိုက်ခိုက်မှု အရှိန်လျှော့ဖို့ သမ္မတ Biden တောင်းဆိုမှု အစ္စရေးလ် ပယ်ချ
(Unicode)
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမာ့စ်စစ်သွေးကြွတွေအပေါ် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို သိသိသာသာလျှော့ချဖို့အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့တောင်းဆိုမှုကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။
အဲဒီအစား ရည်ရွယ်ချက်တွေပြီးမြောက်တဲ့အထိ စစ်ဆင်ရေးကို ဆက်ပြီးလုပ်ဆောင်သွားဖို့ဆုံးဖြတ်ထားတယ်လို့Netanyahu ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရဲ့ ထောက်ခံမှုကို လွန်စွာကျေနပ်အားရပေမယ့် အစ္စရေးပြည်သူတွေကို လုံခြုံတည်ငြိမ်ရေးဆီကို ပြည်လည်ဆောင်ကျဉ်းပေးဖို့ အစ္စရေးအနေနဲ့ တွန်းပြီးလုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။
သမ္မတ ဂျိူးဘိုင်ဒန်ကတော့ အစ္စရေးခေါင်းဆောင် Netanyahu ကို အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းပေါ်ကိုသွားဖို့ သိသာထင်ရှားတဲ့ ပစ်ခတ်မှုလျော့ချတာတွေကို သူမျှော်လင့်ထားတယ်လို့ပြောဆိုထားကြောင်း အိမ်ဖြူတော်ကဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြင်းအထန်အဝေဖန်ခံနေရတဲ့ Netanyahu ကတော့ သူ့ရဲ့ တပ်ဖွဲ့တွေဟာ အရပ်သား အသေအပျောက်နည်းဖို့အကောင်းဆုံးလုပ်ဆောင်နေကြတာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
ပါလက်စတိုင်းသမ္မတ Mahmoud Abbas ကတော့ ဒါကို ခါးခါးသီးသီး ငြင်းဆိုလိုက်ပြီး အစ္စရေးတွေဟာ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေနဲ့ အစိုးရ အားပေးအားမြှောက်လုပ်တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့ လူနေထူထပ်တဲ့ နေရာတွေကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွက် အရပ်ဘက် စစ်ဘက်ခွဲခြားမှုမရှိပဲ အလွန်အကျွံအင်အားသုံးစွဲတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အပစ်အခက်ရပ်စဲရေးထုတ်ပြန်ကြေညာနိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမဲခွဲရာမှာတော့ အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်က ဗွီတိုအာဏာနဲ့ ပိတ်ဆို့ထားပြီး ဒီလိုထုတ်ပြန်ကြေညာချက်က သံတမန်ရေးအားထုတ်မှုတွေအတွက် အကူအညီမရရှိစေဘူးလို့ဆိုပါတယ်။