(Zawgyi/Unicode)
ဇြန္လ ၂၀ ရက္ေန႔ က်ေရာက္တဲ့ ကမာၻ႔ဒုကၡသည္ေန႔ အထိမ္းအမွတ္ အခမ္းအနားေတြ ႏိုင္ငံတကာမွာ က်င္းပဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေတာ့ ၿပီးခဲ့တဲ့သုံးလက မီးေလာင္ပ်က္စီးသြားတဲ့ အိမ္ေတြကို မိုးမက်ခင္အမီ ျပင္ဆင္ ေဆာက္လုပ္ေနၾကရပါတယ္။
"ၿပီးခဲ့တဲ့ သုံးလလံုး ပလပ္စတစ္နဲ႔ ယာယီေဆာက္ထားတဲ့ အိမ္ေလးထဲမွာ က်ဥ္းက်ဥ္းၾကပ္ၾကပ္ ေနခဲ့ရတဲ့အတြက္ အေတာ္ေလး ဒုကၡေရာက္ခဲ့ပါတယ္" လို႔ မီးေလာင္ကြ်မ္းမႈမွာ ခင္ပြန္းျဖစ္သူ ဆုံးပါးသြားတဲ့ ဒုကၡသည္ အမ်ဳိးသမီးတေယာက္ကေျပာပါတယ္။ အခုေတာ့ ေနစရာအိမ္တလုံး ပိုင္ဆိုင္ရလို႔ ၀မ္းသာမိပါတယ္လို႔လည္း ေျပာပါတယ္။
မတ္လ တတိယပတ္အတြင္း ဘာလုခါလီ ဒုကၡသည္စခန္းမွာ ေလာင္ခဲ့တဲ့မီးေၾကာင့္ စခန္းအတြင္း လူေနအိမ္ေတြ၊ စာသင္ေက်ာင္းေတြ၊ ေစ်းဆိုင္ေတြ ပ်က္စီးခဲ့သလို လူ တဒါဇင္ေလာက္ ေသဆုံးခဲ့တယ္လို႔ ကုလသမဂၢ အဖြဲ႔အစည္းေတြက ေျပာပါတယ္။ မီးေဘးေၾကာင့္ ဒုကၡသည္ ၄၀,၀၀၀ ေက်ာ္ ထပ္ၿပီး ထိခိုက္ခဲ့ရသလို ဒုကၡသည္ ၄၀၀ ေလာက္ မိသားစုေတြနဲ႔ ရက္အတန္ၾကာ တကြဲတျပားစီ ျဖစ္ခဲ့ၾကပါတယ္။
သူတို႔လာခဲ့တဲ့ေနရပ္ကို ျပန္ႏိုင္ေရး ႏိ္ုင္ငံတကာေခါင္းေဆာင္ေတြက ကူညီေပးၾကဖို႔လည္း စခန္းအတြင္းက ဒုကၡသည္တခ်ဳိ႕ကေျပာပါတယ္။ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြထဲက အမ်ားစုဟာ ႐ိုဟင္ဂ်ာဆိုတဲ့နာမည္ကို လက္မခံတဲ့ ျမန္မာႏိုင္ငံဘက္က လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြရဲ႕ ႏွိပ္စက္ သတ္ျဖတ္မႈေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ၂၀၁၇ ခုႏွစ္မွာ ထြက္ေျပးခဲ့ၾကသူေတြျဖစ္ပါတယ္။
ဒုကၡသည္ ေနရပ္ျပန္ပို႔ေရး အစီအစဥ္ေတြ အေကာင္အထည္ မေဖၚႏိုင္ေသးသလို Cox's Bazar ဒုကၡသည္ စခန္းက ဒုကၡသည္ ၁၀,၀၀၀ ေလာက္ကို Bhasan Char ကြ်န္းမွာ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြက ေျပာင္းေရြ႕ ေနရာခ်ထားပါတယ္။ မိုးရာသီကာလဆိုရင္ ေရလႊမ္းတတ္တဲ့ကြ်န္းမွာ ဒုကၡသည္ေတြကို ေနရာခ်တဲ့အတြက္ ဘဂၤလားေဒရွ္႕အစိုးရအေပၚ ေဝဖန္ ကန္႔ကြက္မႈေတြလည္း ရွိေနၾကပါတယ္။
..........................................................................................
မီးဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရဆဲ
(Unicode)
ဇွန်လ ၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံတကာမှာ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ပြီးခဲ့တဲ့သုံးလက မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေကို မိုးမကျခင်အမီ ပြင်ဆင် ဆောက်လုပ်နေကြရပါတယ်။
"ပြီးခဲ့တဲ့ သုံးလလုံး ပလပ်စတစ်နဲ့ ယာယီဆောက်ထားတဲ့ အိမ်လေးထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ် နေခဲ့ရတဲ့အတွက် အတော်လေး ဒုက္ခရောက်ခဲ့ပါတယ်" လို့ မီးလောင်ကျွမ်းမှုမှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့ ဒုက္ခသည် အမျိုးသမီးတယောက်ကပြောပါတယ်။ အခုတော့ နေစရာအိမ်တလုံး ပိုင်ဆိုင်ရလို့ ဝမ်းသာမိပါတယ်လို့လည်း ပြောပါတယ်။
မတ်လ တတိယပတ်အတွင်း ဘာလုခါလီ ဒုက္ခသည်စခန်းမှာ လောင်ခဲ့တဲ့မီးကြောင့် စခန်းအတွင်း လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေ ပျက်စီးခဲ့သလို လူ တဒါဇင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောပါတယ်။ မီးဘေးကြောင့် ဒုက္ခသည် ၄၀,၀၀၀ ကျော် ထပ်ပြီး ထိခိုက်ခဲ့ရသလို ဒုက္ခသည် ၄၀၀ လောက် မိသားစုတွေနဲ့ ရက်အတန်ကြာ တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။
သူတို့လာခဲ့တဲ့နေရပ်ကို ပြန်နိုင်ရေး နိုင်ငံတကာခေါင်းဆောင်တွေက ကူညီပေးကြဖို့လည်း စခန်းအတွင်းက ဒုက္ခသည်တချို့ကပြောပါတယ်။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက အများစုဟာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၂၀၁၇ ခုနှစ်မှာ ထွက်ပြေးခဲ့ကြသူတွေဖြစ်ပါတယ်။
ဒုက္ခသည် နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ အကောင်အထည် မဖေါ်နိုင်သေးသလို Cox's Bazar ဒုက္ခသည် စခန်းက ဒုက္ခသည် ၁၀,၀၀၀ လောက်ကို Bhasan Char ကျွန်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောင်းရွေ့ နေရာချထားပါတယ်။ မိုးရာသီကာလဆိုရင် ရေလွှမ်းတတ်တဲ့ကျွန်းမှာ ဒုက္ခသည်တွေကို နေရာချတဲ့အတွက် ဘင်္ဂလားဒေရှ့်အစိုးရအပေါ် ဝေဖန် ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။