[Zawgyi/Unicode]
အေမရိကန္ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Wendy Sherman ဟာ ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha နဲ႔ ဒီကေန႔ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ေတြ႕ဆံုၿပီး ျမန္မာ့အေရး အပါအ၀င္ မဲေခါင္ ေဒသတြင္းဆိုင္ရာ ကိစၥရပ္ေတြနဲ႔ ႏွစ္ႏိ္ုင္ငံ ဆက္ဆံေရးဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒု ႏိ္ုင္ငံျခားေရး၀န္ႀကီးတာ၀န္ တရား၀င္ စတင္ယူၿပီးၿပီးခ်င္း သူ႔ရဲ႕ ပထမဆံုးခရီးစဥ္အျဖစ္ ဒု၀န္ႀကီး Sherman အေရွ႕ေတာင္အာရွႏိုင္ငံ တခ်ိဳ႕ကို ဒီရက္ပိုင္း သြားေရာက္ေနတာ ျဖစ္ၿပီး ခရီးစဥ္တေလွ်ာက္ ျမန္မာ့အေရးကို အေလးေပး ေဆြးေႏြးေျပာဆိုေနတာပါ။
စစ္တပ္က အာဏာသိမ္းယူထားတဲ့ ျမန္မာႏိုင္ငံတြင္းက အေျခအေနေတြနဲ႔ ပတ္သက္လို႔ တံု႔ျပန္ကိုင္တြယ္ရာမွာ အင္ဒိုနီးရွားႏိုင္ငံက ဦးေဆာင္ ၾကိဳးပမ္းေနတာကို ေထာက္ခံ ႀကိဳဆိုေၾကာင္း တနလၤာေန႔က အင္ဒိုနီးရွား ဒုႏိ္ုင္ငံျခားေရး၀န္ႀကီးနဲ႔ ေတြ႕ဆံုခ်ိန္မွာ ေျပာၾကားခဲ့သလို ျမန္မာ့အေရး အာဆီယံႏိုင္ငံေတြၾကား အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ကို အေကာင္အထည္ ေဖာ္ဖို႔အတြက္ကိုလည္း မေန႔က ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆံုစဥ္မွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ျမန္မာႏိုင္ငံကို ၿငိမ္းခ်မ္းၿပီး သာယာ၀ေျပာတဲ့ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရး ျပန္လည္ထားရွိႏိုင္ေအာင္ ဝိုင္း၀န္းႀကိဳးပမ္းမႈေတြကို အသိအမွတ္ျပဳေၾကာင္းနဲ႔ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြအတြက္ တာ၀န္ခံမႈ ရွိေစေရး ဝိုင္း၀န္းဖိအားေပးဖို႔ ဒုႏိုင္ငံျခားေရး၀န္ႀကီး Sherman က ျမန္မာ့အိမ္နီးခ်င္း ေဒသတြင္း ႏိုင္ငံေတြကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ဒုဝန္ႀကီး Wendy Sherman အေရွ႕ေတာင္အာရွႏိုင္ငံေတြကို သြားေရာက္တဲ့ ခရီးစဥ္ၿပီးရင္ေတာ့ ဘယ္လ္ဂ်ီယံနဲ႔ တူရကီႏိုင္ငံေတြကိုလည္း သြားေရာက္ဦးမွာျဖစ္ပါတယ္။
[Unicode Version]
ကန်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းဝန်ကြီးချုပ်ဆွေးနွေးမှု မြန်မာ့အရေးပါဝင်
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဒီကနေ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် မဲခေါင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒု နိုင်ငံခြားရေးဝန်ကြီးတာဝန် တရားဝင် စတင်ယူပြီးပြီးချင်း သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ဒုဝန်ကြီး Sherman အရှေ့တောင်အာရှနိုင်ငံ တချို့ကို ဒီရက်ပိုင်း သွားရောက်နေတာ ဖြစ်ပြီး ခရီးစဉ်တလျှောက် မြန်မာ့အရေးကို အလေးပေး ဆွေးနွေးပြောဆိုနေတာပါ။
စစ်တပ်က အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ကိုင်တွယ်ရာမှာ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင် ကြိုးပမ်းနေတာကို ထောက်ခံ ကြိုဆိုကြောင်း တနင်္လာနေ့က အင်ဒိုနီးရှား ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့သလို မြန်မာ့အရေး အာဆီယံနိုင်ငံတွေကြား အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့အတွက်ကိုလည်း မနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ထားရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိစေရေး ဝိုင်းဝန်းဖိအားပေးဖို့ ဒုနိုင်ငံခြားရေးဝန်ကြီး Sherman က မြန်မာ့အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒုဝန်ကြီး Wendy Sherman အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်ပြီးရင်တော့ ဘယ်လ်ဂျီယံနဲ့ တူရကီနိုင်ငံတွေကိုလည်း သွားရောက်ဦးမှာဖြစ်ပါတယ်။