သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးခဲ့သူတွေ ဈာပန ပါလက်စတိုင်းပြည်သူထောင်ချီ တတ်ရောက်


အစ္စရေးနဲ့ ဂါဇာ နယ်စပ်က ဆန္ဒပြသူတွေနဲ့ အစ္စရေးလ် တပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ်ဖြစ်မှု အတွင်း သေဆုံးခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေထဲက ပထမ အသုတ် အသုဘ အခမ်းအနားကို မနေ့ အင်္ဂါနေ့က ဂါဇာမှာ ပြုလုပ်တာမှာတော့ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်း ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

အစ္စရေး တပ်ဖွဲ့တွေရဲ့ လုပ်ရပ်က ဆိုးရွားလှကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေကလည်း ရှုတ်ချထားပါတယ်။ အသုဘ လိုက်ပါပို့ဆောင်ကြသူ အများအပြားကတော့ ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်းခဲ့ကြသလို ပြီးခဲ့တဲ့ တနလာၤနေ့ က လူပေါင်း ၆၀ သေဆုံး၊ ၂၇၀၀ ဒဏ်ရာရခဲ့မှု အတွက် အစ္စရေးလ်ကို လက်စားချေဖို့လည်း တချို့က တောင်းဆိုခဲ့ကြပါတယ်။ ဂါဇာတောင်ပိုင်းက အသုဘ အခမ်းအနား ၂ ခုမှာ လိုက်ပါပို့ဆောင်သူတွေကတော့ သေဆုံးခဲ့ရသူတွေကို အာဇာနည်တွေ အဖြစ် သတ်မှတ်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

ဂါဇာ နယ်စပ် တလျှောက်နဲ့ အနောက်ဘက်ကမ်းတို့မှာလည်း ဆန္ဒပြပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက မီးရှိုှု့၊ နောက်အစ္စရေးလ်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အစ္စရေးလ် တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ပါတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့က ဂျေရုစလင်မှာ အမေရိကန် သံရုံးသစ် ဖွင့်တာကို ဆန့်ကျင်တဲ့ အခမ်းအနား ကျင်းပရာ နေရာနဲ့ ကီလိုမီတာ ၁၀၀ လောက် အဝေးမှာ လုပ်တဲ့ ဆန္ဒပြပွဲမှာတော့ လူပေါင်း ၄ သောင်းလောက် ရှိခဲ့ပြီး မနေ့ အင်္ဂါနေ့ကတော့ အဲဒီလောက် မများပါဘူး။

နေရာ အတော်များများမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ရာချီ ရှိခဲ့ပါတယ်။ မနေ့ အင်္ဂါနေ့ ဆန္ဒပြပွဲမှာတော့ အနည်းဆုံး ပါလက်စတိုင်း ၂ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က နယ်စပ်တွေကို ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ ခုခံ ပြောဆိုနေတာပါ။ ဒါပေမယ့် ပါလက်စတိုင်း ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့မှု အတွက်တော့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG