သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ႏိုင္ငံသား သတင္းေထာက္ႏွစ္ဦး လႊတ္ေပးဖို႔ ကန္ဒုႏိုင္ငံျခားေရးဝန္ႀကီး ေတာင္းဆို


အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman။ (ေမ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာ စစ္ေကာင္စီက ဖမ္းဆီးထားတဲ့ အေမရိကန္ႏုိင္ငံသား သတင္းေထာက္ ၂ ဦးကုိ ခ်က္ျခင္း ျပန္လႊတ္ေပးဖုိ႔ အာဆီယံႏုိင္ငံေတြကုိ ခရီးလွည့္ေနတဲ့ အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman က ေတာင္းဆုိလုိက္ၿပီး ျမန္မာႏုိင္ငံမွာ လြတ္လပ္စြာ ေျပာဆုိခြင့္ဟာ တုိက္ခုိက္ခံေနရတယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။ ေဒသတြင္း ကိစၥရပ္ေတြမွာ အာဆီယံရဲ႕ ဦးေဆာင္မႈ အပါအ၀င္ တျခားကိစၥရပ္ေတြကုိ အာဆီယံေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံ ေဆြးေႏြးခဲ့တဲ့ ဒုတိယ၀န္ႀကီး Wendy Sherman က ဘန္ေကာက္ၿမိဳ႕ကုိ ေရာက္ေနစဥ္ တယ္လီဖုန္းကတဆင့္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္စဥ္ အဲဒီလုိ ေျပာၾကားလုိက္တာပါ။ ဒီကေန႔ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲကုိ တယ္လီဖုန္းကတဆင့္ တက္ေရာက္ သတင္းယူခဲ့တဲ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

အေရွ႕ေတာင္အာရွေဒသမွာ အာဆီယံရဲ႕ အခန္းက႑ဟာ အေရးပါေၾကာင္း ျပသတဲ့အေနနဲ႔ေရာ ေဒသတြင္းကိစၥရပ္ေတြကုိ အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးဖုိ႔တုိ႔အတြက္ပါ ေဒသတြင္းႏုိင္ငံေတြကုိ ခရီးလွည့္ေနတဲ့ အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman က ဒီကေန႔ ဘန္ေကာက္ၿမိဳ႕က တဆင့္ သတင္းေထာက္ေတြနဲ႔ တယ္လီဖုန္းကေန သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ၿပီး သူ႔ခရီးစဥ္ကိစၥကုိ ရွင္းျပခဲ့တာပါ။

ဗီြအုိေအ ျမန္မာဌာနအပါအ၀င္ ႏုိင္ငံတကာသတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကုိ ဒု၀န္ႀကီး Sherman က ျပန္လည္ ေျဖၾကားခဲ့တာမွာ လတ္တေလာ ႏုိင္ငံတကာမွာ ထိပ္တန္းေရာက္ေနတဲ့ ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းမႈကိစၥနဲ႔ အဲဒီရဲ႕ ေနာက္ဆက္တြဲ အၾကမ္းဖက္မႈေတြ၊ ျမန္မာျပည္သူ အမ်ားအျပား အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတာေၾကာင့္ ႀကံဳေတြ႔ေနရတဲ့ စာနာမႈဆုိင္ရာ အခက္အခဲေတြကုိ အေလးေပး ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ႏုိင္ငံသားသတင္းေထာက္ ၂ ဦးျဖစ္ၾကတဲ့ ကမာရြတ္မီဒီယာက ေနသန္ေမာင္နဲ႔ Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ Daniel Fenster တုိ႔ကိစၥကုိလည္း ဒု၀န္ႀကီးက ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“ျမန္မာစစ္တပ္အေနနဲ႔ ဖမ္းဆီးထားတဲ့ အေမရိကန္သတင္းေထာက္ ၂ ေယာက္စလုံးကုိ အျမန္ဆုံး ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆုိပါတယ္။ သူတုိ႔ ၂ ေယာက္စလုံး ျပန္လည္ လြတ္ေျမာက္ၿပီး သူတုိ႔မိသားစုေတြထံ ျပန္မေရာက္အခ်င္း သူတုိ႔လြတ္ေျမာက္ေရးအတြက္ က်မတုိ႔ ေတာက္ေလွ်ာက္ ေတာင္းဆုိသြားမွာပါ။ အာဆီယံေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံတဲ့အခါမွာလည္း ဒီ သတင္းေထာက္ ၂ ေယာက္ျပန္လႊတ္ေရး သက္ဆုိ္င္ရာ အာဆီယံအဖြဲ႔၀င္ႏုိင္ငံအသီးသီး ေဆာင္ရြက္ေပးၾကဖုိ႔ က်မ တုိက္တြန္းခဲ့ပါတယ္။ တုိင္းျပည္တခု ႂကြယ္၀ခ်မ္းသာေရးအတြက္ လြတ္လပ္ၿပီး အမီွအခုိကင္းတဲ့ သတင္းဌာနေတြ တည္ရွိဖုိ႔ လုိအပ္ပါတယ္။ ျမန္မာစစ္တပ္က သတင္းေထာက္ေတြကုိ ဖမ္းဆီးၿပီး သတင္းမီဒီယာအေပၚ အၾကမ္းလုပ္ေဆာင္ေနတာဟာ ဘယ္လုိမွ လက္ခံႏုိင္စရာမရွိတဲ့ လုပ္ရပ္ျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံမွာရိွိတဲ့ အေမရိကန္သံရုံးက ၿပီးခဲ့တဲ့ ေမလ ၂၄ ရက္ေန႔မွာ ကုိေနသန္ေမာင္ကုိ အြန္လုိင္းကတဆင့္ စကားေျပာခြင့္ရခဲ့ေပမယ့္ သူ႔အတြက္ ဥပေဒအက်ဳိးေဆာင္ ငွားဖုိ႔ကိစၥကုိေတာ့ ေဆာင္ရြက္ခြင့္မရေသးဘူးလုိ႔လည္း ဒု၀န္ႀကီး Sherman က ေျပာပါတယ္။ Daniel Fenster နဲ႔ေတာ့ အခုခ်ိန္ထိ အဆက္အသြယ္မရေသးဘူးလုိ႔ ေျပာပါတယ္။

ဒု၀န္ႀကီး Sherman ဟာ ထုိင္း၊ ကေမၻာဒီးယားနဲ႔ အင္ဒုိနီးရွားႏုိင္ငံေတြကုိ ေရာက္ရွိစဥ္ ျမန္မာ့အေရးကိစၥေတြကုိ အဲဒီႏုိင္ငံေတြက ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံၿပီး ျမန္မာ့အေရးကိစၥကုိ ေဆြးေႏြးခဲ့တယ္လုိ႔ ေျပာပါတယ္။

“ျမန္မာႏုိင္ငံမွာ လတ္တေလာရင္ဆုိင္ေနရတဲ့ စာနာမႈဆုိင္ရာ အခက္အခဲေတြ အဆုံးသတ္ေရးအတြက္ အျမန္ဆုံးလုပ္ေဆာင္ေပးၾကဖုိ႔ က်မအေနနဲ႔ တုိက္တြန္း ေျပာဆုိခဲ့သလုိ စစ္တပ္အေနနဲ႔ သူ႔ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြ ခ်က္ျခင္း ရပ္တန္႔ဖုိ႔၊ မတရားဖမ္းဆီးထားသူေတြကုိ ခ်က္ျခင္း ျပန္လႊတ္ေပးဖုိ႔နဲ႔ ျမန္မာႏုိင္ငံကုိ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ လုပ္ေဆာင္ေရး ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ပါတယ္။”

ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရလက္ထဲ အာဏာျပန္အပ္ၿပီး အနာဂတ္ ဒီမုိကေရစီႏုိင္ငံေတာ္ တည္ေဆာက္ႏုိင္ေရး အင္ဒုိနီးရွားႏုိင္ငံရဲ႕ ေဆာင္ရြက္ေပးခဲ့မႈေတြအတြက္ ေက်းဇူးတင္ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီး Ratno Marsudi နဲ႔ ေတြ႔ဆုံစဥ္မွာ ေျပာၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။

သူ ဒီကေန႔ေရာက္ရွိေနတဲ့ ထုိင္းႏုိင္ငံမွာ ၀န္ႀကီးခ်ဳပ္ Prayut Chan-o-cha နဲ႔ ေတြ႔ဆုံစဥ္မွာလည္း ျမန္မာ့အေရးကိစၥကုိ ထည့္သြင္း ေဆြးေႏြးခဲ့တယ္လုိ႔ ဒု၀န္ႀကီး Sherman က ေျပာပါတယ္။

ျမန္မာႏုိင္ငံကုိ လက္နက္ တင္ပုိ႔ေရာင္းခ်မႈ ပိတ္ပင္ေရးကိစၥ ကုလသမဂၢဆုံးျဖတ္ခ်က္မွာ ထည့္သြင္းမယ့္ကိစၥနဲ႔ ပတ္သက္လုိ႔ အာဆီယံဘက္က ကန္႔ကြက္တယ္ဆုိတဲ့ ကိစၥနဲ႔ပတ္သက္လုိ႔ သတင္းေထာက္တဦးက ေမးတာမွာ ဒီကိစၥဟာ ေဆြးေႏြး ေဆာင္ရြက္ေနဆဲကာလျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ႀကိဳၿပီး တစုံတရာ မေျပာလုိေၾကာင္း၊ သံတမန္ေရးကိစၥေတြဟာ အခ်ိန္ယူ ေဆာင္ရြက္ရေလ့ရွိေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ေပမဲ့ ျမန္မာ့အေရးနဲ႔ပတ္သက္လုိ႔ အခ်က္ ၅ ခ်က္ပါ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ကုိ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံေၾကာင္း ဒု၀န္ႀကီး Wendy Sherman က ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်နိုင်ငံသား သတင်းထောက်နှစ်ဦး လွှတ်ပေးဖို့ ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

မြန်မာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေသတွင်း ကိစ္စရပ်တွေမှာ အာဆီယံရဲ့ ဦးဆောင်မှု အပါအဝင် တခြားကိစ္စရပ်တွေကို အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဒုတိယဝန်ကြီး Wendy Sherman က ဘန်ကောက်မြို့ကို ရောက်နေစဉ် တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အဲဒီလို ပြောကြားလိုက်တာပါ။ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို တယ်လီဖုန်းကတဆင့် တက်ရောက် သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း ပြသတဲ့အနေနဲ့ရော ဒေသတွင်းကိစ္စရပ်တွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့တို့အတွက်ပါ ဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ဒီကနေ့ ဘန်ကောက်မြို့က တဆင့် သတင်းထောက်တွေနဲ့ တယ်လီဖုန်းကနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သူ့ခရီးစဉ်ကိစ္စကို ရှင်းပြခဲ့တာပါ။

ဗွီအိုအေ မြန်မာဌာနအပါအဝင် နိုင်ငံတကာသတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဒုဝန်ကြီး Sherman က ပြန်လည် ဖြေကြားခဲ့တာမှာ လတ်တလော နိုင်ငံတကာမှာ ထိပ်တန်းရောက်နေတဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စနဲ့ အဲဒီရဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေ၊ မြန်မာပြည်သူ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် ကြုံတွေ့နေရတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေကို အလေးပေး ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကမာရွတ်မီဒီယာက နေသန်မောင်နဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ Daniel Fenster တို့ကိစ္စကိုလည်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် ၂ ယောက်စလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သူတို့ ၂ ယောက်စလုံး ပြန်လည် လွတ်မြောက်ပြီး သူတို့မိသားစုတွေထံ ပြန်မရောက်အချင်း သူတို့လွတ်မြောက်ရေးအတွက် ကျမတို့ တောက်လျှောက် တောင်းဆိုသွားမှာပါ။ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဒီ သတင်းထောက် ၂ ယောက်ပြန်လွှတ်ရေး သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး ဆောင်ရွက်ပေးကြဖို့ ကျမ တိုက်တွန်းခဲ့ပါတယ်။ တိုင်းပြည်တခု ကြွယ်ဝချမ်းသာရေးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေ တည်ရှိဖို့ လိုအပ်ပါတယ်။ မြန်မာစစ်တပ်က သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းမီဒီယာအပေါ် အကြမ်းလုပ်ဆောင်နေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ ကိုနေသန်မောင်ကို အွန်လိုင်းကတဆင့် စကားပြောခွင့်ရခဲ့ပေမယ့် သူ့အတွက် ဥပဒေအကျိုးဆောင် ငှားဖို့ကိစ္စကိုတော့ ဆောင်ရွက်ခွင့်မရသေးဘူးလို့လည်း ဒုဝန်ကြီး Sherman က ပြောပါတယ်။ Daniel Fenster နဲ့တော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။

ဒုဝန်ကြီး Sherman ဟာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်ရှိစဉ် မြန်မာ့အရေးကိစ္စတွေကို အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ အဆုံးသတ်ရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးကြဖို့ ကျမအနေနဲ့ တိုက်တွန်း ပြောဆိုခဲ့သလို စစ်တပ်အနေနဲ့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချက်ခြင်း ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထဲ အာဏာပြန်အပ်ပြီး အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေး အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Ratno Marsudi နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူ ဒီကနေ့ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ တွေ့ဆုံစဉ်မှာလည်း မြန်မာ့အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဒုဝန်ကြီး Sherman က ပြောပါတယ်။

မြန်မာနိုင်ငံကို လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကိစ္စ ကုလသမဂ္ဂဆုံးဖြတ်ချက်မှာ ထည့်သွင်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံဘက်က ကန့်ကွက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တဦးက မေးတာမှာ ဒီကိစ္စဟာ ဆွေးနွေး ဆောင်ရွက်နေဆဲကာလဖြစ်တာကြောင့် သူ့အနေနဲ့ ကြိုပြီး တစုံတရာ မပြောလိုကြောင်း၊ သံတမန်ရေးကိစ္စတွေဟာ အချိန်ယူ ဆောင်ရွက်ရလေ့ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အချက် ၅ ချက်ပါ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ဒုဝန်ကြီး Wendy Sherman က ပြန်လည် ဖြေကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG