သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကင္းမရြာမီးေလာင္မႈ အျပန္အလွန္စြပ္စဲြအျပစ္တင္ 


မီးေလာင္ပစ္စီးသြားခဲ့တဲ့ ကင္းမ ရြာ ( ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း ကင္းမရြာမီးေလာင္မႈမွာ စစ္ေကာင္စီနဲ႔ ေဒသခံ PDF ေတြဖက္ အျပန္အလွန္စြပ္စဲြေနၿပီး၊ မီးေလာင္မႈေၾကာင့္ ေနအိမ္အတြင္း က်န္းမာေရးမေကာင္းတဲ့ သက္ႀကီးရြယ္အို ၂ ဦး ေနအိမ္ထဲမွာ မီးေလာင္ၿပီးေသဆံုးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိအားျဖင့္ေတာ့ အဲဒီေဒသအနီးမွာ အေျခအေနေတြ တင္းမာဆဲရွိေနတဲ့အေၾကာင္း ရန္ကုန္က သတင္းေပးပို႔တာကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

မေန႔ ဇြန္ ၁၅ ရက္က မေကြးတိုင္း ပခုကၠဴခရိုင္ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္း ကင္းမရြာအနီးမွာ ေဒသခံ PDF ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ၂ ဖက္အျပန္အလွန္ ပစ္ခတ္တာေတြျဖစ္ၿပီးေနာက္ပိုင္း ကင္းမရြာ မီးေလာင္ခဲ့တာျဖစ္ပါတယ္။ ေနအိမ္ထဲမွာ မေျပးႏိုင္တဲ့ သက္ႀကီး ရြယ္အို ၂ ဦး မီးေလာင္ၿပီး ေသဆံုးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မီးေလာင္မႈမွာ စစ္တပ္ဖက္က ရိႈ့မီးေၾကာင့္ျဖစ္တယ္လို႔ ေပါက္ PDF အဖဲြ႕၀င္တဦးက VOA ကို ေျပာပါတယ္။

“ဘုန္းႀကီးေက်ာင္းေတြကို မီးရိႈ႕တယ္။ သက္ႀကီးရြယ္အိုေတြဆိုရင္ အဖိုးအဖြားေတြ အိမ္ထဲမွာ စားစရာ ေသာက္စရာ ထားထားခဲ့တာ အဲ့မီးရိႈ႕တဲ့ထဲ ဖိုးဖြားေတြပါကုန္တယ္။ ဖိုးဖြား၂ ေယာက္ကေတာ့ အိမ္မီးရိႈ႕တဲ့ထဲပါသြားတယ္။ အရိုးပဲျပန္ေတြ႕တာေပါ့။ သူတို႔က သက္ႀကီးရြယ္အိုေတြေလ မေျပးႏိုင္မလႊားႏိုင္ဘူး။ မေျပးႏိုင္မလႊားႏိုင္ေတာ့ လမ္းမေလွ်ာက္ႏိုင္ဘူးေပါ့။ လမ္းမေလွ်ာက္ႏိုင္ေတာ့ သားသမီးေတြက အဖိုးအဖြားေတြကို စားစရာ ေသာက္စရာ အျပည့္နဲ႔ အိမ္မွာ တံခါးပိတ္ၿပီး ထားထားခဲ့ေပးတာေလ။”

ကင္းမရြာရဲ႕ဟာ အိမ္ေထာင္စု ၃၀၀ နီးပါးရွိၿပီး ေက်းရြာရဲ႕ ၃ ပံု ၂ ပံုေက်ာ္ဟာ မီးထဲပါသြားတာျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ လံုၿခံဳေရးအဖြဲ႕၀င္ေတြဟာ ေက်းရြာအတြင္းကို ၀င္ေရာက္ခ်င္းမရွိဘဲ ေက်းရြာထိပ္က ေနေစာင့္ဆိုင္းေနခ်ိန္မွာ ရြာထဲကေန မီးခိုးလံုးေတြ ထြက္လာတာ ျမင္ရၿပီး လက္နက္ကိုင္ေတြက ေက်းရြာထဲက ၾကံ့ခိုင္ေရးပါတီ၀င္အိမ္ကို မီးရိႈ႕ရာကေန ေလတိုက္ခတ္တာေၾကာင့္ တျခားအိမ္ေတြကိုပါ ကူးစက္ေလာင္ကြ်မ္းသြားတာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီထုတ္ျပန္တဲ့ ျမန္မာ႐ုပ္ျမင္သံၾကားသတင္းမွာလည္း မီးေလာင္မႈကိုအေသးစိတ္ စစ္ေဆးမႈျပဳလုပ္ရာမွာ သူ႕အေခၚ အၾကမ္းဖက္အဖဲြ႕၀င္ ၄၀ေလာက္က အေျခခံပညာအထက္တန္းေက်ာင္းမ်က္ႏွာခ်င္းဆိုင္က ဦးေက်ာ္ေဌးေနအိမ္ကို မြန္းလဲြ ၂နာရီ ၄၀ခန္႔မွာ စတင္မီးရိႈႈဖ်က္ဆီးတဲ့အတြက္ အျခားေနအိမ္ေတြကိုပါကူးစက္ၿပီး ေက်းရြာအိမ္ေျခေပါင္း ၂၂၅လံုးအနက္ အိမ္ေျခ ၁၀၀ခန္႔ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေၾကညာပါတယ္။ လူအေသအေပ်ာက္သတင္းကိုေတာ့ မေျပာပါဘူး။ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ မီးရိႈ႕ဖ်က္ဆီးသူေတြကို ဖမ္းဆီးအေရးယူဖို႔ ဆက္လက္ေဆာင္ရြက္ေနတယ္လို႔လည္း စစ္ေကာင္စီက ေၾကညာပါတယ္။

ေက်းရြာသားေတြကေတာ့ စစ္ေကာင္စီတပ္ေတြ ေနအိမ္ကို မီးရိႈ႕တဲ့ ဓာတ္ပံုအေထာက္အထားေတြအျပင္ မ်က္ျမင္ေတြ႕ရွိတာေတြပါ ရွိတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕မ်ာဆုိရင္လည္း မေန႔ ဇြန္ ၁၅ ရက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ မင္းကင္း PDF တို႔တိုက္ပြဲျဖစ္ပြားခဲ့ပါေသးတယ္။ တိုက္ပြဲျဖစ္ပြားၿပီး ေနာက္ရက္ ဒီကေန႔ ဇြန္ ၁၆ ရက္ေန႔မွာ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ အနီးက ပင္တင္းနဲ႔ ဖက္ခတ္ေက်းရြာက ေဒသခံေတြကို စစ္ေကာင္စီတပ္ေတြက ေမာင္းထုတ္ၿပီး ေက်းရြာကို မီးရိႈ႕မယ္လို႔ ၿခိမ္းေျခာက္တာေတြလည္း ရွိတယ္လို႔ မင္းကင္း ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ပင္တင္းရွိတယ္ ဖက္ခက္ရွိတယ္။ ရြာကိုလာၿပီး ျပည္သူလူထုေတြ အိမ္ေတြမွာ မေနဖို႔ေျပာၿပီး PDF ေတြ တခုခု လုပ္ရင္ ရြာကို မီးရိႈ႕မယ္စေျပာတယ္။ အဲ့ဒါၿပီးေတာ့ သူတို႔နဲ႔ျဖစ္တဲ့ေနရာ တိုက္ပြဲျဖစ္တဲ့နားက ဖက္ခတ္ရြာကို သြားတယ္။ အဲ့ဖက္ခတ္ရြာက အိမ္ေတြထဲမွာရွိတဲ့ ပစၥည္းေတြ ေဆး၀ါးေတြ အစားအေသာက္ေတြ အကုန္လံုးကို ရိုက္ႏွက္ဖ်က္စီးၿပီး အကုန္လံုးယူၿပီးေတာ့မွ PDF တပ္ဖြဲ႕ေတြ ရွိတယ္လို႔ ယူဆရတဲ့ ရြာတရြာ တုန္ရြာဆိုတဲ့ရြာကို သူတို႔ေရာက္ေနတယ္။ ရြာသူရြာသားေတြအကုန္ ရြာလံုးကြ်တ္နီးပါးပဲ ေရွာင္တိမ္းေနရတယ္။”

စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ေျမာင္ၿမိဳ႕နယ္က ေက်းရြာမွာလည္း စစ္ေကာင္စီတပ္ေတြဟာ ေက်းရြာေတြမွာ ၀င္ေရာက္ရွာေဖြတာေတြလုပ္ေနပါတယ္။

မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕နဲ႔ သိပ္မေ၀းဘဲ အိမ္ေျခ ၂၀၀၀ နီးပါးရွိတဲ့ ကြမ္းစိုက္ရြာမွာလည္း ဇြန္ ၁၄ ရက္က စစ္ေကာင္စီနဲ႔နီးစပ္သူ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဓားနဲ႔အထိုးခံရၿပီး စစ္ေကာင္စီတပ္ေတြက ေက်းရြာသူ ေက်းရြာသား ၅၀ ေက်ာ္ကို ဖမ္းဆီးထားပါတယ္။ တခ်ိဳ႕ေက်းရြာသားေတြကေတာ့ ရြာမွာမေနရဲဘဲ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ေဒသခံ တဦးကေျပာပါတယ္။

စစ္ေကာင္စီက ဖမး္ဆီးခံရသူ ေက်းရြာသူေက်းရြာသား ၅၀ ေက်ာ္ဟာ ဒီကေန႔ထိ ျပန္မလြတ္လာေသးဘဲ ဓားနဲ႔ထိုးခံရတဲ့ အုပ္ခ်ဳပ္ေရးမွဴးဟာ ေသဆံုးျခင္းမရွိဘဲ မႏၱေလးမွာ ကုသေနတယ္လို႔ ရြာသားေတြက ေျပာပါတယ္။

.................................................................................

တိုက္႐ိုက္ လင့္ခ္


ကင်းမရွာမီးလောင်မှု အပြန်အလှန်စွပ်စွဲအပြစ်တင်

(Unicode)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအားဖြင့်တော့ အဲဒီဒေသအနီးမှာ အခြေအနေတွေ တင်းမာဆဲရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မနေ့ ဇွန် ၁၅ ရက်က မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ပိုင်း ကင်းမရွာအနီးမှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီးနောက်ပိုင်း ကင်းမရွာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ နေအိမ်ထဲမှာ မပြေးနိုင်တဲ့ သက်ကြီး ရွယ်အို ၂ ဦး မီးလောင်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုမှာ စစ်တပ်ဖက်က ရှို့မီးကြောင့်ဖြစ်တယ်လို့ ပေါက် PDF အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေကို မီးရှို့တယ်။ သက်ကြီးရွယ်အိုတွေဆိုရင် အဖိုးအဖွားတွေ အိမ်ထဲမှာ စားစရာ သောက်စရာ ထားထားခဲ့တာ အဲ့မီးရှို့တဲ့ထဲ ဖိုးဖွားတွေပါကုန်တယ်။ ဖိုးဖွား၂ ယောက်ကတော့ အိမ်မီးရှို့တဲ့ထဲပါသွားတယ်။ အရိုးပဲပြန်တွေ့တာပေါ့။ သူတို့က သက်ကြီးရွယ်အိုတွေလေ မပြေးနိုင်မလွှားနိုင်ဘူး။ မပြေးနိုင်မလွှားနိုင်တော့ လမ်းမလျှောက်နိုင်ဘူးပေါ့။ လမ်းမလျှောက်နိုင်တော့ သားသမီးတွေက အဖိုးအဖွားတွေကို စားစရာ သောက်စရာ အပြည့်နဲ့ အိမ်မှာ တံခါးပိတ်ပြီး ထားထားခဲ့ပေးတာလေ။”

ကင်းမရွာရဲ့ဟာ အိမ်ထောင်စု ၃၀၀ နီးပါးရှိပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ မီးထဲပါသွားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းကို ဝင်ရောက်ချင်းမရှိဘဲ ကျေးရွာထိပ်က နေစောင့်ဆိုင်းနေချိန်မှာ ရွာထဲကနေ မီးခိုးလုံးတွေ ထွက်လာတာ မြင်ရပြီး လက်နက်ကိုင်တွေက ကျေးရွာထဲက ကြံ့ခိုင်ရေးပါတီဝင်အိမ်ကို မီးရှို့ရာကနေ လေတိုက်ခတ်တာကြောင့် တခြားအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ မြန်မာရုပ်မြင်သံကြားသတင်းမှာလည်း မီးလောင်မှုကိုအသေးစိတ် စစ်ဆေးမှုပြုလုပ်ရာမှာ သူ့အခေါ် အကြမ်းဖက်အဖွဲ့ဝင် ၄၀လောက်က အခြေခံပညာအထက်တန်းကျောင်းမျက်နှာချင်းဆိုင်က ဦးကျော်ဌေးနေအိမ်ကို မွန်းလွဲ ၂နာရီ ၄၀ခန့်မှာ စတင်မီးရှိုှုဖျက်ဆီးတဲ့အတွက် အခြားနေအိမ်တွေကိုပါကူးစက်ပြီး ကျေးရွာအိမ်ခြေပေါင်း ၂၂၅လုံးအနက် အိမ်ခြေ ၁၀၀ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ကြေညာပါတယ်။ လူအသေအပျောက်သတင်းကိုတော့ မပြောပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ကြေညာပါတယ်။

ကျေးရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ နေအိမ်ကို မီးရှို့တဲ့ ဓာတ်ပုံအထောက်အထားတွေအပြင် မျက်မြင်တွေ့ရှိတာတွေပါ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့မျာဆိုရင်လည်း မနေ့ ဇွန် ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက် ဒီကနေ့ ဇွန် ၁၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးက ပင်တင်းနဲ့ ဖက်ခတ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်တွေက မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ မင်းကင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ပင်တင်းရှိတယ် ဖက်ခက်ရှိတယ်။ ရွာကိုလာပြီး ပြည်သူလူထုတွေ အိမ်တွေမှာ မနေဖို့ပြောပြီး PDF တွေ တခုခု လုပ်ရင် ရွာကို မီးရှို့မယ်စပြောတယ်။ အဲ့ဒါပြီးတော့ သူတို့နဲ့ဖြစ်တဲ့နေရာ တိုက်ပွဲဖြစ်တဲ့နားက ဖက်ခတ်ရွာကို သွားတယ်။ အဲ့ဖက်ခတ်ရွာက အိမ်တွေထဲမှာရှိတဲ့ ပစ္စည်းတွေ ဆေးဝါးတွေ အစားအသောက်တွေ အကုန်လုံးကို ရိုက်နှက်ဖျက်စီးပြီး အကုန်လုံးယူပြီးတော့မှ PDF တပ်ဖွဲ့တွေ ရှိတယ်လို့ ယူဆရတဲ့ ရွာတရွာ တုန်ရွာဆိုတဲ့ရွာကို သူတို့ရောက်နေတယ်။ ရွာသူရွာသားတွေအကုန် ရွာလုံးကျွတ်နီးပါးပဲ ရှောင်တိမ်းနေရတယ်။”

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မြောင်မြို့နယ်က ကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေလုပ်နေပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နဲ့ သိပ်မဝေးဘဲ အိမ်ခြေ ၂၀၀၀ နီးပါးရှိတဲ့ ကွမ်းစိုက်ရွာမှာလည်း ဇွန် ၁၄ ရက်က စစ်ကောင်စီနဲ့နီးစပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရပြီး စစ်ကောင်စီတပ်တွေက ကျေးရွာသူ ကျေးရွာသား ၅၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ တချို့ကျေးရွာသားတွေကတော့ ရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခံရသူ ကျေးရွာသူကျေးရွာသား ၅၀ ကျော်ဟာ ဒီကနေ့ထိ ပြန်မလွတ်လာသေးဘဲ ဓားနဲ့ထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ သေဆုံးခြင်းမရှိဘဲ မန္တလေးမှာ ကုသနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG