သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ စက္ေလွတစင္း အင္ဒိုနီးရွားကၽြန္းေရာက္ရွိ


Idaman က်ြန္းအနီး ပင္လယ္ထဲေမ်ာေနတဲ့ ရိုဟင္ဂ်ာေတြ ကို အင္ဒိုအစိုးရမွ ကမ္းေျခမွာ ကယ္ဆယ္ထားပံု (ဓာတ္ပံု - AP)

(Zawgyi/Unicode)
႐ိုဟင္ဂ်ာဒုကၡသည္ ၉၀ ေက်ာ္လိုက္ပါလာတဲ့ စက္ေလွဟာ ကပၸလီပင္လယ္ျပင္ထဲမွာ ရက္ေပါင္း တရာေက်ာ္ ေမ်ာေနၿပီးမွာ ဇြန္လ ၄ ရက္ ေသာၾကာေန႔မွာ အင္ဒိုနီးရွားႏိုင္ငံ အာခ်ယ္ျပည္နယ္ထဲက Idaman ကၽြန္းကို အသက္ရွင္ရက္ ၈၁ ေယာက္ ေရာက္လာတယ္လို႔ အင္ဒိုနီးရွား လူ႔အခြင့္ေရးအရာရွိေတြက ေျပာပါတယ္။

ဒီစက္ေလွဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ Cox's Bazar ကေန အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ လူေပါင္း ၉၀ လိုက္ပါလာတာ ျဖစ္ၿပီး သူတို႔ဟာ မေလးရွားႏိုင္ငံကို ဦးတည္ထြက္လာၾကတာလို႔ သေဘၤာေပၚမွာ လိုက္ပါလာတဲ့ မိုဟာမက္ Eliyas က ေျပာပါတယ္။

သူတို႔ဟာ ျမန္မာႏိုင္ငံကျဖစ္ေၾကာင္းနဲ႔ မေလးရွားကို သြားခ်င္လို႔ ထြက္လာတာ ျဖစ္ၿပီး လမ္းမွာ စက္ပ်က္သြားသလို လမ္းမသိေတာ့ပဲ အခု ဒီကၽြန္းကိုေရာက္လာတာျဖစ္ေၾကာင္း ေျပာသြားတာပါ။

ကပၸလီပင္လယ္ျပင္ထဲမွာ ဒုကၡသည္ ၉၀ လိုက္ပါလာတဲ့ စက္ေလွ ပ်က္သြားတာကို ေျခရာခံလိုက္ၾကည့္တဲ့ အိႏၵိယ ကမ္း႐ိုးတန္းေစာင့္တပ္က ေဖေဖၚဝါရီလထဲမွာပဲ ျပန္ျပင္ေပးခဲ့ၿပီး အစားအစာနဲ႔ လိုအပ္တာေတြ ေပးၿပီး ျပန္လႊတ္လိုက္တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ဒုကၡသည္ေတြထဲက ၈ ေယာက္ ေသဆံုးေနတာကို သူတို႔ ေတြ႕ခဲ့ရ တယ္လို႔လည္း ေျပာပါတယ္။

ဒီဒုကၡသည္ေတြကို အိႏၵိယက လက္မခံသလို ဘဂၤလာေဒ့ရွ္ ကလည္း ျပန္လာခြင့္ မေပးခဲ့ပါဘူး။ သူတို႔ ပင္လယ္ထဲ ေမ်ာေနတာ အခုခ်ိန္အထိဆို ရက္ေပါင္း ၁၁၃ ရက္ရွိၿပီျဖစ္ၿပီး ဒီၾကားထဲမွာ ႏိုင္ငံတကာ အကူအညီေပးေရး အဖြဲ႔ေတြကေရာ မိသားစုဝင္ေတြကပါ စက္ေလွေပၚမွာ အသက္ရွင္ က်န္ရစ္သူ ၈၁ ေယာက္ကို လက္ခံဖို႔ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာနဲ႔ မေလးရွား အစိုးရေတြဆီ ထပ္တလဲလဲ ပန္ၾကားခဲ့တာပါ။ အခုေတာ့ ဒီဒုကၡသည္ေတြဟာ အင္ဒိုနီးရွား ႏိုင္ငံကို ေရာက္လာၿပီျဖစ္ၿပီး သူတို႔နဲ႔ပတ္သက္ၿပီး အင္ဒိုနီးရွား အစိုးရဘက္က ခ်က္ခ်င္း တုန္႔ျပန္ေျပာဆိုတာေတာ့ မရွိေသးပါဘူး။

.........................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်း အင်ဒိုနီးရှားကျွန်းရောက်ရှိ

(Unicode)
ရိုဟင်ဂျာဒုက္ခသည် ၉၀ ကျော်လိုက်ပါလာတဲ့ စက်လှေဟာ ကပ္ပလီပင်လယ်ပြင်ထဲမှာ ရက်ပေါင်း တရာကျော် မျောနေပြီးမှာ ဇွန်လ ၄ ရက် သောကြာနေ့မှာ အင်ဒိုနီးရှားနိုင်ငံ အာချယ်ပြည်နယ်ထဲက Idaman ကျွန်းကို အသက်ရှင်ရက် ၈၁ ယောက် ရောက်လာတယ်လို့ အင်ဒိုနီးရှား လူ့အခွင့်ရေးအရာရှိတွေက ပြောပါတယ်။

ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၉၀ လိုက်ပါလာတာ ဖြစ်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို ဦးတည်ထွက်လာကြတာလို့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ မိုဟာမက် Eliyas က ပြောပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံကဖြစ်ကြောင်းနဲ့ မလေးရှားကို သွားချင်လို့ ထွက်လာတာ ဖြစ်ပြီး လမ်းမှာ စက်ပျက်သွားသလို လမ်းမသိတော့ပဲ အခု ဒီကျွန်းကိုရောက်လာတာဖြစ်ကြောင်း ပြောသွားတာပါ။

ကပ္ပလီပင်လယ်ပြင်ထဲမှာ ဒုက္ခသည် ၉၀ လိုက်ပါလာတဲ့ စက်လှေ ပျက်သွားတာကို ခြေရာခံလိုက်ကြည့်တဲ့ အိန္ဒိယ ကမ်းရိုးတန်းစောင့်တပ်က ဖေဖေါ်ဝါရီလထဲမှာပဲ ပြန်ပြင်ပေးခဲ့ပြီး အစားအစာနဲ့ လိုအပ်တာတွေ ပေးပြီး ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဒုက္ခသည်တွေထဲက ၈ ယောက် သေဆုံးနေတာကို သူတို့ တွေ့ခဲ့ရ တယ်လို့လည်း ပြောပါတယ်။

ဒီဒုက္ခသည်တွေကို အိန္ဒိယက လက်မခံသလို ဘင်္ဂလာဒေ့ရှ် ကလည်း ပြန်လာခွင့် မပေးခဲ့ပါဘူး။ သူတို့ ပင်လယ်ထဲ မျောနေတာ အခုချိန်အထိဆို ရက်ပေါင်း ၁၁၃ ရက်ရှိပြီဖြစ်ပြီး ဒီကြားထဲမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကရော မိသားစုဝင်တွေကပါ စက်လှေပေါ်မှာ အသက်ရှင် ကျန်ရစ်သူ ၈၁ ယောက်ကို လက်ခံဖို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှား အစိုးရတွေဆီ ထပ်တလဲလဲ ပန်ကြားခဲ့တာပါ။ အခုတော့ ဒီဒုက္ခသည်တွေဟာ အင်ဒိုနီးရှား နိုင်ငံကို ရောက်လာပြီဖြစ်ပြီး သူတို့နဲ့ပတ်သက်ပြီး အင်ဒိုနီးရှား အစိုးရဘက်က ချက်ချင်း တုန့်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG