သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ ကိုယ္ေရးအခ်က္အလက္ စုေဆာင္းမႈ လံုၿခံဳေရး ကုလ နဲ႔ ဘဂၤလားေဒ႔ရ္ွ ပူးေပါင္းေဆာင္ရြက္


UNHCR ၀န္ထမ္းက Aceh ျပည္နယ္ေရာက္လာေသာ ရိုဟင္ဂ်ာ အမ်ိဳးသမီးတဦးအား စာရင္းေကာက္ © UNHCR/Jiro Ose

(Zawgyi/Unicode)

႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ကုိယ္ေရးမွတ္တမ္း စာရင္းျပဳစုခ်က္ေတြနဲ႔ ပတ္သက္ရင္ အျပည့္အ၀ ကာကြယ္ေဆာင္ရြက္ေနေၾကာင္း UNHCR ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက အဂၤါေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢဒုကၡသည္ ေအဂ်င္စီျဖစ္တဲ့ UNHCR အေနနဲ႔ ကမၻာတ၀ွမ္းရွိေနတဲ့ ဒုကၡသည္ေတြရဲ႕ကိုယ္ေရးမွတ္တမ္းေတြကုိ စာရင္းျပဳ စုေဆာင္းတဲ့ အခ်က္အလက္ေတြ လံုၿခံဳေရး ေသခ်ာေအာင္ေဆာင္ရြက္ေရး ျပတ္သားတဲ့ မူ၀ါဒရွိေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ အခ်က္အလက္ေတြေ၀မွ်မႈဆိုင္ရာ ဘဂၤလားေဒ့ရွ္ အစုိးရနဲ႔ UNHCR တို႔ႏွစ္ဘက္ သေဘာတူညီမႈ စာခ်ြန္လႊာကို ၂၀၁၈ခုနွစ္ ဇန္န၀ါရီလမွာ ေရးထိုးခဲ့သလို၊ ရိုဟင္ဂ်င္ဒုကၡသည္ေတြနဲ႔ ပတ္သက္တဲ့ ကိုယ္ေရးမွတ္တမ္းအခ်က္အလက္ေတြကိုလည္း ပူးေပါင္းေကာက္ယူတဲ့ အစီအစဥ္နဲ႔ ေဆာင္ရြက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အဲဒီလို လုပ္ေဆာင္ရာမွာ မေတာ္တဆ ဒါမွမဟုတ္ ခြင့္ျပဳခ်က္မရွိဘဲ ဖ်က္ဆီးျခင္း၊ မေတာ္တဆ ဆံုးရွဳံးျခင္း၊ ခြင့္ျပဳခ်က္မရွိပဲ ၀င္ေရာက္ၾကည့္ရွဳ၊ အသံုးျပဳျခင္း၊ ေျပာင္းလဲျခင္း ဒါမွမဟုတ္ ျဖန္႔ေ၀ျခင္း စတာေတြနဲ႔ အျခားခြင့္ျပဳခ်က္မရွိတဲ့ လုပ္ေဆာင္မႈေတြကေန အကာအကြယ္ေပးထားတဲ့ အစီအစဥ္ေတြလည္း ပါ၀င္တယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္မွာရွိတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ စာရင္းအခ်က္အလက္ေကာက္ယူရာမွာလည္း ႏွစ္ဘက္ပူးေပါင္းေဆာင္ရြက္တဲ့ အစီအစဥ္အေၾကာင္း ဒုကၡသည္ မိသားစုအလုိက္ကိုလည္း အေသအခ်ာ ရွင္းျပသလို၊ ဒီအစီအစဥ္ဟာ အကာအကြယ္ေပးေရး၊ အခ်က္အလက္စုေဆာင္းဖို႔နဲ႔ သူတို႔ကို အကူအညီေပးဖို႔ျဖစ္တယ္ဆိုတာကိုလည္း ေျပာၾကားခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

ဒါအျပင္ ဒီလို ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ ဒုကၡသည္ေတြေနရပ္ျပန္ေရးကိစၥမွာ ျမန္မာအစိုးရကို ဘဂၤလားေဒ့ရွ္ဘက္က မွ်ေ၀တယ္ဆိုရင္ ခြင့္ျပဳမျပဳသက္ဆိုင္ရာဒုကၡသည္တဦးခ်င္းစီကို သီးျခားေမးျမန္းခဲ့ေၾကာင္းလည္း UNHCR ရဲ႕ ေျဖရွင္းတုံ႔ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံက လက္ခံထားတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေပါင္း ၈၈၀,၀၀၀ ေလာက္ရွိေနေၾကာင္းလည္း ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရိုဟင်ဂျာဒုက္ခသည် ကိုယ်ရေးအချက်အလက် စုဆောင်းမှု လုံခြုံရေး ကုလ နဲ့ ဘင်္ဂလားဒေ့ရ်ှ ပူးပေါင်းဆောင်ရွက်
(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးမှတ်တမ်း စာရင်းပြုစုချက်တွေနဲ့ ပတ်သက်ရင် အပြည့်အ၀ ကာကွယ်ဆောင်ရွက်နေကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီဖြစ်တဲ့ UNHCR အနေနဲ့ ကမ္ဘာတဝှမ်းရှိနေတဲ့ ဒုက္ခသည်တွေရဲ့ကိုယ်ရေးမှတ်တမ်းတွေကို စာရင်းပြု စုဆောင်းတဲ့ အချက်အလက်တွေ လုံခြုံရေး သေချာအောင်ဆောင်ရွက်ရေး ပြတ်သားတဲ့ မူဝါဒရှိကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် အချက်အလက်တွေဝေမျှမှုဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့နှစ်ဘက် သဘောတူညီမှု စာချွန်လွှာကို ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာ ရေးထိုးခဲ့သလို၊ ရိုဟင်ဂျင်ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးမှတ်တမ်းအချက်အလက်တွေကိုလည်း ပူးပေါင်းကောက်ယူတဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလို လုပ်ဆောင်ရာမှာ မတော်တဆ ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ ဖျက်ဆီးခြင်း၊ မတော်တဆ ဆုံးရှုံးခြင်း၊ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ကြည့်ရှု၊ အသုံးပြုခြင်း၊ ပြောင်းလဲခြင်း ဒါမှမဟုတ် ဖြန့်ဝေခြင်း စတာတွေနဲ့ အခြားခွင့်ပြုချက်မရှိတဲ့ လုပ်ဆောင်မှုတွေကနေ အကာအကွယ်ပေးထားတဲ့ အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ စာရင်းအချက်အလက်ကောက်ယူရာမှာလည်း နှစ်ဘက်ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အကြောင်း ဒုက္ခသည် မိသားစုအလိုက်ကိုလည်း အသေအချာ ရှင်းပြသလို၊ ဒီအစီအစဉ်ဟာ အကာအကွယ်ပေးရေး၊ အချက်အလက်စုဆောင်းဖို့နဲ့ သူတို့ကို အကူအညီပေးဖို့ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင် ဒီလို ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စမှာ မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်ဘက်က မျှဝေတယ်ဆိုရင် ခွင့်ပြုမပြုသက်ဆိုင်ရာဒုက္ခသည်တဦးချင်းစီကို သီးခြားမေးမြန်းခဲ့ကြောင်းလည်း UNHCR ရဲ့ ဖြေရှင်းတုံ့ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈၈၀,၀၀၀ လောက်ရှိနေကြောင်းလည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG