သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအဓိကရုန်း သေဆုံးသူ ၅၀ ကျော် ဒဏ်ရာရသူ ၂၀၀၀ ကျော်


Jerusalem မှာ အမေရိကန်သံရုံးအသစ်ဖွင့်လှစ်တာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ဂါဇာဒေသမှာ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး သူတို့တတွေနဲ့ အစ္စရေးရဲတွေကြား ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူပေါင်း ၅၀ ကျော်သေဆုံးပြီး လူ ၂၀၀၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ နေရာနဲ့ ကီလိုမီတာ တရာလောက်ပဲ ဝေးတဲ့ နေရာမှာတော့ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေဟာ အမေရိကန် သံရုံး အသစ်ဖွင့်ပွဲ ကျင်းပနေကြတာပါ။ သံရုံးဖွင့်တာကို ဆန္ဒပြသူ ၄ သောင်းကျော် ရှိတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အဓိကရုန်းအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူက ၅၂ ယောက် ရှိတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဒါဟာ ၂၀၁၄ ခုနှစ်ကစပြီး အစ္စရေးနဲ့ ဖြစ်ပွါးတဲ့ စစ်ပွဲအတွင်း အသေအပျောက်အများဆုံး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက် များလာတာနဲ့ အမျှ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်အပါအဝင် တချို့နိုင်ငံတွေက အခုလို သွေးထွက်သံယိုမှုတွေ ရပ်ဆိုင်းဖို့ အစ္စရေးကို တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ လက်မခံပဲ အခုလို အကြမ်းဖက်မှုတွေ ဟာ ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ Hamas စစ်သွေးကြွအဖွဲ့က လုပ်ဆောင်တာလို့ အပြစ်တင်ခဲ့ပါတယ်။

Jerusalem ဟာ အစ္စရေးရဲ့ မြို့တော်ဖြစ်ကြောင်း အခုလို သံရုံးဖွင့်ပွဲအတွက် သမ္မတ Trump က Video သဝဏ်လွှာ ပေးပို့ခဲ့ သလို သမ္မတအိမ်ဖြူပြောခွင့်ရ Raj Shah ကလည်း Jerusalem မြို့ဟာ ဂျူး၊ ခရစ်ယာန်နဲ့ မူဆလင် အားလုံးအတွက်ဖြစ်ပြီး၊ အခုလို သံရုံးဖွင့်တဲ့ ကိစ္စဟာ အမေရိကန်ရဲ့ အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်စေမှာမဟုတ်ဘူးလို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG