သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္ CDF နဲ႔ စစ္တပ္အၾကား တိုက္ပြဲျဖစ္


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က စစ္ေဘးေရွာင္တခ်ိဳ႕။ (ဓာတ္ပုံ - CJ - ဇြန္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

မေကြးတိုင္းနဲ႔ ခ်င္းျပည္နယ္ ထိစပ္ေနတဲ့ေနရာမွာ ခ်င္းျပည္နယ္ကာကြယ္ေရး CDF မင္းတပ္အဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ဒီေန႔ အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၾကပါတယ္။ စစ္တပ္ဘက္က ပစ္တဲ့ လက္နက္ႀကီးေတြ က်လို႔ မင္းတပ္က စစ္ေျပးဒုကၡသည္ေတြ ေနာက္ထပ္ေနရာေတြမွာ ေ႐ႊ႕ေျပာင္းေနၾကရပါတယ္။ မင္းတပ္ဘက္က အေျခအေန ရန္ကုန္ကလာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

မေကြးတိုင္း ေယာနယ္နဲ႔ ခ်င္းျပည္ ထိဆက္ေနတဲ့ေနရာမွာ စစ္တပ္နဲ႔ ခ်င္းျပည္နယ္ကာကြယ္ေရးအတြက္ဖဲြ႔ထားၾကတဲ့ CDF မင္းတပ္အဖဲြ႔ေတြ ဒီကေန႔ ဇြန္ ၃ ရက္ မနက္အေစာပိုင္းမွာ တိုက္ပြဲျဖစ္ခဲ့ၾကပါတယ္။ စစ္တပ္ဘက္က စၿပီး ထိုးစစ္ဆင္ တိုက္ခိုက္တာျဖစ္တယ္လို႔ မင္းတပ္ CDF က တာ၀န္ရွိသူတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ျဖစ္တာက ထီးလင္းဘက္ကေန ခ်င္းေတာင္ဘက္ကို က်ေနာ္တို႔ ေယာနယ္နဲ႔ ခ်င္းေတာင္အစပ္ ေအာင္သာယာရြာဆိုတဲ့ေနရာကေန သူတို႔ ထိုးစစ္ဆင္လာတယ္။ အဲ့ဒီတိုက္ပြဲျဖစ္တယ္။ မနက္ အေစာပိုင္းမွာ တုိက္ပြဲျဖစ္တယ္။ မနက္အေစာပိုင္းမွာ သူတို႔နဲ႔က်ေနာ္တို႔ တိုက္ပြဲျဖစ္တာပါ။ က်ေနာ္တို႔ဘက္က ဟိုဘက္က ဘယ္ႏွေယာက္က်တယ္ ဘယ္ႏွေယာက္ေသတယ္ဆိုတာ အတိအက် ေျပာဖို႔ ခဲယဥ္းတယ္။ တေယာက္က ကိုယ့္ဟာကိုယ္ ထိခိုက္မိတာရွိတယ္။ က်န္တာ ဟိုဘက္စစ္ေကာင္စီဘက္က ၄ ေယာက္ေလာက္ က်တယ္လို႔ က်ေနာ္တို႔ အဖြဲ႕က က်ေနာ္တို႔ကို လွမ္းေျပာပါတယ္။ အဲ့ဒါလည္း confirm လုပ္လို႔မရပါဘူး။ မရပါဘူးဆိုတာက ဒါေတြက အတိက်ေျပာလို႔ မရဘူး။ ေသခ်ာတာ တခုက ၄ ေယာက္ေလာက္က သူတို႔ဆြဲသြားတယ္ေပါ့ ေခၚသြားတယ္ေပါ့။ အမ်ားအားျဖင့္ က်တာ ေသခ်ာသေလာက္ရွိတယ္။ေျပာတယ္။”

ေမလ ၁၄ ရက္ နဲ႔ ၁၅ ရက္ေတြမွာ မင္းတပ္ CDF နဲ႔ စစ္ေကာင္စီတပ္ေတြ အျပင္းအထန္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး CDF က မင္းတပ္ၿမိဳ႕ကေန ဆုတ္ခြါေပးခဲ့ၾကပါတယ္။ အဲဒီေနာက္ မင္းတပ္ၿမိဳ႕ထဲက ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္တပ္က စခန္းခ် တပ္စဲြထားပါတယ္။ မင္းတပ္နဲ႔ အနီးအနား႐ွိတဲ့ ၿမိဳ႕ငယ္ေတြ ႐ြာေတြက ေဒသခံ ေသာင္းနဲ႔ခ်ီ စစ္ေဘးလြတ္ေအာင္ ထြက္ေျပးခဲ့ၾကရပါတယ္။

အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈေတြ ႐ွိေနတာနဲ႔အတူ CDF တပ္ဖြဲ႕ေတြ ရွိႏိုင္တဲ့ေနရာေတြကို စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနပါတယ္။ တခ်ဳိ႕လက္နက္ႀကီးက်ည္ေတြက မင္းတပ္ၿမိဳ႕ ဧရြာ စစ္ေဘးေရွာင္စခန္းအနီးကို က်ေရာက္တဲ့အတြက္ေၾကာင့္ စစ္ေဘးေရွာင္ေတြဟာ ေနာက္ထပ္ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနရပါတယ္။ မင္းတပ္ဘက္က စစ္ေဘးဒုကၡသည္ ၁၀,၀၀၀ နီးပါး႐ွိေနၿပီး ယာယီခိုလႈံႏိုင္တဲ့ ေနရာ ၅၀ ေလာက္မွာ ခိုလံႈေနၾကပါတယ္။ စစ္ေကာင္စီကလည္း မင္းတပ္ၿမိဳ႕ေပၚမွာ ဒုကၡသည္စခန္း ၁၀ ခုဖြင့္ေပးထားေပမဲ့ လာေရာက္ခိုလံႈသူ ၁၀၀ နီးပါးပဲရွိၿပီး အမ်ားစုဟာ ၿမိဳ႕နဲ႔အလွမ္းေ၀းတဲ့ စစ္ေဘးေရွာင္ စခန္းေတြမွာပဲ ခိုလံႈေနၾကပါတယ္။

တဆက္တည္းမွာပဲ မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕မွာ ဒီကေန႔ မနက္အေစာပိုင္းက အရပ္၀တ္နဲ႔ ဆိုင္ကယ္စီးလာတဲ့ စစ္ေကာင္စီ တပ္ဖြဲ႕၀င္ႏွစ္ဦး အမွတ္ ၁ တိုးခ်ဲ႕ရပ္ကြက္နားအေရာက္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး တဦးေသဆံုးသြားခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ မ်က္ျမင္ ျမင္းၿခံ ၿမိဳ႕ခံတေယာက္က အခုလို ေျပာျပပါတယ္။

“၉ နာရီခြဲေလာက္ စိန္ႀကီး လက္ဘက္ရည္ဆိုင္ေရွ႕ အဲ့ဒီမွာ ဆိုင္ကယ္နဲ႔ လူ ၂ ေယာက္ေပါ့ေနာ္။ ေရွ႕က ဆိုင္ကယ္စီးတဲ့သူက လဲသြားတာေပါ့။ ေသနတ္သံကအက်ယ္ႀကီးမၾကားရဘူး။ အေနာက္က ခြလိုက္တဲ့သူက ထြက္ေျပးတာ ေရွ႕က လူက လဲသြားေတာ့။ ေနာက္ကလူက ပစၥတိုပါတယ္။ ခဏေနေတာ့ နာရီ၀က္ေလာက္ ေနေတာ့ လူနာတင္ယာဥ္ေရာက္လာတယ္။ စစ္ကား၊ စစ္သား ဆိုင္ကယ္နဲ႔ ၃ ေယာက္ ေရာက္လာတယ္။ ေနာက္က်မွ တခါ ရဲကားေတြေရာက္လာတယ္။ ေသတာက အရာရွိလို႔ေျပာတာပဲ လူေတာ့ မျမင္လိုက္ ရဘူး။ သူတို႔တခါတည္း လူနာတင္ယာဥ္နဲ႔ တင္သြားတယ္။ စစ္တပ္က အရာရွိဘာညာေပါ့။ ရပ္ကြက္ကလည္း နည္းနည္းပါးပါး ၾကည့္ရဲတာေလ။ သိပ္မၾကည့္ရဲၾကဘူးေလ။ ေတာ္ၾကာ ပစ္မွာ ခတ္မွာေၾကာက္တယ္ေပါ့ေနာ္။ အဲ့ဒီလိုက်ေတာ့ ဘယ္လိုပစ္မွန္းကို မသိလိုက္ဘူး။ အေရးေပၚဆိုေတာ့ လဲသြားမွ က်ေနာ္တို႔က သိရတာ။ ပစ္တာက ဘယ္သူပစ္တယ္ ဆိုတာမသိဘူး။ က်ေနာ္တို႔ကလည္း ေရွ႕ဆိုင္ကယ္ကလဲသြားတယ္။ ေနာက္လူက ထြက္ေျပးတယ္။ ေရွ႕ဆိုင္ကယ္ကလူက ေသနတ္ရာေတာ့ ပါတယ္။ ရင္၀လား ေနာက္ေၾကာလား မသိဘူး မွန္ေတာ့မွန္တယ္။”

ရန္ကုန္၊ မႏၱေလး စတဲ့ၿမိဳ႕ႀကီးေတြအျပင္ တျခားၿမိဳ႕ေတြမွာပါ စစ္ေကာင္စီလိုလားသူလို႔ အျမင္ခံရသူေတြ ပစ္ခတ္ တိုက္ခိုက္ခံရတာေတြ ႐ွိေနပါတယ္။

ရဲစခန္းနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးေတြအျပင္ စစ္ေကာင္စီတပ္ေတြ ေစာင့္ၾကပ္တဲ့ေနရာေတာ္ေတာ္မ်ားမ်ားမွာ သဲအိတ္ေတြအျပင္ သံဇကာေတြပါ ကာရံထားၿပီး ကင္းလွည့္ခ်ိန္မွာလည္း အလြယ္တကူ ေပါက္ကြဲေစတဲ့အရာ ကားေပၚ ပစ္ထည့္လို႔မရေအာင္ ၀ါးကပ္ေတြ ပလပ္စတစ္အမိုးေတြနဲ႔ ကာရံထားတာကိုလည္း ေတြ႕လာရပါတယ္။

မင္းတပ္ CDF နဲ႔ စစ္တပ္အၾကား တိုက္ပြဲျဖစ္
please wait

No media source currently available

0:00 0:04:17 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းတပ် CDF နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်

မကွေးတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့နေရာမှာ ချင်းပြည်နယ်ကာကွယ်ရေး CDF မင်းတပ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကျလို့ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေ နောက်ထပ်နေရာတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။ မင်းတပ်ဘက်က အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

မကွေးတိုင်း ယောနယ်နဲ့ ချင်းပြည် ထိဆက်နေတဲ့နေရာမှာ စစ်တပ်နဲ့ ချင်းပြည်နယ်ကာကွယ်ရေးအတွက်ဖွဲ့ထားကြတဲ့ CDF မင်းတပ်အဖွဲ့တွေ ဒီကနေ့ ဇွန် ၃ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က စပြီး ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်တယ်လို့ မင်းတပ် CDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ဖြစ်တာက ထီးလင်းဘက်ကနေ ချင်းတောင်ဘက်ကို ကျနော်တို့ ယောနယ်နဲ့ ချင်းတောင်အစပ် အောင်သာယာရွာဆိုတဲ့နေရာကနေ သူတို့ ထိုးစစ်ဆင်လာတယ်။ အဲ့ဒီတိုက်ပွဲဖြစ်တယ်။ မနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ မနက်အစောပိုင်းမှာ သူတို့နဲ့ကျနော်တို့ တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ဘက်က ဟိုဘက်က ဘယ်နှယောက်ကျတယ် ဘယ်နှယောက်သေတယ်ဆိုတာ အတိအကျ ပြောဖို့ ခဲယဉ်းတယ်။ တယောက်က ကိုယ့်ဟာကိုယ် ထိခိုက်မိတာရှိတယ်။ ကျန်တာ ဟိုဘက်စစ်ကောင်စီဘက်က ၄ ယောက်လောက် ကျတယ်လို့ ကျနော်တို့ အဖွဲ့က ကျနော်တို့ကို လှမ်းပြောပါတယ်။ အဲ့ဒါလည်း confirm လုပ်လို့မရပါဘူး။ မရပါဘူးဆိုတာက ဒါတွေက အတိကျပြောလို့ မရဘူး။ သေချာတာ တခုက ၄ ယောက်လောက်က သူတို့ဆွဲသွားတယ်ပေါ့ ခေါ်သွားတယ်ပေါ့။ အများအားဖြင့် ကျတာ သေချာသလောက်ရှိတယ်။ပြောတယ်။”

မေလ ၁၄ ရက် နဲ့ ၁၅ ရက်တွေမှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF က မင်းတပ်မြို့ကနေ ဆုတ်ခွါပေးခဲ့ကြပါတယ်။ အဲဒီနောက် မင်းတပ်မြို့ထဲက နေရာတော်တော်များများမှာ စစ်တပ်က စခန်းချ တပ်စွဲထားပါတယ်။ မင်းတပ်နဲ့ အနီးအနားရှိတဲ့ မြို့ငယ်တွေ ရွာတွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေးလွတ်အောင် ထွက်ပြေးခဲ့ကြရပါတယ်။

အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတာနဲ့အတူ CDF တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ တချို့လက်နက်ကြီးကျည်တွေက မင်းတပ်မြို့ ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို ကျရောက်တဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေဟာ နောက်ထပ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။ မင်းတပ်ဘက်က စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနေပြီး ယာယီခိုလှုံနိုင်တဲ့ နေရာ ၅၀ လောက်မှာ ခိုလှုံနေကြပါတယ်။ စစ်ကောင်စီကလည်း မင်းတပ်မြို့ပေါ်မှာ ဒုက္ခသည်စခန်း ၁၀ ခုဖွင့်ပေးထားပေမဲ့ လာရောက်ခိုလှုံသူ ၁၀၀ နီးပါးပဲရှိပြီး အများစုဟာ မြို့နဲ့အလှမ်းဝေးတဲ့ စစ်ဘေးရှောင် စခန်းတွေမှာပဲ ခိုလှုံနေကြပါတယ်။

တဆက်တည်းမှာပဲ မန္တလေးတိုင်း မြင်းခြံမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး အမှတ် ၁ တိုးချဲ့ရပ်ကွက်နားအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး တဦးသေဆုံးသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မျက်မြင် မြင်းခြံ မြို့ခံတယောက်က အခုလို ပြောပြပါတယ်။

“၉ နာရီခွဲလောက် စိန်ကြီး လက်ဘက်ရည်ဆိုင်ရှေ့ အဲ့ဒီမှာ ဆိုင်ကယ်နဲ့ လူ ၂ ယောက်ပေါ့နော်။ ရှေ့က ဆိုင်ကယ်စီးတဲ့သူက လဲသွားတာပေါ့။ သေနတ်သံကအကျယ်ကြီးမကြားရဘူး။ အနောက်က ခွလိုက်တဲ့သူက ထွက်ပြေးတာ ရှေ့က လူက လဲသွားတော့။ နောက်ကလူက ပစ္စတိုပါတယ်။ ခဏနေတော့ နာရီဝက်လောက် နေတော့ လူနာတင်ယာဉ်ရောက်လာတယ်။ စစ်ကား၊ စစ်သား ဆိုင်ကယ်နဲ့ ၃ ယောက် ရောက်လာတယ်။ နောက်ကျမှ တခါ ရဲကားတွေရောက်လာတယ်။ သေတာက အရာရှိလို့ပြောတာပဲ လူတော့ မမြင်လိုက် ရဘူး။ သူတို့တခါတည်း လူနာတင်ယာဉ်နဲ့ တင်သွားတယ်။ စစ်တပ်က အရာရှိဘာညာပေါ့။ ရပ်ကွက်ကလည်း နည်းနည်းပါးပါး ကြည့်ရဲတာလေ။ သိပ်မကြည့်ရဲကြဘူးလေ။ တော်ကြာ ပစ်မှာ ခတ်မှာကြောက်တယ်ပေါ့နော်။ အဲ့ဒီလိုကျတော့ ဘယ်လိုပစ်မှန်းကို မသိလိုက်ဘူး။ အရေးပေါ်ဆိုတော့ လဲသွားမှ ကျနော်တို့က သိရတာ။ ပစ်တာက ဘယ်သူပစ်တယ် ဆိုတာမသိဘူး။ ကျနော်တို့ကလည်း ရှေ့ဆိုင်ကယ်ကလဲသွားတယ်။ နောက်လူက ထွက်ပြေးတယ်။ ရှေ့ဆိုင်ကယ်ကလူက သေနတ်ရာတော့ ပါတယ်။ ရင်ဝလား နောက်ကြောလား မသိဘူး မှန်တော့မှန်တယ်။”

ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပြင် တခြားမြို့တွေမှာပါ စစ်ကောင်စီလိုလားသူလို့ အမြင်ခံရသူတွေ ပစ်ခတ် တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေအပြင် စစ်ကောင်စီတပ်တွေ စောင့်ကြပ်တဲ့နေရာတော်တော်များများမှာ သဲအိတ်တွေအပြင် သံဇကာတွေပါ ကာရံထားပြီး ကင်းလှည့်ချိန်မှာလည်း အလွယ်တကူ ပေါက်ကွဲစေတဲ့အရာ ကားပေါ် ပစ်ထည့်လို့မရအောင် ဝါးကပ်တွေ ပလပ်စတစ်အမိုးတွေနဲ့ ကာရံထားတာကိုလည်း တွေ့လာရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG