[Zawgyi/Unicode]
NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာဆိုင္ရာမူဝါဒသစ္ ေၾကညာရာမွာ သူတို႔အတြက္ ႏိုင္ငံသားျဖစ္ေရး ခက္ခဲေစတဲ့ ၁၉၈၂ ႏိုင္ငံသားဥပေဒကို ဖ်က္သိမ္းျပင္ဆင္ဖို႔ရွိေၾကာင္း ထည့္ေျပာခဲ့ပါတယ္။
ေရြးေကာက္ပြဲအႏုိင္ရ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္ေတြ အဓိကပါတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကေန ဖြဲ႔ေပးခဲ့တဲ့ NUG အစိုးရက ဖြဲ႔စည္းပံုအေျခခံဥပေဒေရးၿပီး အခုလိုလုပ္မွသာ ရိုဟင္ဂ်ာအေရး အေထာက္အကူျပဳဖို႔ ယံုၾကည္တယ္လို႔ ဒီေန႔ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။
အခုလို ျဖစ္ေပၚလာမဲ့ ႏုိင္ငံသားျဖစ္ေရး ဥပေဒသစ္ေအာက္မွာ ျမန္မာႏိုင္ငံသားမိဘေတြက ေမြးသူျဖစ္ရင္ ျမန္မာႏိုင္ငံထဲ ေမြးတာ၊ မေမြးတာအေပၚ မူမတည္ဘဲ ႏိုင္ငံသားျဖစ္ခြင့္ရွိႏိုင္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီ ေၾကညာခ်က္ထဲမွာ “ဥပေဒသစ္အရ ျမန္မာႏိုင္ငံသားျဖစ္မႈသည္ ျမန္မာႏိုင္ငံတြင္းေမြးဖြားျခင္း သို႔မဟုတ္ မည္သည့္ေနရာတြင္ျဖစ္ေစ ျမန္မာႏိုင္ငံသား မိဘမ်ားမွ ေမြးဖြားသူျဖစ္ျခင္းကို အေျခခံေစရမည္။” လို႔ အတိအက် ေရးသားထားပါတယ္။
ဒါ့အျပင္ ႐ိုဟင္ဂ်ာအျပင္ အျခားလူမ်ိဳးေတြအေပၚမွာပါ လူ့အခြင့္အေရး ခ်ိဳးေဖာက္ေစႏိုင္တဲ့၊ ႏိုင္ငံသားစိစစ္ေရးကဒ္ ျပဌာန္းလုပ္ေဆာင္တဲ့ လုပ္ငန္းစဥ္ေတြကိုလည္း ပယ္ဖ်က္သြားမယ္လို႔ ဆက္ေဖာ္ျပထားပါတယ္။
အရင္ ေရြးေကာက္ခံ ျမန္မာအစိုးရကေရာ၊ ဒီအစိုးရလက္ထဲကေန အာဏာသိမ္းယူခဲ့တဲ့ စစ္ေကာင္စီကပါ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္လက္ခံမထားပါဘူး။
[Unicode Version]
ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အဓိကပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဖွဲ့ပေးခဲ့တဲ့ NUG အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေရေးပြီး အခုလိုလုပ်မှသာ ရိုဟင်ဂျာအရေး အထောက်အကူပြုဖို့ ယုံကြည်တယ်လို့ ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုလို ဖြစ်ပေါ်လာမဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေသစ်အောက်မှာ မြန်မာနိုင်ငံသားမိဘတွေက မွေးသူဖြစ်ရင် မြန်မာနိုင်ငံထဲ မွေးတာ၊ မမွေးတာအပေါ် မူမတည်ဘဲ နိုင်ငံသားဖြစ်ခွင့်ရှိနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီ ကြေညာချက်ထဲမှာ “ဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်။” လို့ အတိအကျ ရေးသားထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအပြင် အခြားလူမျိုးတွေအပေါ်မှာပါ လူ့အခွင့်အရေး ချိုးဖောက်စေနိုင်တဲ့၊ နိုင်ငံသားစိစစ်ရေးကဒ် ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပယ်ဖျက်သွားမယ်လို့ ဆက်ဖော်ပြထားပါတယ်။
အရင် ရွေးကောက်ခံ မြန်မာအစိုးရကရော၊ ဒီအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူး။