သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေထာင္ဒဏ္ခ်မွတ္ခံရတဲ႔ DVB သတင္းေထာက္ ၂ ဦးကို ခ်က္ခ်င္းျပန္လႊတ္ဖို႔ CPJ ေတာင္းဆို


ေက်ာင္းဂိတ္တံခါးတခုမွာ တာ၀န္ခ်ထားတဲ့ ျမန္မာရဲမ်ား (ဓာတ္ပံု- AFP)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူေတြထဲက သတင္းသမား ၂ ေယာက္ကို အာဏာပိုင္ေတြ ေထာင္ဒဏ္ ၂ ႏွစ္ အျပစ္ေပးလိုက္တဲ့အတြက္ နယူးေယာက္ အေျခစိုက္ သတင္းသမားမ်ားကာကြယ္ေစာင့္ေရွာက္ေရး ေကာ္မတီ (CPJ) က ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး ခ်က္ျခင္းျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ဒီမိုကရက္တစ္ ျမန္မာ့အသံ (DVB) သတင္းေထာက္ ကိုေအာင္ေက်ာ္နဲ႔ မဇၥ်ိမသတင္းဌာနက ကိုေဇာ္ေဇာ္တို႔က တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕တရား႐ုံးက တပ္မေတာ္ကို အၾကည္ညိဳ ပ်က္ေစမႈပုဒ္မ ၅၀၅ (က) နဲ႔ ဗုဒၶဟူးေန႔က ေထာင္ဒဏ္ ၂ ႏွစ္စီ စီရင္ခ်က္ခ်လိုက္တာပါ။ သတင္းေရးသား ေဖာ္ျပတာဟာ ရာဇ၀တ္မႈ မဟုတ္တာေၾကာင့္ ျမန္မာစစ္အာဏာပိုင္ေတြ အေနနဲ႔ သတင္းသမားေတြကို မမွန္ကန္တဲ့ စြပ္စဲြခ်က္ေတြနဲ႔ ဖမ္းဆီးေထာင္ခ်တာေတြကို ရပ္ဖို႔လည္း CPJ အဖဲြ႕ရဲ႕ အေရွ႕ေတာင္အာရွေရးရာ တာ၀န္ခံ Shawn Crispin ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ၿမိတ္ၿမိဳ႕က ဆႏၵျပလႈပ္ရွားမႈေတြကို သတင္းယူခဲ့ၾကတဲ့ သတင္းေထာက္ကိုေအာင္ေက်ာ္ကို မတ္လ ၁ ရက္ေန႔နဲ႔ ကိုေဇာ္ေဇာ္ကိုေတာ့ ဧၿပီလ ၇ ရက္ေန႔မွာ ဖမ္းဆီးခဲ့တာပါ။ DVB သတင္းေထာက္ ကိုေအာင္ေက်ာ္ အေနနဲ႔ မတရားဖမ္းဆီး ေထာင္ခ်ခံရတယ္လို႔ ယုံၾကည္တာေၾကာင့္ ျပစ္ဒဏ္အေပၚ အယူခံမ၀င္ဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း ဇနီးျဖစ္သူက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူေတြထဲက သတင္းသမားေတြကို ေထာင္ဒဏ္ စီရင္ခ်က္ခ်တာ ဒါဟာဒုတိယအႀကိမ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔မွာတုန္းကလည္း DVB သတင္းေထာက္ ကိုမင္းညိဳကို ပုဒ္မ ၅၀၅ (က) နဲ႔ပဲ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့တာပါ။

ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းကေတာ့ သတင္းေထာက္ေတြ အပါအ၀င္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ဖိအားေပး ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြကို ခရီးထြက္ေနတဲ့ အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman ကလည္း ျမန္မာႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ႏုိင္ငံသားသတင္းေထာက္ ၂ ဦးျဖစ္ၾကတဲ့ ကမာရြတ္မီဒီယာက ကိုေနသန္ေမာင္နဲ႔ Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ Daniel Fenster တုိ႔ကို ျပန္လႊတ္ေပးဖို႔ ဗုဒၶဟူးေန႔ကပဲ ေတာင္းဆိုခဲ့ပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


ထောင်ဒဏ်ချမှတ်ခံရတဲ့ DVB သတင်းထောက် ၂ ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက သတင်းသမား ၂ ယောက်ကို အာဏာပိုင်တွေ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်တဲ့အတွက် နယူးယောက် အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြစ်တင်ရှုတ်ချလိုက်ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုအောင်ကျော်နဲ့ မဇ္ဈိမသတင်းဌာနက ကိုဇော်ဇော်တို့က တနင်္သာရီတိုင်း မြိတ်မြို့တရားရုံးက တပ်မတော်ကို အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၂ နှစ်စီ စီရင်ချက်ချလိုက်တာပါ။ သတင်းရေးသား ဖော်ပြတာဟာ ရာဇဝတ်မှု မဟုတ်တာကြောင့် မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ သတင်းသမားတွေကို မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချတာတွေကို ရပ်ဖို့လည်း CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ခံ Shawn Crispin ကြေညာချက်မှာ ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြိတ်မြို့က ဆန္ဒပြလှုပ်ရှားမှုတွေကို သတင်းယူခဲ့ကြတဲ့ သတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့နဲ့ ကိုဇော်ဇော်ကိုတော့ ဧပြီလ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ DVB သတင်းထောက် ကိုအောင်ကျော် အနေနဲ့ မတရားဖမ်းဆီး ထောင်ချခံရတယ်လို့ ယုံကြည်တာကြောင့် ပြစ်ဒဏ်အပေါ် အယူခံမဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက သတင်းသမားတွေကို ထောင်ဒဏ် စီရင်ချက်ချတာ ဒါဟာဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာတုန်းကလည်း DVB သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ (က) နဲ့ပဲ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ သတင်းထောက်တွေ အပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုနေတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကို ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ကလည်း မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကမာရွတ်မီဒီယာက ကိုနေသန်မောင်နဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ Daniel Fenster တို့ကို ပြန်လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့ကပဲ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG