သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် အမြန်ခန့်အပ်ဖို့ အင်ဒိုတိုက်တွန်း


ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးရာအကြီးအကဲ Josef Borrell (ဝဲ) နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ) တို့ကို အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့မှာ တွေ့ရ။ (ဇွန် ၀၂၊ ၂၀၂၁)
ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးရာအကြီးအကဲ Josef Borrell (ဝဲ) နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ) တို့ကို အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့မှာ တွေ့ရ။ (ဇွန် ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တယောက်ကို ချက်ချင်းခန့်အပ်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကို ဒီကနေ့ပဲတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

“အထူးကိုယ်စားလှယ်တယောက်ကို ချက်ချင်းခန့်အပ်ဖို့ လိုပါတယ်။ အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ မြန်မာနိုင်ငံကို သွားရောက်တာအပါအဝင် ဘက်ပေါင်းစုံ ဆက်သွယ်ဆောင်ရွက်ဖို့လိုပါတယ်။ ဒါဟာ မြန်မာ့အရေးအာဆီယံက ရထားတဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို စတင်အကောင်အထည်ဖော်တာလည်းဖြစ်ပါတယ်။" လို့ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးရာအကြီးအကဲ Josef Borrell နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုသွားတာပါ။

အတိုက်အခံတွေကို နှိမ်နင်းဖြိုခွဲနေတဲ့ စစ်ကောင်စီကိုလည်း သူ့လုပ်ရပ်တွေ ရပ်တန့်ဖို့၊ အရပ်သားအစိုးရဆီ အာဏာပြန်လွှဲပေးဖို့ ထပ်ပြီး တိုက်တွန်းသွားပါတယ်။ မြန်မာပြည်သူတွေရဲ့လုံခြုံရေးနဲ့ သာယာဝပြောရေးက ထိပ်တန်းဦးစားပေးအဖြစ်ဆက်ရှိနေရမယ်လို့လည်း ဝန်ကြီး Marsudi ကပြောပါတယ်။

အာဆီယံအသင်းကြီးက တောင်းဆိုထားတဲ့ အချက်တွေဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက သတ်ဖြတ်မှုတွေချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့ကိစ္စမှာလည်း အာဆီယံဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဆက်ပြီး ဆက်သွယ်ဆောင်ရွက်နေပါတယ်လို့လည်း ဝန်ကြီး Marsudi ကပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဧပြီလနှောင်းပိုင်းမှာ အာဆီယံက အစည်းအဝေး တရပ်ကျင်းပပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့တာပါ။ အဲဒီအစည်းအဝေးမှာပဲ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်တဦး ခန့်ထားရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံက ချမှတ်ခဲ့တာဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် အမြန်ခန့်အပ်ဖို့ အင်ဒိုတိုက်တွန်း
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG