Zawgyi/Unicode
အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားစုပါ၀င္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၈၀ ေလာက္ အင္ဒိုနီးရွားႏိ္ုင္ငံ ကမ္း႐ိုးတန္းက ကၽြန္းတခုကို ဒီကေန႔ပဲ ေရာက္လာခဲ့တဲ့အေၾကာင္း ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖြဲ႔တခ်ိဳ႕က ေျပာပါတယ္။
ဒုကၡသည္ေတြစီးလာတဲ့ စက္ေလွဟာ ကပၸလီပင္လယ္ျပင္မွာ စက္ပ်က္ၿပီး ပင္လယ္ထဲမွာ ရက္ေပါင္း ၁၁၃ ရက္ၾကာ ေမ်ာေနခဲ့ၿပီးေတာ့မွ ခုလို အင္ဒိုနီးရွားႏိုင္ငံ ကမ္းေျခကို ေရာက္လာတာလို႔ ဒုကၡသည္အေရး ေဆာင္ရြက္ေနသူေတြကို ကိုးကားၿပီး AFP နဲ႔ ႐ိုက္တာသတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းေတြထဲကေန ပိုမို ေကာင္းမြန္တဲ့ ဘ၀သစ္ ထူေထာင္ႏိုင္ဖို႔ ရည္ရြယ္ခ်က္နဲ႔ မေလးရွားႏိုင္ငံကို ဦးတည္ၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက ဒီဒုကၡသည္ေတြ ထြက္ခြာလာၾကတာလို႔လည္း ေျပာပါတယ္။
ဒီဒုကၡသည္ေတြ ဆိုက္ေရာက္လာတဲ့သတင္းကို သူတို႔ သိရွိထားေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ ေအဂ်င္စီ UNHCR က ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ မေျပာေသးပါဘူး။ အင္ဒိုနီးရွားအစိုးရကလည္း ဒီဒုကၡသည္ေတြ ေရာက္ရွိလာတာနဲ႔ ပတ္သက္လို႔ ဘယ္လို ကိုင္တြယ္သြားမယ္ဆိုတာ မေျပာေသးပါဘူး။
ျမန္မာႏိ္ုင္ငံအတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ရတဲ့ ဒုကၡသည္ေတြ သိန္းနဲ႔ခ်ီ ရွိေနၿပီး လူဦးေရထူထပ္တဲ့ ဒုကၡသည္စခန္းေတြထဲကေန ေဒသတြင္း စီးပြားေရးေကာင္းမြန္တဲ့ႏိုင္ငံေတြမွာ အေျခခ်ေနထိုင္ခြင့္ရဖို႔ ပင္လယ္ျပင္ကိုျဖတ္ၿပီး ခုလို သြားေရာက္ေလ့ ရွိၾကတာပါ။ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာဆိုတာကို တရား၀င္ သံုးႏႈန္းေျပာဆိုတာ မရွိေပမယ့္ ဒုကၡသည္ ေနရပ္ျပန္ႏိုင္ေရး ႀကိဳးပမ္းမႈေတြေတာ့ ရွိခဲ့ပါတယ္။
Unicode
ရိုဟင်ဂျာဒုက္ခသည် ၈၀ အင်ဒိုနီးရှားကျွန်းတခုကိုဆိုက်ရောက်
အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ လောက် အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုးတန်းက ကျွန်းတခုကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့အကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့က ပြောပါတယ်။
ဒုက္ခသည်တွေစီးလာတဲ့ စက်လှေဟာ ကပ္ပလီပင်လယ်ပြင်မှာ စက်ပျက်ပြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၁၁၃ ရက်ကြာ မျောနေခဲ့ပြီးတော့မှ ခုလို အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေကို ရောက်လာတာလို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေကို ကိုးကားပြီး AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲကနေ ပိုမို ကောင်းမွန်တဲ့ ဘဝသစ် ထူထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မလေးရှားနိုင်ငံကို ဦးတည်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဒီဒုက္ခသည်တွေ ထွက်ခွာလာကြတာလို့လည်း ပြောပါတယ်။
ဒီဒုက္ခသည်တွေ ဆိုက်ရောက်လာတဲ့သတင်းကို သူတို့ သိရှိထားကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ အင်ဒိုနီးရှားအစိုးရကလည်း ဒီဒုက္ခသည်တွေ ရောက်ရှိလာတာနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်သွားမယ်ဆိုတာ မပြောသေးပါဘူး။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေပြီး လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ဒေသတွင်း စီးပွားရေးကောင်းမွန်တဲ့နိုင်ငံတွေမှာ အခြေချနေထိုင်ခွင့်ရဖို့ ပင်လယ်ပြင်ကိုဖြတ်ပြီး ခုလို သွားရောက်လေ့ ရှိကြတာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် သုံးနှုန်းပြောဆိုတာ မရှိပေမယ့် ဒုက္ခသည် နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေတော့ ရှိခဲ့ပါတယ်။
#Rohingya #MyanmarRefugees #Bangladesh #voaburmese #ရိုဟင်ဂျာ #ဒုက္ခသည် #ဘင်္ဂလားဒေ့ရှ် #ဗွီအိုအေမြန်မာပိုင်း