{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ခိုလႈံေနၾကတ့ဲ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံရဲ ႔ဥပေဒနဲ႔ အညီျဖစ္မွသာ ျပန္လက္ခံမယ္လုိ႔ စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာပါတယ္။
ဒီ ဒုကၡသည္ေတြျပန္လက္ခံေရးမွာ ျမန္မာ့ဥပေဒနဲ႔ ညီညႊတ္မႈမရွိရင္ ထည့္သြင္းစဥ္းစားလို႔မရႏိုင္ဘူလို႔ တရုတ္နိင္ငံက Phoenix ရုပ္သံေမးျမန္းခန္းမွာ ျမန္မာစစ္ေခါင္းေဆာင္က ေျပာဆိုသြားတာပါ။
၂၀၁၇ ခုနွစ္ရခိုင္ျပည္နယ္ေျမာက္ပုိင္း စစ္တပ္ရဲ ႔ႏွိမ္ႏွင္းမႈေတြေၾကာင့္ အိိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ဖက္ ထြက္ေျပးခိုလႈံေနရတဲ့ ရိုဟင္ဂ်ာ တသန္းနီးပါးရွိၿပီး၊ ဒါဟာ လူမ်ိဳးတုံးေအာင္ ရည္ရြယ္လုပ္ေဆာင္မႈျဖစ္တယ္လို႔ ကုလသမဂၢစုံစမ္းစစ္ေဆးေရးမွဴးေတြက ေျပာဆိုထားပါတယ္။
ရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကလည္း ၿဗိတိန္လက္ေအာက္ ျမန္မာ့လြတ္လပ္ေရးရခဲ့တဲ့ ၁၉၄၈ ခုႏွစ္ေနာက္ပုိင္းက်မွ ေပၚလာတာလို႔လည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေျပာဆိုခ့့့့ဲပါတယ္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း သန္းေခါင္စာရင္းေတြမွာ ဘဂၤါလီ၊ ပါကစၥတန္နီနဲ႔ စစ္တေကာင္းဆိုတဲ့ နာမည္ေတြပဲရွိၿပီး ရိုဟင္ဂ်ာဆိုတာ ဘယ္တုန္းကမွ မရွိခဲ့တဲ့အတြက္ ဒီအသုံးအႏႈန္းကို လုံး၀လက္မခံဘူးလို႔လည္း ေျပာၾကားသြားပါတယ္။
ရိုဟင္ဂ်ာဆိုတဲ့အသုံးကိုျမန္မာအာဏာပိုင္ေတြဖက္က တရား၀င္လက္ခံသံုးႏံႈးခဲ့တာမရွိပါဘူး။
ရခုိင္ေျမာက္ပုိင္းက ႏွိမ္ႏွင္းမႈေတြဟာ လက္နက္ကုိင္ရိုဟင္ဂ်ာေတြအေပၚ စစ္ဆင္ေရးသာျဖစ္ၿပီး၊ ဒါ လူမ်ိဳးတုံး တုိ္က္ခိုက္မႈမဟုတ္ဘူးဆိုၿပီး ျမန္မာစစ္တပ္နဲ႔ ရာထူးကဖယ္ရွားခံရတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ကာကြယ္ေျပာဆိုခဲ့ပါတယ္။ ျမန္မာစစ္တပ္ရဲ ႔လုပ္ရပ္ေတြကို ကာကြယ္ေျပာဆိုခဲ့တဲ့အတြက္ေၾကာင့္ အခုလက္ရွိထိမ္းသိမ္းခံေနရတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏုိင္ငံတကာရဲ ႔ေ၀ဖန္မႈနဲ႔ရင္ဆုိင္ခဲ့ရပါတယ္။
စစ္အာဏာသိမ္းၿပီးမၾကာခင္မွာပဲ ရိုဟင္ဂ်ာေတြေနရပ္ျပန္ေခၚေရး ဆက္လုပ္မယ္လို႔ စစ္တပ္ကေျပာဆုိထားေပမယ့္၊ ျပည္တြင္းအၾကပ္အတည္းေတြရင္ဆုိင္ေနရတဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္လို႔ တိုးတက္မႈေတြ ခုခ်ိန္ထိ မေတြ႔ရေသးပါဘူး။
.......................................................
{{Unicode}}
ရိုဟင်ဂျာအသုံးအနှုန်း လက်မခံ - ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံရဲ့ဥပဒေနဲ့ အညီဖြစ်မှသာ ပြန်လက်ခံမယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီ ဒုက္ခသည်တွေပြန်လက်ခံရေးမှာ မြန်မာ့ဥပဒေနဲ့ ညီညွှတ်မှုမရှိရင် ထည့်သွင်းစဉ်းစားလို့မရနိုင်ဘူလို့ တရုတ်နိင်ငံက Phoenix ရုပ်သံမေးမြန်းခန်းမှာ မြန်မာစစ်ခေါင်းဆောင်က ပြောဆိုသွားတာပါ။
၂၀၁၇ ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်ရဲ့နှိမ်နှင်းမှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ တသန်းနီးပါးရှိပြီး၊ ဒါဟာ လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်မှုဖြစ်တယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောဆိုထားပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကလည်း ဗြိတိန်လက်အောက် မြန်မာ့လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းကျမှ ပေါ်လာတာလို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်းတွေမှာ ဘင်္ဂါလီ၊ ပါကစ္စတန်နီနဲ့ စစ်တကောင်းဆိုတဲ့ နာမည်တွေပဲရှိပြီး ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အတွက် ဒီအသုံးအနှုန်းကို လုံးဝလက်မခံဘူးလို့လည်း ပြောကြားသွားပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးကိုမြန်မာအာဏာပိုင်တွေဖက်က တရားဝင်လက်ခံသုံးနှုံးခဲ့တာမရှိပါဘူး။
ရခိုင်မြောက်ပိုင်းက နှိမ်နှင်းမှုတွေဟာ လက်နက်ကိုင်ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးသာဖြစ်ပြီး၊ ဒါ လူမျိုးတုံး တိုက်ခိုက်မှုမဟုတ်ဘူးဆိုပြီး မြန်မာစစ်တပ်နဲ့ ရာထူးကဖယ်ရှားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပြောဆိုခဲ့တဲ့အတွက်ကြောင့် အခုလက်ရှိထိမ်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးမကြာခင်မှာပဲ ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေး ဆက်လုပ်မယ်လို့ စစ်တပ်ကပြောဆိုထားပေမယ့်၊ ပြည်တွင်းအကြပ်အတည်းတွေရင်ဆိုင်နေရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ တိုးတက်မှုတွေ ခုချိန်ထိ မတွေ့ရသေးပါဘူး။