သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီဒီယာလုပ္ငန္း ဘာေတြ ႀကဳံေနရသလဲ ဂ်ာနယ္လစ္ေတြ ဘယ္လို ရပ္တည္ေနၾကသလဲ


Myanmar Now သတင္းေထာက္ မေကဇြန္ေႏြးကို ဖမ္းဆီးသြားသည့္ျမင္ကြင္း။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ရက္ပိုင္းက Frontier Myanmar မဂၢဇင္းရဲ႕ မန္ေနးဂ်င္း အယ္ဒီတာ အေမရိကန္ ႏိုင္ငံသား ဂ်ာနယ္လစ္ Danny Fenster ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ဖမ္းဆီးခံလိုက္ရပါတယ္။ Frontier Myanmar မဂၢဇင္းဟာ ျပည္တြင္းမွာ တရားဝင္ မွတ္ပုံတင္ထားၿပီး အဂၤလိပ္ဘာသာနဲ႔ ထုတ္ေဝတဲ့ မဂၢဇင္း တေစာင္ျဖစ္သလို ကိုဗစ္ ကာလအတြင္းက စၿပီး အြန္လိုင္းမွာ တင္ဆက္ေနတဲ့ မီဒီယာ တခုျဖစ္ပါတယ္။ မဂၢဇင္းရဲ႕ ထုတ္ျပန္ခ်က္အရ ဒဲန္နီကို ကြာလာလမ္ပူ ကို ထြက္ခြာမယ့္ ေလယာဥ္ေပၚ မတက္ခင္ အာဏာပိုင္ေတြဖမ္းဆီးၿပီး အင္းစိန္ေထာင္ကို ပို႔လိုက္တယ္လို႔ ဆိုပါတယ္။ သူ႔ကို ဘာေၾကာင့္ ဖမ္းသြားတယ္ ဆိုတာကိုေတာ့ မဂၢဇင္း တာဝန္ရွိသူေတြကိုယ္တိုင္ မသိၾကေသးပါဘူး။ ေရွ႕မွာလည္း အေမရိကန္ ႏိုင္ငံသား ကမာ႐ြတ္မီဒီယာ အယ္ဒီတာခ်ဳပ္ ေနသန္ေမာင္၊ အလြတ္သတင္းေထာက္ေတြ ျဖစ္ၾကတဲ့ ပိုလန္ႏိုင္ငံသား ေရာဘတ္ဘိုဆီရာဂါနဲ႔ ဂ်ပန္ႏိုင္ငံသား ယူကီကီ တာဇူမီတို႔လည္း အဖမ္းခံခဲ့ရၿပီး လက္ရွိအခ်ိန္ အေမရိကန္ ႏိုင္ငံသား ၂ ေယာက္ အက်ဥ္းေထာင္တြင္းမွာ ရွိေနဆဲပါ။ ျမန္မာ မီဒီယာေတြနဲ႔ ျမန္မာ ဂ်ာနယ္လစ္ေတြရဲ႕ အေျခအေနကေတာ့ အဲဒီထက္ အမ်ားႀကီး ပိုဆိုးပါတယ္။
ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာ သတင္းသမား ၈၈ ေယာက္ အဖမ္းခံရၿပီး လက္ရွိ အခ်ိန္ထိ သတင္းသမား ၅၂ ေယာက္ အက်ဥ္းေထာင္ေတြထဲမွာ ရွိေနဆဲပါ။ တစ္ခ်ိဳ႕ကိုေတာ့ ေထာင္ခ်ၿပီးပါၿပီ။ ေဖေဖၚဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးခ်ိန္ကစ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ သူ႔ရဲ႕ စစ္ေကာင္စီ အဓိကထား လုပ္တဲ့အထဲမွာ သတင္းအေမွာင္ခ်တာ၊ မီဒီယာေတြနဲ႔ ဂ်ာနယ္လစ္ေတြကို ႏွိပ္ကြပ္တာလည္း ပါဝင္ပါတယ္။ အာဏာသိမ္းၿပီး သိပ္မၾကာခင္ တရားဝင္ ႐ုပ္သံနဲ႔ ပုံႏွိပ္မီဒီယာေတြ ျဖစ္ၾကတဲ့ DVB, မဇၨ်ိမ၊ 7 Days မီဒီယာ၊ Myanmar Now နဲ႔ ေခတ္သစ္ သတင္းဌာန တို႔ကို ပိတ္ပင္ခဲ့ပါတယ္။ တခ်ိဳ႕ သတင္းမီဒီယာတိုက္ေတြကို ဝင္ေရာက္ စီးနင္း ရွာေဖြတာ လုပ္ခဲ့ပါတယ္။ တခ်ိဳ႕ သတင္းမီဒီယာေတြကိုေတာ့ ပိတ္ပင္တာ မလုပ္ေပမယ့္ ျပည္တြင္း၊ ျပည္ပ သတင္းေတြ ထုတ္လႊင့္ျခင္း မျပဳႏိုင္ေအာင္ အဲဒီ မီဒီယာ ကုမၸဏီ ၿခံဝင္းေတြထဲ စစ္သားေတြ ဝင္ေရာက္ တပ္စြဲၿပီး လုပ္ငန္းေတြကို ေစာင့္ၾကည့္ပါတယ္။ အဲဒီထဲမွာ ၿဂိဳလ္တုစေလာင္း ဖမ္းစက္နဲ႔ ႐ုပ္သံဖမ္းယူႏိုင္တဲ့ DTH စနစ္နဲ႔ ထုတ္လႊင့္တဲ့ စကိုင္းနက္ မီဒီယာ ပါဝင္ပါတယ္။
စစ္ေကာင္စီဟာ လုပ္ငန္းလုပ္ကိုင္ခြင့္ ပိတ္ပင္တဲ့ မီဒီယာ ၅ ခုကို ေၾကညာေပမယ့္ တစ္ခ်ိဳ႕ေသာ မီဒီယာေတြကိုေတာ့ မေၾကညာပဲ ဝင္ေရာက္ စီးနင္းၿပီး မီဒီယာ သမားေတြကို ဖမ္းဆီးတာ လုပ္ပါတယ္။ အဲဒီအထဲမွာ ကမာ႐ြတ္ မီဒီယာ အယ္ဒီတာခ်ဳပ္ ေနသန္ေမာင္နဲ႔ မႏၲေလး အေျခစိုက္ VOM သတင္းဌာန တာဝန္ခံ ကိုေနလင္းတို႔အျပင္ နယ္ေတြမွာ အေျခစိုက္တဲ့ သတင္းဌာနေတြ၊ တိုင္းရင္းသား သတင္းဌာနေတြနဲ႔ သတင္းေထာက္ေတြလည္း အမ်ားႀကီး ပါဝင္တာ ေတြ႕ရပါတယ္။ သတင္းစာ ရွင္းလင္းပြဲေတြမွာေတာ့ စစ္ေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ သူတို႔ အေနနဲ႔ မီဒီယာေတြကို စတုတၳ မ႑ိဳင္အျဖစ္ တန္ဖိုးထားပါတယ္လို႔ ေျပာဆိုေနရင္း အခုလို ဘက္ေပါင္းစုံက ဖိႏွိပ္မႈ လုပ္ေနတာ ျဖစ္ပါတယ္။
စစ္ေကာင္စီက မီဒီယာေတြနဲ႔ သတင္းသမားေတြအေပၚ အဲလို ၾကမ္းၾကမ္းတမ္းတမ္း ဖိႏွိပ္မႈေတြ လုပ္လာတဲ့အတြက္ ပိတ္ပင္ခံရတဲ့ မီဒီယာေတြေရာ၊ ပိတ္ပင္တယ္လို႔ ေၾကညာခံရျခင္း မရွိတဲ့ မီဒီယာေတြကပါ သူတို႔ ႐ုံးခန္းေတြကို စြန႔္ခြာခဲ့ၾကပါတယ္။ မီဒီယာ တခ်ိဳ႕ကေတာ့ အိမ္နီးခ်င္း ထိုင္းႏိုင္ငံထဲ အေျခခ်ႏိုင္ေအာင္ ႀကိဳးစားပါတယ္။
တခ်ိဳ႕ကေတာ့ ထိုင္းနယ္စပ္ တိုင္းရင္းသား လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္တဲ့ ဧရိယာကေန သတင္းထုတ္လႊင့္ႏိုင္ေအာင္ ႀကိဳးစားတာလည္း ရွိပါတယ္။ ျပည္တြင္း မီဒီယာ အမ်ားစုႀကီးကေတာ့ အဲလို နယ္စပ္ သို႔မဟုတ္ ထိုင္းဘက္ ထြက္ၿပီး လုပ္ႏိုင္ေလာက္ေအာင္ အင္အား မရွိတဲ့အတြက္ ျပည္တြင္းမွာပဲ မီဒီယာ လုပ္ငန္းကို လွ်ိဳ႕ဝွက္ၿပီး လုပ္ကိုင္တာ ေတြ႕ၾကရပါတယ္။
မီဒီယာေတြ အဲလို ျဖစ္ပ်က္ေနၾကသလို၊ ဂ်ာနယ္လစ္ေတြ အေျခအေနကေတာ့ အဲဒီထက္ ပိုဆိုးပါတယ္။ အာဏာသိမ္း စစ္ေကာင္စီက ဆႏၵျပပြဲေတြကို ပစ္ခတ္ သတ္ျဖတ္၊ ဖမ္းဆီးမႈေတြလုပ္လာခ်ိန္ကစ သတင္းဌာနေတြဟာ သူတို႔ သတင္းေထာက္ေတြကို အလုပ္ကေန ရပ္စဲေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ေပးၾကပါတယ္။ ဒါေပမယ့္လည္း ျပည္တြင္း သတင္းသမား အမ်ားစုႀကီး အပါအဝင္ ျပည္တြင္း အေျခစိုက္ ႏိုင္ငံျခား သတင္းဌာနေတြရဲ႕ မီဒီယာ သမားေတြဟာ ကိုယ့္ေနအိမ္ေတြမွာ ကိုယ္ မေနရဲပဲ အျခားေနရာေတြမွာ ေရွာင္တိမ္း ပုန္းေအာင္း ေနၾကရပါတယ္။ အေၾကာင္းကေတာ့ ရပ္ကြက္ေန ဒလန္ေတြကပဲ သတင္းေပးလို႔ျဖစ္ျဖစ္၊ ဧည့္စာရင္းစစ္လို႔ ေတြ႕ရင္ျဖစ္ျဖစ္ မီဒီယာသမားလို႔ ဆိုလိုက္တာနဲ႔ ဖမ္းဆီး စစ္ေဆးမႈေတြ လုပ္တတ္၊ လုပ္ေနလို႔ပါပဲ။ တကယ္လို႔မ်ား အဲဒီ မီဒီယာသမားရဲ႕ ကြန္ပ်ဴတာထဲကျဖစ္ေစ၊ ဖုန္းထဲကျဖစ္ေစ၊ ဆႏၵျပပြဲေတြနဲ႔ အျခား အခ်က္အလက္နဲ႔ ဓာတ္ပုံေတြကို ေတြ႕ရင္ပဲ အနည္းဆုံး စစ္တပ္ကို ၿဖိဳခြဲဖို႔ ႀကိဳးစားအားထုတ္တယ္ ဆိုတဲ့၊ ေထာင္ ၃ ႏွစ္အထိ ခ်ႏိုင္တဲ့ ပုဒ္မ ၅၀၅(က) နဲ႔ ဖမ္းဆီး တရားစြဲတာမ်ိဳး လုပ္ေနလို႔ပါပဲ။ သတင္းေထာက္ တခ်ိဳ႕ကေတာ့ သူတို႔ေနအိမ္ေတြကို စစ္ေကာင္စီ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက လာေရာက္ၿပီး သူတို႔ကို ေမးျမန္းရွာေဖြမႈေတြ လုပ္ခဲ့တယ္လို႔ ေျပာျပၾကပါတယ္။ စစ္ေကာင္စီဟာ သတင္းေထာက္ တခ်ိဳ႕ကို သတင္းလုပ္ငန္း မလုပ္ရဲေအာင္၊ ေၾကာက္႐ြံ႕သြားေအာင္ ေခတၱဖမ္းဆီး၊ ၿခိမ္းေျခာက္ၿပီးမွ ျပန္လႊတ္ေပးတာမ်ိဳးလည္း လုပ္ပါတယ္။ တခ်ိဳ႕ကေတာ့ နယ္စပ္ဘက္ကို ထြက္ၿပီး သက္ဆိုင္ရာ သတင္းမီဒီယာ အလုပ္ေတြ ဆက္လုပ္ေနၾကပါတယ္။
သတင္းမီဒီယာ သမားေတြ အေနနဲ႔ စစ္ေကာင္စီရဲ႕ ဘက္ေပါင္းစုံ ဖိႏွိပ္ေနတဲ့ၾကားထဲ ေနာက္ထပ္ ေပၚေပါက္လာတဲ့ ျပသနာ တခုက အမ်ားျပည္သူရဲ႕ ထင္ျမင္ယူဆခ်က္ပါ။ စစ္ေကာင္စီဟာ မီဒီယာေတြနဲ႔ အြန္လိုင္းေပၚမွာ တင္တဲ့ ဓာတ္ပုံေတြ၊ ဗီဒီယိုဖိုင္ေတြ အသုံးျပဳၿပီး လူေတြကို ဖမ္းဆီးတာ၊ ၿခိမ္းေျခာက္တာေတြ လုပ္ေနတဲ့အတြက္ ျပည္သူ အေတာ္မ်ားမ်ားဟာ ဓာတ္ပုံထဲပါမွာ၊ ဗီဒီယိုထဲ ပါမွာ မလိုလားၾကပါဘူး။ ဓာတ္ပုံ၊ ဗီဒီယို ႐ိုက္ကူးသူဟာ အရပ္ဝတ္ ရဲလား၊ ဒလန္လား၊ မီဒီယာသမား အတုလား၊ မီဒီယာသမား စစ္စစ္လား ေဝခြဲမရတဲ့ အေျခအေနမ်ိဳးေအာက္မွာ ကင္မရာနဲ႔ျဖစ္ေစ၊ ဖုန္းနဲ႔ျဖစ္ေစ မွတ္တမ္းတင္တာမ်ိဳးကို ဆန႔္က်င္ ကန႔္ကြက္လာၾကပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ တုန႔္ျပန္ ရန္ျပဳတာမ်ိဳးေတာင္ ေတြ႕ၾကရပါတယ္။ အျခားတဖက္မွာေတာ့ သတင္းေထာက္ေတြဟာ သူတို႔ သတင္းေထာက္ျဖစ္ေၾကာင္း သက္ေသခံကဒ္ေတြ ကိုယ္နဲ႔မကြာ ေဆာင္ထားခဲ့ရင္ အဲဒါကို လုံၿခဳံေရး တပ္ဖြဲ႕ေတြက စစ္ေဆးလို႔ ေတြ႕ရင္ ဖမ္းဆီးခံရႏိုင္တာေၾကာင့္ သတင္းေထာက္ ကဒ္ေတြ မေဆာင္၊ ျပည္သူေတြယုံေအာင္ ျပစရာ မရွိ အေျခအေနမ်ိဳး ႀကဳံေနၾကရပါတယ္။
အဲလို ဆိုး႐ြားတဲ့ အေျခအေနမ်ိဳး ႀကဳံေနရေပမယ့္ အမ်ားစုေသာ ျမန္မာသတင္းသမားေတြဟာ သူတို႔ ပေရာ္ဖက္ရွင္နယ္ လုပ္ငန္းေတြကို စြန႔္ပစ္တာမ်ိဳး မလုပ္ၾကပါဘူး။ ပေရာ္ဖက္ရွင္နယ္ ကင္မရာေတြကို သိမ္းဆည္း၊ ဓာတ္ပုံနဲ႔ ဗီဒီယို ပုံထြက္ေကာင္းတဲ့ မိုဘိုင္းဖုန္းေတြ ဝယ္ကိုင္ၾကၿပီး အဲဒီ ဖုန္းေတြနဲ႔ သတင္းယူ၊ အလုပ္လုပ္ေနၾကပါတယ္။ ဒါေတာင္ လမ္းေတြမွာ စစ္ေဆးတတ္တဲ့ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက အဲဒီ မိုဘိုင္းဖုန္းထဲက သတင္းဓာတ္ပုံေတြ၊ ဗီဒီယိုဖိုင္ေတြကို ျမင္လိုက္ရင္ျဖင့္ အဲဒီ သတင္းေထာက္ ဖမ္းဆီးခံရမွာ အေသအျခာပါပဲ။ လက္ရွိအေနအထားကို ၾကည့္ရင္ စစ္ေကာင္စီကေန သတင္းအေမွာင္ခ်ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားေနေပမယ့္ ျပည္သူေတြဟာ ပုံမွန္ သတင္းေတြ ရရွိေနဆဲျဖစ္တာ ေတြ႕ႏိုင္ပါတယ္။ ဒါဟာလည္း မီဒီယာေတြကို ဦးေဆာင္ေနသူေတြရဲ႕ ႀကိဳးစားမႈ၊ ဖမ္းဆီးခံရမယ့္ေဘး၊ အသက္ေသဆုံးႏိုင္တဲ့ေဘးေတြကို မငဲ့ကြက္ပဲ အႏၲရာယ္ အရွိဆုံး ပေရာ္ဖက္ရွင္နယ္ လုပ္ငန္းကို မစြန႔္လႊတ္ပဲ ရဲရဲဝင့္ဝင့္ သတၱိရွိရွိ လုပ္ေနၾကတဲ့ ဂ်ာနယ္လစ္ေတြရဲ႕ စြန႔္စားမႈေတြေၾကာင့္သာ ျဖစ္ေၾကာင္းပါ။

------------------------

မီဒီယာလုပ်ငန်း ဘာတွေ ကြုံနေရသလဲ ဂျာနယ်လစ်တွေ ဘယ်လို ရပ်တည်နေကြသလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းက Frontier Myanmar မဂ္ဂဇင်းရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် နိုင်ငံသား ဂျာနယ်လစ် Danny Fenster ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ Frontier Myanmar မဂ္ဂဇင်းဟာ ပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ထားပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မဂ္ဂဇင်း တစောင်ဖြစ်သလို ကိုဗစ် ကာလအတွင်းက စပြီး အွန်လိုင်းမှာ တင်ဆက်နေတဲ့ မီဒီယာ တခုဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဒဲန်နီကို ကွာလာလမ်ပူ ကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် အာဏာပိုင်တွေဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းသွားတယ် ဆိုတာကိုတော့ မဂ္ဂဇင်း တာဝန်ရှိသူတွေကိုယ်တိုင် မသိကြသေးပါဘူး။ ရှေ့မှာလည်း အမေရိကန် နိုင်ငံသား ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် နေသန်မောင်၊ အလွတ်သတင်းထောက်တွေ ဖြစ်ကြတဲ့ ပိုလန်နိုင်ငံသား ရောဘတ်ဘိုဆီရာဂါနဲ့ ဂျပန်နိုင်ငံသား ယူကီကီ တာဇူမီတို့လည်း အဖမ်းခံခဲ့ရပြီး လက်ရှိအချိန် အမေရိကန် နိုင်ငံသား ၂ ယောက် အကျဉ်းထောင်တွင်းမှာ ရှိနေဆဲပါ။ မြန်မာ မီဒီယာတွေနဲ့ မြန်မာ ဂျာနယ်လစ်တွေရဲ့ အခြေအနေကတော့ အဲဒီထက် အများကြီး ပိုဆိုးပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာ သတင်းသမား ၈၈ ယောက် အဖမ်းခံရပြီး လက်ရှိ အချိန်ထိ သတင်းသမား ၅၂ ယောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါ။ တစ်ချို့ကိုတော့ ထောင်ချပြီးပါပြီ။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အဓိကထား လုပ်တဲ့အထဲမှာ သတင်းအမှောင်ချတာ၊ မီဒီယာတွေနဲ့ ဂျာနယ်လစ်တွေကို နှိပ်ကွပ်တာလည်း ပါဝင်ပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင် တရားဝင် ရုပ်သံနဲ့ ပုံနှိပ်မီဒီယာတွေ ဖြစ်ကြတဲ့ DVB, မဇ္ဇျိမ၊ 7 Days မီဒီယာ၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာန တို့ကို ပိတ်ပင်ခဲ့ပါတယ်။ တစ်ချို့ သတင်းမီဒီယာတိုက်တွေကို ဝင်ရောက် စီးနင်း ရှာဖွေတာ လုပ်ခဲ့ပါတယ်။ တစ်ချို့ သတင်းမီဒီယာတွေကိုတော့ ပိတ်ပင်တာ မလုပ်ပေမယ့် ပြည်တွင်း၊ ပြည်ပ သတင်းတွေ ထုတ်လွှင့်ခြင်း မပြုနိုင်အောင် အဲဒီ မီဒီယာ ကုမ္ပဏီ ခြံဝင်းတွေထဲ စစ်သားတွေ ဝင်ရောက် တပ်စွဲပြီး လုပ်ငန်းတွေကို စောင့်ကြည့်ပါတယ်။ အဲဒီထဲမှာ ဂြိုလ်တုစလောင်း ဖမ်းစက်နဲ့ ရုပ်သံဖမ်းယူနိုင်တဲ့ DTH စနစ်နဲ့ ထုတ်လွှင့်တဲ့ စကိုင်းနက် မီဒီယာ ပါဝင်ပါတယ်။
စစ်ကောင်စီဟာ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်တဲ့ မီဒီယာ ၅ ခုကို ကြေညာပေမယ့် တစ်ချို့သော မီဒီယာတွေကိုတော့ မကြေညာပဲ ဝင်ရောက် စီးနင်းပြီး မီဒီယာ သမားတွေကို ဖမ်းဆီးတာ လုပ်ပါတယ်။ အဲဒီအထဲမှာ ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် နေသန်မောင်နဲ့ မန္တလေး အခြေစိုက် VOM သတင်းဌာန တာဝန်ခံ ကိုနေလင်းတို့အပြင် နယ်တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေ၊ တိုင်းရင်းသား သတင်းဌာနတွေနဲ့ သတင်းထောက်တွေလည်း အများကြီး ပါဝင်တာ တွေ့ရပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေမှာတော့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သူတို့ အနေနဲ့ မီဒီယာတွေကို စတုတ္ထ မဏ္ဍိုင်အဖြစ် တန်ဖိုးထားပါတယ်လို့ ပြောဆိုနေရင်း အခုလို ဘက်ပေါင်းစုံက ဖိနှိပ်မှု လုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက မီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် အဲလို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုတွေ လုပ်လာတဲ့အတွက် ပိတ်ပင်ခံရတဲ့ မီဒီယာတွေရော၊ ပိတ်ပင်တယ်လို့ ကြေညာခံရခြင်း မရှိတဲ့ မီဒီယာတွေကပါ သူတို့ ရုံးခန်းတွေကို စွန့်ခွာခဲ့ကြပါတယ်။ မီဒီယာ တချို့ကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ အခြေချနိုင်အောင် ကြိုးစားပါတယ်။
တချို့ကတော့ ထိုင်းနယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဧရိယာကနေ သတင်းထုတ်လွှင့်နိုင်အောင် ကြိုးစားတာလည်း ရှိပါတယ်။ ပြည်တွင်း မီဒီယာ အများစုကြီးကတော့ အဲလို နယ်စပ် သို့မဟုတ် ထိုင်းဘက် ထွက်ပြီး လုပ်နိုင်လောက်အောင် အင်အား မရှိတဲ့အတွက် ပြည်တွင်းမှာပဲ မီဒီယာ လုပ်ငန်းကို လျှို့ဝှက်ပြီး လုပ်ကိုင်တာ တွေ့ကြရပါတယ်။
မီဒီယာတွေ အဲလို ဖြစ်ပျက်နေကြသလို၊ ဂျာနယ်လစ်တွေ အခြေအနေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ပစ်ခတ် သတ်ဖြတ်၊ ဖမ်းဆီးမှုတွေလုပ်လာချိန်ကစ သတင်းဌာနတွေဟာ သူတို့ သတင်းထောက်တွေကို အလုပ်ကနေ ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပေးကြပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်း သတင်းသမား အများစုကြီး အပါအဝင် ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေရဲ့ မီဒီယာ သမားတွေဟာ ကိုယ့်နေအိမ်တွေမှာ ကိုယ် မနေရဲပဲ အခြားနေရာတွေမှာ ရှောင်တိမ်း ပုန်းအောင်း နေကြရပါတယ်။ အကြောင်းကတော့ ရပ်ကွက်နေ ဒလန်တွေကပဲ သတင်းပေးလို့ဖြစ်ဖြစ်၊ ဧည့်စာရင်းစစ်လို့ တွေ့ရင်ဖြစ်ဖြစ် မီဒီယာသမားလို့ ဆိုလိုက်တာနဲ့ ဖမ်းဆီး စစ်ဆေးမှုတွေ လုပ်တတ်၊ လုပ်နေလို့ပါပဲ။ တကယ်လို့များ အဲဒီ မီဒီယာသမားရဲ့ ကွန်ပျူတာထဲကဖြစ်စေ၊ ဖုန်းထဲကဖြစ်စေ၊ ဆန္ဒပြပွဲတွေနဲ့ အခြား အချက်အလက်နဲ့ ဓာတ်ပုံတွေကို တွေ့ရင်ပဲ အနည်းဆုံး စစ်တပ်ကို ဖြိုခွဲဖို့ ကြိုးစားအားထုတ်တယ် ဆိုတဲ့၊ ထောင် ၃ နှစ်အထိ ချနိုင်တဲ့ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားစွဲတာမျိုး လုပ်နေလို့ပါပဲ။ သတင်းထောက် တချို့ကတော့ သူတို့နေအိမ်တွေကို စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လာရောက်ပြီး သူတို့ကို မေးမြန်းရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြကြပါတယ်။ စစ်ကောင်စီဟာ သတင်းထောက် တချို့ကို သတင်းလုပ်ငန်း မလုပ်ရဲအောင်၊ ကြောက်ရွံ့သွားအောင် ခေတ္တဖမ်းဆီး၊ ခြိမ်းခြောက်ပြီးမှ ပြန်လွှတ်ပေးတာမျိုးလည်း လုပ်ပါတယ်။ တချို့ကတော့ နယ်စပ်ဘက်ကို ထွက်ပြီး သက်ဆိုင်ရာ သတင်းမီဒီယာ အလုပ်တွေ ဆက်လုပ်နေကြပါတယ်။
သတင်းမီဒီယာ သမားတွေ အနေနဲ့ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံ ဖိနှိပ်နေတဲ့ကြားထဲ နောက်ထပ် ပေါ်ပေါက်လာတဲ့ ပြသနာ တခုက အများပြည်သူရဲ့ ထင်မြင်ယူဆချက်ပါ။ စစ်ကောင်စီဟာ မီဒီယာတွေနဲ့ အွန်လိုင်းပေါ်မှာ တင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အသုံးပြုပြီး လူတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်နေတဲ့အတွက် ပြည်သူ အတော်များများဟာ ဓာတ်ပုံထဲပါမှာ၊ ဗီဒီယိုထဲ ပါမှာ မလိုလားကြပါဘူး။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူဟာ အရပ်ဝတ် ရဲလား၊ ဒလန်လား၊ မီဒီယာသမား အတုလား၊ မီဒီယာသမား စစ်စစ်လား ဝေခွဲမရတဲ့ အခြေအနေမျိုးအောက်မှာ ကင်မရာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ မှတ်တမ်းတင်တာမျိုးကို ဆန့်ကျင် ကန့်ကွက်လာကြပါတယ်။ တချို့နေရာတွေမှာတော့ တုန့်ပြန် ရန်ပြုတာမျိုးတောင် တွေ့ကြရပါတယ်။ အခြားတဖက်မှာတော့ သတင်းထောက်တွေဟာ သူတို့ သတင်းထောက်ဖြစ်ကြောင်း သက်သေခံကဒ်တွေ ကိုယ်နဲ့မကွာ ဆောင်ထားခဲ့ရင် အဲဒါကို လုံခြုံရေး တပ်ဖွဲ့တွေက စစ်ဆေးလို့ တွေ့ရင် ဖမ်းဆီးခံရနိုင်တာကြောင့် သတင်းထောက် ကဒ်တွေ မဆောင်၊ ပြည်သူတွေယုံအောင် ပြစရာ မရှိ အခြေအနေမျိုး ကြုံနေကြရပါတယ်။
အဲလို ဆိုးရွားတဲ့ အခြေအနေမျိုး ကြုံနေရပေမယ့် အများစုသော မြန်မာသတင်းသမားတွေဟာ သူတို့ ပရော်ဖက်ရှင်နယ် လုပ်ငန်းတွေကို စွန့်ပစ်တာမျိုး မလုပ်ကြပါဘူး။ ပရော်ဖက်ရှင်နယ် ကင်မရာတွေကို သိမ်းဆည်း၊ ဓာတ်ပုံနဲ့ ဗီဒီယို ပုံထွက်ကောင်းတဲ့ မိုဘိုင်းဖုန်းတွေ ဝယ်ကိုင်ကြပြီး အဲဒီ ဖုန်းတွေနဲ့ သတင်းယူ၊ အလုပ်လုပ်နေကြပါတယ်။ ဒါတောင် လမ်းတွေမှာ စစ်ဆေးတတ်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲဒီ မိုဘိုင်းဖုန်းထဲက သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မြင်လိုက်ရင်ဖြင့် အဲဒီ သတင်းထောက် ဖမ်းဆီးခံရမှာ အသေအခြာပါပဲ။ လက်ရှိအနေအထားကို ကြည့်ရင် စစ်ကောင်စီကနေ သတင်းအမှောင်ချဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် ပြည်သူတွေဟာ ပုံမှန် သတင်းတွေ ရရှိနေဆဲဖြစ်တာ တွေ့နိုင်ပါတယ်။ ဒါဟာလည်း မီဒီယာတွေကို ဦးဆောင်နေသူတွေရဲ့ ကြိုးစားမှု၊ ဖမ်းဆီးခံရမယ့်ဘေး၊ အသက်သေဆုံးနိုင်တဲ့ဘေးတွေကို မငဲ့ကွက်ပဲ အန္တရာယ် အရှိဆုံး ပရော်ဖက်ရှင်နယ် လုပ်ငန်းကို မစွန့်လွှတ်ပဲ ရဲရဲဝင့်ဝင့် သတ္တိရှိရှိ လုပ်နေကြတဲ့ ဂျာနယ်လစ်တွေရဲ့ စွန့်စားမှုတွေကြောင့်သာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG