သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္တြင္း ေလေၾကာင္းပစ္ခတ္မႈ ခရစ္ယာန္အဖဲြ႔အစည္းေတြ စိုးရိမ္


ကယားျပည္နယ္ ဒီးေမာ့ဆိုျမိဳ ့အနီး ေတာတြင္းတေနရာမွာ ပုန္းေအာင္းေနၾကတဲ့ စစ္ေျပးဒုကၡသည္မ်ား ( ဓာတ္ပံု- AFP)

(Zawgyi/Unicode)
ကယားျပည္နယ္အတြင္းမွာ စစ္တပ္က ေလေၾကာင္းတိုက္ခတ္မႈေတြ လုပ္လာတဲ့အေပၚမွာ အထူးစိုးရိမ္ေၾကာင္း ၿဗိတိန္အေျခစိုက္ ကမာၻလုံးဆိုင္ရာ ခရစ္ယာန္ ညီၫြတ္ေရးအဖဲြ႕ CSW နဲ႔ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ HART က သတိေပး ေျပာၾကားလိုက္ပါတယ္။ တိုက္ခိုက္မႈေတြေၾကာင့္ ျဖစ္လာတဲ့ ေသေၾက၊ ပ်က္စီးမႈေတြအတြက္ ျပည္တြင္းက ခရစ္ယာန္ဘာသာေရး အဖြဲ႕အစည္းေတြကလည္း စိတ္မေကာင္း ျဖစ္ရေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ HART ရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ကယားျပည္နယ္တြင္း အေျခအေနေတြကို ဗြီအိုေအ ျမန္မာက ကိုခင္ေမာင္စိုးမင္း က ေျပာျပေပးမွာပါ။

ကယားျပည္နယ္ထဲမွာ ေလေၾကာင္းပစ္ခတ္မႈေတြနဲ႔ လက္နက္ႀကီး အသုံးျပဳတာေတြေၾကာင့္ အရပ္သားေတြ ေသဆုံးခဲ့တဲ့အေပၚမွာ စိုးရိမ္မိတယ္လို႔ UK အေျခစိုက္ ခရစ္ယာန္အဖဲြ႕ ႏွစ္ဖဲြ႕က ထုတ္ျပန္ခဲ့တာပါ။

“ ကယားျပည္နယ္ထဲက အဓိက႐ုဏ္းဟာ ျမန္မာႏိုင္ငံအတြက္ လတ္တေလာ အေရးအေပၚ အေျခအေနတခု ျဖစ္တယ္” လို႔ HART ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ Baroness Cox က ဇြန္လ ၁ရက္မွာထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာပါတယ္ ။

ေမလ ၂၁ ရက္ကစၿပီးျဖစ္ေနတဲ့ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ေတြအၾကား တိုက္ပြဲေတြေၾကာင့္ ကယားျပည္နယ္မွာ အရပ္သား ၃၁ ေယာက္ေသဆုံးခဲ့တယ္လို႔ ဖယ္ခုံၿမိဳ႕ လူထုလႈပ္ရွားမႈ သပိတ္ေကာ္မတီက မွတ္တမ္းတင္ထားပါတယ္။ အဲဒီေသဆုံးသူေတြထဲက ႏွစ္ေယာက္ဟာ ေမလ ၂၃ နဲ႔ ၂၄ ရက္မွာ စစ္ရဟတ္ယာဥ္ေပၚက ပစ္လိုက္တဲ့ က်ည္ဆံထိမွန္ခဲ့တာလို႔ ဆိုပါတယ္။

အခုလို ကယားျပည္နယ္အတြင္း ေသေၾကပ်က္စီးမႈေတြ ရွိလာတဲ့အေပၚမွာ စိတ္မေကာင္းျဖစ္ရေၾကာင္း ျမန္မာႏိုင္ငံ ခရစ္ယာန္ အသင္းေတာ္မ်ားေကာင္စီ ဥကၠ႒၊ သာသနာပိုင္ခ်ဳပ္ စတီဗင္သန္းျမင့္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ဘုရားရွင္ ကိုယ္ေတာ္ျမတ္က လူသားတိုင္းကို ခ်စ္တဲ့အတြက္ ခ်စ္ခ်င္းေမတၱာကိုသာ အဓိက ထားေစခ်င္တယ္။ ေနာက္ မည္သူမဆို ဒီလိုေသေၾက ပ်က္စီးမႈေတြ ႀကဳံတဲ့အခါမွာ လြန္စြာမွ စိတ္ဝမ္းနည္း ေၾကကြဲမႈ ျဖစ္ရတယ္ေပါ့။ ဘာပဲျဖစ္ျဖစ္ သင္ပုန္းေခ်ျခင္းနဲ႔ ခြင့္လႊတ္ျခင္းဟာ အဓိက ျဖစ္တဲ့အတြက္ ပို၍နားလည္၊ ပို၍ဉာဏ္ရွိတဲ့သူက စတင္ၿပီးေတာ့ ျပန္လည္ေၾကေအးျခင္းအမႈကို လုပ္ေဆာင္ျခင္းအားျဖင့္ ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းမႈ၊ ေၾကေအးမႈ ရရွိဖို႔ ဆုေတာင္းလ်က္ရွိတယ္ ဆိုတာပါပဲ။”

ကမာၻလုံးဆိုင္ရာ ခရစ္ယာန္ညီၫြတ္ေရးအဖဲြ႕ CSW နဲ႔ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ HART ကေတာ့ ေမလ ၂၄ ရက္က ကက္သလစ္ ဘုရားေက်ာင္းကို ရဟတ္ယာဥ္ေပၚက ပစ္ခတ္ခဲ့တာမွာ အရပ္သား ၄ေယာက္ ေသဆုံးခဲ့တယ္လို႔ ေရးသားထားပါတယ္။

စစ္တပ္နဲ႔ ကယားျပည္နယ္တြင္း ေဒသခံလက္နက္ကိုင္ေတြ ႏွစ္ဘက္ပစ္ခတ္မႈေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနရသူဟာ ၈၅,၀၀၀ နဲ႔ ၁၀၀,၀၀၀ ၾကား ရွိေနၿပီလို႔ ကုလလူသားခ်င္းစာနာ ေထာက္ထားေရးအဖြဲ႕ OCHA က ဒီေန႔ ဇြန္လ ၂ ရက္မွာ ထုတ္ျပန္ပါတယ္။

အမ်ားစုက ဒီေမာ့ဆိုးအျပင္ဘက္ ေတာင္ၾကားထဲက ယာယီစစ္ေဘးေရွာင္စခန္းမွာ ခိုလႈံေနၾကတာပါ။ တခ်ိဳ႕ကေတာ့ ပီကင္းေကာခူ စစ္ေရွာင္စခန္းကို ေရာက္လာၾကေၾကာင္း စခန္းတာဝန္ခံျဖစ္တဲ့ ခူးရယ္ က ေျပာပါတယ္။ ေရ၊ အစားအေသာက္လိုအပ္သလို တခ်ိဳ႕စခန္းေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာလို ေရာဂါမ်ိဳးေတြျဖစ္ေနတဲ့အတြက္ ေဆးဝါးလိုအပ္ခ်က္လည္းရွိေၾကာင္း သူကေျပာပါတယ္။

“ က်ေနာ္တို႔ဘက္က လူဦးေရ ၃၀,၀၀၀ ေလာက္ရွိတယ္။ စစ္ေကာင္စီဘက္က လမ္းေၾကာင္းသာ မပိတ္ခဲ့ဘူးဆိုရင္ ေဆးဝါးသာ လုံလုံေလာက္ေလာက္ ရွိခဲ့မယ္ဆိုရင္ အဆင္ေျပမယ့္ အေနအထားမွာ ရွိတယ္ဗ်။ ကေလးတို႔၊ ကိုယ္ဝန္ေဆာင္မိခင္တို႔၊ မီးဖြားတဲ့သူေတြရွိတယ္ေပါ့။ ေနာက္ ၿမီးေကာင္ေပါက္ က်ေနာ္တို႔ စခန္းမွာပဲ၊ အဲဒီလူေတြအတြက္ က်ေနာ္တို႔ အရမ္းကို စိုးရိမ္ရတဲ့ အေျခအေနေတာ့ ရွိတယ္။”

ကယားျပည္နယ္ထဲက မိုးၿဗဲ၊ လြိဳင္ေကာ္၊ ဒီေမာ့ဆို သုံးၿမိဳ႕နယ္စလုံးမွာ ႏွစ္ဘက္တိုက္ပြဲေတြက ဆက္ရွိေနပါတယ္။ စစ္တပ္က လြိဳင္ေကာ္ၿမိဳ႕ေပၚမွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားၿပီး ညမထြက္ရအမိန႔္လည္း ဆက္ရွိေနပါတယ္။ လမ္းပမ္းဆက္သြယ္ေရး အခက္အခဲေတြေၾကာင့္လည္း ကယားျပည္နယ္မွာ အေျခခံ စားေသာက္ကုန္နဲ႔ လူသုံးကုန္ေစ်းႏႈန္းေတြ ဆက္တက္ေနဆဲ ျဖစ္ပါတယ္။

....................................................................

တိုက္႐ိုက္ လင့္ခ္


ကယားပြည်နယ်တွင်း လေကြောင်းပစ်ခတ်မှု ခရစ်ယာန်အဖွဲ့အစည်းတွေ စိုးရိမ်

(Unicode)
ကယားပြည်နယ်အတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခတ်မှုတွေ လုပ်လာတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဗြိတိန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART က သတိပေး ပြောကြားလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတဲ့ သေကြေ၊ ပျက်စီးမှုတွေအတွက် ပြည်တွင်းက ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေကလည်း စိတ်မကောင်း ဖြစ်ရကြောင်း ဗွီအိုအေကို ပြောပါတယ်။ HART ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကယားပြည်နယ်တွင်း အခြေအနေတွေကို ဗွီအိုအေ မြန်မာက ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။

ကယားပြည်နယ်ထဲမှာ လေကြောင်းပစ်ခတ်မှုတွေနဲ့ လက်နက်ကြီး အသုံးပြုတာတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ UK အခြေစိုက် ခရစ်ယာန်အဖွဲ့ နှစ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

“ ကယားပြည်နယ်ထဲက အဓိကရုဏ်းဟာ မြန်မာနိုင်ငံအတွက် လတ်တလော အရေးအပေါ် အခြေအနေတခု ဖြစ်တယ်” လို့ HART ရဲ့ အမှုဆောင်ဒါရိုက်တာ Baroness Cox က ဇွန်လ ၁ရက်မှာထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ် ။

မေလ ၂၁ ရက်ကစပြီးဖြစ်နေတဲ့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၃၁ ယောက်သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့ လူထုလှုပ်ရှားမှု သပိတ်ကော်မတီက မှတ်တမ်းတင်ထားပါတယ်။ အဲဒီသေဆုံးသူတွေထဲက နှစ်ယောက်ဟာ မေလ ၂၃ နဲ့ ၂၄ ရက်မှာ စစ်ရဟတ်ယာဉ်ပေါ်က ပစ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ကယားပြည်နယ်အတွင်း သေကြေပျက်စီးမှုတွေ ရှိလာတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ ဥက္ကဋ္ဌ၊ သာသနာပိုင်ချုပ် စတီဗင်သန်းမြင့်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဘုရားရှင် ကိုယ်တော်မြတ်က လူသားတိုင်းကို ချစ်တဲ့အတွက် ချစ်ချင်းမေတ္တာကိုသာ အဓိက ထားစေချင်တယ်။ နောက် မည်သူမဆို ဒီလိုသေကြေ ပျက်စီးမှုတွေ ကြုံတဲ့အခါမှာ လွန်စွာမှ စိတ်ဝမ်းနည်း ကြေကွဲမှု ဖြစ်ရတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သင်ပုန်းချေခြင်းနဲ့ ခွင့်လွှတ်ခြင်းဟာ အဓိက ဖြစ်တဲ့အတွက် ပို၍နားလည်၊ ပို၍ဉာဏ်ရှိတဲ့သူက စတင်ပြီးတော့ ပြန်လည်ကြေအေးခြင်းအမှုကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းမှု၊ ကြေအေးမှု ရရှိဖို့ ဆုတောင်းလျက်ရှိတယ် ဆိုတာပါပဲ။”

ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART ကတော့ မေလ ၂၄ ရက်က ကက်သလစ် ဘုရားကျောင်းကို ရဟတ်ယာဉ်ပေါ်က ပစ်ခတ်ခဲ့တာမှာ အရပ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်တပ်နဲ့ ကယားပြည်နယ်တွင်း ဒေသခံလက်နက်ကိုင်တွေ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရသူဟာ ၈၅,၀၀၀ နဲ့ ၁၀၀,၀၀၀ ကြား ရှိနေပြီလို့ ကုလလူသားချင်းစာနာ ထောက်ထားရေးအဖွဲ့ OCHA က ဒီနေ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အများစုက ဒီမော့ဆိုးအပြင်ဘက် တောင်ကြားထဲက ယာယီစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတာပါ။ တချို့ကတော့ ပီကင်းကောခူ စစ်ရှောင်စခန်းကို ရောက်လာကြကြောင်း စခန်းတာဝန်ခံဖြစ်တဲ့ ခူးရယ် က ပြောပါတယ်။ ရေ၊ အစားအသောက်လိုအပ်သလို တချို့စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုးတွေဖြစ်နေတဲ့အတွက် ဆေးဝါးလိုအပ်ချက်လည်းရှိကြောင်း သူကပြောပါတယ်။

“ ကျနော်တို့ဘက်က လူဦးရေ ၃၀,၀၀၀ လောက်ရှိတယ်။ စစ်ကောင်စီဘက်က လမ်းကြောင်းသာ မပိတ်ခဲ့ဘူးဆိုရင် ဆေးဝါးသာ လုံလုံလောက်လောက် ရှိခဲ့မယ်ဆိုရင် အဆင်ပြေမယ့် အနေအထားမှာ ရှိတယ်ဗျ။ ကလေးတို့၊ ကိုယ်ဝန်ဆောင်မိခင်တို့၊ မီးဖွားတဲ့သူတွေရှိတယ်ပေါ့။ နောက် မြီးကောင်ပေါက် ကျနော်တို့ စခန်းမှာပဲ၊ အဲဒီလူတွေအတွက် ကျနော်တို့ အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်။”

ကယားပြည်နယ်ထဲက မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို သုံးမြို့နယ်စလုံးမှာ နှစ်ဘက်တိုက်ပွဲတွေက ဆက်ရှိနေပါတယ်။ စစ်တပ်က လွိုင်ကော်မြို့ပေါ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ညမထွက်ရအမိန့်လည်း ဆက်ရှိနေပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်လည်း ကယားပြည်နယ်မှာ အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေ ဆက်တက်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG