သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံပဋိညာဥ္ပါ လူ႔အခြင့္အေရး ေဖာ္ေဆာင္ဖို႔ AI တိုက္တြန္း


Amnesty International logo

(Zawgyi / Unicode)

အာဆီယံအေနနဲ႔ အဖြဲ႔ပဋိညာဥ္စာခ်ဳပ္ အပုိဒ္ ၁ မွာ ေဖာ္ျပထားတဲ့ အေျခခံမူဝါဒနဲ႔ ရည္မွန္းခ်က္တခုျဖစ္တဲ့ “လူ႔အခြင့္အေရးႏွင့္ အေျခခံလြတ္လပ္ခြင့္ေတြကုိ ျမင့္တင္ ကာကြယ္ေပးေရး” ဆုိတဲ့ ျပ႒ာန္းခ်က္နဲ႔အညီ လုိက္နာေဆာင္ရြက္ဖုိ႔ လုိအပ္ေၾကာင္း ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနတဲ့ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္လုိ႔ Amnesty International - ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက အိတ္ဖြင့္ေပးစာ ေပးပုိ႔လုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္သူေတြကုိ စစ္ေကာင္စီဘက္က အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ ရာေပါင္းမ်ားစြာေသာ ျပည္သူေတြ အသက္ဆုံး႐ႈံးခဲ့ရၿပီး ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြလည္း ဖမ္းဆီး ထိန္းသိမ္းခံထားရေၾကာင္း၊ စစ္တပ္ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြ ရပ္တန္႔ဖုိ႔ ႏုိင္ငံတကာ အသုိင္းအဝုိင္းနဲ႔ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆုိေနတာကုိ စစ္တပ္က ဂ႐ုမစုိက္ဘဲ အၾကမ္းဖက္လုပ္ရပ္ကုိ ဆက္လုပ္ေနတဲ့အတြက္ ျပည္တြင္းစစ္ျဖစ္ေပၚမယ့္ဘက္ကုိ ဦးတည္ေနၿပီး အဲဒီရဲ႕ ေနာက္ဆက္တြဲအျဖစ္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ႏုိင္ငံတကာ ဥပေဒအရ ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့ အေျခအေနကုိ ဆုိက္ေရာက္လာႏုိင္ေၾကာင္း AI ရဲ႕ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

အာဆီယံပဋိညာဥ္အရ အဖြဲ႔ဝင္ႏုိင္ငံတခုရဲ႕ ျပည္တြင္းေရးကုိ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရဆုိတဲ့ အေျခခံမူဝါဒကုိ AI အေနနဲ႔ နားလည္သေဘာေပါက္ေၾကာင္း၊ ဒါေပမယ့္ ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ ျပည္တြင္းေရးသက္သက္ မကေတာ့ေၾကာင္း AI ရဲ႕ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ဟာ သူ႔လုပ္ရပ္ေတြအတြက္ ဒဏ္ခတ္အေရးယူျခင္း မခံရႏုိင္ဘူးဆုိတဲ့ ခံယူခ်က္နဲ႔ ခ်ဳိးေဖာက္မႈေတြကုိ က်ဴးလြန္ေနတယ္လုိ႔ ဆုိပါတယ္။ ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြဟာ အာဆီယံအပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝုိင္းအေနနဲ႔ ျမန္မာစစ္တပ္ကုိ သူ႔ရဲ႕ အရင္က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြအတြက္ ျပစ္ဒဏ္ေပး အေရးယူႏုိင္ခဲ့ျခင္း မရွိခဲ့တဲ့ ခ်ဳိ႕ယြင္းခ်က္ေတြေၾကာင့္ျဖစ္တယ္လုိ႔ Amnesty International အဖြဲ႔အေနနဲ႔ ခံယူေၾကာင္းလည္း အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၄ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံ အေရးေပၚ စည္းေဝးပြဲမွာ ျမန္မာႏုိင္ငံအတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတဲ့ အေျခအေနေတြကုိ အာဆီယံအေနနဲ႔ ဦးစားေပး ေဆာင္ရြက္မယ္ဆုိတာ ႏုိင္ငံတကာ အသုိင္းအဝုိင္းကုိ ျပသခဲ့သင့္တယ္လုိ႔ ဆုိပါတယ္။

ႏုိင္ငံတကာ ဥပေဒေတြနဲ႔ ဆန္႔က်င္ၿပီး လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္အေနနဲ႔ သူ႔လုပ္ရပ္ေတြအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိရမယ္ဆုိတာကုိ အာဆီယံဘက္က ျပသခဲ့သင့္ေၾကာင္း၊ လက္ရွိ ျမန္မာႏုိင္ငံမွာျဖစ္ေနတဲ့ ပဋိပကၡ ခ်ဳပ္ၿငိမ္းေအာင္ အာဆီယံႏုိင္ငံေတြက ျပတ္ျပတ္သားသား ဆုံးျဖတ္ၿပီး အခ်ိန္မီ မေဆာင္ရြက္ႏုိင္ဘူးဆုိရင္ ျမန္မာႏုိင္ငံဟာ ႀကီးမားတဲ့ ေဘးဒုကၡေတြနဲ႔ ရင္ဆုိင္ရႏုိင္တဲ့အျပင္ ျမန္မာႏုိင္ငံအတြင္းတင္သာမကဘဲ ေဒသတြင္းနဲ႔ တျခားေနရာေတြကုိပါ ႐ုိက္ခတ္လာမယ့္ တန္ျပန္ အက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေပၚေစႏုိင္တယ္လုိ႔ Amnesty International ရဲ႕ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အာဆီယံပဋိညာဉ်ပါ လူ့အခွင့်အရေး ဖော်ဆောင်ဖို့ AI တိုက်တွန်း

အာဆီယံအနေနဲ့ အဖွဲ့ပဋိညာဉ်စာချုပ် အပိုဒ် ၁ မှာ ဖော်ပြထားတဲ့ အခြေခံမူဝါဒနဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တွေကို မြင့်တင် ကာကွယ်ပေးရေး” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရာပေါင်းများစွာသော ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း၊ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေတာကို စစ်တပ်က ဂရုမစိုက်ဘဲ အကြမ်းဖက်လုပ်ရပ်ကို ဆက်လုပ်နေတဲ့အတွက် ပြည်တွင်းစစ်ဖြစ်ပေါ်မယ့်ဘက်ကို ဦးတည်နေပြီး အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အခြေအနေကို ဆိုက်ရောက်လာနိုင်ကြောင်း AI ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အာဆီယံပဋိညာဉ်အရ အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့ အခြေခံမူဝါဒကို AI အနေနဲ့ နားလည်သဘောပေါက်ကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ပြည်တွင်းရေးသက်သက် မကတော့ကြောင်း AI ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ သူ့လုပ်ရပ်တွေအတွက် ဒဏ်ခတ်အရေးယူခြင်း မခံရနိုင်ဘူးဆိုတဲ့ ခံယူချက်နဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို သူ့ရဲ့ အရင်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေး အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ချို့ယွင်းချက်တွေကြောင့်ဖြစ်တယ်လို့ Amnesty International အဖွဲ့အနေနဲ့ ခံယူကြောင်းလည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အရေးပေါ် စည်းဝေးပွဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို အာဆီယံအနေနဲ့ ဦးစားပေး ဆောင်ရွက်မယ်ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသခဲ့သင့်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အနေနဲ့ သူ့လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ဆိုတာကို အာဆီယံဘက်က ပြသခဲ့သင့်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခ ချုပ်ငြိမ်းအောင် အာဆီယံနိုင်ငံတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အချိန်မီ မဆောင်ရွက်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ကြီးမားတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အပြင် မြန်မာနိုင်ငံအတွင်းတင်သာမကဘဲ ဒေသတွင်းနဲ့ တခြားနေရာတွေကိုပါ ရိုက်ခတ်လာမယ့် တန်ပြန် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ Amnesty International ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG