သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"အမ်ားျပည္သူေနရာ ေဖာက္ခြဲမႈမလုပ္" - NUG


အမ်ဳိးသားညီညြတ္ေရးအစိုးရ (NUG)

Zawgyi/Unicode

PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြအေနနဲ႔ ျပည္သူလူထုအေပၚ အၾကမ္းဖက္တာေတြမလုပ္ဖို႔ က်င့္ဝတ္သတ္မွတ္ထားၿပီး အမ်ားျပည္သူနဲ႔သက္ဆိုင္ရာ စာသင္ေက်ာင္း ေစ်း စတာေတြမွာ ေဖာက္ခြဲမူေတြမလုပ္ခဲ့ဘူးလို႔ ၾကားကာလအမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG က ေျပာပါတယ္။ တပ္မေတာ္သားေတြကိုလည္း ဒီမိုကေရစီအေရးလူပ္ရွားမူမွာ ျပည္သူေတြနဲ႔ ပူးေပါင္းပါဝင္ဖို ႔ NUG က သေဘာထား ထုတ္ျပန္ထားၿပီးၿပီလို႔ အြန္လိုင္းကေန ပထမဆံုးအႀကိမ္အျဖစ္ ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း NUG တာဝန္ရွိသူေတြကေျပာသြားပါတယ္။ သတင္းစာရွင္းလင္းပြဲကို ကိုယ္တိုင္တက္ခဲ့တဲ့ ကိုဝင္းမင္းက ဆက္ေျပာျပပါမယ္။

ျမန္မာႏုိင္ငံတြင္း လက္ရွိေပါက္ကြဲမူေတြနဲပတ္သက္ၿပီး အၾကမ္းဖက္လို႔ ပံုေဖာ္လိုသူေတြက စြပ္စြဲတာသာျဖစ္တယ္လို႔ NUG ရဲ႕ ႏုိင္ငံျခားေရးဌာန ဒုတိယဝန္ႀကီး ဦးမိုးေဇာ္ဦးက တုံ႔ျပန္ေျပာဆိုသြားပါတယ္။

“ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ PDF People’s Defense Forces ရဲ႕အေျခခံမူဝါဒေတြ၊ စစ္သည္ေတာ္ က်င့္ဝတ္စည္းမ်ဥ္းေတြ၊ ေနာက္တခါ စစ္သံု႔ပန္းေတြအေပၚ ျပဳက်င့္ရမယ့္က်င့္ဝတ္ေတြ၊ ေနာက္ အရပ္သားျပည္သူေတြနဲ႔ဆက္ဆံရာမွာ လိုက္နာရမယ့္က်င့္ဝတ္ေတြ၊ အမ်ဳိးသမီးနဲ႔ကေလးသူငယ္ေတြအေပၚလုိက္နာရမယ့္က်င့္ဝတ္ေတြ စတဲ့ အဲလိုက်င့္ဝတ္ေတြပါဝင္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ႕ စစ္ဘက္ဆုိင္ရာက်င့္ဝတ္ေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီက်င့္ဝတ္ေတြအရဆိုရင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က ျပည္သူလူထုအေပၚကို အၾကမ္းဖက္မႈေတြကို လံုးဝလက္မခံပါဘူး။ ျပည္သူလူထုအေပၚမွာ အၾကမ္းဖက္တဲ့လုပ္ရပ္ေတြဟာ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္နဲ႔လံုးဝမပတ္သက္ပါဘူး။ ဥပမာအားျဖင့္ - စာသင္ေက်ာင္းေတြ၊ ေဆး႐ံုေတြ၊ ေစ်းေတြ စသျဖင့္ အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ေနရာေတြမွာ အၾကမ္းဖက္တဲ့ ဗံုးခြဲတဲ့ အဲဒီလုပ္ရပ္ေတြဟာ အမ်ဳိးသားညီညြတ္ေရးအစိုးရနဲ႔ လံုးဝမသက္ဆုိင္ဘူးဆိုတာကို အတိအလင္းေျပာလိုပါတယ္။”

ဒီသတင္းစာရွင္းပြဲမွာ ကာကြယ္ေရးကိစၥ ဦးေဆာင္ေျဖၾကားခဲ့တဲ့ ကာကြယ္ေရး ဒုဝန္ႀကီး ေဒၚခင္မမမ်ိဳးကလည္း NUG အေနနဲ႔ စစ္သင္တန္းေတြလုပ္ေဆာင္ေနေပမဲ့ ျပည္သူအေပၚအၾကမ္းဖက္ေနတဲ့ စစ္အုပ္စုကို ျပည္သူနဲ႔အတူကာကြယ္သြားဖို႔သာျဖစ္တယ္၊ စစ္ေရးရည္မွန္းခ်က္နဲ႔ပဲလုပ္သြားၿပီး အရပ္သားျပည္ေတြနဲ႔ပိုင္ဆိုင္မူေတြကို မထိခိုက္ေစရဘူးလို႔ ကတိျပဳလိုက္ပါတယ္။

“စစ္သည္ေတာ္က်င့္ဝတ္ေတြကို က်မတို႔ တခါတည္းေဖာ္ျပထားပါတယ္။ စစ္ေရးရည္မွန္းခ်က္မ်ားအျဖစ္သာ တုိက္ပြဲေဖာ္ေဆာင္ရမယ္။ စစ္ဆင္ေရးဆင္ႏြဲရာမွာ လိုအပ္တဲ့ အင္အားကိုအသံုးျပဳၿပီး ထိခိုက္ပ်က္စီးမႈအနည္းဆံုးျဖစ္ေစရန္ေဆာင္ရြက္ရမယ္ဆိုတဲ့ အပိုင္းေတြ ပါပါတယ္။ ေနာက္တခါ- အရပ္သားျပည္သူမ်ားအား ကာကြယ္ေစာင့္ေရွာက္ရမည္၊ အရပ္သားျပည္သူပိုင္ ဥစၥာပစၥည္းမ်ားကို ထိပါးျခင္းမျပဳရဆိုတဲ့ အေနအထားေတြ ပါပါတယ္။”

ဒီေနရာမွာ စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က မၾကာခင္က တ႐ုတ္သတင္းဌာနတစ္ခုနဲ႔ အင္တာဗ်ဴးလုပ္ရာမွာ ျပည္တြင္းစစ္က သိပ္မရွိေတာ့ဘူးလို႔ ေျပာခဲ့တဲ့အေပၚ ဘယ္လိုတံု႔ျပန္ခ်င္ပါလဲလို႔ ေမးရာမွာ ေဒၚခင္မမမ်ိဳးကပဲ စစ္တပ္ေၾကာင့္သာ ျပည္တြင္းစစ္ျဖစ္ရတာပါလို႔ ျပန္ေျပာခဲ့ပါတယ္။

“ျမန္မာႏိုင္ငံမွာရွိေနတဲ့ အၾကမ္းဖက္စစ္အုပ္စုမွာ ပါဝင္ၾကသူေတြအားလံုးအေနနဲ႔ က်မတို႔ တရားဝင္ျပည္သူ႔အစိုးရနဲ႔ ပူးေပါင္းၿပီးေတာ့ စစ္ေကာင္စီရဲ႕ အာဏာသိမ္းမႈကို ရပ္ဆုိင္းလုိက္တာနဲ႔ ျမန္မာႏုိင္ငံရဲ႕ျပည္တြင္းစစ္ ျဖစ္ပြါးလာႏိုင္ေသာအေျခအေနေတြ၊စစ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ ထိေတြ႔လာႏုိင္ေသာအေျခအေနေတြ… ဒါေတြအားလံုးဟာ ရပ္ဆုိင္းသြားမွာျဖစ္ပါတယ္။”

ဒါ့အျပင္ ဒီမိုကေရစီေရးလူပ္ရွားမူထဲမွာ တပ္မေတာ္သားေတြအေနနဲ႔ ျပည္သူေတြနဲ႔ ပူးေပါင္းပါဝင္ဖို႔ သေဘာထား ထုတ္ျပန္ၿပီးၿပီလို႔လည္း ဦးမိုးေဇာ္ဦးကဆိုပါတယ္။

႐ိုဟင္ဂ်ာေတြအေနနဲ႔ ႏိုင္ငံသားျဖစ္ခြင့္ရွိၿပီး လိုအပ္တဲ့ ဥပေဒေတြ ျပင္ဆင္သြားဖို႔ ရည္မွန္းထားတယ္လို႔ ဦးမိုးေဇာ္ဦးက ဆက္ေျပာခဲ့ပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကလည္း ႐ိုဟင္ဂ်ာဆိုင္ရာ မူဝါထုတ္ျပန္ခဲ့အၿပီး လက္ေတြ႕႔ ျပင္ႏိုင္တဲ့ တိုင္းရင္းသားျဖစ္မႈကို အေျခမခံတဲ့ ႏိုင္ငံသားျဖစ္ေရး ဥပေဒကိုလည္း ရွင္းျပခဲ့ပါတယ္။

“တုိင္းျပည္မွာေမြးဖြားတဲ့သူကို အသိအမွတ္ျပဳမယ္၊ ကာကြယ္မယ္။ ေနာက္ သူတို႔သတ္မွတ္ထားတဲ့ တုိင္းရင္းသားလူမ်ဳိးျဖစ္ရမယ္ဆိုတဲ့ ….ေတြကိုပဲ ရည္ရြယ္ၿပီးေတာ့ သတ္မွတ္ထားေတာ့ ဘာျဖစ္လဲဆိုေတာ့ ….၁၃၅ မ်ဳိးလို႔ေျပာတဲ့ လူမ်ဳိးစုေတြမွာ မပါဝင္တဲ့သူေတြက ႏိုင္ငံသားျဖစ္ခြင့္ မရွိႏုိ္င္တဲ့ အေနအထားမ်ဳိးျဖစ္တယ္။ ေျပာမယ္ဆိုရင္ ႏုိင္ငံသားျဖစ္မႈက တုိင္းရင္းသားျဖစ္မႈဆိုတဲ့အေၾကာင္းအရာနဲ႔လုပ္ေဆာင္တယ္။ အဲဒီေတာ့ ဒီအခ်က္က ဒီလိုမ်ဳိးသတ္မွတ္ျခင္းမခံရတဲ့သူေတြအတြက္ အမ်ားႀကီးျပႆနာျဖစ္တယ္ဆိုတဲ့အခ်က္၊ အဲဒါကို က်ေနာ္ သံုးသပ္မိတယ္။ အဲဒီေတာ့ က်ေနာ္တို႔အေနနဲ႔ ၁၉ ၈၂ ဥပေဒကိုဖ်က္သိမ္းၿပီးေတာ့ ျပန္လည္ျပင္ဆင္တဲ့ေနရာမ်ဳိးမွာ အခုနကလိုမ်ဳိး ခြဲျခားမႈကိုျဖစ္ေစတဲ့ လူမ်ဳိးျဖစ္မႈကိုဦးတည္ၿပီးေတာ့ သတ္မွတ္တဲ့ ႏိုင္ငံသားျဖစ္မႈပံုစံကို က်ေနာ္တို႔ မလိုလားအပ္ပါဘူး။”

႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္ရွိစစ္ေကာင္စီက တရားဝင္လက္ခံမထားပါဘူး။

ပညာေရး၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ေဇာ္ေဝစိုးကလည္း၊ စစ္အာဏာသိမ္း တာ ေၾကာင့္ ကိုဗစ္ကာကြယ္ေရးလုပ္ငန္းေတြထိခိုက္သြားရတယ္၊ အာဏာသာမသိမ္းခဲ့ရင္ အရင္စီစဥ္ ထားတဲ့အတိုင္း လူဦးေရ ၄၀% ေဆးထိုးၿပီးသားျဖစ္ခဲ့ရမွာ၊ အခု စစ္ေကာင္စီထိုးေနပံုနဲ႔ Immunity တႏိုင္ငံလံုးေရာဂါခံႏိုင္ရည္ မရႏိုင္ေတာ့ဘူးလို႔ ဆိုလိုက္ပါတယ္ ခင္ဗ်ာ။

"အမ်ားျပည္သူေနရာ ေဖာက္ခြဲမႈမလုပ္" - NUG
please wait

No media source currently available

0:00 0:04:37 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

"အများပြည်သူနေရာ ဖောက်ခွဲမှုမလုပ်" - NUG

PDF ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တာတွေမလုပ်ဖို့ ကျင့်ဝတ်သတ်မှတ်ထားပြီး အများပြည်သူနဲ့သက်ဆိုင်ရာ စာသင်ကျောင်း ဈေး စတာတွေမှာ ဖောက်ခွဲမူတွေမလုပ်ခဲ့ဘူးလို့ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရ NUG က ပြောပါတယ်။ တပ်မတော်သားတွေကိုလည်း ဒီမိုကရေစီအရေးလူပ်ရှားမူမှာ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ဖို့ NUG က သဘောထား ထုတ်ပြန်ထားပြီးပြီလို့ အွန်လိုင်းကနေ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း NUG တာဝန်ရှိသူတွေကပြောသွားပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း လက်ရှိပေါက်ကွဲမူတွေနဲပတ်သက်ပြီး အကြမ်းဖက်လို့ ပုံဖော်လိုသူတွေက စွပ်စွဲတာသာဖြစ်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးဇော်မိုးဦးက တုံ့ပြန်ပြောဆိုသွားပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF People’s Defence Forces ရဲ့အခြေခံမူဝါဒတွေ၊ စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းတွေ၊ နောက်တခါ စစ်သုံ့ပန်းတွေအပေါ် ပြုကျင့်ရမယ့်ကျင့်ဝတ်တွေ၊ နောက် အရပ်သားပြည်သူတွေနဲ့ဆက်ဆံရာမှာ လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေအပေါ်လိုက်နာရမယ့်ကျင့်ဝတ်တွေ စတဲ့ အဲလိုကျင့်ဝတ်တွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကျင့်ဝတ်တွေအရဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူလူထုအပေါ်ကို အကြမ်းဖက်မှုတွေကို လုံးဝလက်မခံပါဘူး။ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်တဲ့လုပ်ရပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့လုံးဝမပတ်သက်ပါဘူး။ ဥပမာအားဖြင့် - စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဈေးတွေ စသဖြင့် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အကြမ်းဖက်တဲ့ ဗုံးခွဲတဲ့ အဲဒီလုပ်ရပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတာကို အတိအလင်းပြောလိုပါတယ်။”

ဒီသတင်းစာရှင်းပွဲမှာ ကာကွယ်ရေးကိစ္စ ဦးဆောင်ဖြေကြားခဲ့တဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဒေါ်ခင်မမမျိုးကလည်း NUG အနေနဲ့ စစ်သင်တန်းတွေလုပ်ဆောင်နေပေမဲ့ ပြည်သူအပေါ်အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို ပြည်သူနဲ့အတူကာကွယ်သွားဖို့သာဖြစ်တယ်၊ စစ်ရေးရည်မှန်းချက်နဲ့ပဲလုပ်သွားပြီး အရပ်သားပြည်တွေနဲ့ပိုင်ဆိုင်မူတွေကို မထိခိုက်စေရဘူးလို့ ကတိပြုလိုက်ပါတယ်။

“စစ်သည်တော်ကျင့်ဝတ်တွေကို ကျမတို့ တခါတည်းဖော်ပြထားပါတယ်။ စစ်ရေးရည်မှန်းချက်များအဖြစ်သာ တိုက်ပွဲဖော်ဆောင်ရမယ်။ စစ်ဆင်ရေးဆင်နွဲရာမှာ လိုအပ်တဲ့ အင်အားကိုအသုံးပြုပြီး ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းတွေ ပါပါတယ်။ နောက်တခါ- အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည်၊ အရပ်သားပြည်သူပိုင် ဥစ္စာပစ္စည်းများကို ထိပါးခြင်းမပြုရဆိုတဲ့ အနေအထားတွေ ပါပါတယ်။”

ဒီနေရာမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခင်က တရုတ်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးလုပ်ရာမှာ ပြည်တွင်းစစ်က သိပ်မရှိတော့ဘူးလို့ ပြောခဲ့တဲ့အပေါ် ဘယ်လိုတုံ့ပြန်ချင်ပါလဲလို့ မေးရာမှာ ဒေါ်ခင်မမမျိုးကပဲ စစ်တပ်ကြောင့်သာ ပြည်တွင်းစစ်ဖြစ်ရတာပါလို့ ပြန်ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုမှာ ပါဝင်ကြသူတွေအားလုံးအနေနဲ့ ကျမတို့ တရားဝင်ပြည်သူ့အစိုးရနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ရပ်ဆိုင်းလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ် ဖြစ်ပွါးလာနိုင်သောအခြေအနေတွေ၊စစ်ရေးနဲ့ပတ်သက်ပြီးတော့ ထိတွေ့လာနိုင်သောအခြေအနေတွေ… ဒါတွေအားလုံးဟာ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။”

ဒါ့အပြင် ဒီမိုကရေစီရေးလူပ်ရှားမူထဲမှာ တပ်မတော်သားတွေအနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ဖို့ သဘောထား ထုတ်ပြန်ပြီးပြီလို့လည်း ဦးမိုးဇော်ဦးကဆိုပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိပြီး လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်သွားဖို့ ရည်မှန်းထားတယ်လို့ ဦးမိုးဇော်ဦးက ဆက်ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ရိုဟင်ဂျာဆိုင်ရာ မူဝါထုတ်ပြန်ခဲ့အပြီး လက်တွေ့ ပြင်နိုင်တဲ့ တိုင်းရင်းသားဖြစ်မှုကို အခြေမခံတဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေကိုလည်း ရှင်းပြခဲ့ပါတယ်။

“တိုင်းပြည်မှာမွေးဖွားတဲ့သူကို အသိအမှတ်ပြုမယ်၊ ကာကွယ်မယ်။ နောက် သူတို့သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးဖြစ်ရမယ်ဆိုတဲ့ ….တွေကိုပဲ ရည်ရွယ်ပြီးတော့ သတ်မှတ်ထားတော့ ဘာဖြစ်လဲဆိုတော့ ….၁၃၅ မျိုးလို့ပြောတဲ့ လူမျိုးစုတွေမှာ မပါဝင်တဲ့သူတွေက နိုင်ငံသားဖြစ်ခွင့် မရှိနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ ပြောမယ်ဆိုရင် နိုင်ငံသားဖြစ်မှုက တိုင်းရင်းသားဖြစ်မှုဆိုတဲ့အကြောင်းအရာနဲ့လုပ်ဆောင်တယ်။ အဲဒီတော့ ဒီအချက်က ဒီလိုမျိုးသတ်မှတ်ခြင်းမခံရတဲ့သူတွေအတွက် အများကြီးပြဿနာဖြစ်တယ်ဆိုတဲ့အချက်၊ အဲဒါကို ကျနော် သုံးသပ်မိတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ ၁၉ ၈၂ ဥပဒေကိုဖျက်သိမ်းပြီးတော့ ပြန်လည်ပြင်ဆင်တဲ့နေရာမျိုးမှာ အခုနကလိုမျိုး ခွဲခြားမှုကိုဖြစ်စေတဲ့ လူမျိုးဖြစ်မှုကိုဦးတည်ပြီးတော့ သတ်မှတ်တဲ့ နိုင်ငံသားဖြစ်မှုပုံစံကို ကျနော်တို့ မလိုလားအပ်ပါဘူး။”

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ရှိစစ်ကောင်စီက တရားဝင်လက်ခံမထားပါဘူး။

ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကလည်း၊ စစ်အာဏာသိမ်း တာ ကြောင့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေထိခိုက်သွားရတယ်၊ အာဏာသာမသိမ်းခဲ့ရင် အရင်စီစဉ် ထားတဲ့အတိုင်း လူဦးရေ ၄၀% ဆေးထိုးပြီးသားဖြစ်ခဲ့ရမှာ၊ အခု စစ်ကောင်စီထိုးနေပုံနဲ့ Immunity တနိုင်ငံလုံးရောဂါခံနိုင်ရည် မရနိုင်တော့ဘူးလို့ ဆိုလိုက်ပါတယ် ခင်ဗျာ။

#NUG #CRPH #PDF #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #အမျိုးသားညီညွတ်ရေးအစိုးရ #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG