သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာနဲ႔ ႐ိုဟင္ဂ်ာေထာက္ပံ့ေရးကို ၿဗိတိန္ဝန္ႀကီး ကုလႏွင္႔႔ေဆြးေႏြးမည္


 ၿဗိတိန္ အာရွေရးရာ ၀န္ႀကီး Nigel Adams

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္း လူသားခ်င္း စာနာမႈဆိုင္ရာ အေျခအေနေတြနဲ႔ ရိုဟင္ဂ်ာ အေရး အပါအ၀င္ လက္ရွိ ျပသနာေတြကို ၿဗိတိန္ရဲ႕ အာရွေရးရာ ၀န္ႀကီးနဲ႔ ကုလသမဂၢ တာ၀န္ရွိသူေတြ ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

ရုိဟင္ဂ်ာေတြ အတြက္ ၿဗိတိန္ရဲ႕ အေထာက္အပံ႔နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေနေတြ အပါအ၀င္ ျမန္မာႏုိင္ငံရဲ႕ လက္ရွိ ျပသနာေတြကို ကုလသမဂၢ တာ၀န္ရွိသူေတြနဲ႔ ၿဗိတိန္ႏုိင္ငံရဲ႕ အာရွဆိုင္ရာ ၀န္ႀကီးတို႔ ေဆြးေႏြးမယ့္ အေၾကာင္း ၿဗိတိန္ ႏုိင္ငံျခားေရး ဌာနက ဇြန္လ ၁၆ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ျပန္လည္ ျဖစ္ထြန္းလာေစေရးနဲ႔ ၿငိမ္းခ်မ္းစြာ ေျဖရွင္းခ်က္ ရွာေဖြႏုိင္ေရး၊ ေဆြးေႏြးညွိႏိႈင္းမႈကို အားေပး တိုက္တြန္းႏုိင္ေရး အတြက္ ၿဗိတိန္က ေဒသတြင္းမွာေရာ ကမၻာတလႊားက မိတ္ဖက္ေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္းလည္း ၿဗိတိန္ အာရွေရးရာ ၀န္ႀကီး Nigel Adams က ခရီးစဥ္ မစခင္ ေၾကညာခ်က္မွာ ေျပာဆုိထားပါတယ္။

ျမန္မာ ကိစၥ အပါအ၀င္ အင္ဒို ပစိဖိတ္ ေဒသတြင္း အေရးေတြမွာ ၿဗိတိန္ဘက္က ပိုၿပီး ခိုင္ခိုင္မာမာ ထဲထဲ၀င္၀င္ ေဆာင္ရြက္ႏုိင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးမယ္လို႔လည္း ၀န္ႀကီး Adams က ခရီးစဥ္ မစခင္မွာ ေျပာဆိုထားပါတယ္။

ဆြစ္ဇာလန္ ႏုိင္ငံ Geneva မွာ ဇြန္လ ၁၆ နဲ႔ ၁၇ ရက္ - ၂ ရက္ၾကာ ခရီးစဥ္ အတြင္း ၀န္ႀကီး Adams က ျမန္မာဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာ အဖြဲ႔ IIMM အႀကီးအကဲ Nick Koumjiam နဲ႔ ကုလသမဂၢရဲ႕ ႏုိင္ငံတကာ လူ႔အခြင့္အေရးဆိုင္ရာ ေခါင္းေဆာင္ေတြ၊ ေနာက္ အင္ဒို ပစိဖိတ္ ေဒသက ကုလသမဂၢ ဆိုင္ရာ သံအမတ္ႀကီးေတြနဲ႔လည္း ေတြ႔ဆံု ေဆြးေႏြးမွာပါ။ ဒါ႔အျပင္ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးရံုးက လက္ေထာက္ မဟာမင္းႀကီး Raouf Mazou နဲ႔လည္း ၿဗိတိန္ အာရွေရးရာ ၀န္ႀကီး Adams တို႔ ေဆြးေႏြးၾကမွာပါ။

တိုက္႐ိုက္ လင့္ခ္

............

မြန်မာပြဿနာနဲ့ ရိုဟင်ဂျာထောက်ပံ့ရေးကို ဗြိတိန်ဝန်ကြီး ကုလနှင့့်ဆွေးနွေးမည်

(Unicode)

မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ရိုဟင်ဂျာ အရေး အပါအဝင် လက်ရှိ ပြသနာတွေကို ဗြိတိန်ရဲ့ အာရှရေးရာ ဝန်ကြီးနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ရိုဟင်ဂျာတွေ အတွက် ဗြိတိန်ရဲ့ အထောက်အပံ့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိ ပြသနာတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ ဗြိတိန်နိုင်ငံရဲ့ အာရှဆိုင်ရာ ဝန်ကြီးတို့ ဆွေးနွေးမယ့် အကြောင်း ဗြိတိန် နိုင်ငံခြားရေး ဌာနက ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ဖြစ်ထွန်းလာစေရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းချက် ရှာဖွေနိုင်ရေး၊ ဆွေးနွေးညှိနှိုင်းမှုကို အားပေး တိုက်တွန်းနိုင်ရေး အတွက် ဗြိတိန်က ဒေသတွင်းမှာရော ကမ္ဘာတလွှားက မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ဗြိတိန် အာရှရေးရာ ဝန်ကြီး Nigel Adams က ခရီးစဉ် မစခင် ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မြန်မာ ကိစ္စ အပါအဝင် အင်ဒို ပစိဖိတ် ဒေသတွင်း အရေးတွေမှာ ဗြိတိန်ဘက်က ပိုပြီး ခိုင်ခိုင်မာမာ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်လို့လည်း ဝန်ကြီး Adams က ခရီးစဉ် မစခင်မှာ ပြောဆိုထားပါတယ်။

ဆွစ်ဇာလန် နိုင်ငံ Geneva မှာ ဇွန်လ ၁၆ နဲ့ ၁၇ ရက် - ၂ ရက်ကြာ ခရီးစဉ် အတွင်း ဝန်ကြီး Adams က မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ IIMM အကြီးအကဲ Nick Koumjiam နဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ခေါင်းဆောင်တွေ၊ နောက် အင်ဒို ပစိဖိတ် ဒေသက ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာပါ။ ဒါ့အပြင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက လက်ထောက် မဟာမင်းကြီး Raouf Mazou နဲ့လည်း ဗြိတိန် အာရှရေးရာ ဝန်ကြီး Adams တို့ ဆွေးနွေးကြမှာပါ။

XS
SM
MD
LG