သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရဆဲ

မီးလောင်ပျက်စီးသွားပြီးနောက် ယာယီအမိုးအကာများနှင့်နေထိုင်ကြရသော Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ- AFP)
မီးလောင်ပျက်စီးသွားပြီးနောက် ယာယီအမိုးအကာများနှင့်နေထိုင်ကြရသော Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)

ဇွန်လ ၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံတကာမှာ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ပြီးခဲ့တဲ့သုံးလက မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေကို မိုးမကျခင်အမီ ပြင်ဆင် ဆောက်လုပ်နေကြရပါတယ်။

"ပြီးခဲ့တဲ့ သုံးလလုံး ပလပ်စတစ်နဲ့ ယာယီဆောက်ထားတဲ့ အိမ်လေးထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ် နေခဲ့ရတဲ့အတွက် အတော်လေး ဒုက္ခရောက်ခဲ့ပါတယ်" လို့ မီးလောင်ကျွမ်းမှုမှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့ ဒုက္ခသည် အမျိုးသမီးတယောက်ကပြောပါတယ်။ အခုတော့ နေစရာအိမ်တလုံး ပိုင်ဆိုင်ရလို့ ဝမ်းသာမိပါတယ်လို့လည်း ပြောပါတယ်။

မတ်လ တတိယပတ်အတွင်း ဘာလုခါလီ ဒုက္ခသည်စခန်းမှာ လောင်ခဲ့တဲ့မီးကြောင့် စခန်းအတွင်း လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေ ပျက်စီးခဲ့သလို လူ တဒါဇင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောပါတယ်။ မီးဘေးကြောင့် ဒုက္ခသည် ၄၀,၀၀၀ ကျော် ထပ်ပြီး ထိခိုက်ခဲ့ရသလို ဒုက္ခသည် ၄၀၀ လောက် မိသားစုတွေနဲ့ ရက်အတန်ကြာ တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။

သူတို့လာခဲ့တဲ့နေရပ်ကို ပြန်နိုင်ရေး နိုင်ငံတကာခေါင်းဆောင်တွေက ကူညီပေးကြဖို့လည်း စခန်းအတွင်းက ဒုက္ခသည်တချို့ကပြောပါတယ်။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက အများစုဟာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၂၀၁၇ ခုနှစ်မှာ ထွက်ပြေးခဲ့ကြသူတွေဖြစ်ပါတယ်။

ဒုက္ခသည် နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ အကောင်အထည် မဖေါ်နိုင်သေးသလို Cox's Bazar ဒုက္ခသည် စခန်းက ဒုက္ခသည် ၁၀,၀၀၀ လောက်ကို Bhasan Char ကျွန်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောင်းရွေ့ နေရာချထားပါတယ်။ မိုးရာသီကာလဆိုရင် ရေလွှမ်းတတ်တဲ့ကျွန်းမှာ ဒုက္ခသည်တွေကို နေရာချတဲ့အတွက် ဘင်္ဂလားဒေရှ့်အစိုးရအပေါ် ဝေဖန် ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။

..........................................................................................

မီးဘေးသင့် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရဆဲ
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်



(Unicode)






This item is part of
XS
SM
MD
LG