သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ နဲ့ အာဆီယံ ပူးပေါင်းပြီး မြန်မာပြဿနာ အဖြေရှာဖို့ ကနေဒါအခြေစိုက် IFFRAS တိုက်တွန်း


(ဓါတ်ပုံ- https://asean.org/)
(ဓါတ်ပုံ- https://asean.org/)

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာကို အဖြေရှာဖို့ အိန္ဒိယနဲ့ အာဆီယံတို့ အတူလက်တွဲဆောင်ရွက်သင့်တယ်လို့ ကနေဒါနိုင်ငံ တိုရွန်တို အခြေစိုက် လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ (International Forum for Rights and Security) IFFRAS က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်မှာ နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေနေဆိုးဝါးလာနေသလို ဒေသတွင်းမှာပါ ထိခိုက်လာနေတာအတွက် အာဆီယံက အဖြေရှာဖို့ ကြိုးစားနေတာ ဖြစ်ပြီး မြန်မာအတွက် အာဆီယံက အထူးသံတမန်ခန့်ဖို့နဲ့ မူ ၅ ချက်ပါ ဘုံသဘောတူညီချက်တွေ ရလာပေမယ့် အခုထိ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပြီး လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းချက်တွေ အရာမထင်ပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရှေ့ဒေသဦးစားပေးတဲ့ မူဝါဒကို ကျင့်သုံးနေသလို မြန်မာဟာ အိန္ဒိယရဲ့ ပြည်နယ် ၄ ခုဖြစ်တဲ့ Arunachal Pradesh မဏီပူ၊ မီဇိုရမ်နဲ့ နာဂလန်း တို့နဲ့ ကီလိုမီတာ ၁၆၀၀ လောက် ရှည်တဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အပြင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေပါ ဆက်နွယ်နေတာကြောင့် မြန်မာနဲ့ မစိမ်းတဲ့အနေထားမှာ ရှိနေတယ်လို့ ထောက်ပြပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းမှုကနေ လက်ရှိမှာ သေဆုံးရတဲ့ ပြည်သူ ၈၀၀ ကျော်နဲ့ အဖမ်းခံရသူ ၄၀၀၀ ကျော်ရှိ လာနေပြီး အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံရသူကလည်း သောင်းနဲ့ချီရှိလာနေတာ ဖြစ်ပါတယ်။

ဒီလို အခြေနေမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဦးဆောင်မှုကို ထောက်ခံကြောင်း အစောပိုင်းက ပြောကြားခဲ့တဲ့ အိန္ဒိယအနေနဲ့ အာဆီယံနဲ့ လက်တွဲပြီး မြန်မာ့ပြဿနာကို အဖြေရှာဖို့ လုပ်သင့်တယ်လို့ လူ့အခွင့်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG