သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္အဖဲြ႕ ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံသြားဖို႔ စီစဥ္ထား


အင္ဒိုနီးရွားႏိုင္ငံ Jakarta ၿမိဳ႕ရွိ ASEAN အေထြေထြအတြင္းေရးမႉးဌာနရံုး အေဆာက္အအံု။ (ဧၿပီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အလွည့္က်ဥကၠ႒နဲ႔ အတြင္းေရးမွဴးခ်ဳပ္တို႔ ဒီသီတင္းပတ္အတြင္း ျမန္မာႏုိင္ငံကိုသြားဖို႔ စီစဥ္ထားတယ္လို႔ သံတမန္သတင္းရင္းျမစ္ေလးခုကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူႏိုင္းႏုိင္ငံ၊ ႏုိင္ငံျခားေရးဌာန ဒုတိယဝန္ႀကီး Erywan Yusof နဲ႔ ဘ႐ူႏိုင္း ႏုိင္ငံသားပဲျဖစ္တဲ့ အတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi တို႔ဟာ ျမန္မာ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြ၊ တျခားသက္ဆိုင္သူေတြနဲ႔ ဒီသီတင္းပတ္အတြင္း ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔ အမည္မေဖာ္တဲ့ သတင္းရင္းျမစ္ေတြက ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း သြားခါနီး ေနာက္ဆံုးအခ်ိန္မွာမွ သြားလာေရးကိစၥေတြနဲ႔ သံတမန္ေရးပိုင္း အခက္အခဲေတြေၾကာင့္ ခရီးစဥ္ ေႏွာင့္ေႏွးသြားႏုိင္ ဒါမွမဟုတ္ ပ်က္သြားႏိုင္တယ္လုိ႔ သတင္းရင္းျမစ္ေတြက သတိေပးထားပါတယ္။

ဒီ အာဆီယံကိုယ္စားလွယ္အဖြဲ႔ဟာ အာဏာသိမ္းျဖဳတ္ခ်ခံရၿပီး အမ်ားအျပား ဖမ္းဆီးခံထားရ ဒါမွမဟုတ္ ပုန္းေအာင္းေနရတဲ့ အရပ္သားအစိုးရတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုဖို႔ စီစဥ္ထားသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ အာဆီယံေျပာခြင့္ရသူေရာ၊ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ဘက္ကပါ ဒါနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ပန္ၾကားတာကို အေၾကာင္းမျပန္ခဲ့ပါဘူး။ ဘ႐ူႏုိင္းႏုိင္ငံရဲ႕ အာဆီယံကိုယ္စားလွယ္အဖြဲ႔ကလည္း မွတ္ခ်က္ေပးဖို႔ ပန္ၾကားခ်က္ကို အေၾကာင္းမျပန္ပါဘူး။

ျမန္မာ့အေရး "အခ်က္ငါးခ်က္ပါ သေဘာတူညီခ်က္" ကို အာဆီယံေခါင္းေဆာင္ေတြ ေၾကညာခဲ့အၿပီး သီတင္းငါးပတ္ေက်ာ္အၾကာမွာ အခုစီစဥ္ထားတဲ့ ခရီးစဥ္ကိစၥထြက္လာတာပါ။ အဲဒီအခ်က္ငါးခ်က္ထဲမွာ အၾကမ္းဖက္ႏွိမ္နင္းတာေတြ ရပ္တန္႔ဖို႔၊ ေဆြးေႏြးေျပာဆိုဖုိ႔၊ လူသားစာနာမႈ အကူအညီေပးဖို႔၊ အထူးသံတမန္တဦး ခန္႔အပ္ဖို႔နဲ႔ "သက္ဆိုင္သူအားလံုးနဲ႔ ေတြ႔ဆံုေရး" အထူးသံတမန္ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ ေစလႊတ္ဖို႔တို႔ ပါဝင္ပါတယ္။

ဒါေပမဲ့လည္း အထူးသံတမန္အျဖစ္ ခန္႔ထားဖို႔ အသင့္ေတာ္ဆံုးလူပုဂၢိဳလ္ ဒါမွမဟုတ္ လူပုဂၢိဳလ္ေတြကို ေရြးခ်ယ္ေရး၊ အထူးသံတမန္ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ သက္တမ္းကာလတို႔အေပၚ အာဆီယံအဖြဲ႔ထဲမွာ သေဘာထားကြဲေနတာေၾကာင့္ အခုခ်ိန္ထိ မခန္႔ထားႏုိင္ေသးပါဘူး။

အထူးသံတမန္ရဲ႕သက္တမ္းကို လက္ရွိအလွည့္က်ဥကၠ႒ရဲ႕ က်န္တဲ့သက္တမ္းကာလအတြင္းမွာပဲ ခန္႔ထားဖို႔နဲ႔ ေနာက္အလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏုိင္ငံအလွည့္မွာ ျပန္ၿပီးသံုးသပ္ဖို႔ ၿပီးခဲ့တဲ့လက အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြဆီ ဘ႐ူႏုိင္းႏုိင္ငံက ေပးပို႔ခဲ့တဲ့ "အဆိုျပဳစာတမ္း" ထဲမွာ ေဖာ္ျပထားတယ္လို႔ စာတမ္းပါ အေၾကာင္းအရာေတြကိုသိထားတဲ့ သတင္းရင္းျမစ္သံုးခုကေျပာပါတယ္။ ဒါ့အျပင္ အထူးသံတမန္ရဲ႕လုပ္ငန္းဟာ ေစ့စပ္ညွိႏိႈင္းေပးဖို႔ပဲျဖစ္ၿပီး သံတမန္ရဲ႕ မိခင္ႏုိင္ငံက အကုန္အက်ခံၿပီးေတာ့ ဝန္ထမ္းအနည္းငယ္ခန္႔ထားဖို႔နဲ႔ ျမန္မာႏုိင္ငံမွာ အေျခစိုက္ဖို႔မဟုတ္ဘူးလို႔လည္း စာတမ္းထဲမွာ အဆိုျပဳထားတဲ့အေၾကာင္း သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ဒီသတ္မွတ္ခ်က္ေတြဟာ အထူးသံတမန္ရဲ႕ အေနအထားနဲ႔ လုပ္ေဆာင္ႏိုင္စြမ္းကို အထူးထိခိုက္ေစတယ္လို႔ အာဆီယံအဖြဲ႔ဝင္အေတာ္မ်ားမ်ားက ျမင္ၾကပါတယ္။ လူဦးေရ ၅၀၀,၀၀၀ ေတာင္မရွိတဲ့ ဘ႐ူႏုိင္းေစာ္ဘြားႏုိင္ငံဟာ သံတမန္ေရး ေခါင္းေဆာင္မႈအေတြ႔အၾကံဳ မရွိသေလာက္ျဖစ္ၿပီး အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြရဲ႕ စိုးရိမ္ခ်က္ေတြအေပၚ တံု႔ျပန္တာမရွိေသးဘူးလို႔ သတင္းရင္းျမစ္ေတြကေျပာပါတယ္။ အထူးသံတမန္ဟာ အာဆီယံဥကၠ႒ကို ကိုယ္စားျပဳရမွာမို႔ လက္ေတြ႔အားျဖင့္ ဘ႐ူႏိုင္းႏုိင္ငံက ခန္႔အပ္မွာပဲျဖစ္တယ္လုိ႔ သံတမန္တဦးက ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဆီယံကိုယ်စားလှယ်အဖွဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသွားဖို့ စီစဉ်ထား

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Erywan Yusof နဲ့ ဘရူနိုင်း နိုင်ငံသားပဲဖြစ်တဲ့ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့ဟာ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း သွားခါနီး နောက်ဆုံးအချိန်မှာမှ သွားလာရေးကိစ္စတွေနဲ့ သံတမန်ရေးပိုင်း အခက်အခဲတွေကြောင့် ခရီးစဉ် နှောင့်နှေးသွားနိုင် ဒါမှမဟုတ် ပျက်သွားနိုင်တယ်လို့ သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

ဒီ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းဖြုတ်ချခံရပြီး အများအပြား ဖမ်းဆီးခံထားရ ဒါမှမဟုတ် ပုန်းအောင်းနေရတဲ့ အရပ်သားအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အာဆီယံပြောခွင့်ရသူရော၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပန်ကြားတာကို အကြောင်းမပြန်ခဲ့ပါဘူး။ ဘရူနိုင်းနိုင်ငံရဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ကလည်း မှတ်ချက်ပေးဖို့ ပန်ကြားချက်ကို အကြောင်းမပြန်ပါဘူး။

မြန်မာ့အရေး "အချက်ငါးချက်ပါ သဘောတူညီချက်" ကို အာဆီယံခေါင်းဆောင်တွေ ကြေညာခဲ့အပြီး သီတင်းငါးပတ်ကျော်အကြာမှာ အခုစီစဉ်ထားတဲ့ ခရီးစဉ်ကိစ္စထွက်လာတာပါ။ အဲဒီအချက်ငါးချက်ထဲမှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ဆွေးနွေးပြောဆိုဖို့၊ လူသားစာနာမှု အကူအညီပေးဖို့၊ အထူးသံတမန်တဦး ခန့်အပ်ဖို့နဲ့ "သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး" အထူးသံတမန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့တို့ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း အထူးသံတမန်အဖြစ် ခန့်ထားဖို့ အသင့်တော်ဆုံးလူပုဂ္ဂိုလ် ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို ရွေးချယ်ရေး၊ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ သက်တမ်းကာလတို့အပေါ် အာဆီယံအဖွဲ့ထဲမှာ သဘောထားကွဲနေတာကြောင့် အခုချိန်ထိ မခန့်ထားနိုင်သေးပါဘူး။

အထူးသံတမန်ရဲ့သက်တမ်းကို လက်ရှိအလှည့်ကျဥက္ကဋ္ဌရဲ့ ကျန်တဲ့သက်တမ်းကာလအတွင်းမှာပဲ ခန့်ထားဖို့နဲ့ နောက်အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအလှည့်မှာ ပြန်ပြီးသုံးသပ်ဖို့ ပြီးခဲ့တဲ့လက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ ဘရူနိုင်းနိုင်ငံက ပေးပို့ခဲ့တဲ့ "အဆိုပြုစာတမ်း" ထဲမှာ ဖော်ပြထားတယ်လို့ စာတမ်းပါ အကြောင်းအရာတွေကိုသိထားတဲ့ သတင်းရင်းမြစ်သုံးခုကပြောပါတယ်။ ဒါ့အပြင် အထူးသံတမန်ရဲ့လုပ်ငန်းဟာ စေ့စပ်ညှိနှိုင်းပေးဖို့ပဲဖြစ်ပြီး သံတမန်ရဲ့ မိခင်နိုင်ငံက အကုန်အကျခံပြီးတော့ ဝန်ထမ်းအနည်းငယ်ခန့်ထားဖို့နဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်ဖို့မဟုတ်ဘူးလို့လည်း စာတမ်းထဲမှာ အဆိုပြုထားတဲ့အကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီသတ်မှတ်ချက်တွေဟာ အထူးသံတမန်ရဲ့ အနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းကို အထူးထိခိုက်စေတယ်လို့ အာဆီယံအဖွဲ့ဝင်အတော်များများက မြင်ကြပါတယ်။ လူဦးရေ ၅၀၀,၀၀၀ တောင်မရှိတဲ့ ဘရူနိုင်းစော်ဘွားနိုင်ငံဟာ သံတမန်ရေး ခေါင်းဆောင်မှုအတွေ့အကြုံ မရှိသလောက်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေအပေါ် တုံ့ပြန်တာမရှိသေးဘူးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ အထူးသံတမန်ဟာ အာဆီယံဥက္ကဋ္ဌကို ကိုယ်စားပြုရမှာမို့ လက်တွေ့အားဖြင့် ဘရူနိုင်းနိုင်ငံက ခန့်အပ်မှာပဲဖြစ်တယ်လို့ သံတမန်တဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

XS
SM
MD
LG