(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) က ၾကား၀င္ကူညီဖို႔ ႀကိဳးပမ္းေနေပမဲ့ ေအာင္ျမင္မႈရႏိုင္မယ့္ အလားအလာအေပၚမွာေတာ့ အကဲခတ္ေတြ သံသယရွိေနပါတယ္။
အာဆီယံ အလွည့္က်ဥကၠ႒နဲ႔ အတြင္းေရးမွဴးခ်ဳပ္တို႔ ျမန္မာႏိုင္ငံကိုသြားေရာက္ ေဆြးေႏြးဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနေပမဲ့ အသင္း၀င္ ႏိုင္ငံတခုရဲ႕ ျပည္တြင္းေရးကို ၀င္မစြက္ဖက္ေရး အပါအ၀င္ အာဆီယံရဲ႕ မူဝါဒေတြေၾကာင့္ စိန္ေခၚမႈေတြ ၾကံဳရႏိုင္တယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္နဲ႔ ေနာက္ဆက္တဲြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ပြင့္ပြင့္လင္းလင္း ေ၀ဖန္ဖို႔လည္း အသင္း၀င္ႏိုင္ငံတခ်ဳိ႕က လက္ခံၾကမွာ မဟုတ္ဘူးလို႔ ထိုင္းႏိုင္ငံ ခ်ဳလာေလာင္ကြန္း တကၠသိုလ္က ႏိုင္ငံေရးသိပၸံပညာ ပါေမာကၡ Thitinan Pongsudhirak ကေျပာပါတယ္။
“အာဆီယံအေနနဲ႔ တႏိ္ုင္ငံရဲ႕ ျပည္တြင္းေရးအေပၚ သေဘာထားဆုံးျဖတ္ခ်က္ေပးၿပီး သတ္မွတ္ထားတဲ့ စည္းကို ေက်ာ္လိုက္မယ္ဆိုရင္၊ အသင္း၀င္ႏိုင္ငံ အမ်ားစုမွာ ဖုံးကြယ္ထားစရာေတြ ရွိေနတာေၾကာင့္ ေျခေခ်ာ္လက္ေခ်ာ္ အျဖစ္မ်ဳိးနဲ႔ ၾကံဳရႏိုင္ပါတယ္။” လို႔ ေျပာသြားတာပါ။ အာဆီယံ အသင္း၀င္ ကေမာၻဒီးယား၊ လာအို၊ ထိုင္း၊ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ ႏိုင္ငံေတြဟာ ဆိုရင္လည္း လူ႔အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ေတြ ခ်ဳိးေဖာက္မႈအတြက္ ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ ႏိုင္ငံေရး ျပႆနာေတြအေပၚ တုံ႔ျပန္ေျဖရွင္းဖို႔ အာဆီယံအသင္းက အခ်က္ ၅ ခ်က္ပါ ဘုံသေဘာတူညီခ်က္ ရရွိထားတာ ၁ လေက်ာ္ ရွိလာေနၿပီ ျဖစ္ေပမဲ့ လက္ေတြ႕ အေကာင္အထည္ မေဖာ္ႏိုင္ေသးတဲ့အေပၚ အသင္း၀င္ႏိုင္ငံတခ်ဳိ႕နဲ႔ ႏိုင္ငံတကာ အသိုင္းအ၀န္းကလည္း ဖိအားေပးေနတာပါ။ ဘုံသေဘာတူညီခ်က္ထဲက အခ်က္တခုျဖစ္တဲ့ အာဆီယံ အထူးကိုယ္စားလွယ္တေယာက္ကို တာ၀န္ေပးမယ့္ အစီအစဥ္ကို အျမန္ဆုံး အေကာင္အထည္ ေဖာ္ဖို႔လည္း အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က ဗုဒၶဟူးေန႔မွာပဲ တိုက္တြန္းထားပါတယ္။
...........................................................................
မြန်မာ့အကျပ်အတည်း အာစီယံဖြေရှင်းနိုင်ခြေ အားနည်း
(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ကြားဝင်ကူညီဖို့ ကြိုးပမ်းနေပေမဲ့ အောင်မြင်မှုရနိုင်မယ့် အလားအလာအပေါ်မှာတော့ အကဲခတ်တွေ သံသယရှိနေပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကိုသွားရောက် ဆွေးနွေးဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ အသင်းဝင် နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး အပါအဝင် အာဆီယံရဲ့ မူဝါဒတွေကြောင့် စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့လည်း အသင်းဝင်နိုင်ငံတချို့က လက်ခံကြမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ Thitinan Pongsudhirak ကပြောပါတယ်။
“အာဆီယံအနေနဲ့ တနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် သဘောထားဆုံးဖြတ်ချက်ပေးပြီး သတ်မှတ်ထားတဲ့ စည်းကို ကျော်လိုက်မယ်ဆိုရင်၊ အသင်းဝင်နိုင်ငံ အများစုမှာ ဖုံးကွယ်ထားစရာတွေ ရှိနေတာကြောင့် ခြေချော်လက်ချော် အဖြစ်မျိုးနဲ့ ကြုံရနိုင်ပါတယ်။” လို့ ပြောသွားတာပါ။ အာဆီယံ အသင်းဝင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေဟာ ဆိုရင်လည်း လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ချိုးဖောက်မှုအတွက် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး ပြဿနာတွေအပေါ် တုံ့ပြန်ဖြေရှင်းဖို့ အာဆီယံအသင်းက အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ရရှိထားတာ ၁ လကျော် ရှိလာနေပြီ ဖြစ်ပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတဲ့အပေါ် အသင်းဝင်နိုင်ငံတချို့နဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဖိအားပေးနေတာပါ။ ဘုံသဘောတူညီချက်ထဲက အချက်တခုဖြစ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်တယောက်ကို တာဝန်ပေးမယ့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းထားပါတယ်။