သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင္႔ ရိုဟင္ဂ်ာအေရး မေပါ႔ေလ်ာ႔ေစဖို႔ ကုလဆိုင္ရာ သံအမတ္တခ်ိဳ႕ ေဆြးေႏြးခ်က္ (တက္ေရာက္ခဲ႔သူ မေဝေဝႏု နွင္႔ ေမးျမန္းခန္း) 


ျမန္မာ့ လက္ရွိ အေျခအေနနဲ႔ ႐ိုဟင္ဂ်ာ လူနည္းစု အေပၚ ႐ိုက္ခတ္မႈ ေဆြးေႏြးပြဲ

(Zawgyi/Unicode)

ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရးေၾကာင့္ ႐ိုဟင္ဂ်ာ အေရးကိစၥ အေပၚ ႏိုင္ငံတကာရဲ႕ စိတ္၀င္စားမႈ ေလ်ာ့က် မသြားေစေရး သံအမတ္ႀကီးေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ အဂၤါေန႔က ေဆြးေႏြးခဲ႔ၾကပါတယ္။ ကုလသမဂၢ ဆိုင္ရာ ဘဂၤလားေဒရွ္႕ သံရံုး၊ ကေနဒါ၊ ေဆာ္ဒီအာေရးဗ်၊ တူရကီ သံရံုးေတြနဲ႔ Global Center for Responsibility to Protect တို႔က စီစဥ္ၿပီး ျမန္မာ့ လက္ရွိ အေျခအေနနဲ႔ ႐ိုဟင္ဂ်ာ လူနည္းစု အေပၚ ႐ိုက္ခတ္မႈ ေခါင္းစဥ္နဲ႔ ေဆြးေႏြးခဲ႔ၾကတာမွာ ပါ၀င္ေဆြးေႏြးခဲ႔တဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူ မေ၀ေ၀ႏုကို မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

မေ၀ေ၀ႏု။ ။ အဓိကေဆြးေႏြးခ်က္ေတြထဲမွာေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း ႐ိုဟင္ဂ်ာကိစၥ ေမွးမိွန္သလိုျဖစ္သြားၿပီးေတာ့ ကမာၻကေနၿပီးေတာ့ အေရးေပးမႈ အားေလ်ာ့သြားတဲ့သေဘာမ်ိဳး ေတြ႔ရတာကို သူတို႔အေနနဲ႔ ေထာက္ျပတာျဖစ္ပါတယ္။ အဲဒီလိုျဖစ္ျခင္းအားျဖင့္ဒါက ျမန္မာႏိုင္ငံအတြက္လည္းမေကာင္းသလို ရိုဟင္ဂ်ာေတြအတြက္လည္းမေကာင္းဘူး ဒါေၾကာင့္မုိ႔လို႔ ႐ိုဟင္ဂ်ာေတြအေပၚမွာ က်ဴးလြန္ခဲ့တဲ့ ရာဇ၀တ္မႈေတြကို က်ဴးလြန္ထားတဲ့ စစ္သားေတြကေနၿပီးေတာ့ အာဏာသိမ္းတာျဖစ္တယ္ေပါ့ေနာ္ ။ ဒီစစ္ေခါင္းေဆာင္ေတြကို အေရးယူဖို႔ အေရးႀကီးတယ္ ဒါမွသာလ်င္ ျမန္မာျပည္မွာ ၿငိမ္းခ်မ္းေရးရႏိုင္မယ္ဆိုတဲ့သေဘာမ်ိဳး က်မတို႔ အဓိကထားေဆြးေႏြးသြားတာကို ေတြ႔ရပါတယ္ရွင့္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ရွင့္ ေဆြးေႏြးပြဲမွာ ကုလသမဂၢအေထြေထြညီလာခံ ဥကၠ႒ Volkan Bozkır လည္းတက္ေရာက္တာ ေတြ႔ရပါတယ္ရွင့္။ သူက အဓိက ဘာမ်ားေဆြးေႏြးပါသလဲရွင့္။

မေ၀ေ၀ႏု။ ။ ဟုတ္ကဲ့ရွင့္ ကုလသမဂၢအေထြေထြညီလာခံ ဥကၠ႒ က သူက ဘဂၤလားေဒ့ရွ္မွာ ရိုဟင္ဂ်ာဒုကၡသည္ေတြ သြားၾကည့္ခဲ့တဲ့ သူ႔အေတြ႔အၾကံဳရယ္ ၊ ေနာက္ျမန္မာျပည္မွာ လက္ရွိျဖစ္ေပၚေနတဲ့ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ စစ္တပ္ကေနၿပီးေတာ့ ျပည္သူေတြအေပၚမွာ က်ဴးလြန္တဲ့ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္ပူပန္မႈအေၾကာင္းကို သူေျပာသြားပါတယ္။ ၿပီးေတာ့ ေစာနက က်မေျပာသလိုပါပဲ စစ္တပ္ကို တာ၀န္ယူမႈ တာ၀န္ခံမႈ လုပ္ခိုင္းဖို႔ အေရးႀကီးတယ္ဆိုတဲ့ ကိစၥရပ္ေတြကိုလည္း ေဆြးေႏြးသြားပါတယ္ရွင့္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ရွင့္ ေနာက္တခုက ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး၀န္ႀကီး Dr. Abdul Momen ကေရာ အဓိက ဘယ္လိုကိစၥမ်ိဳးကို ေဇာင္းေပးေဆြးေႏြးပါသလဲ။

မေ၀ေ၀ႏု။ ။သူကလည္း အဲဒီကိစၥရပ္ကိုပဲ အဓိက ျမန္မာႏိုင္ငံ ရဲ႕ ျပႆနာကို အျမန္ဆံုးေျဖရွင္းၿပီးေတာ့ ရိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္လာႏိုင္ေရး၊ ၿပီးရင္ ဒီ ဒုကၡသည္ေတြအေျခအေန ဘဂၤလားေဒ့ရွ္မွာရွိေနတဲ့ အေျခအေန စသျဖင့္ အဲဒီကိစၥေတြကို ေဆြးေႏြးတာျဖစ္ပါတယ္။ တရားမွ်တမႈရရွိေရး Accountability ကိစၥ ၊ ေနာက္ျမန္မာစစ္တပ္အေပၚမွာ ႏိုင္ငံတကာရဲ႕ ဖိအားေပးမႈေတြကို ပိုၿပီးေတာ့ တိုးျမွင့္ဖို႔ တိုးခ်ဲ႕ဖို႔လိုတယ္ ဒါမွ ျပႆနာေတြ ေျပလည္သြားႏိုင္တယ္ ဒါမ်ိဳးကို သူေဆြးေႏြးသြားတာျဖစ္ပါတယ္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ရွင့္ ဆိုေတာ့ အဂၤါေန႔ ေဆြးေႏြးပြဲ ေခါင္းစဥ္က ဒီ လက္ရွိ ျမန္မာႏိုင္ငံေရး အခင္းအက်င္းေၾကာင့္ ရိုဟင္ဂ်ာ လူနည္းစုေတြကို ရိုက္ခတ္မႈေပါ့ေနာ္ ဆိုတဲ့အခါေရာက္ေတာ့ အဓိက ဒီေဆြးေႏြးခဲ့တဲ့အထဲမွာ ရိုဟင္ဂ်ာေတြအေပၚမွာ စစ္အာဏာသိမ္းမႈ ဂယက္က ဘယ္ေလာက္အထိ ရိုက္ခတ္တယ္လို႔ ေဆြးေႏြးပြဲမွာ အေျဖထြက္ပါသလဲရွင့္။

မေ၀ေ၀ႏု။ ။ အဲဒါက က်မတို႔ ေဆြးေႏြးပြဲ တခုလံုးက စစ္အာဏာသိမ္းမႈအေျခအေန ၿပီးရင္ ရိုဟင္ဂ်ာေတြအေပၚမွာ ရိုက္ခတ္မႈေတြေပ့ါေနာ္၊ ရိုက္ခတ္မႈေတြလို႔ ေျပာတဲ့အခါမွာ လက္ရွိ ျမန္မာျပည္မွာ ရွိေနတဲ့ အေနအထားေတြ ေနာက္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ တျခားေဒသေတြမွာ အကာအကယ္မဲ့ေနမႈေတြကို ေယဘုယ်အားျဖင့္ ေဆြးေႏြးသြားပါတယ္။ အဲဒီမွာမွ အဓိက တိုက္တြန္းခ်က္ေတြ အဓိက စဥ္းစားခ်က္ေတြကေတာ့ ရိုဟင္ဂ်ာေတြကို ကာကြယ္မႈေပးဖုိ႔ ျပည္တြင္းမွာေရာ ျပည္ပမွာေရာ ကာကြယ္မႈေပးဖို႔လိုတယ္ အမွန္တကယ္ ဒီ Crisis ျပႆနာ ကို ေျပလည္သြားဖို႔ဆိုရင္ ျပည္တြင္းထဲမွာ ေျဖရွင္းရမွာျဖစ္တယ္။ အထူးသျဖင့္ ရိုဟင္ဂ်ာေတြအေပၚမွာ က်ဴးလြန္ထားတဲ့ က်ဴးလြန္မႈေတြအတြက္ တာ၀န္ခံမႈ တာ၀န္ယူမႈကို လုပ္ခိုင္းဖို႔ လိုတယ္။ ေနာက္အဲလိုျဖစ္လာဖို႔အတြက္ စစ္တပ္ကို ဖိအားေပးဖို႔လိုတယ္ စစ္တပ္ကို အေရးယူေဆာင္ရြက္ဖို႔ လိုတယ္ဆိုတဲ့ လမ္းေက်ာင္းေပၚမွာ အေျခခံၿပီး က်မတို႔ ေဆြးေႏြးခ်က္ေတြက အဲဒါေတြပါပဲရွင့္။ အဓိကေတာ့ အဲဒါေတြ ေဆြးေႏြးသြားတဲ့သေဘာပါ။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ရိုဟင္ဂ်ာ အေရးကိစၥေပၚမွာ ႏိုင္ငံတကာရဲ႕ စိတ္၀င္စားမႈ အေလးေပးမႈ ေလ်ာ့မသြားေစဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္လည္းပါတယ္လို႔ က်မသိထားပါတယ္။ ဆိုေတာ့ ဒီေဆြးေႏြးပြဲမွာေရာ တကယ္ပဲ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္တာေၾကာင့္ ရိုဟင္ဂ်ာ အေရးကိစၥမွာ ႏိုင္ငံတကာရဲ႕ စိတ္၀င္စားမႈက တကယ္ပဲ ေလ်ာ့က်သြားတယ္လို႔ ေဆြးေႏြးသူေတြက ေဆြးေႏြးၾကပါသလား ဘယ္လိုမ်ိဳး ေဆြးေႏြးၾကပါသလဲ။

မေ၀ေ၀ႏု။ ။ မွန္ပါတယ္ ျမန္မာျပည္မွာ အခုလိုမ်ိဳး စစ္အာဏာသိမ္းမႈျဖစ္လာတဲ့ေနာက္ပိုင္းမွာ ရိုဟင္ဂ်ာ အေရးကိစၥကို ႏိုင္ငံတကာမွာ ေဆြးေႏြးမႈေတြ ေမွးမိွန္သြားတာ အမွန္ပဲ ျဖစ္ပါတယ္။ အဓိကေဆြးေႏြးၾကတဲ့အထဲမွာ အဲဒါကိုလည္း ေထာက္ျပေဆြးေႏြးပါတယ္။ ေနာက္တခုက က်မအေနနဲ႔ ေထာက္ျပတာကေတာ့ ရိုဟင္ဂ်ာ ကိစၥ ေမွးမိွန္သြားသည္ရွိေသာ္ မရွိေသာ္၊ ရိုဟင္ဂ်ာ ကိစၥသည္ ျမန္မာျပည္ရဲ႕ အေရးျဖစ္တယ္။ ျမန္မာျပည္ရဲ႕ အဓိကအက်ဆံုးေသာ ျပႆနာတရပ္ျဖစ္တယ္။ ဒါေၾကာင့္ စစ္အာဏာသိမ္းေနတဲ့ ကာလမွာ ပိုၿပီးေတာ့ေတာင္မွ ဒီကိစၥကို က်မတို႔ ေျဖရွင္းဖို႔လိုတယ္။ ဒီကိစၥကို အေၾကာင္းျပဳၿပီးေတာ့ စစ္တပ္ကို အာဏာသိမ္းစစ္ေခါင္းေဆာင္ကို တာ၀န္ယူမႈ အျပစ္ေပးအေရးယူမႈေတြ လုပ္ဖို႔ လိုတယ္ေပါ့ေနာ္။ ရိုဟင္ဂ်ာ ကိစၥရပ္ကို သီးျခားကိစၥရပ္အေနနဲ႔ က်မတို႔ စဥ္းစားတာမ်ိဳး မျဖစ္သင့္ဘူး။ ရိုဟင္ဂ်ာ ကိစၥရပ္ကို သီးျခားကိစၥရပ္လိုမ်ိဳး စဥ္းစားၿပီးေတာ့ ကိုင္တြယ္မယ္ ေျဖရွင္းမယ္ဆိုရင္ က်မတို႔က ေရရွည္မွာ အေျဖရႏုိင္မွာမဟုတ္ဘူးဆိုတာကိုေတာ့ က်မ ေထာက္ျပေဆြးေႏြးခဲ့ပါတယ္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ရွင့္ မေ၀ေ၀ႏု။ အဲဒီေတာ့ ျမန္မာဘက္ကအေနနဲ႔ေရာ ခုနက မေ၀ေ၀ႏုေျပာတဲ့ တက္ေရာက္ၿပီးေတာ့ ေဆြးေႏြးတဲ့အထဲမွာ ျမန္မာဘက္ကေရာ ကိုယ္စားလွယ္ေတြ ပါပါသလားရွင့္။

မေ၀ေ၀ႏု။ ။ ျမန္မာဘက္ကဆိုေတာ့ သူတို႔ အစိုးရေတြကိုေတာ့ မဖိတ္ဘူးရွင့္။ က်မတေယာက္ပဲ ပါတာေပါ့ရွင့္။

မသိဂၤ ီထိုက္။ ။ ဟုတ္ကဲ့ရွင့္ NUG တို႔ ဘက္ကလူေတြလည္း မပါဘူးေပ့ါေနာ္။

မေ၀ေ၀ႏု။ ။ NUG တို႔ ပါတာမေတြ႔ပါဘူးရွင့္။ အမ ျမန္မာဘက္က ရႈ႕ေထာင့္ဆိုတာ ဘယ္သူ႔ရႈ႕ေထာင္ကို ေျပာတာလဲ အမ ၊ စစ္တပ္ရဲ႕ ရႈ႕ေထာင့္လား ၊ ဘယ္သူ႔ရႈေထာင့္ကို ေျပာတာလဲအမ ။

မသိဂၤ ီထိုက္။ ။ အခုဆိုရင္ NUG ေရာ စစ္တပ္ေရာေပါ့ေနာ္ NUG ဘက္ကလည္း သေဘာထားေျပာင္းလာတဲ့ ဟာမ်ိဳးေတြ႔ရပါတယ္ အရင္တုန္းကလည္း ဒါက လႊတ္ေတာ္အမတ္ေတြပဲေလ ၊ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံခဲ့တာကေန အခု NUG ဆုိၿပီးေတာ့ ျဖစ္လာတာကေန ရိုဟင္ဂ်ာ ဆိုတာကို လက္ခံလာတယ္၊ ေနာက္တခါ ရိုဟင္ဂ်ာအေရး မူ၀ါဒဆိုၿပီးေတာ့ သူတို႔ ေျပာလာတယ္၊ ဒါသူတို႔ဘက္က ေျပာင္းလဲလာတဲ့ အခ်က္ေပါ့ေလ ။ ေနာက္ စစ္တပ္ဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတာကို လက္မခံဘူးဆိုတဲ့သေဘာမ်ိဳးလည္းေျပာေတာ့ ျမန္မာဘက္ကေပါ့ေလ ဒီလူေတြရဲ႕ အသံ ဒီလူေတြရဲ႕ ရႈျမင္ခ်က္ကို ထည့္သြင္းၿပီးေတာ့ ေဆြးေႏြးတာမ်ိဳး စဥ္းစားတာမ်ိဳးေပါ့ေလ အဲဒါမ်ိဳးမ်ား ပါသလားလုိ႔ က်မ ေမးတာပါရွင့္။

မေ၀ေ၀ႏု။ ။ က်မကို ဖိတ္ၾကားလို႔ က်မသြားတက္တာမွန္တယ္၊ အဲဒီမွာ စစ္တပ္ဘက္ကလည္း ပါတာ က်မ မေတြ႔သလို NUG ဘက္က ပါတာလည္း မေတြ႔ဘူးရွင့္။

မသိဂၤ ီထိုက္။ ။ ဒီ NUG မူ၀ါဒနဲ႔ ပတ္သက္ၿပီးေတာ့ ထည့္သြင္းေဆြးေႏြးခဲ့တာ ရွိပါသလားရွင့္။ မေ၀ေ၀ႏု မဟုတ္ပဲနဲ႔ တျခားသူေတြကေပါ့ေနာ္ ျမန္မာဘက္ကေတာ့ ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ ေျဖရွင္းလိုစိတ္၊ စိတ္၀င္စားစိတ္ ျပင္းထန္သလဲ ဘယ္ေလာက္ေတာင္မွ ရိုဟင္ဂ်ာအေပၚမွာ မူ၀ါဒ သေဘာထားေျပာင္းလာၿပီလဲ ဆိုတာမ်ိဳးမ်ား ေဆြးေႏြးခ်က္မွာ ပါပါသလားရွင့္။

မေ၀ေ၀ႏု။ ။ NUG ရဲ႕ ေပၚလစီနဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးတဲ့အထဲမွာ ထည့္သြင္းေဆြးေႏြးသြားတာ ေတြ႔ရပါတယ္။ ဒါေပမယ့္ အဲဒါကို အထူးတလည္ အေက်အလည္ေဆြးေႏြးတာမ်ိဳး မရွိပါဘူး။ အဲဒီမွာ သံအမတ္ တေယာက္၊ ၂ ေယာက္ကေနၿပီးေတာ့ NUG ေပၚလစီနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာဆိုသြားတာေတြ႔ရပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားသူ မေ၀ေ၀ႏုကို မသိဂၤ ီထိုက္ က ဆက္သြယ္ ေမးျမန္းခဲ့တာပါ။


...............

စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာအရေး မပေါ့လျော့စေဖို့ ကုလဆိုင်ရာ သံအမတ်တချို့ ဆွေးနွေးချက် (တက်ရောက်ခဲ့သူ မဝေဝေနု နှင့် မေးမြန်းခန်း)

(Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှု အရေးကြောင့် ရိုဟင်ဂျာ အရေးကိစ္စ အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု လျော့ကျ မသွားစေရေး သံအမတ်ကြီးတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံရုံး၊ ကနေဒါ၊ ဆော်ဒီအာရေးဗျ၊ တူရကီ သံရုံးတွေနဲ့ Global Center for Responsibility to Protect တို့က စီစဉ်ပြီး မြန်မာ့ လက်ရှိ အခြေအနေနဲ့ ရိုဟင်ဂျာ လူနည်းစု အပေါ် ရိုက်ခတ်မှု ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေေ၀နုကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

မဝေေ၀နု။ ။ အဓိကဆွေးနွေးချက်တွေထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာကိစ္စ မှေးမှိန်သလိုဖြစ်သွားပြီးတော့ ကမ္ဘာကနေပြီးတော့ အရေးပေးမှု အားလျော့သွားတဲ့သဘောမျိုး တွေ့ရတာကို သူတို့အနေနဲ့ ထောက်ပြတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခြင်းအားဖြင့်ဒါက မြန်မာနိုင်ငံအတွက်လည်းမကောင်းသလို ရိုဟင်ဂျာတွေအတွက်လည်းမကောင်းဘူး ဒါကြောင့်မို့လို့ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ထားတဲ့ စစ်သားတွေကနေပြီးတော့ အာဏာသိမ်းတာဖြစ်တယ်ပေါ့နော် ။ ဒီစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အရေးကြီးတယ် ဒါမှသာလျင် မြန်မာပြည်မှာ ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတဲ့သဘောမျိုး ကျမတို့ အဓိကထားဆွေးနွေးသွားတာကို တွေ့ရပါတယ်ရှင့်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkır လည်းတက်ရောက်တာ တွေ့ရပါတယ်ရှင့်။ သူက အဓိက ဘာများဆွေးနွေးပါသလဲရှင့်။

မဝေေ၀နု။ ။ ဟုတ်ကဲ့ရှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ က သူက ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သွားကြည့်ခဲ့တဲ့ သူ့အတွေ့အကြုံရယ် ၊ နောက်မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ကနေပြီးတော့ ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုအကြောင်းကို သူပြောသွားပါတယ်။ ပြီးတော့ စောနက ကျမပြောသလိုပါပဲ စစ်တပ်ကို တာဝန်ယူမှု တာဝန်ခံမှု လုပ်ခိုင်းဖို့ အရေးကြီးတယ်ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားပါတယ်ရှင့်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် နောက်တခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen ကရော အဓိက ဘယ်လိုကိစ္စမျိုးကို ဇောင်းပေးဆွေးနွေးပါသလဲ။

မဝေေ၀နု။ ။သူကလည်း အဲဒီကိစ္စရပ်ကိုပဲ အဓိက မြန်မာနိုင်ငံ ရဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းပြီးတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လာနိုင်ရေး၊ ပြီးရင် ဒီ ဒုက္ခသည်တွေအခြေအနေ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ အခြေအနေ စသဖြင့် အဲဒီကိစ္စတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ တရားမျှတမှုရရှိရေး Accountability ကိစ္စ ၊ နောက်မြန်မာစစ်တပ်အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ပိုပြီးတော့ တိုးမြှင့်ဖို့ တိုးချဲ့ဖို့လိုတယ် ဒါမှ ပြဿနာတွေ ပြေလည်သွားနိုင်တယ် ဒါမျိုးကို သူဆွေးနွေးသွားတာဖြစ်ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် ဆိုတော့ အင်္ဂါနေ့ ဆွေးနွေးပွဲ ခေါင်းစဉ်က ဒီ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းကြောင့် ရိုဟင်ဂျာ လူနည်းစုတွေကို ရိုက်ခတ်မှုပေါ့နော် ဆိုတဲ့အခါရောက်တော့ အဓိက ဒီဆွေးနွေးခဲ့တဲ့အထဲမှာ ရိုဟင်ဂျာတွေအပေါ်မှာ စစ်အာဏာသိမ်းမှု ဂယက်က ဘယ်လောက်အထိ ရိုက်ခတ်တယ်လို့ ဆွေးနွေးပွဲမှာ အဖြေထွက်ပါသလဲရှင့်။

မဝေေ၀နု။ ။ အဲဒါက ကျမတို့ ဆွေးနွေးပွဲ တခုလုံးက စစ်အာဏာသိမ်းမှုအခြေအနေ ပြီးရင် ရိုဟင်ဂျာတွေအပေါ်မှာ ရိုက်ခတ်မှုတွေပေ့ါနော်၊ ရိုက်ခတ်မှုတွေလို့ ပြောတဲ့အခါမှာ လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ အနေအထားတွေ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားဒေသတွေမှာ အကာအကယ်မဲ့နေမှုတွေကို ယေဘုယျအားဖြင့် ဆွေးနွေးသွားပါတယ်။ အဲဒီမှာမှ အဓိက တိုက်တွန်းချက်တွေ အဓိက စဉ်းစားချက်တွေကတော့ ရိုဟင်ဂျာတွေကို ကာကွယ်မှုပေးဖို့ ပြည်တွင်းမှာရော ပြည်ပမှာရော ကာကွယ်မှုပေးဖို့လိုတယ် အမှန်တကယ် ဒီ Crisis ပြဿနာ ကို ပြေလည်သွားဖို့ဆိုရင် ပြည်တွင်းထဲမှာ ဖြေရှင်းရမှာဖြစ်တယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ထားတဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှုကို လုပ်ခိုင်းဖို့ လိုတယ်။ နောက်အဲလိုဖြစ်လာဖို့အတွက် စစ်တပ်ကို ဖိအားပေးဖို့လိုတယ် စစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ လမ်းကျောင်းပေါ်မှာ အခြေခံပြီး ကျမတို့ ဆွေးနွေးချက်တွေက အဲဒါတွေပါပဲရှင့်။ အဓိကတော့ အဲဒါတွေ ဆွေးနွေးသွားတဲ့သဘောပါ။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရိုဟင်ဂျာ အရေးကိစ္စပေါ်မှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အလေးပေးမှု လျော့မသွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်လို့ ကျမသိထားပါတယ်။ ဆိုတော့ ဒီဆွေးနွေးပွဲမှာရော တကယ်ပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တာကြောင့် ရိုဟင်ဂျာ အရေးကိစ္စမှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက တကယ်ပဲ လျော့ကျသွားတယ်လို့ ဆွေးနွေးသူတွေက ဆွေးနွေးကြပါသလား ဘယ်လိုမျိုး ဆွေးနွေးကြပါသလဲ။

မဝေေ၀နု။ ။ မှန်ပါတယ် မြန်မာပြည်မှာ အခုလိုမျိုး စစ်အာဏာသိမ်းမှုဖြစ်လာတဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာ အရေးကိစ္စကို နိုင်ငံတကာမှာ ဆွေးနွေးမှုတွေ မှေးမှိန်သွားတာ အမှန်ပဲ ဖြစ်ပါတယ်။ အဓိကဆွေးနွေးကြတဲ့အထဲမှာ အဲဒါကိုလည်း ထောက်ပြဆွေးနွေးပါတယ်။ နောက်တခုက ကျမအနေနဲ့ ထောက်ပြတာကတော့ ရိုဟင်ဂျာ ကိစ္စ မှေးမှိန်သွားသည်ရှိသော် မရှိသော်၊ ရိုဟင်ဂျာ ကိစ္စသည် မြန်မာပြည်ရဲ့ အရေးဖြစ်တယ်။ မြန်မာပြည်ရဲ့ အဓိကအကျဆုံးသော ပြဿနာတရပ်ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာသိမ်းနေတဲ့ ကာလမှာ ပိုပြီးတော့တောင်မှ ဒီကိစ္စကို ကျမတို့ ဖြေရှင်းဖို့လိုတယ်။ ဒီကိစ္စကို အကြောင်းပြုပြီးတော့ စစ်တပ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကို တာဝန်ယူမှု အပြစ်ပေးအရေးယူမှုတွေ လုပ်ဖို့ လိုတယ်ပေါ့နော်။ ရိုဟင်ဂျာ ကိစ္စရပ်ကို သီးခြားကိစ္စရပ်အနေနဲ့ ကျမတို့ စဉ်းစားတာမျိုး မဖြစ်သင့်ဘူး။ ရိုဟင်ဂျာ ကိစ္စရပ်ကို သီးခြားကိစ္စရပ်လိုမျိုး စဉ်းစားပြီးတော့ ကိုင်တွယ်မယ် ဖြေရှင်းမယ်ဆိုရင် ကျမတို့က ရေရှည်မှာ အဖြေရနိုင်မှာမဟုတ်ဘူးဆိုတာကိုတော့ ကျမ ထောက်ပြဆွေးနွေးခဲ့ပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် မဝေေ၀နု။ အဲဒီတော့ မြန်မာဘက်ကအနေနဲ့ရော ခုနက မဝေေ၀နုပြောတဲ့ တက်ရောက်ပြီးတော့ ဆွေးနွေးတဲ့အထဲမှာ မြန်မာဘက်ကရော ကိုယ်စားလှယ်တွေ ပါပါသလားရှင့်။

မဝေေ၀နု။ ။ မြန်မာဘက်ကဆိုတော့ သူတို့ အစိုးရတွေကိုတော့ မဖိတ်ဘူးရှင့်။ ကျမတယောက်ပဲ ပါတာပေါ့ရှင့်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် NUG တို့ ဘက်ကလူတွေလည်း မပါဘူးပေ့ါနော်။

မဝေေ၀နု။ ။ NUG တို့ ပါတာမတွေ့ပါဘူးရှင့်။ အမ မြန်မာဘက်က ရှု့ထောင့်ဆိုတာ ဘယ်သူ့ရှု့ထောင်ကို ပြောတာလဲ အမ ၊ စစ်တပ်ရဲ့ ရှု့ထောင့်လား ၊ ဘယ်သူ့ရှုထောင့်ကို ပြောတာလဲအမ ။

မသိင်္ဂ ီထိုက်။ ။ အခုဆိုရင် NUG ရော စစ်တပ်ရောပေါ့နော် NUG ဘက်ကလည်း သဘောထားပြောင်းလာတဲ့ ဟာမျိုးတွေ့ရပါတယ် အရင်တုန်းကလည်း ဒါက လွှတ်တော်အမတ်တွေပဲလေ ၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံခဲ့တာကနေ အခု NUG ဆိုပြီးတော့ ဖြစ်လာတာကနေ ရိုဟင်ဂျာ ဆိုတာကို လက်ခံလာတယ်၊ နောက်တခါ ရိုဟင်ဂျာအရေး မူဝါဒဆိုပြီးတော့ သူတို့ ပြောလာတယ်၊ ဒါသူတို့ဘက်က ပြောင်းလဲလာတဲ့ အချက်ပေါ့လေ ။ နောက် စစ်တပ်ဘက်ကတော့ ရိုဟင်ဂျာ ဆိုတာကို လက်မခံဘူးဆိုတဲ့သဘောမျိုးလည်းပြောတော့ မြန်မာဘက်ကပေါ့လေ ဒီလူတွေရဲ့ အသံ ဒီလူတွေရဲ့ ရှုမြင်ချက်ကို ထည့်သွင်းပြီးတော့ ဆွေးနွေးတာမျိုး စဉ်းစားတာမျိုးပေါ့လေ အဲဒါမျိုးများ ပါသလားလို့ ကျမ မေးတာပါရှင့်။

မဝေေ၀နု။ ။ ကျမကို ဖိတ်ကြားလို့ ကျမသွားတက်တာမှန်တယ်၊ အဲဒီမှာ စစ်တပ်ဘက်ကလည်း ပါတာ ကျမ မတွေ့သလို NUG ဘက်က ပါတာလည်း မတွေ့ဘူးရှင့်။

မသိင်္ဂ ီထိုက်။ ။ ဒီ NUG မူဝါဒနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းဆွေးနွေးခဲ့တာ ရှိပါသလားရှင့်။ မဝေေ၀နု မဟုတ်ပဲနဲ့ တခြားသူတွေကပေါ့နော် မြန်မာဘက်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် ဖြေရှင်းလိုစိတ်၊ စိတ်ဝင်စားစိတ် ပြင်းထန်သလဲ ဘယ်လောက်တောင်မှ ရိုဟင်ဂျာအပေါ်မှာ မူဝါဒ သဘောထားပြောင်းလာပြီလဲ ဆိုတာမျိုးများ ဆွေးနွေးချက်မှာ ပါပါသလားရှင့်။

မဝေေ၀နု။ ။ NUG ရဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အထဲမှာ ထည့်သွင်းဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒါကို အထူးတလည် အကျေအလည်ဆွေးနွေးတာမျိုး မရှိပါဘူး။ အဲဒီမှာ သံအမတ် တယောက်၊ ၂ ယောက်ကနေပြီးတော့ NUG ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ပြောဆိုသွားတာတွေ့ရပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ မဝေေ၀နုကို မသိင်္ဂ ီထိုက် က ဆက်သွယ် မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG