သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ေတြကို ႏိုင္ငံတကာကူညီဖို႔ UNHCR  ေတာင္းဆို


Bhasan Char က်ြန္းဆီကို ရိုဟင္ဂ်ာဒုကၡသည္မ်ားအား သ ေဘၤာျဖင့္ ေရႊ ေျပာင္းစဥ္ (ဓာတ္ပံု- REUTERS/Mohammad Ponir Hossain/File Photo)

(Zawgyi/Unicode)
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအေရး ႏိုင္ငံတကာ အသိုင္းအ၀န္းက ဆက္လက္ ပံ့ပိုးကူညီေပးၾကဖို႔ ဒီသီတင္းပတ္ထဲမွာပဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ၄ ရက္ၾကာ ခရီးထြက္ခဲ့တဲ့ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ အဆင့္ျမင့္အရာရွိ ၂ ဦးက ေျပာဆိုလိုက္ပါတယ္။ ဒုကၡသည္ေတြကို ကာကြယ္ေစာင့္ေရွာက္ေရး၊ အဆင္ေျပေျပ ေနထိုင္ႏိုင္ေရးအျပင္၊ ဘ၀ေရွ႕ေရး ေရရွည္အတြက္ အေျဖရွာႏိုင္ဖို႔ ဦးစားေပး ေဆာင္ရြက္ၾကဖို႔လည္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ လက္ေထာက္မဟာမင္းႀကီးေတြ ျဖစ္ၾကတဲ့ Gillian Triggs နဲ႔ Raouf Mazou တို႔က ဗုဒၶဟူးေန႔ ခရီးစဥ္ အဆုံးသတ္ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ တိုက္တြန္းထားတာပါ။

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ဘဂၤလားေဒ့ရွ္ အစိုးရက စီစဥ္ထားတဲ့ ဘာရွန္ခ်ာကၽြန္းကိုလည္း ကုလသမဂၢ တာ၀န္ရွိသူေတြ သြားေရာက္ၾကည့္႐ႈခဲ့ရာမွာေတာ့ အိမ္ယာေဆာက္လုပ္ထားတာ အပါအ၀င္ အကုန္အက်ခံ သုံးစဲြထားတာေတြ ေတြ႕ရေပမဲ့လည္း ဘာရွန္ခ်ာ ကၽြန္းမွာ ေရာက္ေနၾကတဲ့ ဒုကၡသည္ ၁၈,၀၀၀ ေလာက္အတြက္ ကာကြယ္ေစာင့္ေရွာက္မႈနဲ႔ အကူအညီ လိုအပ္ခ်က္ေတြ ရွိေနတာကိုလည္း ေထာက္ျပခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအေရးအတြက္ ျမန္မာႏိုင္ငံမွာ တာ၀န္ရွိသလို၊ အေျဖဟာလည္း ျမန္မာႏိုင္ငံအေပၚ မူတည္ေနေၾကာင္းလည္း ကုလသမဂၢ ေကာ္မရွင္နာမင္းႀကီးေတြက ေျပာဆိုထားပါတယ္။

ရခိုင္ျပည္နယ္မွာရွိတဲ့ နယ္ျခားေစာင့္ ကင္းစခန္းတခ်ဳိ႕ကို ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္ေတြက ၂၀၁၇ ခုႏွစ္တုန္းက ၀င္ေရာက္တိုက္ခိုက္ခဲ့တာကို တုံ႔ျပန္တဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ ေနာက္ဆက္တဲြ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ တိမ္းေရွာင္သြားခဲ့ၾကတာပါ။ ျမန္မာအာဏာပိုင္ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရား၀င္ အသိအမွတ္ျပဳ လက္မခံေပမဲ့ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို စိစစ္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားစီ နားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထိုးထားပါတယ္။ ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အထမေျမာက္ေသးသလို၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္အေရး ဘယ္လို ဆက္လက္ ကိုင္တြယ္မလဲ ဆိုတာကလည္း ရွင္းရွင္းလင္းလင္းေတာ့ မရွိေသးပါဘူး။

........................................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံတကာကူညီဖို့ UNHCR တောင်းဆို
ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် ပံ့ပိုးကူညီပေးကြဖို့ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ ခရီးထွက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ရေး၊ အဆင်ပြေပြေ နေထိုင်နိုင်ရေးအပြင်၊ ဘဝရှေ့ရေး ရေရှည်အတွက် အဖြေရှာနိုင်ဖို့ ဦးစားပေး ဆောင်ရွက်ကြဖို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီးတွေ ဖြစ်ကြတဲ့ Gillian Triggs နဲ့ Raouf Mazou တို့က ဗုဒ္ဓဟူးနေ့ ခရီးစဉ် အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ထားတဲ့ ဘာရှန်ချာကျွန်းကိုလည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုခဲ့ရာမှာတော့ အိမ်ယာဆောက်လုပ်ထားတာ အပါအဝင် အကုန်အကျခံ သုံးစွဲထားတာတွေ တွေ့ရပေမဲ့လည်း ဘာရှန်ချာ ကျွန်းမှာ ရောက်နေကြတဲ့ ဒုက္ခသည် ၁၈,၀၀၀ လောက်အတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီ လိုအပ်ချက်တွေ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသလို၊ အဖြေဟာလည်း မြန်မာနိုင်ငံအပေါ် မူတည်နေကြောင်းလည်း ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးတွေက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG