သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း မြေပြိုမှု ဒုက္ခသည် ၂ ဦး သေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်က ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်း။ (ဇွန် ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မုတ်သုံမိုး အပြင်းအထန်ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ မြေပြိုတာတွေဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၂ ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

"မြေပြိုတာကြောင့် အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးသွားတဲ့သတင်း ရထားပါတယ်။ အသေးစိတ်သိရဖို့ ကြိုးစားနေပါတယ်" လို့ ဒုက္ခသည်အရေး ကြီးကြပ်ကိုင်တွယ်ရတဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ Mohammad Shamsud Douza က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံး ဒုက္ခသည်တွေနေထိုင်ရာ နေရာလို့ ခေါ်ဆိုကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ခရိုင်က ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးဟာ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေထဲမှာ စုပြုံပြီး နေနေကြရတာပါ။

လွန်ခဲ့တဲ့လေးနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်ဆင်ရေးလုပ် ရှင်းလင်းချိန်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာမွတ်စလင်တွေ ထွက်ပြေးသွားကြတာဖြစ်ပြီး ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာနိုင်ငံက အသိအမှတ် ပြုမထားပါဘူး။

ဒါပေမယ့်လည်း ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းထားတဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို တရားဝင် အသိအမှတ်ပြုထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ဖို့ အဟန့်အတားဖြစ်နေတဲ့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းမယ်ဆိုတာ အပါအဝင် ရိုဟင်ဂျာအရေး NUG ရဲ့ မူဝါဒတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG