(Zawgyi / Unicode)
ဧရာဝတီတိုင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ဇရစ္႐ိုးအုပ္စု၊ ေလွဆြဲေက်းရြာမွာ ဒီကေန႔မနက္ပိုင္းက စစ္တပ္နဲ႔ ေဒသခံေတြအၾကား အျပန္အလွန္ ပစ္ခတ္ၾကၿပီး ေသဆံုး ဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။
ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ေဒသခံ ၃ ဦးထက္မနည္း ေသဆံုးတယ္လုိ႔ ေဖာ္ျပၾကသလို ေသဆံုးသူအေရအတြက္ အဲဒီထက္ ပိုမ်ားတယ္လို႔ ေရးထားတာေတြကိုလည္း ေတြ႔ရေပမယ့္ ဗီြအိုေအက သီးျခား အတည္မျပဳႏုိင္ေသးပါဘူး။
စစ္တပ္က ရြာထဲကို ပစ္ခတ္တာေၾကာင့္ တရြာလံုးနီးပါး ထြက္ေျပးေနရသလို ေလွဆြဲရြာထဲမွာ စစ္တပ္က တပ္စြဲထားတာေၾကာင့္ အနီးပတ္ဝန္းက်င္ရြာေတြက ရြာသားေတြလည္း ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ သတင္းေတြမွာ ေတြ႔ရပါတယ္။
လက္နက္ေတြရွိေနတယ္ဆုိတဲ့ သံသယနဲ႔ ရြာသားတဦးကို ဖမ္းဖို႔ စစ္တပ္ကလာတာမွာ ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတာလို႔ ေဒသခံတဦးက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
"ရြာသားေတြမွာက ဒူးေလးေလာက္ပဲရွိၿပီး အက်အဆံုး အေတာ္မ်ားပါတယ္" လို႔ အမည္မေဖာ္လိုတဲ့ အဲဒီေဒသခံက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
တခ်ဳိ႕သတင္းေတြမွာေတာ့ ေဒသခံေတြက လက္လုပ္ ဂက္စ္ေသနတ္ေတြနဲ႔ ျပန္ပစ္တယ္လို႔ ေရးထားတာလည္း ေတြ႔ရပါတယ္။
ကခ်င္ျပည္နယ္၊ ေရႊဂူၿမိဳ႕ေျမာက္ပိုင္းက ရဲစခန္းတခုကုိ ကခ်င္လြတ္လပ္ေရးတပ္ဖြဲ႔ (KIA) နဲ႔ပူးေပါင္းၿပီး ေသာၾကာေန႔ေႏွာင္းပိုင္းက တိုက္ခိုက္ခဲ့တယ္လုိ႔ ေရႊဂူ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။
ဒီတိုက္ပြဲနဲ႔ပတ္သက္ၿပီး အတည္ျပဳခ်က္ယူဖို႔ ႐ိုက္တာသတင္းဌာနက KIA ကို ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။
ႏုိင္ငံအေရွ႕ပိုင္း ရွမ္းျပည္နယ္၊ မိုးၿဗဲၿမိဳ႕မွာလည္း မေန႔ညေနပိုင္းက မိုးၿဗဲ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔နဲ႔ စစ္တပ္အၾကား တိုက္ပြဲျဖစ္ၿပီး စစ္တပ္ဘက္က ၄ ေယာက္ က်ဆံုးခဲ့တယ္လို႔လည္း မိုးၿဗဲ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။
ဒီကေန႔ က်ဳံေပ်ာ္ဘက္ကတိုက္ပြဲနဲ႔ တျခားေနရာေတြက တိုက္ပြဲသတင္းေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ယူဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ႐ိုက္တာသတင္းဌာနက ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္ မရခဲ့ပါဘူး။
--------------------
(Unicode)
ကျုံပျော်မှာ စစ်တပ်နဲ့ ဒေသခံ အပြန်အလှန်ပစ်ခတ်၊ သေဆုံးဒဏ်ရာရမှုရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးအုပ်စု၊ လှေဆွဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်ကြပြီး သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဒေသခံ ၃ ဦးထက်မနည်း သေဆုံးတယ်လို့ ဖော်ပြကြသလို သေဆုံးသူအရေအတွက် အဲဒီထက် ပိုများတယ်လို့ ရေးထားတာတွေကိုလည်း တွေ့ရပေမယ့် ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က ရွာထဲကို ပစ်ခတ်တာကြောင့် တရွာလုံးနီးပါး ထွက်ပြေးနေရသလို လှေဆွဲရွာထဲမှာ စစ်တပ်က တပ်စွဲထားတာကြောင့် အနီးပတ်ဝန်းကျင်ရွာတွေက ရွာသားတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။
လက်နက်တွေရှိနေတယ်ဆိုတဲ့ သံသယနဲ့ ရွာသားတဦးကို ဖမ်းဖို့ စစ်တပ်ကလာတာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"ရွာသားတွေမှာက ဒူးလေးလောက်ပဲရှိပြီး အကျအဆုံး အတော်များပါတယ်" လို့ အမည်မဖော်လိုတဲ့ အဲဒီဒေသခံက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တချို့သတင်းတွေမှာတော့ ဒေသခံတွေက လက်လုပ် ဂက်စ်သေနတ်တွေနဲ့ ပြန်ပစ်တယ်လို့ ရေးထားတာလည်း တွေ့ရပါတယ်။
ကချင်ပြည်နယ်၊ ရွှေဂူမြို့မြောက်ပိုင်းက ရဲစခန်းတခုကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ပူးပေါင်းပြီး သောကြာနေ့နှောင်းပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အတည်ပြုချက်ယူဖို့ ရိုက်တာသတင်းဌာနက KIA ကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
နိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှာလည်း မနေ့ညနေပိုင်းက မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၄ ယောက် ကျဆုံးခဲ့တယ်လို့လည်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ကျုံပျော်ဘက်ကတိုက်ပွဲနဲ့ တခြားနေရာတွေက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ယူဖို့ စစ်ကောင်စီပြောခွင့်ရကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။