သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICRC အႀကီးအကဲ စစ္ေကာင္စီေခါင္းေဆာင္နဲ႔ ေတြ႔ဆံု


ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ (ဝဲ) နဲ႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔ (ICRC) အႀကီးအကဲ Peter Maurer (ယာ)။ (မွတ္တမ္းဓာတ္ပံု - Combo pic)

[Zawgyi/Unicode]

ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ (ICRC) အႀကီးအကဲ Peter Maurer ဟာ ဒီေန႔ ေနျပည္ေတာ္မွာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံတဲ့အေၾကာင္း Nikkei Asia သတင္းက ေဖၚျပပါတယ္။

သူတို႔ႏွစ္ဦးေတြ႕ဆုံတာမွာ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္ေတြအတြင္း ICRC ၾကက္ေျခနီအဖြဲ႕ ျပန္ၿပီး သြားေရာက္ ၾကည့္ရႈ႕ႏိုင္ဖို႔နဲ႔ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ေနရာေတြမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေပးႏိုင္ေရးကိစၥေတြကို အဓိက ေဆြးေႏြးခဲ့ပါတယ္။

ICRC ဘက္က ေတာင္းဆိုခ်က္ေတြကို လက္ခံမယ္၊ လက္မခံဘူးဆိုတာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ဘာကတိကဝတ္မွ မေပးခဲ့သလို ေတာင္းဆိုခ်က္ေတြကို ျငင္းပယ္တာမ်ိဳးလည္း မရွိခဲ့ဘူးလို႔ ေဆြးေႏြးပြဲနဲ႔ နီးစပ္တဲ့သူေတြကို ကိုးကားၿပီး သတင္းမွာ ေဖာ္ျပပါတယ္။

ICRC အႀကီးအကဲ Peter Maurer က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လို ထင္ရွားတဲ့သူေတြကို သီးသန႔္ ေတြ႕ဆုံခြင့္ထက္ ျမန္မာႏိုင္ငံတြင္းက အက်ဥ္းေထာင္ေတြထဲ သြားေရာက္ၾကည့္ခြင့္ကိုသာ ေယဘူယ် ေတာင္းဆိုတာ ျဖစ္တယ္လို႔ သတင္းမွာ ေရးပါတယ္။

အာဆီယံ အတြင္းေရးမွဴးခ်ဳပ္ မနက္ျဖန္မွာ ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ စီစဥ္ထားၿပီး ဒီခရီးစဥ္ မတိုင္ခင္ ICRC နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ ေတြ႕ဆုံတာျဖစ္တယ္လို႔လည္း သတင္းမွာ ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဘက္က အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ လူ ၈၄၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရသူ ၄,၅၀၀ နီးပါးရွိတဲ့အေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က သတင္းထုတ္ျပန္ထားပါတယ္။

ICRC အႀကီးအကဲ စစ္ေကာင္စီေခါင္းေဆာင္နဲ႔ ေတြ႔ဆံု
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICRC အကြီးအကဲ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံ

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အကြီးအကဲ Peter Maurer ဟာ ဒီနေ့ နေပြည်တော်မှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အကြောင်း Nikkei Asia သတင်းက ဖေါ်ပြပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံတာမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်း ICRC ကြက်ခြေနီအဖွဲ့ ပြန်ပြီး သွားရောက် ကြည့်ရှု့နိုင်ဖို့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။

ICRC ဘက်က တောင်းဆိုချက်တွေကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာကတိကဝတ်မှ မပေးခဲ့သလို တောင်းဆိုချက်တွေကို ငြင်းပယ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့သူတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ICRC အကြီးအကဲ Peter Maurer က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့သူတွေကို သီးသန့် တွေ့ဆုံခွင့်ထက် မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေထဲ သွားရောက်ကြည့်ခွင့်ကိုသာ ယေဘူယျ တောင်းဆိုတာ ဖြစ်တယ်လို့ သတင်းမှာ ရေးပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် မနက်ဖြန်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး ဒီခရီးစဉ် မတိုင်ခင် ICRC နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် လူ ၈၄၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄,၅၀၀ နီးပါးရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG