သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္" စာတန္းနဲ႔ ဆႏၵျပပြဲေတြ ရွိခဲ့


ရန္ကုန္ၿမိဳ႕က "ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္" စာတန္းနဲ႔ ဆႏၵျပပြဲသပိတ္ ျမင္ကြင္း။ (ဇြန္ ၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးလႈပ္႐ွားသူေတြက ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ဆိုတဲ့ ေခါင္းစီးစာတန္းေတြနဲ႔ ရန္ကုန္အျပင္ မံု႐ြာ၊ မႏၱေလး၊ ထားဝယ္ စတဲ့ၿမိဳ႕ေတြမွာ ဒီကေန႔ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ လူငယ္ေတြဦးေဆာင္တဲ့ ဆႏၵျပပြဲကို စစ္ေကာင္စီတပ္ဖြဲ႔က ၿဖိဳခြင္းခဲ့လို႔ အနည္းဆုံး လူငယ္တဦး ဖမ္းဆီးခံရပါတယ္။ ႏိုင္ငံတဝန္းက ဒီေန႔ဆႏၵျပပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။

"ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္" ဆိုတဲ့ စာတန္းေတြကိုင္ၿပီး ဒီေန႔ ျမန္မာႏိုင္ငံက ၿမိဳ႕တခ်ဳိ႕မွာ ဆႏၵျပခဲ့ၾကတာမွာ ရန္ကုန္ၿမိဳ႕မွာ ရာနဲ႔ခ်ီ ပါဝင္ဆႏၵျပၾကပါတယ္။ ရန္ကုန္မွာ ပစ္ခတ္ၿဖိဳခြဲမႈေတြအၿပီး ျပန္ထြက္လာၾကတဲ့ လမ္းေပၚထြက္ ဆႏၵျပပြဲေတြမွာ အင္အားေတာ္ေတာ္ေလးမ်ားတယ္လို႔ ေျပာႏိုင္ပါတယ္။

ေျပးလႊားရင္း ေတာင္းဆိုသံေတြ ေႂကြးေၾကာ္ ေတာင္းဆိုခဲ့ၾကတဲ့ ဆႏၵျပစစ္ေၾကာင္း စထြက္ၿပီး မၾကာခင္မွာပဲ စစ္ေကာင္စီတပ္ေတြက လာေရာက္ ၿဖိဳခြဲတဲ့အတြက္ အလ်င္အျမန္ လူစုခြဲခဲ့ၾကရပါတယ္။ ဖမ္းဆီးခံရသူေတြ ႐ွိတဲ့ထဲမွာ တဦးကိုေတာ့ အတည္ျပဳႏိုင္တယ္လို႔ ဒီကေန႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ဆိုတဲ့ သပိတ္ကို က်ေနာ္တို႔တည္တယ္။ တည္ေတာ့ က်ေနာ္တို႔က ၈ နာရီ ၂၀၊ ၈ နာရီခြဲေလာက္ကို လုပ္မယ္ဆိုၿပီးေတာ့ လုပ္ေတာ့ သူတို႔ဘက္က ၇ နာရီခြဲေလာက္ကတည္းက စစ္သားအျပည့္နဲ႔ စစ္ကားတစီး စေရာက္လာတယ္။ ၿပီးေတာ့ Double Cab တစီး ၈ နာရီေလာက္မွာ ထပ္ေရာက္လာတယ္။ အေနာ္ရထာလမ္းမွာ စစ္ကားႀကီးက ႀကိဳေရာက္ေနတယ္။ ဒါေပမဲ့ က်ေနာ္တို႔က အဲ့ဒီနားမွာ လူအင္အားကလည္း စုၿပီးသားျဖစ္ေနေတာ့ စၿပီးေတာ့ လုပ္လိုက္တယ္ေပါ့ေနာ္။ လုပ္လိုက္ေတာ့ အခ်ိန္ကေတာ့ သိပ္မရလိုက္ဘူး။ က်ေနာ္တို႔ အခ်ိန္ နည္းနည္းေလာက္ပဲ ရလိုက္တယ္ဗ်ာ။ မိနစ္ပိုင္းေလာက္ပဲ။ လုပ္ၿပီးေတာ့ လူစုခြဲလိုက္ၾကတယ္။ လမ္းေတြထဲကို ဝင္ေျပးၾကတဲ့အခါမွာ ေကာင္ေလးတေယာက္ကို ဖမ္းသြားတယ္။ ဒီေန႔က ရဲအင္အားကေရာ ေတာ္ေတာ္မ်ားလာတယ္။ ဆိုင္ကယ္ေတြနဲ႔ေရာ ဝင္လာတာ။ က်ေနာ္ဆိုရင္ ေျပးဖို႔လမ္းမရွိေတာ့လို႔ အဲ့ဒီနားမွာပဲ မတ္တပ္ရပ္ေနလိုက္ေတာ့တယ္။ ၿပီးမွာ သူ႔တို႔ေရွ႕က ေလွ်ာက္သြားလိုက္တာ။”

ေတာင္တန္းေဒသေတြမွာ ျဖစ္ေနတာေတြအတြက္ ျပည္မကျပည္သူေတြကလည္း ပံ့ပုိး ကူညီ ေတာင္းဆိုေပးၾကမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္မ်ိဳးနဲ႔ ဒီေန႔ဆႏၵျပပဲြကို လုပ္တာျဖစ္တယ္လို႔ ရန္ကုန္ ဆႏၵျပပြဲမွာ ပါဝင္သူက ေျပာပါတယ္။

“ဒီ ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ သပိတ္က ရရင္ရသလို ဆက္ၿပီး ထြက္ေနအုံးမယ္လို႔ေတာ့ က်ေနာ္တို႔ ေျပာလို႔ရတယ္။ ဒါက ဒီလို ၿမိဳ႕လယ္ေခါင္ႀကီးမွာလည္း လုပ္ခ်င္မွ လုပ္မယ္။ ဒါမွမဟုတ္ရင္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးမွာ ဒီေခါင္းစဥ္နဲ႔ပဲ ဆက္ၿပီးႀကိဳးစားၾကမယ္။ က်ေနာ္တို႔ဘာလို႔ ဒီေခါင္းစဥ္နဲ႔ လုပ္ျဖစ္သလဲဆိုေတာ့ ေတာင္တန္းေဒသေတြ ဖိႏွိပ္ခံရင္လည္း ျပည္မကလူေတြက ညီၫြတ္ေနမယ္။ ဆက္ၿပီးေတာ့ ေတာင္တန္းေဒသေတြအတြက္ ကူညီႏိုင္တဲ့ဘက္ကေန ကူညီေနမယ္ဆိုတဲ့ သေဘာကို ျပေပးတာျဖစ္တယ္။”

ဒီေန႔ ဆႏၵျပၾကသူေတြထဲမွာ တိုင္းရင္းသားဝတ္စုံေတြ ဝတ္ဆင္ထားၾကသူေတြ ပါဝင္ၾကသလို ေက်ာင္းသားေတြနဲ႔ ရပ္ကြက္ေန ျပည္သူေတြကလည္း လမ္းေတြေပၚမွာ ပူးေပါင္းပါဝင္ၾကပါတယ္။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာလည္း လူအစည္ကားဆုံးေစ်းထဲမွာ ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ ေခါင္းစီးစာတန္းနဲ႔ သပိတ္စစ္ေၾကာင္း အင္အား ၂၀၀ ေလာက္နဲ႔ ဒီေန႔ ခ်ီတက္ခဲ့ၾကပါတယ္။ လမ္းမေတြေပၚထြက္ၿပီး စစ္အာဏာရွင္ ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ သပိတ္စစ္ေၾကာင္းေတြ ေပ်ာက္မသြားဖို႔ တျခားၿမိဳ႕နယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး တူညီတဲ့ သေဘာထားေတြကို ထုတ္ေဖာ္တဲ့ သပိတ္စစ္ေၾကာင္းေတြ ေနာက္ပိုင္းမွာ ပိုလုပ္လာမယ္လို႔ မုံ႐ြာသပိတ္မွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ဒီေန႔က မုံ႐ြာမွာ လူအစည္ကားဆုံး ေစ်းျဖစ္တဲ့ ခ်င္းတြင္းရတနာေစ်းမွာ သပိတ္လုပ္ျဖစ္တယ္ဗ်။ က်ေနာ္တို႔ ေစ်းထဲမွာပဲ လူစုၿပီးေတာ့ မုံ႐ြာမွာလည္း အတူတူပါပဲ၊ ေတာင္တန္းျပည္မ ေသြးစည္းၾကသည္ေပါ့ေနာ္။ ေတာ္လွန္စစ္ပြဲတို႔ ဆင္ႏႊဲဆိုၿပီးေတာ့၊ ေတာ္လွန္ေရးစစ္ပြဲ ဆင္ႏႊဲေနၾကတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ၿမိဳ႕နယ္အသီးသီးက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔တသားတည္း ရွိေၾကာင္းျပတဲ့သေဘာ၊ ရန္ကုန္ေရာ၊ မႏၲေလးေရာ၊ ထားဝယ္ေရာ၊ မုံ႐ြာအပါအဝင္ေပါ့ေနာ္၊ အားလုံး စာတန္းတခုတည္းနဲ႔ တူတူညီညီ ခ်ီတက္ၾကတာဗ်။ သပိတ္စစ္ေၾကာင္းမေပ်ာက္ဖို႔ရယ္၊ က်ေနာ္တို႔ ပုံစံအမ်ိဳးမ်ိဳးနဲ႔ေပါ့ေနာ္၊ က်န္တဲ့ၿမိဳ႕နယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ တခ်ိဳ႕ေန႔ေတြဆိုရင္ က်ေနာ္တို႔ တူညီတဲ့ သေဘာထားကို ထုတ္ေဖာ္တာေတြ ဒါေတြလည္း က်ေနာ္တို႔ ေနာက္ခါထပ္ၿပီးေတာ့ ရွိလာအုံးမယ္ဗ်။”

ျမန္မာႏိုင္ငံေတာင္ပိုင္း ထားဝယ္ၿမိဳ႕မွာလည္း တပ္ေပါင္းစုသပိတ္ေကာ္မတီနဲ႔ လူငယ္သပိတ္ေကာ္မတီတို႔ ပူးေပါင္းၿပီး ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ ေခါင္းစည္းစာတန္းနဲ႔ ေပ်ာက္ၾကားသပိတ္လုပ္ခဲ့ၾကပါတယ္။ ကမ္းနားဘက္မွာလည္း စာ႐ြက္ေတြေပၚ ေတာင္းဆိုခ်က္ေတြ ေရးသားၿပီး Paper Strike လုပ္ခဲ့ၾကပါတယ္။

ထားဝယ္ၿမိဳ႕ ၾကက္စားျပင္ရပ္ကြက္နဲ႔ ဘုေမၼာ္ရပ္ကြက္တို႔မွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြက အသြားအလာ လမ္းေတြကို ပိတ္ထားၿပီး သူတို႔သတ္မွတ္ခြင့္ျပဳေပးထားတဲ့ လမ္းကေနသာ သြားလာရမယ္လို႔ အမိန္႔ထုတ္ထားပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကလည္း အဲ့ဒီရပ္ကြက္မွာရွိတဲ့ ေနအိမ္ေတြမွာ အိမ္ေထာင္စုစာရင္းေတြကို ႀကိဳတင္ျပင္ဆင္ထားဖို႔နဲ႔ မိသားစုဓာတ္ပုံေတြကို အိမ္ေရွ႕နံရံမွာ ကပ္ထားၾကဖို႔ လွည့္လည္အသိေပးထားတာမ်ိဳး ရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီကေန႔မွာေတာ့ ၾကက္စားျပင္ရပ္ကြက္မွာ စစ္ေကာင္စီတပ္ေတြက အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ၾကက္စားျပင္ရပ္ကြက္နဲ႔ ဘုေမၼာ္ရပ္ကြက္ကိုေတာ့ သူတို႔က အရင္တေခါက္က သူတို႔ သတ္မွတ္ထားတဲ့ ဝင္လမ္းထြက္လမ္းေတြကေနပဲ ဝင္ထြက္သြားလာတာမ်ိဳးေတြ လုပ္ရမယ္လို႔ တျခားလမ္းေတြကို အကုန္ပိတ္တာမ်ိဳး ရွိတယ္။ ဒီေန႔က်ေတာ့ သူတို႔က ၾကက္စားျပင္ရပ္ကြက္မွာ ၁ လမ္းနဲ႔ အလယ္လမ္း ၂ လမ္းကို အင္အားက စစ္ကား ၆ စီးနဲ႔ အင္အားကခန္႔မွန္း ၁၀၀ ေလာက္ေတာ့ ရွိမယ္ထင္တယ္။ အဲ့ဒီအင္အားနဲ႔ သူတို႔လိုက္ၿပီးေတာ့ ဒီမနက္ကပဲ အိမ္ေထာင္စုစာရင္းေတြ ဧည့္စာရင္းေတြ လိုက္စစ္ေနတာေတာ့ ရွိတယ္။ ဒါေပမဲ့ ခုအခ်ိန္ထိေတာ့ ဖမ္းခံရတဲ့သူေတာ့ မရွိေသးဘူးေပါ့ေနာ္။”

ၾကက္စားျပင္ရပ္ကြက္ဟာ ထားဝယ္ၿမိဳ႕မွာ ဆႏၵျပသူအင္အား အေကာင္းဆုံးနဲ႔ အတက္ႂကြဆုံး ရပ္ကြက္ျဖစ္တာေၾကာင့္ စစ္ေကာင္စီတပ္ေတြက ေန႔ညမျပတ္ ေစာင့္ၾကည့္ေနသလို ဝင္ေရာက္စစ္ေဆးတာမ်ိဳးေတြလည္း လုပ္တာျဖစ္တယ္လို႔ ေဒသခံေတြက ခန္႔မွန္းပါတယ္။

ဖားကန္႔၊ ေပါင္၊ ၿမိဳင္၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ဘုတလင္နဲ႔ ကေလးၿမိဳ႕ေတြမွာ လုံၿခဳံေရးတင္းက်ပ္မႈေတြေၾကာင့္ အရင္ရက္ေတြလို လူအင္အားအမ်ားအျပား မဟုတ္ဘဲ လွ်ပ္တျပက္ ေျပာက္က်ားသပိတ္ေတြကို လူအနည္းငယ္နဲ႔ပဲ ဒီေန႔ လုပ္ခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပသူ အေျမာက္အမ်ား လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပခဲ့ၾကစဥ္က ရန္ကုန္ၿမိဳ႕လမ္းတခ်ဳိ႕ေပၚမွာ ဒီမုိကေရစီရေရး ေတာင္းဆိုတဲ့ စာသားေတြ ေရးသားထားၾကတာကို စစ္တပ္က လိုက္ဖ်က္ေနပါတယ္။ အလားတူ ၿမိဳ႕အစံုက ဆႏၵျပစာသားေရးထားတဲ့ လမ္းေတြကို ကတၱရာ ထပ္ခင္းမယ္လို႔လည္း ေျပာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"တောင်တန်းပြည်မ ညီညွတ်ကြသည်" စာတန်းနဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေက တောင်တန်းပြည်မ ညီညွတ်ကြသည်ဆိုတဲ့ ခေါင်းစီးစာတန်းတွေနဲ့ ရန်ကုန်အပြင် မုံရွာ၊ မန္တလေး၊ ထားဝယ် စတဲ့မြို့တွေမှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့က ဖြိုခွင်းခဲ့လို့ အနည်းဆုံး လူငယ်တဦး ဖမ်းဆီးခံရပါတယ်။ နိုင်ငံတဝန်းက ဒီနေ့ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

"တောင်တန်းပြည်မ ညီညွတ်ကြသည်" ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဒီနေ့ မြန်မာနိုင်ငံက မြို့တချို့မှာ ဆန္ဒပြခဲ့ကြတာမှာ ရန်ကုန်မြို့မှာ ရာနဲ့ချီ ပါဝင်ဆန္ဒပြကြပါတယ်။ ရန်ကုန်မှာ ပစ်ခတ်ဖြိုခွဲမှုတွေအပြီး ပြန်ထွက်လာကြတဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ အင်အားတော်တော်လေးများတယ်လို့ ပြောနိုင်ပါတယ်။

ပြေးလွှားရင်း တောင်းဆိုသံတွေ ကြွေးကြော် တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြစစ်ကြောင်း စထွက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်တွေက လာရောက် ဖြိုခွဲတဲ့အတွက် အလျင်အမြန် လူစုခွဲခဲ့ကြရပါတယ်။ ဖမ်းဆီးခံရသူတွေ ရှိတဲ့ထဲမှာတဦးကိုတော့ အတည်ပြုနိုင်တယ်လို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တောင်တန်းပြည်မ ညီညွတ်ကြသည်ဆိုတဲ့ သပိတ်ကို ကျနော်တို့တည်တယ်။ တည်တော့ ကျနော်တို့က ၈ နာရီ ၂၀၊ ၈ နာရီခွဲလောက်ကို လုပ်မယ်ဆိုပြီးတော့ လုပ်တော့ သူတို့ဘက်က ၇ နာရီခွဲလောက်ကတည်းက စစ်သားအပြည့်နဲ့ စစ်ကားတစီး စရောက်လာတယ်။ ပြီးတော့ Double Cab တစီး ၈ နာရီလောက်မှာ ထပ်ရောက်လာတယ်။ အနော်ရထာလမ်းမှာ စစ်ကားကြီးက ကြိုရောက်နေတယ်။ ဒါပေမဲ့ ကျနော်တို့က အဲ့ဒီနားမှာ လူအင်အားကလည်း စုပြီးသားဖြစ်နေတော့ စပြီးတော့ လုပ်လိုက်တယ်ပေါ့နော်။ လုပ်လိုက်တော့ အချိန်ကတော့ သိပ်မရလိုက်ဘူး။ ကျနော်တို့ အချိန် နည်းနည်းလောက်ပဲ ရလိုက်တယ်ဗျာ။ မိနစ်ပိုင်းလောက်ပဲ။ လုပ်ပြီးတော့ လူစုခွဲလိုက်ကြတယ်။ လမ်းတွေထဲကို ဝင်ပြေးကြတဲ့အခါမှာ ကောင်လေးတယောက်ကို ဖမ်းသွားတယ်။ ဒီနေ့က ရဲအင်အားကရော တော်တော်များလာတယ်။ ဆိုင်ကယ်တွေနဲ့ရော ဝင်လာတာ။ ကျနော်ဆိုရင် ပြေးဖို့လမ်းမရှိတော့လို့ အဲ့ဒီနားမှာပဲ မတ်တပ်ရပ်နေလိုက်တော့တယ်။ ပြီးမှာ သူ့တို့ရှေ့က လျှောက်သွားလိုက်တာ။”

တောင်တန်းဒေသတွေမှာ ဖြစ်နေတာတွေအတွက် ပြည်မကပြည်သူတွေကလည်း ပံ့ပိုး ကူညီ တောင်းဆိုပေးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီနေ့ဆန္ဒပြပွဲကို လုပ်တာဖြစ်တယ်လို့ ရန်ကုန် ဆန္ဒပြပွဲမှာ ပါဝင်သူက ပြောပါတယ်။

“ဒီ တောင်တန်းပြည်မ ညီညွတ်ကြသည် သပိတ်က ရရင်ရသလို ဆက်ပြီး ထွက်နေအုံးမယ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်။ ဒါက ဒီလို မြို့လယ်ခေါင်ကြီးမှာလည်း လုပ်ချင်မှ လုပ်မယ်။ ဒါမှမဟုတ်ရင်လည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဒီခေါင်းစဉ်နဲ့ပဲ ဆက်ပြီးကြိုးစားကြမယ်။ ကျနော်တို့ဘာလို့ ဒီခေါင်းစဉ်နဲ့ လုပ်ဖြစ်သလဲဆိုတော့ တောင်တန်းဒေသတွေ ဖိနှိပ်ခံရင်လည်း ပြည်မကလူတွေက ညီညွတ်နေမယ်။ ဆက်ပြီးတော့ တောင်တန်းဒေသတွေအတွက် ကူညီနိုင်တဲ့ဘက်ကနေ ကူညီနေမယ်ဆိုတဲ့ သဘောကို ပြပေးတာဖြစ်တယ်။”

ဒီနေ့ ဆန္ဒပြကြသူတွေထဲမှာ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ထားကြသူတွေ ပါဝင်ကြသလို ကျောင်းသားတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေကလည်း လမ်းတွေပေါ်မှာ ပူးပေါင်းပါဝင်ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း လူအစည်ကားဆုံးဈေးထဲမှာ တောင်တန်းပြည်မ ညီညွတ်ကြသည် ခေါင်းစီးစာတန်းနဲ့ သပိတ်စစ်ကြောင်း အင်အား ၂၀၀ လောက်နဲ့ ဒီနေ့ ချီတက်ခဲ့ကြပါတယ်။ လမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်နေကြတဲ့ သပိတ်စစ်ကြောင်းတွေ ပျောက်မသွားဖို့ တခြားမြို့နယ်တွေနဲ့ ချိတ်ဆက်ပြီး တူညီတဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ နောက်ပိုင်းမှာ ပိုလုပ်လာမယ်လို့ မုံရွာသပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီနေ့က မုံရွာမှာ လူအစည်ကားဆုံး ဈေးဖြစ်တဲ့ ချင်းတွင်းရတနာဈေးမှာ သပိတ်လုပ်ဖြစ်တယ်ဗျ။ ကျနော်တို့ ဈေးထဲမှာပဲ လူစုပြီးတော့ မုံရွာမှာလည်း အတူတူပါပဲ၊ တောင်တန်းပြည်မ သွေးစည်းကြသည်ပေါ့နော်။ တော်လှန်စစ်ပွဲတို့ ဆင်နွှဲဆိုပြီးတော့၊ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တသားတည်း ရှိကြောင်းပြတဲ့သဘော၊ ရန်ကုန်ရော၊ မန္တလေးရော၊ ထားဝယ်ရော၊ မုံရွာအပါအဝင်ပေါ့နော်၊ အားလုံး စာတန်းတခုတည်းနဲ့ တူတူညီညီ ချီတက်ကြတာဗျ။ သပိတ်စစ်ကြောင်းမပျောက်ဖို့ရယ်၊ ကျနော်တို့ ပုံစံအမျိုးမျိုးနဲ့ပေါ့နော်၊ ကျန်တဲ့မြို့နယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ တချို့နေ့တွေဆိုရင် ကျနော်တို့ တူညီတဲ့ သဘောထားကို ထုတ်ဖော်တာတွေ ဒါတွေလည်း ကျနော်တို့ နောက်ခါထပ်ပြီးတော့ ရှိလာအုံးမယ်ဗျ။”

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့မှာလည်း တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ လူငယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြီး တောင်တန်းပြည်မ ညီညွတ်ကြသည် ခေါင်းစည်းစာတန်းနဲ့ ပျောက်ကြားသပိတ်လုပ်ခဲ့ကြပါတယ်။ ကမ်းနားဘက်မှာလည်း စာရွက်တွေပေါ် တောင်းဆိုချက်တွေ ရေးသားပြီး Paper Strike လုပ်ခဲ့ကြပါတယ်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အသွားအလာ လမ်းတွေကို ပိတ်ထားပြီး သူတို့သတ်မှတ်ခွင့်ပြုပေးထားတဲ့ လမ်းကနေသာ သွားလာရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း အဲ့ဒီရပ်ကွက်မှာရှိတဲ့ နေအိမ်တွေမှာ အိမ်ထောင်စုစာရင်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ မိသားစုဓာတ်ပုံတွေကို အိမ်ရှေ့နံရံမှာ ကပ်ထားကြဖို့ လှည့်လည်အသိပေးထားတာမျိုး ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့မှာတော့ ကြက်စားပြင်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်ကိုတော့ သူတို့က အရင်တခေါက်က သူတို့ သတ်မှတ်ထားတဲ့ ဝင်လမ်းထွက်လမ်းတွေကနေပဲ ဝင်ထွက်သွားလာတာမျိုးတွေ လုပ်ရမယ်လို့ တခြားလမ်းတွေကို အကုန်ပိတ်တာမျိုး ရှိတယ်။ ဒီနေ့ကျတော့ သူတို့က ကြက်စားပြင်ရပ်ကွက်မှာ ၁ လမ်းနဲ့ အလယ်လမ်း ၂ လမ်းကို အင်အားက စစ်ကား ၆ စီးနဲ့ အင်အားကခန့်မှန်း ၁၀၀ လောက်တော့ ရှိမယ်ထင်တယ်။ အဲ့ဒီအင်အားနဲ့ သူတို့လိုက်ပြီးတော့ ဒီမနက်ကပဲ အိမ်ထောင်စုစာရင်းတွေ ဧည့်စာရင်းတွေ လိုက်စစ်နေတာတော့ ရှိတယ်။ ဒါပေမဲ့ ခုအချိန်ထိတော့ ဖမ်းခံရတဲ့သူတော့ မရှိသေးဘူးပေါ့နော်။”

ကြက်စားပြင်ရပ်ကွက်ဟာ ထားဝယ်မြို့မှာ ဆန္ဒပြသူအင်အား အကောင်းဆုံးနဲ့ အတက်ကြွဆုံး ရပ်ကွက်ဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက နေ့ညမပြတ် စောင့်ကြည့်နေသလို ဝင်ရောက်စစ်ဆေးတာမျိုးတွေလည်း လုပ်တာဖြစ်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ဖားကန့်၊ ပေါင်၊ မြိုင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဘုတလင်နဲ့ ကလေးမြို့တွေမှာ လုံခြုံရေးတင်းကျပ်မှုတွေကြောင့် အရင်ရက်တွေလို လူအင်အားအများအပြား မဟုတ်ဘဲ လျှပ်တပြက် ပြောက်ကျားသပိတ်တွေကို လူအနည်းငယ်နဲ့ပဲ ဒီနေ့ လုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူ အမြောက်အများ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြစဉ်က ရန်ကုန်မြို့လမ်းတချို့ပေါ်မှာ ဒီမိုကရေစီရရေး တောင်းဆိုတဲ့ စာသားတွေ ရေးသားထားကြတာကို စစ်တပ်က လိုက်ဖျက်နေပါတယ်။ အလားတူ မြို့အစုံက ဆန္ဒပြစာသားရေးထားတဲ့ လမ်းတွေကို ကတ္တရာ ထပ်ခင်းမယ်လို့လည်း ပြောနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG