သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှု အခြေအနေ ကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ သွားလာမှု ထိန်းချုပ်


(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း ၅ ခုမှာ သွားလာလှုပ်ရှားမှုတွေကို ကြာသပတေးနေ့မှာပဲ ကန့်သတ် ထိန်းချုပ်လိုက်ပါတယ်။

ခန့်မှန်းချေ ရိုဟင်ဂျာ ၁ သိန်းကျော်လောက် နေထိုင်တဲ့ စခန်းတွေမှာ လူစုလူဝေး လုပ်တာတွေ၊ စခန်းတခုနဲ့တခု သွားလာတာတွေ အပါအဝင် ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များဆိုင်ရာ လက်ထောက် ကော်မရှင်နာမင်းကြီး Shamsud Douza က AFP သတင်းဌာနကို ပြောခဲ့တာပါ။

ဒုက္ခသည် စခန်းတွေမှာ ဗုဒ္ဓဟူးနေ့က တရက်တည်း စံချိန်တင် ကူးစက်မှုတွေ တွေ့ရှိခဲ့ရတာကြောင့် ကန့်သတ်ချက်တွေ ထုတ်ခဲ့ရတာလို့လည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ရောဂါပိုး စစ်ဆေးခဲ့တဲ့ ရိုဟင်ဂျာ ၂၄၇ ယောက်အနက်၊ ၄၅ ယောက်မှာ ကူးစက်နေတာ တွေ့ရှိခဲ့ရပြီး၊ ကြာသပတေးနေ့မှာလည်း ၄၅ ယောက် ထပ်မံ အတည်ပြုနိုင်ခဲ့ကြောင်း ဒေသခံကျန်းမာရေး တာဝန်ခံ တယောက်ကလည်း ပြောဆိုခဲ့တာပါ။

ရောဂါကူးစက်သူတွေ ရုတ်တရက် တိုးလာတာကြောင့် စခန်း ၅ ခုစလုံးကို ပိတ်ထားလိုက်ပြီး၊ စခန်းတွေထဲမှာ ကျန်းမာရေး၊ အစားအစာနဲ့ ဂတ်စ် ဖြန့်ဝေတဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူနေတဲ့သူ အနည်းအကျဉ်းလောက်ကလွဲလို့ သွားလာမှုတွေ ကန့်သတ်ထားတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ လက်ထောက် ကော်မရှင်နာမင်းကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတချို့ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာစစ်တပ်က လိုက်လံ ရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအာဏာပိုင်တွေ တရားဝင် လက်ခံမထားပေမဲ့၊ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံဖို့ ကတိပြုထားပြီး၊ ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ်ရေးထိုး ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.........

(Unicode)







XS
SM
MD
LG